Tuesday, July 31, 2012

ရေမြောင်း ကျဉ်းမှုကြောင့် မြို့တွင်း ရေကြီးရေလျှံမှု တချို့ဖြစ်ပေါ်


မိုးတွင်း ကာလ အတွင်း ရန်ကုန်မြို့တွင်းရှိ အချို့နေရာ တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ် နေရတာဟာ အဆိုပါ နေရာတွေ မှာရှိတဲ့ ရေမြောင်းကျဉ်းမှု
တွေကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ ကာလ အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ဖြစ်ပေါ်လာတဲ့ ရေလျှံမှုတွေဟာ မိုးရွာပြီး နောက်ပိုင်းမှာ အချို့နေရာတွေမှာ ချက်ချင်း ပြန်ကျ သွားပေမယ့် အချို့နေရာတွေ မှာတော့ ရေမကျဘဲ ဆက်လက် ရေလျှံမှုတွေ ဖြစ်ပေါ် ကျန်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ပေါ်တဲ့ ရေလျှံမှုတွေဟာ အချို့နေရာ တွေမှာ ရေမြောင်းကျဉ်းမှုကြောင့် ဖြစ်ပေမယ့် အချို့နေရာတွေ မှာတော့ အဆောက်အဦးတွေ ဆောက်လုပ် ထားမှုကြောင့် ရေမြောင်းတွေ ပိတ်ပြီး အခုလို ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေလျှံမှု ဖြစ်ပွားရတဲ့ အခြား အကြောင်းအရင်း ကတော့ ပြည်သူ အချို့ရဲ့စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ရေမြောင်း ပိတ်ဆို့မှု ဖြစ်ပွားကာ ရေမြောင်း ရေလျှံရတာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ဒီလိုမြို့တွင်း နေရာတွေမှာ ဖြစ်ပေါ်နေတဲ့ ရေလျှံမှု တွေကို မဖြစ်ပွားစေဖို့ အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သက်ဆိုင်ရာ ဌာန တာဝန်ရှိသူတွေ ကြီးကြပ်ကာ ဆောင်ရွက်ပေး လျက်ရှိတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက် ရာမှာတော့ ရေမြောင်းတွေ အတွင်းရှိ အမှိုက်များ၊ နုန်းများ၊ အနည်များကို ဆယ်ယူမှုတွေ ပြုလုပ် ဆောင်ရွက်လျက် ရှိနေပေမယ့် ရေလျှံမှုတွေ လုံးဝ မဖြစ်ပေါ်စေဖို့ အတွက် ကိုတော့ ဆောင်ရွက် ရမယ့် နည်းလမ်းတွေ ရှာဖွေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဘကြီးသက်
Unknown at 6:25 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.