မှားတယ် မှန်တယ်ဆိုတာ ကိုယ်တိုင် ဖတ်ကြည့်ကြပေတော့
နောက်ဆုံးတွင် မစ္စတာအိုဘားမားက အနိုင်ရသွားသောအခါတွင်လည်း နှစ်ဦးသား အစိုးရအဖွဲ့တစ်ခုတည်းတွင် ဟန်ချက်ညီစွာ တာဝန်ထမ်းဆောင်နေကြသည်ကို တွေ့ကျရပေမည် ။ မြန်မာတို့၏ အထက်ဖေါ်ပြပါ စိတ်ထားနှင့်ဆိုလျှင်ကား ခက်ချေပြီ မဟုတ်ပါလား ။
လူအမျိုးမျိုးစိတ်အထွေထွေ မတူကွဲပြားနေတာကိုက သဘာဝကျနေတဲ့လောကကြီးမှာ -
ရေပန်းအစားဆုံးစကားလုံး
ယနေ့မြန်မာနိုင်ငံတစ်ဝှမ်းတွင် အသုံးအများဆုံးစကားကို ပြောပါဆိုလျှင် " ဒီမိုကရေစီ " ဆိုသော စကားလုံးပင် ဖြစ်လေသည် ။ဆင်းရဲသူရော ချမ်းသာသူရော ၊ တောမှာနေကြသူများရောမြို့မှာနေကြ သူများရော ၊ ပညာအခြေခံနည်းသူများရော ၊ ပညာအခြေခံကောင်းကြသူများရော အားလုံး ၏ နှုတ်ဖျားတွင် ထိုစကားလုံးသည် အလွန်ပင်ရေပန်းစားလှပေသည် ။
တူညီသောအသိ
သို့ရာတွင် ထို ဒီမိုကရေစီဟူသော စကားလုံး၏ နက်ရှိုင်း၍ ကျယ်ဝန်းလှသောအနက်ကိုမူ ပညာအခြေခံပေါ်တွင်မူတည်၍၄င်း ၊ နေထိုင်သောလူမှုပတ်ဝန်းကျင်ပေါ်တွင် အခြေခံ၍ ၄င်း သိမှုအရာတွင် ကွာခြားကြပါသည် ။အများအားဖြင့် တူညီစွာသိကြသည်မှာ တရားမျှတသော ဥပဒေအရိပ်အောက်တွင် အေးချမ်းစွာဖြင့် လွတ်လပ်စွာ ပြောဆို ၊ နေထိုင် ၊ လုပ်ကိုင် သွားလာ နိုင်ခြင်း တို့သည် ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည် ဟူသော ယေဘူယျ အသိပင် ဖြစ်လေသည် ။
သဘောထားကွဲလွဲသည်မှာသဘာဝကျ
လူသားတို့သည် တစ်ဦးနှင့် တစ်ဦး သံသရာတစ်လျှောက် သယ်ဆောင်လာခဲ့သော အထုံဗီဇချင်း မတူ ၊ ဥာဉ်စရိုက်ချင်း မတူ၊ ၀ါသနာချင်းမတူ၊ ပစ္စုပ္ပန်ဘ၀တွင်လည်း ကျင်လည်ကျက်စားရာ ပတ်ဝန်းကျင်အခြေခံလည်းမတူ ကြသည်ဖြစ်ရာ အကြောင်းအရာတစ်ခုအပေါ်တွင် ချဉ်းကပ်ပုံချင်း ၊ ရှုမြင်သုံးသပ် ပုံချင်း ခြားနားသောအခါ ယင်းအကြောင်းအရာပေါ် ကောက်ချက်ချမှုချင်းလည်း မတူ ၊ သဘောထားပုံချင်းလည်း မတူ ၊ အယူအဆချင်းလည်း မတူတော့ပေ ။သဘောထားကွဲလွဲမှုများ ရှိနေကြသည်မှာ သဘာဝကျသော ကိစ္စသာဖြစ်လေသည် ။
ဒီမိုကရေစီစိတ်ထား
ဒီမိုကရေစီစိတ်ထားဆိုသည်မှာ အထက်တွင်ဆိုခဲ့သကဲ့သို့ အမြင်သဘောထားမတူ ၊ ကွဲလွဲကြသူများ စုပေါင်းနေထိုင်ရာ လူ့အဖွဲ့အစည်းတွင် အများစုသဘောတူရာဘက်သို့ ကျန်အနည်းစုက ကြည်ဖြူစွာလိုက်ပါ လုပ်ဆောင်နိုင်သော စိတ်ထားမျိုးကို ဆိုလိုသည် ။ ငါနှင့်သဘောထားမတူ ငါ့ရန်သူဟူသော စိတ်ထားမျိုးကို ဒီမိုကရေစီနှင့်ထိုက်တန်သော လူ့အဖွဲ့အစည်းတွင် ထားလည်းမထားအပ် ၊ ရှိလည်းမရှိအပ်ပေ ။
မင်းသားလွင်မိုး ဥပမာ
ကျွန်ုပ်တို့၏ နိုင်ငံတွင်မူ ထိုစိတ်ထားမျိုးထားနိုင်သူ အတော်အတန်ပင်နည်းနေသေးကြောင်း မင်းသားလွင်မိုး၏ ဖြစ်ရပ်တွင် ထင်ထင် ရှားရှားတွေ့နိုင်ပါသည် ။ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မင်းသားလွင်မိုးသည် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဦးဌေးမြင့်ကို မဲပေးမည် ဖြစ်ကြောင်း သူ၏သဘောထားကို မေးမြန်းခန်းတစ်ခုတွင် ထုတ်ဖေါ်ကြေငြာခဲ့သည် ။ ထိုသည်မှာ မင်းသားလွင်မိုး၏ နိုင်ငံသားအခွင့်အရေးဖြစ်သည် ။ သူသည်ကြံခိုင်ရေးပါတီ ကိုပေးပေး ၊အတိုက်အခံပါတီကိုပေးပေး သူ့အခွင့်အရေးသာဖြစ်သည် ။ မိမိကလည်းမိမိကြိုက်သည့်ပါတီကို မဲပေးလိုက်ရန်သာ ဖြစ်သည်။
ဒါကတော့ မြိတ်သွားပြီး ကြံ့ဖွံ့ ကို မဲထည့်တဲ့ လွင်မိုး ဆိုပြီးတော့ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီဘလော့မှာလွင်မိုးမုန်းတီးရေး သတင်းဖေါ်ပြထားတာပါ
နောက်ဆုံးဘယ်လို အဖြေထွက်မလဲ ကြံခိုင်ရေးကနိုင်ရင် ကြံ့ခိုင်ရေးဘက်ကို အတိုက်အခံတို့က ကြည်ကြည်ဖြူဖြူလိုက် ၊ အတိုက်အခံတို့ကအနိုင်ရလျှင်လည်း အတိုက်အခံတို့နောက် ကြံ့ခိုင်ရေးတို့က ကြည်ကြည်ဖြူဖြူ လိုက် ကြရန်သာရှိလေသည် ။ မြန်မာတို့သည်ကား ထိုသို့မဟုတ် လွင်မိုးက ကြံ့ခိုင်ရေးကို မဲပေးမည်ဟု သဘောထားထုတ်ပြန်လိုက်သည်နှင့် အတိုက်အခံတို့က အမုန်းပွားကြလေတော့သည် ၊ အတိုက်အခံမီဒီယာတို့က ကြံ့ဖွတ်လွင်မိုး ဟုအမည်တပ်ကာ အများကမုန်းလာစေရန်ပါ တိုက်တွန်းကြလေတော့သည် ။ထိုအမုန်းစိတ်ကို ထိုစဉ်ကတွင်သာ မဟုတ် အခုအချိန်ထိ သယ်ဆောင်လာကြလေသည် ။
ဒါကတော့ မနေ့တစ်နေ့ကဒေါ်အောင်ဆန်းစုကြည်နဲ့ လွင်မိုးလာတွေ့တော့ ဟိုတုန်းကအမုန်းတွေကို ဒီနေ့အထိသယ်လာတာကို အတိုက်အခံ ဘလော့တစ်ခုမှာ မြင်ရတာပါ
ထိုစိတ်ထားမျိုးရှိသူတို့က ဒီမိုကရေစီဘက်တော်သားများ ဟုကိုယ့်ကိုကိုယ် အမည်တပ် ကာ မြန်မာနိုင်ငံရေးလောကတွင် ရှေ့တန်းမှနေရာ ယူနေကြပေရာ မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီနှင့် ဝေးနေဦးမည်သာ ဖြစ်ကြောင်း မှတ်ချက်ပြုရမလို ဖြစ်နေပါသည် ။
အမေရိကန်တို့စိတ်ထား
ဒီမိုကရေစီကျင့်သုံးရာတွင် စံနမူနာထားကြသော အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သော သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မစ္စတာ အိုဘားမားနှင့် လက်ရှိနိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသူ မစ္စစ် ဟီလာရီကလင်တန် တို့သည် ပြိုင်ဘက်များဖြစ်ခဲ့ကြလေသည် ။ သူထင်ကိုယ်ထင် ယှဉ်ပြိုင်ခဲ့ကြလေသည် ။ အပြန်အလှန်စကားစစ်ထိုးခဲ့ကြလေသည်။
သူတို့များကျတော့လည်း စိတ်ထားတတ်လွန်းလို့ခက်နေတယ်
လူအမျိုးမျိုးစိတ်အထွေထွေ မတူကွဲပြားနေတာကိုက သဘာဝကျနေတဲ့လောကကြီးမှာ -
သဘောထားမတူ ၊ ကွဲပြားတိုင်းသာ အမုန်း မျက်မာန် ပွားနေပါရင် ချစ်ခြင်းဘယ်မှာရှိပါတော့မလဲ
သဘောထားမတူ ကွဲပြားတိုင်းသာ စိတ်ဝမ်းထွေထွေကွဲနေပါရင် စည်းလုံးဘယ်မှာ ရှိပါတော့မလဲ
သဘောထားမတူ ကွဲပြားတိုင်းသာ ပြိုကွဲ ယိုင်လဲနေပါရင် ခိုင်မြဲဘယ်မှာ ရှိနိုင်ပါတော့မလဲ
သလောထားမတူ ကွဲပြားတိုင်းသာ တိုက်ပွဲဝင်နေကြပါရင် စစ်မက်ဘယ်မှာ ရပ်ပါတော့မလဲဗျာ.......
သဘောထားမတူ ကွဲပြားတိုင်းသာ စိတ်ဝမ်းထွေထွေကွဲနေပါရင် စည်းလုံးဘယ်မှာ ရှိပါတော့မလဲ
သဘောထားမတူ ကွဲပြားတိုင်းသာ ပြိုကွဲ ယိုင်လဲနေပါရင် ခိုင်မြဲဘယ်မှာ ရှိနိုင်ပါတော့မလဲ
သလောထားမတူ ကွဲပြားတိုင်းသာ တိုက်ပွဲဝင်နေကြပါရင် စစ်မက်ဘယ်မှာ ရပ်ပါတော့မလဲဗျာ.......
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment