Friday, July 27, 2012

"ဆေးကျောင်းသူ ဝင်ခွင့်အချိုး ၁ဝ ရာခိုင်နှုန်းတိုး"


ဆေးတက္ကသိုလ်၌ တက်ရောက်ပညာ သင်ကြားခွင့်ပြုမည့် ကျောင်းသူအချိုး ကို ယခုပညာသင်နှစ်မှစ၍ တိုးမြှင့်သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ပြောသည်။
ယခင်က ဆေးတက္ကသိုလ်မှ လက်ခံရာတွင် ကျောင်းသူ ဦးရေ အား ၄ဝ ရာခိုင်နှုန်းအထိသာ ခွင့်ပြု ပေးခဲ့သော်လည်း ယခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
''ဝင်ခွင့်ရတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးဦးရေကို တန်းတူ ပေးလိုက်တာ ပါ''ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆက်လက်ပြော သည်။
ယခုပညာသင်နှစ်တွင် ဆေးတက္ကသိုလ်အသီးသီးတို့၌ ဝင်ခွင့်ရကျောင်း သား ကျောင်းသူဦးရေ ၁၂ဝဝ ကိုသာ လက်ခံပေးမည်ဖြစ်ရာ ပညာရေး ဝန်ကြီးဌာနက လျှောက်ထားသူများ၏ အမှတ်အလိုက် စီတန်းကာ ရွေးချယ် သွား မည်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၏ သဘောတူညီမှုဖြင့် ကျောင်းသား ၆ဝဝ နှင့် ကျောင်း သူ ၆ဝဝ လက် ခံသွားမည့်အထဲတွင် နယ်စပ်ဒေသ နှင့် ဝေးလံခေါင် ပါးသောဒေသမှ ဆေးကျောင်းတက်ရန် ယခုနှစ် တက္ကသိုလ် ဝင်တန်းအောင် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူ သုံးရာခိုင်နှုန်း ပါဝင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ဝင်ခွင့်ရ ကျောင်းသား၊ကျောင်းသူများ လျှောက်ထားသည့်ဒေသနှင့် နီးကပ် သည့် ဆေးတက္ကသိုလ်တို့တွင်သာ တက်ရောက်ခွင့်ပြုသည့် စနစ်ကိုပါ ယခုနှစ်တွင် ပူးတွဲကျင့်သုံးတော့မည်ဖြစ်သည်။ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်များ၌ ယခုနှစ် ပညာသင်နှစ်တွင် အပြောင်းအလဲပြုလုပ်မည် မဟုတ်ဟု အထက် ပါဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆက်လက်ပြော သည်။
''သွားဆေးတက္ကသိုလ်က အမျိုးသမီး လက်ခံတဲ့ ဦးရေကို နဂိုကတည်းက သတ်မှတ်ထားတာ ရှိထားပြီးသားပါ။ ကျောင်းသား အတိုးအလျှော့ ဒါတွေလည်း ဒီနှစ်မှာလုပ်ဖို့ ဘာမှ မကြားထားမိပါဘူး''ဟု ပြောသည်။
၂ဝ၁၁-၂ဝ၁၂ တက္ကသိုလ်ဝင်ခွင့်တွင် ဆေးတက္ကသိုလ်အတွက် ကျောင်းသူ ဦးရေ ၄ဝ ရာခိုင်နှုန်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျောင်းသူ ဦးရေ ၂ဝ ရာခိုင်နှုန်း၊ သူနာပြုတက္ကသိုလ်တွင် ကျောင်းသား ဦးရေ ၁ဝ ရာခိုင်နှုန်းနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တွင် ကျောင်းသူဦးရေ ၂ဝ ရာခိုင်နှုန်း လက်ခံခဲ့သည်။

Popular Myanmar News Journal
ဘကြီးသက်
Unknown at 1:42 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.