Saturday, July 28, 2012

ဆောင်းပါးရှင် ကိုမျိုး(မြန်မာစာ)

အသိတရားလေးရလာသလိုရှိသည်နှင့် အနည်းဆုံးတော့
ဆယ်ကျော်သက်ထက် ရင့် ကျက်လာဖို့ ကိုယ့်ကိုယ်ကိုယ်သတိပြုရန်
ကြိုး စားကြည့်၏။ ဦးစွာ ကြိုးစားသည်က လူငယ် လေးတွေအပေါ် နားလည်
ပေးနိုင်ဖို့ သူတို့ စကားတွေကို နားထောင်ပေးခြင်းဟုဆိုရမည်။
“အဲဒီမှာစတွေ့တာပဲ” ဟူသည့်စကားလို ရုပ်ရှင်ဗီဒီယို
သရုပ်ဆောင်ညီငယ်လေးတစ်ဦး ကို ဆုံကြည့်လိုက်သည်နှင့်
“တွေ့”ရပြီ။သူ့ အနေနှင့်ဒီကနေ့ လူတစ်ချို့ အပေါ်မြင်သည့်အမြင်က
“အာများပြီး ဘော်နည်းနေသည်”ဟူ၏။

““လူမှာ အာဘော်ဆိုတာရှိတယ်။ အာများပြီးဘော် နည်းနေရင်
အလုပ်မဟုတ်ဘူး။ အခုလူတွေ က အာများ
နေကြတယ်””ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုသော လူငယ်လေးအရှေ့မှာ
ကျွန် တော်ဘာစကားမှ မဟဖြစ်ခဲ့။ တကယ်တော့
ကျွန်တော် စကားမဟရဲခဲ့ခြင်းသာ။ “အာ” များသည်ကို မကြိုက်ဟု ဆိုနေသော လူငယ် လေးတစ်ယောက်ရှေ့ မှာအာများသူအဖြစ်မခံရဲ။
လူငယ် လေးတစ်ယောက်၏ ထင်မြင်သုံးသပ်မှုကို မခံ ယူရဲ၍ ဘာစကားမှ ခွန်းတုံ့မပြန်ဘဲ အာ မများသူလို ပုံမျိုးချိုးကာ လူငယ်လေးတစ် ယောက်၏ ကြည်ညိုလေးစားမှုကို ကျွန် တော်အကင်းပါးစွာ လိမ်ညာခံယူခဲ့ခြင်းဟု တစ်ချိန်မှာ ထိုလူငယ်လေး ပြန်သိသွားခဲ့ပါ လျှင်။

(ငယ်ရာကကြီးလာရသည့်လူ့ သဘာဝကြောင့်တစ်ချိန်မှာပြန်မသိစရာမရှိ။)
မည်သို့ ဆိုစေ အနာဂတ်၏ ခေါင်းဆောင်ကောင်း ခေါင်းဆောင်လောင်းတွေကို အမုန်းမခံရဲရုံမျှဖြင့်၊ ၎င်းတို့ အကြည်ညို ခံရရုံမျှဖြင့် လူငယ်တို့နှင့် သဘောသဘာဝ တူသယောင် ပြုနေကြခြင်းမျိုးတွေကို ယနေ့ Facebookပေါ်မှာပင်အများအပြားတွေ့ မြင်နေရသည်ဖြစ်၍ အနာဂတ်အရေး ဘုးရားတ စရာ ကျွန်တော်တို့မှာ သေဖေါ်ညှိစရာမရှား.....။

“ရောဂါ”

ကျွန်တော်တို့၏ ကြည့်မှန်Facebookအကြောင်း ပြန်ဆက်လျှင်
ကြည့်မှန်မှာ ကျွန် တော့်ကိုယ် ကျွန်တော်ပြန်မြင်ရသည်က
အသက်လေး ရလာသည်နှင့်အမျှ သူတစ်ပါး စာတွေကို ဖတ်ပြီး နည်းနည်းတော့ ဝေဖန်လိုက်ရမှ ဆိုသည့် စိတ်လေးရှိနေသည် ဆိုခြင်း ပင်။ ကွန်မန့်ပေးသည့် ယဉ်ကျေးမှုမှာ ကျင့် ၀တ် မည်သို့ရှိလေသည်တော့
မသိပါ။ သို့ သော် ဆရာလုပ်လို့ လုပ်မှန်းမသိသာရလေ အောင် ညည်းကြွားလေးတွေနှင့် ၀င်ပညာ ပေးသွားတတ်ကြ။
ဟိုလိုလား။ ဒီလိုလားပင် မသိရလေအောင် နှစ်ခွပညာပြတာမျိုး တွေကို
လည်း ပညာယူလိုလျှင် ရနိုင်ပေမယ့် ကြီးမိုက် ကျွန်တော်ကတော့ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် အုပ်စုဖွဲ့ထားသူတွေကြား မိုက်ဂုဏ်လေး ပြကာပြကာ သွားဝေဖန်လို၍ မထီမဲ့မြင်ပြု ခံရတတ်သည်လည်း ရှိ၏။

အဆုံးမှာ ကိုယ်ဝင်ပြောတာ မကြိုက်၍ Like ပြန် အလုပ်မခံရသော ကွန်မန့်တွေအတွက် ကိုယ်သာ ရင်ထဲ မခံချိမခံသာ ပြန်ဖြစ်ရသည့် ဖြစ်အင်နှင့်မကျေနပ်ချက် နှစ်ဆတိုးရသည်။
စောစောက ဝေဖန်တာ “ကောင်းစေချင်လို့” ဆိုသော စေတနာ၊ နောက်တော့
ကိုယ်ကို မထေမဲ့မြင်ပြုလေခြင်းဟု သူဘာလုပ်လုပ်
ဝေဖန်ချင်လာသော ဝေဒနာ (ရောဂါ)။

သြော်...ရောဂါ..ရောဂါ.. ကြည့်မှန်မှာပင် သတိပြု ဆင်ခြင်သင့်သည်ကို မြင်မိ၊ သတိပြုမိသည့်တိုင် ကျွန်တော်အဖို့မှာ ဆင်ခြင်နိုင်ဖို့ ကိုတောင်တော်တော်ကြိုးစား အားထုတ် ရပါဦးမည်ဆိုသည်က သေချာ၏။
မှတ်မှတ်ရရ ကျွန်တော့မှာ နိုင်ငံတော် သတင်းစာစောင်တွေက ကူးယူရေး မှတ်ထားသော စကားများရှိပါသည်။

ဆက်လက်ဖော်ပြပါမည်
ကိုမျိုး(မြန်မာစာ)

ဘကြီးသက်
Unknown at 1:21 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.