အဝေးပြေး ခရီးစဉ်တွေမှာ အမြန်ကားတွေ သတ်မှတ်ချိန်ထက် ပိုပြီး
မောင်းနေကြတဲ့ အဓိက အကြောင်းအရင်းကတော့ တလိမ့်ချင်း လိမ့်နေရတဲ့အချိန်က ၂
နာရီလောက် ရှိတာကြောင့်ပါပဲလို့ အဝေးပြေး ယာဉ်မောင်းတချို့က ပြောပါတယ်။
“ရန်ကုန်-မန္တလေး ခရီးစဉ်က ၉နာရီကြာတယ်ဆိုတာက အမှန်တကယ် လမ်း ပေါ်မှာ
မောင်းနှင်ရတဲ့အချိန်က ပျှမ်းမျှ ၇နာရီလောက်ပဲ ရှိပါတယ်။ ဒီဘက်က ကားဝင်းမှာ
ပိတ်နေတဲ့ အချိန်နဲ့ ဟိုဘက် ရောက်တော့ ကားဝင်းထဲ ၀င်ရတဲ့အချိန်က တော်
တော်ယူရတဲ့အတွက်ကြောင့် မလိုအပ်ဘဲ အချိန် ပိုကြာမြင့်နေတာပါ” လို့
အဆင့်မြင့်ယာဉ်လိုင်း
တခုက ကားဆရာတယောက်က ပြောပါတယ်။
ရန်ကုန်မြို့ကနေ နယ်မြို့များကို သွားရောက်တဲ့ ခရီးသည်တွေအများစုက
အောင်မင်္ဂလာ အဝေးပြေးဝင်းမှာ သွားရောက် စီးနင်းကြတယ်၊ အဲဒီမှာ
လည်း ဈေးဆိုင်တန်းများ၊ ကားဂိတ်များတိုးပွားလာတာကြောင့် ကားကျပ်
မှုတွေပိုမို ဖြစ်ပွားလာတယ်လို့ ယာဉ်လိုင်းများက ပြောကြပါတယ်။
“အခုနောက်ပိုင်းဆိုရင် ယာဉ်လိုင်းတွေကလည်းများလာတယ်။ယာဉ်အစီး
ရေ တွေကလည်း တိုးလာကြတယ်။ ခရီးစဉ် ပြေးဆွဲတော့မယ်ဆိုရင် ဒီဝင်းအထဲကနေ
အပြင်ကိုထွက်ဖို့ကို အချိန်တော်တော်ယူရတယ်” လို့ အဝေးပြေး ယာဉ်မောင်း တဦးက
ပြောပါတယ်။
“အမြန်လမ်းမကိုရောက်ဖို့အတွက် အနည်းဆုံး နာရီဝက်ကနေ
၄၅ မိနစ်၊ တနာရီလောက်ထိ ကြာ ပါတယ်။ အခါကြီး ရက်ကြီးတွေမှာဆိုရင်
ပိုဆိုးတယ်” လို့ သူက ရှင်းပြပါတယ်။
ခရီးသည် တဦးကလည်း “
သင်္ကြန်ကာလတို့ ၊ သီတင်းကျွန်တို့လို အခါကြီးရက်ကြီးတွေမှာ အိမ်ပြန်တဲ့အခါ
ကားဝင်းထဲကနေ အပြင် ထွက်ဖို့ မပြောနဲ့ ကားက ဂိတ်ကနေကားခေါင်းလှည့်တာတောင်
နာရီဝက်လောက် ကြာနေတယ်။ကားဝင်းထဲကို တက္ကစီငှားပြီးဝင်တဲ့အခါမှာလည်းအပြင်မှာတင်
ပိတ်နေတဲ့အချိန်ကြောင့် အ၀ကနေပဲ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး အထဲကို ၀င်ရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
မန္တလေး ကျွဲဆည်ကန် ကားဝင်းထဲမှာ ကားကျပ်မှုက ပိုမိုဆိုးရွားနေတာ
ကြောင့် ယာဉ်မောင်းသမားတွေနဲ့ ခရီးသည်တွေက စိတ်အနှောင့်အယှက်
ဖြစ်ရပါတယ်။
ကားကျပ်မှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာပေး စေချင်ပါတယ်လို့ သူတို့က
ပြောကြပါတယ်။
REF: Irrawaddy-Burmese
ဘကြီးသက်
အဝေးပြေး ခရီးစဉ်တွေမှာ အမြန်ကားတွေ သတ်မှတ်ချိန်ထက် ပိုပြီး
မောင်းနေကြတဲ့ အဓိက အကြောင်းအရင်းကတော့ တလိမ့်ချင်း လိမ့်နေရတဲ့အချိန်က ၂
နာရီလောက် ရှိတာကြောင့်ပါပဲလို့ အဝေးပြေး ယာဉ်မောင်းတချို့က ပြောပါတယ်။
“ရန်ကုန်-မန္တလေး ခရီးစဉ်က ၉နာရီကြာတယ်ဆိုတာက အမှန်တကယ် လမ်း ပေါ်မှာ မောင်းနှင်ရတဲ့အချိန်က ပျှမ်းမျှ ၇နာရီလောက်ပဲ ရှိပါတယ်။ ဒီဘက်က ကားဝင်းမှာ ပိတ်နေတဲ့ အချိန်နဲ့ ဟိုဘက် ရောက်တော့ ကားဝင်းထဲ ၀င်ရတဲ့အချိန်က တော် တော်ယူရတဲ့အတွက်ကြောင့် မလိုအပ်ဘဲ အချိန် ပိုကြာမြင့်နေတာပါ” လို့ အဆင့်မြင့်ယာဉ်လိုင်း
တခုက ကားဆရာတယောက်က ပြောပါတယ်။
ရန်ကုန်မြို့ကနေ နယ်မြို့များကို သွားရောက်တဲ့ ခရီးသည်တွေအများစုက
အောင်မင်္ဂလာ အဝေးပြေးဝင်းမှာ သွားရောက် စီးနင်းကြတယ်၊ အဲဒီမှာ
လည်း ဈေးဆိုင်တန်းများ၊ ကားဂိတ်များတိုးပွားလာတာကြောင့် ကားကျပ်
မှုတွေပိုမို ဖြစ်ပွားလာတယ်လို့ ယာဉ်လိုင်းများက ပြောကြပါတယ်။
“အခုနောက်ပိုင်းဆိုရင် ယာဉ်လိုင်းတွေကလည်းများလာတယ်။ယာဉ်အစီး
ရေ တွေကလည်း တိုးလာကြတယ်။ ခရီးစဉ် ပြေးဆွဲတော့မယ်ဆိုရင် ဒီဝင်းအထဲကနေ အပြင်ကိုထွက်ဖို့ကို အချိန်တော်တော်ယူရတယ်” လို့ အဝေးပြေး ယာဉ်မောင်း တဦးက ပြောပါတယ်။
“အမြန်လမ်းမကိုရောက်ဖို့အတွက် အနည်းဆုံး နာရီဝက်ကနေ ၄၅ မိနစ်၊ တနာရီလောက်ထိ ကြာ ပါတယ်။ အခါကြီး ရက်ကြီးတွေမှာဆိုရင် ပိုဆိုးတယ်” လို့ သူက ရှင်းပြပါတယ်။
ခရီးသည် တဦးကလည်း “ သင်္ကြန်ကာလတို့ ၊ သီတင်းကျွန်တို့လို အခါကြီးရက်ကြီးတွေမှာ အိမ်ပြန်တဲ့အခါ ကားဝင်းထဲကနေ အပြင် ထွက်ဖို့ မပြောနဲ့ ကားက ဂိတ်ကနေကားခေါင်းလှည့်တာတောင် နာရီဝက်လောက် ကြာနေတယ်။ကားဝင်းထဲကို တက္ကစီငှားပြီးဝင်တဲ့အခါမှာလည်းအပြင်မှာတင်
ပိတ်နေတဲ့အချိန်ကြောင့် အ၀ကနေပဲ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး အထဲကို ၀င်ရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
မန္တလေး ကျွဲဆည်ကန် ကားဝင်းထဲမှာ ကားကျပ်မှုက ပိုမိုဆိုးရွားနေတာ
ကြောင့် ယာဉ်မောင်းသမားတွေနဲ့ ခရီးသည်တွေက စိတ်အနှောင့်အယှက်
ဖြစ်ရပါတယ်။
ကားကျပ်မှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာပေး စေချင်ပါတယ်လို့ သူတို့က
ပြောကြပါတယ်။
REF: Irrawaddy-Burmese
“ရန်ကုန်-မန္တလေး ခရီးစဉ်က ၉နာရီကြာတယ်ဆိုတာက အမှန်တကယ် လမ်း ပေါ်မှာ မောင်းနှင်ရတဲ့အချိန်က ပျှမ်းမျှ ၇နာရီလောက်ပဲ ရှိပါတယ်။ ဒီဘက်က ကားဝင်းမှာ ပိတ်နေတဲ့ အချိန်နဲ့ ဟိုဘက် ရောက်တော့ ကားဝင်းထဲ ၀င်ရတဲ့အချိန်က တော် တော်ယူရတဲ့အတွက်ကြောင့် မလိုအပ်ဘဲ အချိန် ပိုကြာမြင့်နေတာပါ” လို့ အဆင့်မြင့်ယာဉ်လိုင်း
တခုက ကားဆရာတယောက်က ပြောပါတယ်။
ရန်ကုန်မြို့ကနေ နယ်မြို့များကို သွားရောက်တဲ့ ခရီးသည်တွေအများစုက
အောင်မင်္ဂလာ အဝေးပြေးဝင်းမှာ သွားရောက် စီးနင်းကြတယ်၊ အဲဒီမှာ
လည်း ဈေးဆိုင်တန်းများ၊ ကားဂိတ်များတိုးပွားလာတာကြောင့်
မှုတွေပိုမို ဖြစ်ပွားလာတယ်လို့ ယာဉ်လိုင်းများက ပြောကြပါတယ်။
“အခုနောက်ပိုင်းဆိုရင် ယာဉ်လိုင်းတွေကလည်းများလာတယ်။ယာ
ရေ တွေကလည်း တိုးလာကြတယ်။ ခရီးစဉ် ပြေးဆွဲတော့မယ်ဆိုရင် ဒီဝင်းအထဲကနေ အပြင်ကိုထွက်ဖို့ကို အချိန်တော်တော်ယူရတယ်” လို့ အဝေးပြေး ယာဉ်မောင်း တဦးက ပြောပါတယ်။
“အမြန်လမ်းမကိုရောက်ဖို့အတွက် အနည်းဆုံး နာရီဝက်ကနေ ၄၅ မိနစ်၊ တနာရီလောက်ထိ ကြာ ပါတယ်။ အခါကြီး ရက်ကြီးတွေမှာဆိုရင် ပိုဆိုးတယ်” လို့ သူက ရှင်းပြပါတယ်။
ခရီးသည် တဦးကလည်း “ သင်္ကြန်ကာလတို့ ၊ သီတင်းကျွန်တို့လို အခါကြီးရက်ကြီးတွေမှာ အိမ်ပြန်တဲ့အခါ ကားဝင်းထဲကနေ အပြင် ထွက်ဖို့ မပြောနဲ့ ကားက ဂိတ်ကနေကားခေါင်းလှည့်တာတောင် နာရီဝက်လောက် ကြာနေတယ်။ကားဝင်းထဲကို တက္ကစီငှားပြီးဝင်တဲ့အခါမှာလည်းအ
ပိတ်နေတဲ့အချိန်ကြောင့် အ၀ကနေပဲ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး အထဲကို ၀င်ရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
မန္တလေး ကျွဲဆည်ကန် ကားဝင်းထဲမှာ ကားကျပ်မှုက ပိုမိုဆိုးရွားနေတာ
ကြောင့် ယာဉ်မောင်းသမားတွေနဲ့ ခရီးသည်တွေက စိတ်အနှောင့်အယှက်
ဖြစ်ရပါတယ်။
ကားကျပ်မှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာပေး စေချင်ပါတယ်လို့ သူတို့က
ပြောကြပါတယ်။
REF: Irrawaddy-Burmese
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment