Saturday, July 28, 2012

၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် Theme Song ၅ ပုဒ် ရွေးချယ်


လာမယ့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွက် Theme Song ၅ ပုဒ် ရွေးချယ်ထား တယ်လို့ အားကစား
ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ၂၀၁၃ မှာ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက်ကို သီချင်း အပုဒ်ရေ ၉၃ပုဒ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။ အဆိုပါ ၉၃ ပုဒ်ထဲကမှ Theme Songs အတွက်ကို ယခု လက်ရှိမှာ ၅ ပုဒ် ရွေးချယ် ထားတာ ဖြစ်ပြီး ရွေးချယ်မှု ကိုတော့ ဂီအစည်းအရုံးရှိ ဂီတ ပညာရှင်များက စိစစ် ရွေးချယ်ခဲ့ ကြတာ ဖြစ်ပါတယ်။

အဲ့ဒီ သီချင်း ၅ ပုဒ် ကိုတော့ ပြိုင်ပွဲဝင်များရဲ့ မူရင်း သီချင်းစာသားတွေ အတိုင်း မဟုတ်ဘဲ ဂီတ ပညာရှင်များက သီချင်း စာသားများ ချောမွေ့အောင် ပြန်လည် ပြင်ဆင်မှု အချို့ ပြုလုပ် ထားတယ်လို့ သိရပါတယ်။ အဆိုပါ သီချင်း ၅ ပုဒ် ကိုတော့ နိုင်ငံကျော် အဆိုတော်များက ဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဲ့ဒီသီချင်း ၅ ပုဒ်ကို MTV မှရိုက်ကူး လျက်ရှိပြီး ရိုက်ကူး ပြီးစီးသွားပါက အားကစားပွဲ အတွက် လှုံ့ဆော်ရေး သီချင်းအဖြစ် အသုံးပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 MRTV 4
ဘကြီးသက်
Unknown at 1:26 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.