ကွန်ပျူတာ ပရိုဂရမ် တစ်ခုကို ရေးတော့မည် ဆိုပါက ဒီဇိုင်းသည် အလွန်အရေးပါသည့် အခန်းကဏ္ဍ ဖြစ်သည်။ ကွန်ပျူတာ စံနစ် တစ်ခု တည်ဆောက် ရာတွင် ရှေးဦးစွာ တည်ဆောက်မည့် ပုံစံအတွက် Analysis ခေါ် ခွဲခြမ်း စိတ်ဖြာ စိစစ်မှု အလုပ်ကို စတင် လုပ်ရပါမည်။ ထို့နောက် ဒီဇိုင်း ပုံစံ ချရပါမည်။ ထို့နောက်တွင်မှ Coding ခေါ် ပရိုဂရမ် ရေးခြင်း လုပ်ရပါမည်။ နောက်ပိုင်း တွင်မူ ရေးဆွဲပြီးသည့် ပရိုဂရမ်ကို စမ်းသပ် စစ်ဆေးခြင်း နှင့် ထိမ်းသိန်း ပြုပြင်ခြင်း၊ ထပ်မံ တိုးချဲ့ခြင်းများ ပြုလုပ်ကြပါသည်။ ထိုအခါ ပရိုဂရမ် ဒီဇိုင်း ညံ့သည့် ပရိုဂရမ်များ ဖြစ်လျှင် Coding ရေးခြင်း၊ Testing လုပ်ခြင်းနှင့် Maintenance လုပ်သည့် အဆင့်များတွင် ခက်ခက်ခဲခဲ နှင့် အချိန်ယူ လုပ်ကြရ တတ်ပါသည်။
ထို့ကြောင့် ဆော့ဖ်ဝဲလ် ကုမ္မဏီ အများအပြားတို့သည် ပရိုဂရမ်မာများကို ခေါ်ယူရာတွင် Logic ကောင်းကောင်း ပိုင်ရုံ၊ Coding ကောင်းကောင်း ပိုင်ရုံ ထက်၊ ဒီဇိုင်း ကောင်းကောင်းဖြင့် ရေးနိုင်သူကို ပို၍ လိုလားကြပါသည်။ ဒီဇိုင်း ကောင်းကောင်းဖြင့် ရေးနိုင်သူကို ပရိုဂရမ်မာ ကောင်း တစ်ယောက် အဖြစ် အသိအမှတ် ပြုကြပါသည်။ ဒီဇိုင်းကောင်းဖို့ ဆိုသည်မှာ အဆင့် ၄ ဆင့် ကြည့်ရပါသည်။ ပထမ အဆင့်တွင် အသုံးပြုသည့် Coding များကို ကြည့်ပါသည်။ ဒုတိယမှာ Code Design ကိုကြည့်ပါသည်။ Code Design တွင် ရိုးရိုး ရှင်းရှင်း သုံးထားသည့် Code များ၊ ပြန်လည် အသုံးပြုနိုင်သည့် Code များ (Reuse Code)၊ အမည်ပေးခြင်းများ၊ နေရာခြားခြင်းများ (Spacing)၊ စံသတ်မှတ်သည့် ပုံစံများ (Standard Patterns)၊ စသည့် ဒီဇိုင်း နည်းစံနစ်များ ပါဝင်ပါသည်။ တတိယတွင် System Design ကိုကြည့်ပါသည်။ System Design ကို ကြည့်ရာတွင် စံနစ် တစ်ခုလုံးအတွက် ဒီဇိုင်း တည်ဆောက်သည့် ပုံစံ၊ Classes, Attributes စသည်တို့ကို အဓိကထား ပါသည်။ နောက်ဆုံး အဆင့်တွင် ပရိုဂရမ်၏ လုပ်ဆောင်မှုကို စီမံခန့်ခွဲ တည်ဆောက် ထားပုံ၊ ခွဲခြမ်း စိတ်ဖြာနိုင်သည့် အနေအထား၊ တဆင့်ခြင်း လွယ်ကူစွာ စစ်ဆေး စမ်းသပ်မှု ပြုလုပ်နိုင်ရန် အတွက် ပြင်ဆင် ထားခြင်းများကို ကြည့်ရှုပါသည်။
မိမိ၏ လုပ်ငန်းအတွက် ယခင်က မြန်မာပြည်မှ ပရိုဂရမ်မာများကို အသုံးပြုရာတွင် Code Design မှာ အားနည်းချက် အချို့ကို တွေ့ခဲ့ရပါသည်။ ထိုအားနည်းချက်များမှာ – ပထမ ဦးစွာ Class, Attribute, Method, Constant စသည်တို့ကို အမည်ပေးသည့် အခါ၊ သင့်တင့် လျှောက်ပတ်သည့် အမည်ကို မရွေးတတ်ခြင်း၊ စာလုံးပေါင်းမှားခြင်းနှင့် စံနစ်တကျ စံပြုထားသည့် ပုံစံမကျခြင်းများ၊ ဖြစ်ကြပါသည်။
အမည်ပေးခြင်းနှင့် ပတ်သက်၍ ဥပမာ – int tempValue; double x; String thing; int no; double accInt; စသည့် အမည်များမှာ ဘာကို ဆိုလိုသည်ကို လွယ်ကူစွာ မသိနိုင်သဖြင့် ပရိုဂရမ်ကို မိမိအပြင် အခြားသူ တစ်ဦးတစ်ယောက်က အမှားရှာရန်၊ စစ်ဆေးရန်၊ ထပ်မံ တိုးချဲ့ရန်၊ ထိမ်းသိန်းရန် မလွယ်ကူဘဲ ခက်ခဲပါမည်။
စံပြုထားသည့် ပုံစံများနှင့် ပတ်သက်၍လည်း class name များရေးရာတွင် အင်္ဂလိပ်စာလုံး အကြီးဖြင့် စရေးသည့် ပုံစံ (ဥပမာ – Concert, House) ၊ attribute name များရေးရာတွင် အစမှာ စာလုံးသေးဖြင့် စပြီး၊ နောက်ဆက်တွဲ စကားလုံးကို စာလုံးအကြီးဖြင့် ဆက်ရေးသည့် ပုံစံ (ဥပမာ – familyName, isIn)၊ method name များရေးရာတွင် စကားလုံး တစ်လုံးတည်း ဖြစ်လျှင် အင်္ဂလိပ် စာလုံး အသေး များဖြင့်သာ ရေးသော်လည်း (ဥပမာ – volume(), player())၊ စကားလုံး နှစ်လုံး အသုံးပြုရန် လိုပါက အထက်က attribute name ရေးသကဲ့သို့ ဒုတိယ စကားလုံးကို စာလုံးအကြီးဖြင့် ဆက်ရေးသည့် ပုံစံ၊ Constant name များကို ရေးရာတွင် စာလုံး အကြီးများသာ အသုံးပြုရသည့် ပုံစံနှင့် စကားလုံးများ ဆက်ရန် လိုအပ်ပါက အောက်မျဉ်းဆက်ဖြင့် ဆက်ရေးရသည့် ပုံစံ (ဥပမာ – DAYS_IN_YEAR) များသည် စံပြုထားသည့် ပုံစံများ ဖြစ်သဖြင့် လိုက်နာရန် လိုအပ်ပါသည်။ ထို့အပြင် for loop သုံးသည့် အခါမျိုးများတွင် i သို့မဟုတ် n ကို အများအားဖြင့် သုံးကြခြင်း၊ အဓိပ္ပါယ် သီးခြား မရှိသော string ဆိုလျှင် s နှင့် object ဆိုလျှင် o ဟု သုံးကြသည်ကိုလည်း လိုက်နာသင့်ပါသည်။
နောက်တစ်ခု အများဆုံးတွေ့ရသည့် ဒီဇိုင်း အားနည်းချက်မှာ နေရာခြားခြင်းများ ဖြစ်သည်။ နေရာခြားခြင်းများ နှင့် ပတ်သက်ပြီး အမှား ပုံစံများကို အောက်တွင် ပြထားသည်။
Assignment ၏ ဘေး တစ်ဖက် တစ်ချက်စီမှာ နေရာခြားရမည်။
ပုံစံအမှား
ပုံစံအမှန်
operator ၏ ဘေး တစ်ဖက် တစ်ချက်စီမှာ နေရာခြားရမည်။
ပုံစံအမှား
ပုံစံအမှန်
semi-colon ၏ နောက်ဖက်မှာ နေရာခြားရမည်။
ပုံစံအမှား
ပုံစံအမှန်
for, while တို့၏ အနောက်ဖက်မှာ နေရာခြားရမည်။
ပုံစံအမှား
ပုံစံအမှန်
arguments, parameters များ အရှေ့ဖက်တွင်မူ နေရာခြားခြင်း မပြုလုပ်ရ။
ပုံစံအမှား
ပုံစံအမှန်
တစ်ဖန် Indenting ခေါ် အခြားစာကြောင်းများ၏ အစနေရာ မှ အတွင်း သွင်း၍ စတင်ရေးသားသည့် ပုံစံကို လည်း အထူး ဂရုပြုသင့်ပါသည်။ ဥပမာအားဖြင့် အများဆုံးတွေ့ရသည့် အမှားမှာ else if statement ရေးသည့် ပုံစံများတွင် ဖြစ်သည်။ အောက်တွင် ကြည့်ပါ။

area=depth*hight;
ပုံစံအမှန်
area = depth * hight;
operator ၏ ဘေး တစ်ဖက် တစ်ချက်စီမှာ နေရာခြားရမည်။
ပုံစံအမှား
area = depth*hight;
ပုံစံအမှန်
area = depth * hight;
semi-colon ၏ နောက်ဖက်မှာ နေရာခြားရမည်။
ပုံစံအမှား
for(int i=0;i<2;i++)
ပုံစံအမှန်
for (int i = 0; i < 2; i++)
for, while တို့၏ အနောက်ဖက်မှာ နေရာခြားရမည်။
ပုံစံအမှား
for(int i=0;i<2;i++)
ပုံစံအမှန်
for (int i = 0; i < 2; i++)
arguments, parameters များ အရှေ့ဖက်တွင်မူ နေရာခြားခြင်း မပြုလုပ်ရ။
ပုံစံအမှား
x = sqrt (34);
ပုံစံအမှန်
x = sqrt(34);
တစ်ဖန် Indenting ခေါ် အခြားစာကြောင်းများ၏ အစနေရာ မှ အတွင်း သွင်း၍ စတင်ရေးသားသည့် ပုံစံကို လည်း အထူး ဂရုပြုသင့်ပါသည်။ ဥပမာအားဖြင့် အများဆုံးတွေ့ရသည့် အမှားမှာ else if statement ရေးသည့် ပုံစံများတွင် ဖြစ်သည်။ အောက်တွင် ကြည့်ပါ။
ပုံစံအမှား
if ... ... else if ... ... else if ... ...ပုံစံအမှန်
if ... ... else if ... ... else if ... ...ထို့ကြောင့် Code Design ညံ့ဖျင်းသည့် ပရိုဂရမ်များမှာ၊ အမှားရှာရန် ခက်ခဲခြင်း၊ အမှားပြင်ရန် ခက်ခဲခြင်း၊ ပရိုဂရမ် ရေးသူမှ အပ အခြား တစ်ယောက်က ဖတ်ပါက နားလည်ရန် ခက်ခဲခြင်း၊ တို့ကြောင့် ပရိုဂရမ်ကို ထိမ်းသိန်းပြင်ဆင် တိုးချဲ့ရန်အတွက် အချိန်များစွာယူရခြင်း၊ ငွေကုန်ကြေးကျ များခြင်းများ ဖြစ်သည့် အတွက် အပြည်ပြည်ဆိုင်ရာ ဆော့ဖ်ဝဲလ် ဈေးကွက်တွင် အရည်အသွေးညံ့သည့် ပရိုဂရမ်များ အဖြစ် သတ်မှတ်ခံရကာ၊ ဈေးကွက်မဝင်ဘဲ ဖြစ်လာကြပါသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment