www.ypay.com.mm ဆိုတဲ့ ၀က်ဘ်ဆိုဒ် မှတဆင့် ပြည်တွင်းမှာ အွန်လိုင်း ကနေ ဈေးဝယ် နိုင်အောင် AGD ဘဏ်နဲ့ ရတနာပုံ တယ်လီပို့တို့ ပူးပေါင်း
ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို သြဂုတ်လ ဆန်းပိုင်းမှာ စတင်နိုင်ဖို့ ခန့်မှန်း ထားတယ်လို့ AGD ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ အခုလို အွန်လိုင်း ကနေ ဈေးဝယ်ဖို့ အတွက် ကိုတော့ ၀ယ်ယူမယ့် သူတွေဟာ AGD ဘဏ်မှာ အွန်လိုင်း ပေးမန့် အကောင့် ဖွင့်ရမှာဖြစ်ပြီး ယခင် ကတည်းက အကောင့်ဖွင့် ထားပြီး သူတွေ ကတော့ အကောင့်သစ် ထပ်ဖွင့်စရာ မလိုဘဲ အွန်လိုင်း ပေါ်မှ ငွေပေးချေမှု ကိစ္စတိုင်းကို ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
AGD ဘဏ်အနေနဲ့ ဈေးဝယ်သူနဲ့ ရောင်းချသူရဲ့ အကြားမှာ ငွေပေးချေမှု ပေးမန့်ပိုင်း ကိုသာ အဓိက တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အွန်လိုင်းမှ မှာယူမှု အပိုင်းနဲ့ ၀ယ်ပြီး ပစ္စည်းများကို အိမ်အရောက် ပို့ဆောင်ပေးတဲ့ အပိုင်းတွေ ကိုတော့ ၀ယ်ယူသူနဲ့ အရောင်းပိုင်း တာဝန်ခံ ဖြစ်တဲ့ ရတနာပုံ တယ်လီပို့က နည်းပညာပိုင်း ချိတ်ဆက် တာဝန်ယူကာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီလို အွန်လိုင်း ကနေ ဈေးဝယ်မှု စနစ် ကိုတော့ ဗဟိုဘဏ် ကလည်း ခွင့်ပြုပြီး ဖြစ်တယ်လို့ သိရပါတယ်။ မကြာခင်မှာ စတင် သုံးစွဲနိုင် တော့မယ့် www. ypay. com.mm ၀က်ဘ်ဆိုဒ်မှာ အွန်လိုင်း မှနေပြီး ၀ယ်ယူလိုသူ၊ ရောင်းချလိုသူတွေ အနေနဲ့ registration ၀င်ရောက် ပြုလုပ်ရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge