Friday, July 27, 2012

ကမ္ဘာ့ဘဏ် အကြီးတန်း အရာရှိ မြန်မာခေါင်းဆောင်များနှင့် တွေ့မည်

ကမ္ဘာ့ဘဏ် ရုံးသစ်ကို မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ Pamela Cox ကြီးမှူး၍ ဇူလိုင်လ ၃၀ ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ Pamela Cox
ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ Pamela Cox (ဓာတ်ပုံ - World Bank)
Pamela Cox အနေဖြင့် မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း မြန်မာအကြီးတန်း အရာရှိများအပြင် ဖွံ့ဖြိုးရေး လုပ်ဖော်ကိုင်ဘက်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး
မြန်မာ့ စီးပွါးရေး တိုးတက်စေရေး၊ အထူးသဖြင့် ဆင်းရဲသားများနှင့် အခြေခံလူတန်းစားများ ချောင်လည်လာစေရေးအတွက် ကမ္ဘာ့ဘဏ်အနေဖြင့်
ချေးငွေများနှင့် အစီအစဉ်များ ရေးဆွဲရေးနှင့် ပတ်သတ်သည့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည် ဖြစ်သည်။

ဤသည်မှာ ၂၀၁၀ ခုနှစ်တွင် အစိုးရသစ် စတင်တာဝန်ယူစဉ်ကတည်းက
မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်၏ အကြီးတန်း အရာရှိတဦး ပထမဆုံး အကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ပထမ ဦးစားပေးများမှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စနစ်အား အကဲဖြတ်ရင်း မြန်မာနိုင်ငံ၏ ကြွေးကျန်များ
အပေါ် ဆုံးဖြတ်ပြဋ္ဌာန်းခြင်းနှင့် တိကျမှန်ကန်သော စီးပွါးရေးဆိုင်ရာ အချက်အလက်များ ရရှိရေးတို့ ဖြစ်ကြောင်း Cox က ပြောခဲ့သည်ဟု ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများတွင် ဖော်ပြခဲ့သည်။

မြန်မာအစိုးရ၏ ခြေလှမ်းများအပေါ် ကမ္ဘာ့ဘဏ် အနေဖြင့် အားရကျေနပ်မိကြောင်း Cox က ပြောဆိုခဲ့ပြီး အဖွဲ့ဝင်
နိုင်ငံများနှင့် အခြား အေဂျင်စီများပေါ် မူတည်၍ တဆင့်ချင်း တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောခဲ့
သည်။

“ကျမတို့ အနေနဲ့ ကျမတို့ရဲ့ ဆက်ဆံရေးတွေ ရှေ့ကိုတိုးတက်သွားဖို့  ကျမတို့ရဲ့ ဘုတ်အဖွဲ့ဝင်တွေ၊ ကျမတို့ရဲ့ ရှယ်ယာရှင်တွေ၊ တခြား လုပ်ဖော်ကိုင်ဘက်တွေ၊ IMF နဲ့ တကွ မြန်မာအစိုးရနဲ့ပါ နီးနီးကပ်ကပ် အလုပ်လုပ်နေပါတယ်” ဟု သူက ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ 

၁၉၈၀ ခုနှစ်၊ နောက်ပိုင်း ကာလများအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ချေးယူခဲ့သည့် ဒေါ်လာ ၃၉၃ သန်း
ကြွေးတင်နေသည်ဟု Cox က ဆိုသည်။ ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သို့လည်း ဒေါ်လာ သန်း ၅၀၀ ခန့်
ကြွေးတင်နေသည်။

မြန်မာနိုင်ငံသည် နိုင်ငံ၏ ဆက်ဆံရေး အခြေအနေများ ပုံမှန်ပြန်ဖြစ်ရန် ကြိုးစားနေချိန်တွင် မည်မျှ အကြွေးများဖြင့် ဝန်ပိနေပြီး နိုင်ငံ၏ အကြွေးမည်မျှအား လျှော်ပေးသင့်သည်ကို သိရှိရန်အတွက် အကြွေးအခြေအနေနှင့် ပတ်သတ်သည့်
လေ့လာသုံးသပ်မှု တရပ်အား ကမ္ဘာ့ဘဏ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် ပူးပေါင်း
ဆောင်ရွက်ကာ လုပ်ဆောင်ရန် ရှိနေသည်ဟု Cox က ဆိုခဲ့သည်။

ထို အခြေခံ လေ့လာသုံးသပ်မှုတွင် “အစိုးရတွင် ထိထိရောက်ရောက် လည်ပတ် လုပ်ကိုင်နိုင်မည့် ဘဏ္ဍာရေး စနစ်တရပ် ရှိပါသလား?” “အစိုးရတွင် ထိရောက်သည့် ဘတ်ဂျတ် စနစ်တရပ် ရှိပါသလား?” “အမှန်တကယ် အလုပ်လုပ်နေသည့် အစိုးရ အဖွဲ့တရပ် ရှိပါသလား?” စသည့် မေးခွန်းများ ပါဝင်သည်ဟု Cox က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ချေးငွေ အစီအစဉ်များ ပြန်လည်မစတင်ခင်၌ ဘဏ်အနေဖြင့် ကြွေးကျန်များ၊ စီးပွါးရေးအခြေအနေနှင့် လိုအပ်ချက်များအပေါ် စီးပွါးရေး အကဲဖြတ်မှု တရပ် ပြုလုပ်သွားမည်ဟု ဆိုသည်။

“ပြုပြင်ပြောင်းလဲရေးတွေဟာ ထိရှလွယ်တယ်ဆိုတာ ကျမတို့ အသိအမှတ်ပြု လက်ခံပါတယ်။ ပြီးတော့ စွန့်စားလုပ်ဆောင်ရမှာတွေကိုလည်း ကျမတို့ ကောင်းကောင်း သတိပြုမိပါတယ်။ ကျမတို့ရဲ့ မြန်မာနိုင်ငံအတွင်း
ဆောင်ရွက်ချက်တွေရဲ့ အရှိန်အဟုန်ဟာ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း ရှိ/မရှိ ဆိုတဲ့ အချက်ပေါ်မှာ မူတည်နေပါတယ်” ဟု Cox က ဆိုသည်။ 

ADB အနေဖြင့်လည်း ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် ရုံးခန်းတခု ဖွင့်လှစ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ADB ရုံးအား လောလောဆယ်ကာလတွင် ကမ္ဘာဒီးယားနိုင်ငံဆိုင်ရာ ADB ဒါရိုက်တာ Putu Kamayana က ကြီးကြပ်ညွှန်ကြားမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ ချေးငွေများ မပေးအပ်သေးခင်နှင့် အခြား ဖွံ့ဖြိုးရေး လုပ်ငန်းများ မလုပ်ကိုင်သေးမီအတွင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ဖြစ်သည်။
 မဇ္ဈိမသတင်းဌာန
ဘကြီးသက်
Unknown at 1:08 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.