ဒီဖက်ခေတ်ကြီးမှာ ..
ပညာရှင် တွေ လုပ်ရမဲ့ အလုပ် တွေကို .. ပညာရှင်တွေ မလုပ်သေးဘဲ
ပညာရှင် မဟုတ်သူ တွေ အလုပ်လုပ်နေဆဲ ...YCDC
-------------------------------------------------------------------------------------
ယာယီရေကျော်ဈေးအား ရေထုတ်မြောင်းပေါ်တွင်ဆောက်လုပ်ရန်စီစဉ်ခြင်းမှာ သင့်လျှော်ခြင်းမရှိကြောင်း တင်ပြခြင်း
November 10, 2012
ပုဇွန်တောင်မြို့နယ်အမှတ်(၈)ရပ်ကွက် နှင့်အမှတ်(၉)ရပ်ကွက်အတွင်းဖြတ်သန်းစီးဆင်းနေသောရေဆိုးထုတ်မြောင်းပေါ်တွင်
ရေကျော်ဈေးအား နေရာချထားမည်ဟုဆိုကာ ဆောက် လုပ် မည့် ဈေးပုံစံနှင့်တကွ
မြောင်းကြီးလမ်း နှင့် ဝတ်ကျောင်းလမ်းထောင့် ၊ မြောင်းကြီးလမ်း နှင့် 
ဇီဇ၀ါလမ်းထောင့်တို့တွင် ကြေညာဆိုင်းဘုတ်များစိုက်ထူထားပါသည်။
ယာယီဈေးတည် ဆောက်ခြင်း နှင့် ဈေးဆိုင်ခန်းများ ရွေ့ပြောင်းရေး
ကိစ္စရပ်များ နှင့် ပတ်သက်၍ လက်ရှိ ရောင်းချနေသော ဈေးသူဈေးသားများ
ဆိုင်ခန်းပိုင်ရှင်အများစုအား စည်ပင်သာ ယာရေးကော်မတီ အနေဖြင့်
တရားဝင်ခေါ်ယူညှိနှိုင်းဆွေးနွေးသဘောထားရယူခြင်းမရှိခဲ့ကြောင်းသိရှိထားပါသည်။ဤရေဆိုးထုတ်မြောင်းမှာ
သိမ်ဖြူလမ်းကိုကျော်၍ ရထားလမ်းနှင့် ယခင်အိုးအိမ်ဦးစီးဌာန မှ လည်းကောင်း ၊
ဗိုလ်ချုပ်လမ်း နှင့် သိမ်ဖြူလမ်းမှ လာသော ရေဆိုးများကို
ဗိုလ်မြတ်ထွန်းလမ်းဒေါင့်မှ ဖြတ်၍ မြောင်းကြီးလမ်းရေဆိုးထုတ်မြောင်းတွင်ပေါင်းစည်း
ကာ ယင်းရေဆိုးထုတ်မြောင်းမှ တဆင့်ပုဇွန်တောင်မြို့နယ်
ပုဇွန်တောင်ချောင်းအတွင်းသို့ မင်္ဂလာ တောင်ညွန့်မြို့နယ်ကွက်သစ်လမ်းမှ လာသောရေဆိုးများ နှင့်အတူ ပုံမှန်စီးဆင်းနေသောရေထုတ်မြောင်းကြီးဖြစ်ပါသည်။ဤအမှတ်(၈)ရပ်ကွက် နှင့် အမှတ်(၉)ရပ်ကွက်ကြား ရေဆိုးထုတ်မြောင်းပေါ်တွင် ယာယီရေကျော်ဈေးအားတည်ဆောက်ပါက အောက်ပါဆိုးကျိုးများတွေ့ကြုံရမည်ဖြစ်ပါသည်။
ဤရေဆိုးထုတ်မြောင်းမှာ ပုဇွန်တောင်ချောင်း၏ ရေတက်ရေကျ နှင့် အညီ နေ့စဉ်ရေတက်ရေကျရှိသော မြောင်းဖြစ်သည့် အားလျော်စွာ မိုးတွင်းကာလများတွင် ယခုယာယီတည် ဆောင်မည့် နေရာတ၀ိုက်၌ မြောင်းရေလျှံ မှုများဖြစ်ပေါ်ကာ မြေညီထပ် နေအိမ်ခန်းများ အတွင်းသို့ မြောင်းရေ၀င်ရောက်ခြင်းများဖြစ်ပေါ်လေ့ရှိပါသည်။သို့ပါ၍
မြေညီထပ်နေအိမ်ခန်းများ အ၀င်ဝများတွင် ရေတားကွန်ကရစ်ဘောင်များ
တည်ဆောက်ကာကွယ်ထားရပါသည်။ ယခုအခါ ယာယီဈေးတည်ဆောင်မည်ဆိုပါက
ယင်းအန္တရာယ်ဆိုင်း နှင့် ထိပ်တိုက်ကြုံတွေ့ရမည်ဖြစ်ပါသည်။
မြောင်းနံရံမှာ ပြုပြင်ထားသည့် ကာလနှစ်ပေါင်း(၅၀)ကျော်ပြီဖြစ်၍ ကြံ့ခိုင်မှုမရှိတော့သဖြင့် အချိန်မရွေးပြိုကျပျက်စီးနိုင်ပါသည်။(ယခုအခါတွင်လည်း အချို့နေရာများမှာပြိုပျက်ပျက်စီးနေပြီး ပြည်လည်ပြုပြင်မှုလုံးဝမရှိသည်ကို တွေ့ရှိနိုင်ပါသည်။)မြောင်းဘောင် နှင့် ဆက်စပ်နေရာများ ကြံ့ခိုင်မှုရှိမရှိကို ကြိုတင်စစ်ဆေးသင့်ပါသည်။
မြောင်းပေါ်တွင် ဈေးနေရာချထားခြင်းဖြင့် သားငါးစသည်များရောင်းချမည့်ဈေး ဖြစ်သည့်အားလျှော်စွာ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များကြောင့်
ယင်ကောင်များ ၊ ကြွက်များ မှ တဆင့်ဖြစ်ပေါ်လာမည့် ကူးစက်ရောဂါများကြောင့်
ရပ်ကွက်အတွင်းနေထိုင်သည့် ပြည်သူလူထုအတွက် ကျန်းမာရေး
ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ပါသည်။
ရေဆိုးထုတ်မြောင်း၏ ရေစီးရေလာကောင်းမွန်မှုကို အဟန့်အတားဖြစ်စေနိုင်ပြီး အချိန်မရွေးကားလမ်းမပေါ် ရေလျံမှုများဖြစ်လာနိုင်ပါသည်။
အဆောက်အဦးတည်ဆောက်မည်ဆိုပါက ရပ်ကွက်ပြည်သူများ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စိုက်ပျိုးထားသော အရိပ်ရသစ်ပင်ကြီးများ ကို ခုတ်ထွင်ဖယ်ရှားရမည်ဖြစ်ပါ၍ ပတ်ဝန်ကျင်စိမ်းလန်းစိုပြေမှုကို ထိခိုက်ခြင်း ရပ်ကွက်နေပြည်သူများ၏ အိမ်ရှေ့မျက်နှာစာများအား အကျည်းတန်မှုများဖြစ်ပေါ်စေနိုင်ပါသည်။
လူနေရပ်ကွက်အတွင်းတည်ဆောက်ခြင်းဖြစ်သဖြင့်
မီးဘေးအန္တရာယ်စိုးရိမ်ရခြင်း ၊ လူ ၊ယာဉ်သွားလာရေး
ပိတ်ဆို့မှုအနှောင့်အယှက်များ နှင့် ရပ်ကွက်တွင်းနေပြည်သူများပိုင်
မော်တော်ယာဉ်များ ရပ်နားရာနေရာများခက်ခဲခြင်း ၊ ညအချိန်လုံခြုံရေး
စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာနိုင်ပါသည်။
ဈေးတည်ဆောက်ပြီးချိန်တွင် ဈေးပတ်ဝန်းကျင်တွင် ပျံကျဈေးသည်များရောက်ရှိလာနိုင်ပြီး စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများ ၊ စည်းကမ်းမဲ့ လမ်းပိတ်ဆို့ဈေးရောင်းချခြင်းများ အညစ်အကြေးစွန့်ခြင်းများ ကြောင့်ရပ်ကွက်နေပြည်သူများနှင့် မလိုလားအပ်သော ပြဿနာပေါ်ပေါ်လာနိုင်ပါသည်။
ရေကျော်ဈေးအားသက်ဆိုင်ရာမှ အဆင့်မြင့်ဈေးဖြစ်ရန်တည်ဆောက်ခြင်းဖြစ်သော်လည်း ဈေးရောင်းသူများအခက်အခဲမရှိစေရန် ယခုကဲ့သို့ အမှတ်(၈) နှင့် အမှတ်(၉)ရပ်ကွက်ကြား ရေဆိုးထုတ်မြောင်းပေါ်တွင်ဈေးနေရာချထားပေးခြင်းအစား
အောက်ဖော်ပြပါနေရာများတွင် ညှိနှိုင်းဆောင်ရွက်ပေးလျှင်
ပို၍အဆင်ပြေကောင်းမွန်ပြီး အထက်ဖော်ပြပါ ဆိုးကျိုးများကို
ကာကွယ်နိုင်မည်ဖြစ်ပါသည်။
အမှတ်(၈)ရပ်ကွက် ယခင် ၀ါဝါ၀င်းကွက်သစ်ဟု ခေါ်ဆိုသည့် မီးလောင်ပြင်နေရာကွက်လပ်တွင် မည်သည့်အဆောက်အဦးမှမရှိပါ(ဤနေရာမှာ ယခင်ခရစ်ယာန်သချိုင်းမြေနေရဖြစ်ပြီး ကျန်းမာရေးဦးစီးဌာန၏ အနောက်ဖက်တွင်တည်ရှိပါသည်။
ပုဇွန်တောင်ဈေးကြီးအတွင်းလစ်လပ်ဆိုင်ခန်းများ။
မင်္ဂလာတောင်ညွန့်မြို့နယ် ဇေယျာမြိုင်ပန်းခြံနေရာ (ယင်းနေရာတွင် ပန်းခြံဟုသာ အမည်ခေါ်တွင် သော်လည်း ပန်းမန်လာများ စိုက်ပျိုးထားမှုမရှိဘဲ စားသောက်ဆိုင် နှင့် မော် တော်ယာဉ်များရပ်နားနေရာသာဖြစ်ပါသည်။)
မိမိတို့ရပ်ကွက်နေပြည်သူများအနေဖြင့် ခေတ်မှီသန့်ရှင်းလှပသော ရေကျော်ဈေးသစ်ကြီးတည်ဆောက်မှုအား လှိုက်လှဲစွာကြိုဆိုလက်ခံရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဖော်ပြပါပိုမို သင့်တင့်ကောင်းမွန်သော အခြားနေရာတွင်
ယာယီဈေးနေရာတည်ဆောက်ခြင်း ၊ ဆိုင်ခန်းများနေရာချထားခြင်းသည်
ဈေးသူဈေးသားများ နှင့် ရပ်ကွက်နေပြည်သူလူထုအတွက် အကောင်ဆုံးသော
နည်းလမ်းဖြစ်ပြီး ယခုလျာထားသည့် ၀တ်ကျောင်းလမ်း နှင့် ဇီဇ၀ါလမ်းကြား
မြောင်းကြီးပေါ်တွင် ယာယီဈေး တည်ဆောက်ခြင်းမှာ မသင့်တော်ပါကြောင်း
ရပ်ကွက်နေပြည်သူများမှတင်ပြအပ်ပါသည်။
(ရပ်ကွက်နေပြည်သူများ)
(Hot news)
ယာယီရေကျော်ဈေးအား ရေထုတ်မြောင်းပေါ်တွင်ဆောက်လုပ်ရ
November 10, 2012
ပုဇွန်တောင်မြို့နယ်အမှတ်(၈)ရပ်
ဤရေဆိုးထုတ်မြောင်းမှာ ပုဇွန်တောင်ချောင်း၏ ရေတက်ရေကျ နှင့် အညီ နေ့စဉ်ရေတက်ရေကျရှိသော မြောင်းဖြစ်သည့် အားလျော်စွာ မိုးတွင်းကာလများတွင် ယခုယာယီတည် ဆောင်မည့် နေရာတ၀ိုက်၌ မြောင်းရေလျှံ မှုများဖြစ်ပေါ်ကာ မြေညီထပ် နေအိမ်ခန်းများ အတွင်းသို့ မြောင်းရေ၀င်ရောက်ခြင်းများဖြစ်
မြောင်းနံရံမှာ ပြုပြင်ထားသည့် ကာလနှစ်ပေါင်း(၅၀)ကျော်ပြီဖြစ်၍
မြောင်းပေါ်တွင် ဈေးနေရာချထားခြင်းဖြင့် သားငါးစသည်များရောင်းချမည့်ဈေး
ရေဆိုးထုတ်မြောင်း၏ ရေစီးရေလာကောင်းမွန်မှုကို အဟန့်အတားဖြစ်စေနိုင်ပြီး အချိန်မရွေးကားလမ်းမပေါ် ရေလျံမှုများဖြစ်လာနိုင်ပါသည်။
အဆောက်အဦးတည်ဆောက်မည်ဆိုပါက ရပ်ကွက်ပြည်သူများ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စိုက်ပျိုးထားသော အရိပ်ရသစ်ပင်ကြီးများ ကို ခုတ်ထွင်ဖယ်ရှားရမည်ဖြစ်ပါ၍ ပတ်ဝန်ကျင်စိမ်းလန်းစိုပြေမှုကိ
လူနေရပ်ကွက်အတွင်းတည်ဆောက်ခြင်း
ဈေးတည်ဆောက်ပြီးချိန်တွင် ဈေးပတ်ဝန်းကျင်တွင် ပျံကျဈေးသည်များရောက်ရှိလာနိုင
ရေကျော်ဈေးအားသက်ဆိုင်ရာမှ အဆင့်မြင့်ဈေးဖြစ်ရန်တည်ဆောက်ြ
အမှတ်(၈)ရပ်ကွက် ယခင် ၀ါဝါ၀င်းကွက်သစ်ဟု ခေါ်ဆိုသည့် မီးလောင်ပြင်နေရာကွက်လပ်တွင် မည်သည့်အဆောက်အဦးမှမရှိပါ(ဤနေရ
ပုဇွန်တောင်ဈေးကြီးအတွင်းလစ်လပ
မင်္ဂလာတောင်ညွန့်မြို့နယ် ဇေယျာမြိုင်ပန်းခြံနေရာ (ယင်းနေရာတွင် ပန်းခြံဟုသာ အမည်ခေါ်တွင် သော်လည်း ပန်းမန်လာများ စိုက်ပျိုးထားမှုမရှိဘဲ စားသောက်ဆိုင် နှင့် မော် တော်ယာဉ်များရပ်နားနေရာသာဖြစ်ပါ
မိမိတို့ရပ်ကွက်နေပြည်သူများအနေ
(ရပ်ကွက်နေပြည်သူများ)
(Hot news)
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment