Saturday, July 28, 2012

ဘေဂျင်းရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၇၇ ဦးထိရှိလာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် မိုးသက်မုန်တိုင်းများ ကျရောက်ကာ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ အရေအတွက်သည် (၇၇)ဦးထိ ရှိလာကြောင်း သိရှိရသည်။ ဘေဂျင်း ရေကြီးရေလျှံမှု ထိန်းသိမ်းရေး ဌာနချုပ်က ကြာသပတေးနေ့ထိ ရုပ်အလောင်း (၇၇)ခုကို ရှာဖွေတွေ့ရှိထားပြီး အလောင်း(၆၆)ခုကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား ဖော်ထုတ်နိုင်ပြီဟု ပြောကြားခဲ့သည်။



သေဆုံးသူများအနက် (၅)ဦးသည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အသက်ဆုံးရှုံးသွားခြင်းဟုလည်း သိရှိရသည်။ ဌာနချုပ်မှ ပြောရေးဆိုခွင့်ရ အရာရှိ ပန်အန်ဂျွန်က ကယ်ဆယ်ရေး လုပ်သားမဟုတ်သော သေဆုံးသူ (၆၁)ဦးအနက် (၃၆)ဦးသည် အမျိုးသားဖြစ်ပြီး (၂၅)ဦးသည် အမျိုးသမီးများ ဖြစ်ကြောင်း ပြောကြားသွားသည်။



ထိုသူများအနက် (၄၆)ဦးမှာ ရေနစ်ခဲ့ပြီး (၅)ဦးသည် ဓာတ်လိုက်၍ သေဆုံးသွားကြောင်းလည်း သတင်းများက ဆိုသည်။ ထို့အပြင် (၃)ဦးမှာ နေအိမ်ပြိုကျ၍ သေဆုံးပြီး (၂)ဦးမှာ မြေပြိုချိန်တွင် ပိမိခဲ့ရာမှ အသက်ဆုံးရှုံးသွားခြင်း ဖြစ်သည်။ (၂)ဦးသည် စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေများကြောင့် နှလုံးဖောက်ပြန် သေဆုံးပြီး (၂)ဦးမှာ အခြားအရာဝတ္ထုများနှင့် ထိခိုက်၍လည်းကောင်း၊ (၁)ဦးမှာ မိုးကြိုးပစ်ခံရ၍လည်းကောင်း အသီးသီး သေဆုံးသွားခြင်း ဖြစ်သည်။ အန်ဂျွန်က ပျောက်ဆုံးနေသူများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနေဖြင့် ရှာဖွေရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေဦးမည်ဟု ဆိုသည်။



ရှာဖွေတွေ့ရှိသော ရုပ်အလောင်းများအနက် (၃၈)ခုကို မြို့တော် ဆင်ခြေဖုံး အရပ်များတွင် တွေ့ရှိခဲ့ခြင်းဟု သိရသည်။ သေဆုံးသူများအနက် အသက်(၈)လအရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်ပြီး ကလေးမလေးမှာ ကံမကောင်းစွာဖြင့် ရေနစ်သွားခဲ့ခြင်း ဖြစ်သည်။ တရုတ်တွင် နှစ်ပေါင်း(၆၀)ဝန်းကျင်အတွင်း အဆိုးရွားဆုံး မိုးသည်းထန်မှုများ ဖြစ်ပေါ်နေပြီး နိုင်ငံ၏ ပျမ်းမျှမိုးရေချိန်သည် (၁၇၀)မီလီမီတာထိ ရှိနေကာ ဖန်ရှန်တွင် (၄၆၀)မီလီလီတာထိ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

Source: XinhuaNet

ဘကြီးသက်
Unknown at 1:32 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.