ကြားရတဲ့စကားသံကဟုတ်မှဟုတ်ပါ့မလား…..မှုန်ရီဝေး၀ါးနေတဲ့ စိတ်ဝဋ်ဥာဉ်ကြားက လွင့်နေတဲ့ ၀ိဥာဉ်ကိုစုစည်း အသေအချာ နားစွင့်မိလိုက်တယ်၊၊ ဟုတ်ပါတယ်…….ပြတ်သားတဲ့ အသံပါ ဆွေးနွေးနေကြတဲအသံတွေပါ။
“နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သောစီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ အသင်းအဖွဲ့ပေါင်းစုံမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ဦးသိန်းစိန်က ၁၉၈၈ခုနှစ် နောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် ပြည်ပရောက်အတိုက်အခံများ
အပါအ၀င် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ပြန်လာ၍ရကြောင်း ပြည်ပသို့
ရောက်ရှိနေသူများကို ပြန်လာခွင့်ပြုသည်ဟု
အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခဲ့သည် တဲ့  နောက်ပြီးရှိပါသေးတယ်…
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်ငံတော်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက်ကြဖို့ရန်”ဖိတ်ခေါ်မှုတွင် ပြန်သွားလိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများ
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံတွင် “ အမြန်ဆုံးလာရောက်
လက်နက်ချနိုင်”သည်ဟု အဆိုပါ မိန့်ခွန်းတွင် ပြောကြားသည်တဲ့ ..“
.ဒါဆို..၁၉၈၈မတိုင်ခင်ကလူတွေကကော….ဒီလိုစကားတွေအတွက်ကျုပ်စိတ်မ၀င်စားတာအမှန်ပါ…
ကျုပ်ရဲ့သေနေတဲ့နှလုံးသားတစ်စုံကိုလန်နိုးစေခဲ့တဲ့နှလုံးသားက
ိုနှိုးကြားစေနိုင်တာက
ဘာတဲ့ကျုပ်နားကြားများမှားလေရော့လား…..အသေချာနားစွင့်မိတော့..ပီပီသသကြားမိတာက
“ရွှေဘိုနန်းတော်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုအကြီးစားပြင်ဆင်နေပြီတဲ့ ……”
အိုး…..ဒါဆို….ဒါဆို..ကျူပ်ရဲ့ပြည်တော်ပြန်ခရီးမဝေးတော့ဘူးပေါ့……ဒီစကားကြားရတာ
့နှစ်ပေါင်း၇၀၀ကျော်သေနေတဲ့ကျုပ်နှလုံးသားပြန်လည်နိုးထလာခဲ့ပြီ…၊ကျုပ်ရဲဝမ်းသာမှုပီတိ….ကကျုပ်ကလွဲ
လို့ ဘယ်သူမှမသိနိုင်ဘူး…။
.အမိမြေပြန်လာချင်တဲ့ကျုပ်လိုလူတွေလဲ ရှိလိမ့်မယ်လို
့ထင်မိပါတယ်..သိုသော်ငြားလဲ.. မရဲတရဲ…မယုံတယုံဖြစ်နေကြတာပေါ့လေ
အဲသလို..မယုံတယုံ ဖြစ်အောင်လဲ …….. ကျုပ် စောင့်စားရတဲ့နှစ်တွေ
က….နည်းမှမနည်းတောတာနော့…
………………………………………………………………..
အပြင်ဘက်ကအချင်းချင်ပြောဆိုသံ…ဝေဖန်သံ ၊အငြင်းပွားသံ တွေ က အုတ်နံရံ
ကိုထွင်းဖောက်.. ဟိုး…..မြေအောက် တိုက်ခန်းလေးထဲ
ထိကြားနေရတယ်လေ။..ကျုပ်လည်း
ဘာလိုလိုနဲ့တွက်ကြည်တာဒီမြေအောက်တိုက်ခန်းလေးထဲရောက်နေတာနှစ်ပေါင်း(၅၆)နှစ်တင်းတင်းပြည့်ပါရော
့လား… ……ကျုပ် ရင်ထဲ က ၀မ်းနည်းခြင်း ကြေကွဲခြင်း ၊နာကြည်းခြင်း
တွေပြည့် နေပါရော ……….
မြန်မာသက္ကရာဇ်
၁၃၁၅ခုနှစ်လောက်ကမြန်မာပြည်အစိုးရရဲဖိတ်ခေါ်ချက်အရမြန်မာပြည်ကိုသံတမာန်
ရှေးဟောင်းကျောက်စာ သုတေသနအဖွဲ့ နဲ့ အတူ သုတေသန ပညာရှင်
ဒေါက်တာဂျွန်ဘီဒင် အပါဝင်ေ၇ာက်ရှိလာကြပါတယ်…။သူ အပြန်မှာတော့
မြန်မာပြည်တော်ပြန် လက်ဆောင်အနေ နဲ့ တွံတေးက စဥ့်အိုးကြီးတစ်လုံး ကိုကောက်ရိုး အထပ်ထပ်ရစ်ပတ်ပြိး သယ်ယူသွားခဲ့ တယ်.။
.သူအပြောကတော့မြန်မာလူမျိုးတွေရဲ့ လက်ရာပြောင်မြောက်တဲ့ စဥ့်အိုးကြီးကိုအမေရိကန်နိုင်ငံသားတွေကိုပြချင်တယ်ဆိုတော့..မြန့် မာဆိပ်ကမ်း
က သံတမန် လာရောက်တဲ့ သူ ဖြစ်နေတာကြောင့် စစ်ဆေးခြင်းမရှိ သယ်ဆောင်ခွင့်ရခဲ့ တယ်။။
တွံ့ တေးစဉ့် အိုးဆိုတာ…မြန်မာလူမျိုးတို့ ရဲ
့အံ့မခန်းလက်ရာပါ..အိုးထိန်းသည်ရဲ့ စိတ်ကူး…နွဲ့ နှောင်းတဲ
့ဟင်္သာမောင်နှံကဟန်တွေဟာမြန်မာတို့ရဲ့
အနုပညာလက်ရာ…..စဥ့်ရေအရောင်ကျောက်သလင်းသားလို အရည်သွေးကြောင့်
နာမည်ကျော်ကြားခဲ့ တာပါ။ကျုပ်တို
့မြန်မာတွေ ကနေ့ စဉ်မြင်တွေ့ ရလို့ သာ တန်ဘိုးမထား ကြပေမဲ့ ...နိုင်ငံခြားက လူတွေအတွက်တော့ မြင်ရခဲတဲ့ အနုပညာ လက်ရာပါဘဲ။
အရိမဒ္ဒနပူရပုဂံပြည်က ဘိုးတော်လောင်းကျန်စစ်သားဘုရင်မင်းမြတ်ရဲ့ ခန်
့ထည်သော မီးတား မဟာရာဇ်တံတိုင်းကြီး၏အတွင်းက အာနန္ဒစေတီ ကဆည်းလည်းသံကို
ဆွတ်ပျံလွမ်းမော မိပါတယ်။ တမဒီပမြို့ရိုး အရှေ့ ဘက်သရပါတခါးအနိးအရှေ
့စားကျက်ကွင်းထဲကနွားခလောက်သံတွေလည်းကြားယောင်မိဆဲ။ နန်းရင်ပြင်
အနောက်ဘက်က စစ်ရေးလေကျင့်ကွင်းက တံပိုးသံ၊ စည်သံ၊ လွှားသံ၊
အဲမောင်းသံတွေ..ရာပေါင်းများစွာသော စစ်သည်တော်မြင်းသည်တော် တို့
စစ်ရေးလေ့ ကျင်နေပုံ ၊အင်တိုက်အားတိုက်စစ် သွေး စစ်မာန်
ကြွေးကြော်သံတွေဟာ…ကျုပ် ရဲ့ အမြင်အာရုံနဲ့ နားမှာ မနေ့ တနေ
့ကလိုဘဲကြားယောင်ဆဲ…မြင်ယောင်ဆဲ .အရာရာဟာ…မနေ့ တနေ့ ကလိုပါဘဲလား…………။
ကျုပ်ကောင်းကောင်းမှတ်မိနေတာပ…အရိမဒ္ဒနပူရ ပုဂံထိးနန်းရဲ့ မြပုခက်
မဟာဆိမဟာသွေး ပီသစွာကြိးပြင်းခဲ့ ရတဲ့ ကျုပ် ၊
တွံတေးတောတန်းတနေရာမှာဆင်ကျော့ရင်းကံတော်ကုန်ရှာတဲ့ခမည်းတော်”‘ဂြီတြိဘာဝနာဒီကျ
ပ၀ရ ဓမ္မရာဇာ ဒါနပတိနရ သိဃ်ဥစ္စနာ” မင်းဘုရင်မင်းမြတ်ရဲ့ 
သားကြီးးသြရသဖြစ်တဲ့ ကျုပ်…..
ဘုရင်မင်းမြတ် နဲ့ မယ်တော်ကလွဲ ရင် ဘယ်သူ့ ကိုမှ မျက်စိထဲ ရှိတယ်မထင်ခဲ
့တဲ ရာဇဂုဏ်မောက်မာလွန်းတယ်လို့  အများကသိကြတဲ့ကျုပ်၊
ပုဂံပြည်ရဲ သြဇာကတိမအရှိဆုံး အသက်အကြီးဆုံး သက်တော်ရှည် အမတ်ကြိး ပညာရှိ
သုခမိန်ရာဇသင်္ကြန်ကိုကွမ်းတံတွေးနဲထွေးမိတဲ့..မြန်မာ့ရာဇ၀င်မှာ……….အမည်းစက်ဖြစ်အောင်မောက်မာရိုင်းပြ
မိခဲ့ ဘူးတဲ့ ကျုပ်………..။
ကျုပ် ကလည်း ကျုပ် ပါဘဲ…အသက်ကလည်း၂၀နှစ် မပြည့်တဲ
့အရွယ်….မင်းပျို မင်းလွင်လေး ။ပြိးတော့ အိမ်ရှေ့ စံနန်းလျာ
မင်းတစ်ပါးနန်းရင်ပြင်တခုလုံး ထောင်လွား သောက်စားမော်ကြွားခဲ့ မိတဲ
့ကျုပ်…..
တိုင်းပြည်ရေးရာ ညီလာခံတက်ဘို့ နန်းရင်ပြင်ထဲ ခြေသံလုံလုံနဲ့  ၀င်လာတာကို
တိုင်မှီပြိး ညီလာခံ လျောက်တင်စရာ ကို စဉ်းစားနေတဲ့  ကျုပ်
အဖိုးလောက်ရှိတဲ့ အမတ်ကြီး ကို… ကျုပ်ဝင်လာတာ မမြင်ရကောင်းလား ဆိုပြိး ၊
ကွမ်းတံတွေး နဲ့ ထွေးမိတာကို.. အငြိုးထားပြိး မင်းနေပြည်တော်နဲ့ ဝေး
ကွာနေတဲ့ တွံ တေးတောတန်း တစ်နေရာမှာ… ရာဇသင်္ကြန် အမတ်ကြီး နဲ
့ပေါင်းပါတွေ က အငြိုးထား အကောက်ကြံ ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ ရတဲ့ 
ကျုပ်…
ကျုပ်ကောင်းကောင်းကြိးမှတ်မိနေတာပ…ဖခမည်းတော်ဈာပနာမကျင်းပသေးမှီ…
ဒီအမတ်ကြီးက ဥပါယ်တံမျဉ်နဲ့ .“.အရှင့်သားဘုန်းကံကြောင့် တွံတေးတောတန်းထဲ
ကဆင်ဖြူတော်ကိုအရှင့်သားကိုယ်တိုင်ရှု စား ကျော့ယူသိမ်းသွင်းပြီး
ဈာပနာအရေးပြိး မှ ထီးနန်း သိမ်းမြန်းပါ ၊စိုးစံတော်မှုပါ ……………….“
အကြံပေးလို့ ကျုပ်ရဲ့ မြလက်စွပ် ကိုတောင် အမတ်ကြိး ရာဇသင်္ကြန်ကို.. ဆု
အဖြစ် ချိးမြှင့်ခဲ့ သေးတာ က အစ…….ကျုပ် မှတ်မိနေပါသကော…………………..
……………………………………………………………………..
မြန်မာလူမျိုးတိုရဲ့ဖော်ထုတ်ခွင့်မရသေးတဲ့…မပုတ်မသိုးအောင်းဆေးစီရင်ခြင်း
အတတ်တွေနဲ့ … ကျုပ်ကဘ၀ချုပ်ငြိမ်း ဆေးစီိရင်ပြီိးဒီိရာဝင်အိုးထဲ
ဆေးရည်စိမ် ခြင်းခံခဲ့ တဲ့ ကျုပ်…..ကျုပ်ဟာ ..ဒေါက်တာဂျွန်ဘီဒင်ဆိုတဲ
့ရှေးဟောင်းသုတေသနပညာရှင်ရဲ
့လူကြိးလူကောင်းမပီသစွာ..ဗြောင်ကျကျခိုးယူခြင်းခံခဲ့ရတဲ့ကျုပ်………ကျုပ်ဟာ…ဒေါက်တာဂျွန်ဘီိဒင်ရဲ
့အိမ်အောက်ထပ်ကမြေအောက်ခန်းထဲ မှာ….ထားပြီး..။ ကျုပ်ကို စဥ့်အိုးထဲ
ကထုတ်ပြိး ကျောက်ညိုစားပွဲ ပေါ်က ၆ပေ ရှည်မှန်ခေါင်းထဲ ပြောင်းထဲ
ပြီိးထားလိုက်ပါတယ်…။
“ကျုပ်ရဲ့ သွင်ပြင် ကိုပြောပြအုံးမယ်..မဟာဆီမဟာသွေးကြီး ပြင်းခဲ့ ရတဲ့ ကျုပ်၊
ကျုပ် အသားရေကရွှေလိုဥ၀င်းနေတယ်။ မျက်နှာကနှုတ်ခမ်းမွှေးရေးရေး နဲ့ ခေါင်းက
ယောင်တစ်စောင်းထုံးထားတယ် ကေသရာဇာခြင်္သေ့ မင်း ပါတြ့ ငွေချည်ဖောက်
ရွှေဖလားရောင်ဖဲ ပုဆိုးနဲ့  မျက်နှာက တခုခုအလိုမကျဟန်အံ
့ကြိတ်ပြိးနေတယ်။ဒါကတော့
ကျုပ်ရဲရာဇမာန်ထောင်လွှားနေကြအတိုင်းပေါ့……ဒေါက်တာကကျုပ်ဝတ်ထားတဲ့အ၀တ်အစားနဲ့အသားအရေတွေကိုင်ကြည့်ပြိး..
အံ့သြ ထူးဆန်းစွာဖြစ်ပြိး ကျုပ် ဘေးနားက…တခြား အီဂျစ်နိုင်ငံက
မံမီရုပ်အလောင်း ကို ကိုင်လိုက်… .ကျုပ် အသားအရေ လာကိုင်လိုက် ၊ပြီးးတော
့စာအုပ်ထူတွေနဲ့အလုပ်ရှုတ်လိုနေပါတယ်။သိပ်မကြာခင်မှာဒေါက်တာဂျွန်ဘိဒင်ဟာ..ကျေနပ်အားရစွာနဲ
့ကျုပ်ရဲ့ ခေါင်းနံဘေးမှာပုဂံမင်းသား ၊သီဟသ၊ူပုဂံခေတ၊မြန်မာနိုင်ငံ၊၁၂၄၅
အေဒီ…..လို့ ရေးထိုးလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တနေ့ တော့ဒေါက်တာဂျွန်ဘီဒင်ရဲ့ မြေအောက်ခန်းထဲ ကို
ဒေါက်တာဂျွန်ဘီဒင်လောက်
အသက်တူတဲ့ဧည့်သည်တစ်ယောက်ရောက်လာခဲပါတယ်…။ဘယ်လိုပဲအနောက်တိုင်းဝတ်စုံ
ဝတ်ထားပေမဲကျုပ်ရဲ့နှလုံးသွေးးကသိနေတယ်..စကားပြောတတ်လေ… သူ့ ရဲ
့သွင်ပြင်လဏ္ဍ
အဲ့ဒိဧည့်သည်ဟာမြန်မာလူမျိုးဖြစ်တယ်ဆိုတာ…….ကျုပ်ကိုယ်ထဲကဇာတိသွေးကအတတ်သိနေပါပြိ။ကျုပ်ဘ၀မှာတော့ဒိတသက်မြန်မာလူမျိုးတစ်ယောက်ကိုရေခြားမြေခြားမှာတွေရတာ…ကျုပ်
လောက် ကျုပ်ရဲ့ ကြည်နူးနေမှုကို မပြောပြတတ်အောင်ပါဘဲ… အဲ့ ဒိဧည့် သည်ဟာ..
ကျုပ် ကိုထည့်ထားတဲ့ မှန်ခေါင်းနဲ့ ဘေးကစာတမ်းကြည့်ပြိးမျက်ရည်စို
့နေတယ်ဆိုတာ နှလုံးသွေးတူတဲ့ ကျုပ်တွေ့ လိုက်ပါတယ် ။
ကျုပ်ရင်ထဲ က လာတဲ့ စကားတွေ ကိုလည်း ဒီမြန်မာ ဧည့်သည်ရဲ့ ရင်မှတဆင်
ကြားရမယ်ထင်ပါရဲ့ ၊့ ဒီမြန်မာ ဧည့်သည်ရဲ့ ရင်မှတဆင့် သူမျက်ဝန်းက
ဝမ်းနည်း မှုတွေ ဟာ..ရင်ထဲ မှာလှိုက်ကြွေးငိုနေပြိလားလို့  ထင်မိပါတယ်.။
.ပြိုတော့မဲ မိုးလို သူ့ မျက်နှာအရိပ်အကဲ ဟာ..အချစ်ရဆုံး..
တန်ဘိုးအထားရဆုံးအမြတ်နိုးဆုံးကို.. မမျော်လင့်ပဲ တွေ့ ရတဲ
့အခိုက်ဝမ်းနည်းမှုမျိုးတွေပါ…။ သူ့ ရင်ထဲ ကအသံတိတ်ပြိးဖတ်နေတဲ့ …. .သူ
့ရင်ထဲ ဘယ်လောက်ကြေကွဲနေမလဲဆိုတာ..ကျုပ်နားလည်မိပါရဲမြန်မာလူမျိုးတိုရဲ
ဂုဏ်ယူထုတ်ဖော်ပြောပြခွင့်မရခဲ့တဲ့ နှစ်ပေါင်းများစွာ
အလောင်းပကတိအတိုင်းစိရင်ခြင်းအတတ် ရှေးမြန်မာတို့ တတ်မြောက်ခဲ့ တယ်
ဆိုတာ.သိရလို့ အံ့သြတနန်း ဂုဏ်ယူမိတဲ့ သူ…….. .သူက အိုင်စီအက်စ်ဦးသြဘာ
ပါ။
ကျုပ်ကိုအတန်ကြာဝမ်းနည်းမှုတွေနဲကြည့်အပြိးမှာ…သက်ပြင်းမော…တချက်ရှိုက်ပြိး……“ဒေါက်တာရုတ်တရက်တော့ကျနော်..ဒိရုပ်အလောင်းကိုမြင်မြင်ခြင်းဘာပြောရမှန်းမသိအောင်
ဖြစ်သွားတာအမှန်ပါ။ပြောစရာစကားတွေကရင်ထဲပြည့်ကြပ်နေလိုဘာစပြောရမှန်းစဉ်းစားနေပါတယ်.။.အဓိကပြောချင်တာကတော့
မြန်မာတို့ ရဲ့ နှစ်ပေါင်း အတိအကျပြောရရင် (၇၁၁) နှစ် အထိ မပုတ်မသိုးပဲ
မူလအတိုင်းရှိနေတဲ့ ပုဂံ မင်းသားရဲ့ ရုပ်အလောင်း ဆေးရင်စီိခြင်းအတတ်ကို
နှောင်းလူ မြန်မာတွေ သန်းပေါင်း များစွာသော..မြန်မာတွေ မသိသေးဘူး…. ။.
ပြီးးတော့ ကျွန်နော်တိုတွေ့ က ကမ္ဘာကိုတင်ပြချင်သေးတယ်။ အီဂျစ်လူမျိုးတွေ
ဘဲ စိရင်တတ်တယ်။ ရှေးတရုပ်လူမျိုး တွေဘဲ တတ်တယ် ထင်နေတာလေ။
ကျွန်နော်လည်းနိုင်ငံတော်အစိုးရကလွတ်လို့ကျွန်တော်တို
့နိုင်ငံကခိုးယူသွားတဲ့  ဒီမင်းသားရုပ်အလောင်းနဲ့ စဥ့်
အိုးကြိးပါသက်သေပြတဲ့ အနေနဲ့ ယူသွားရမယ်..။”
“အိုး……….ဥိးသြဘာ ခိုးတယ်လို့ မပြောပါနဲ့ ခင်ဗျားတို့ ညံ့လို့ ခံရတယ်ပဲပြောပါ။…….”
“၀မ်းနည်းပါတယ်…ဒေါက်တာ…ကျနော်တို့ မြန်မာလူမျိုးမှာစကားပုံတခုရှိပါတယ်..
သူခိုးကဘယ်တော့မှခိုးပါတယ်လို ၀န်မခံတတ်ပါဘူး..။”
“ကျွန်နော့် အခုပြောနေတဲ့ စကားက မြန်မာနိုင်ငံရဲ့ မြန်မာပြည်သူ တရပ်လုံး
ကိုယ်စား ပြောနေတာပါ”
”တခုတော့ရှိပါတယ်ဥိးသြဘာ…..ခင်ဗျာပြန်လိုချင်ရင်ခင်ဗျားတို
့နိုင်ငံမှာထိုက်ထိုက်တန်တန်
အမျိုးသားပြတိုက်ကြီိးဆောက်ပြိးရင်..ဥပမာ..ပြင်သစ်ကလို၊အင်္ဂလန်နိုင်ငံကလို…….ဆောက်ပြိးရင်တော့ပြန်ယူနိုင်ပါတယ်…ခင်ဗျားတို့နိုင်ငံမှာရှိတဲ့ဂျူပလီဟောကချစ်ကြည်ရေး
လက်ဆောင်ပါခင်ဗျားတို့သာအမျိုးသားပြတိုက်လုပ်ထားပေမဲ
့လွတ်လပ်ရေးရပြီးတဲ့နိုင်ငံအနေနဲ့ ကြည့်ရင် အရမ်းကိုသေးငယ်လွန်းပါတယ်။”
“ဒိလိုဆိုလည်းဒေါက်တာကျနော်ပြန်ပါအုံးမယ်… ဒိဆေးရည်စိမ်မင်းသားအလောင်းနဲ
့စဉ့် အိုးကြိးကိုကျနော်သံတမန်နည်းနဲ့ ပဲပြန်ယူပါတော့မယ်….“ လို့ 
ကျုပ်ကိုတချက်ကြည့်ပြိ့း နောက်ဆုံးနှုတ်ဆက်ပြောစကားလေးကြားယောင်ခဲ
့ပါတယ်…….။
ရာသီိတွေလည်းအလီလီပြောင်းခဲ့ပါပြိ..၊နှစ်တွေလည်းကြာညောင်းခဲ့ပါပြီ..။။အချိန်ရဲ
့တိုက်စားမှုကြောင့် အိုင်စိအက်ဥိးသြဘာ ၊ ဒေါက်တာဂျွန်ဘီိဒင်တို့ လည်း
လောကကြိးထဲကအပြီးးပိုင် ထွက်ခွာသွားကြပါပြီိ။
• ကျုပ် အမေရိက ရောက်နေတဲ့ အကြောင်းကိုနှောင်းလူတွေ ကကောသိကြပါရဲ့ လား
• မြန်မာနိုင်ငံမှာဂျူပလီဟော ကိုပဲအမျိုးသားပြတိုက်အဖြစ ယနေ့ ထိ
ဆက်အသုံးပြုနေတုံးပဲလား………….
• မြန်မာနိုင်ငံတော်အဆင့်နဲ့ တိုက်တန်ညိညွတ်အဆင့် မှိတဲ
အမျိုးသားပြတိုက်ကြိးကော အသစ်တည် ဆောက်ပြိးပြိလား…………..
• ကျုပ်လို..အလောင်းကောင်ကိုပြန်လည်သယ်ယူရေးဟာ…..ဝေးနေတုံးပဲလား……
• မြန်မာတို့ ရဲ့ ဆေးရည်စိမ်ခြင်းအတတ်ပညာကိုထုတ်ဖော်ပြသဖို့ စိတ်ကူးတွေ ကော….
• ကျုပ်ကတော့….သမိုင်ကြွေးလို့ပြောမလား……………ရာဇ၀င်ကြွေးလို
့ပြောရမလား…မြန်မာရာဇ၀င်မှာပညာရှိလို့စာတင်ကြတဲရာဇသင်္ကြန်အမတ်ကြီးက
ိုကွမ်းတံတွေးနဲထွေးမိတာလေးကြောင်
့ကျုပ်ဟာ….တိုင်းတပါးမှာ….ပြည်တော်ပြန်ဘို့ အရေး က……….မရှိတော့ပြိလား။
• ကျုပ်ကမြန်မာ့ သမိုင်းပုဂံရာဇ၀င်မှာကျုပ်ရဲ့ ဘိုးတော်ဘေးတော်တို
့၊ဥိးရိးတော်.. တိုနဲ့အတူကျော်ကြားခဲ့ကြတဲ့ 
အနော်ရထာ၊ကျန်စစ်သား၊အလောင်းစည်သူညောင်ဥိးဖီး၊ငထွေရူး၊ ငလုံးလက်ဖယ်..တို
လောက်…တိုက်ရည်ခိုက်ရည်မကျော်ကြားခဲ ခြင်းမရှိတာကြောင့်လား
• ကျုပ်အသက်ကလည်း ငယ်သေးတဲအပြင် ကျုပ်အသတ်ခံရစဉ်က ကျုပ်နဲ့အတူကျုပ်ကို
စီရင်တဲ့ဆေးရည်စိမ်ခြင်း အတတ်ကိုမြန်မာတို့ရဲ့တန်ဖိုးမဖြတ်နိုင်တ
ဲဒိလောကဓါတ်ပညာကို ထုတ်ဖော်ပြသဖို အာရုံကို စွဲဆောင်နိုင်စွမ်း ကျုပ်ကို
မရှိကြတော့ဘူးလား
• စိတ်ကူးလေးများနှောင်းလူတွေထဲ ကတစ်ယောက်ယောက်ပေါ်လာနိုး..
• ကျုပ်ကိုလာခေါ်နိုးနဲ့ အမေရိကန်နိုင်ငံမှာ….ကျုပ်ရှိနေပါတယ်လို့ …………
• ပြည်တော်ကိုပြန်ဝင်ခွင့်…..ကျုပ်လည်းစောင့်နေပါတယ်………လို့ 
ဤဆောင်းပါးရေးရာတွင်စာကိုးအဖြစ်အောက်ပါ…တို့ကိုအသိပညာနဲ
့စေတနာကိုကူးညှိပူဇော်ပါသည်။
။၁။ ရာဇသင်္ကြန်အတ္ထုပ္ပတ္တိစာအုပ်(သတင်းစာဆရာကြီးသူရိယဥိးသိန်းမောင်)
၂။ပုဂံသုတေသနလမ်းညွှန်စာအုပ်(ဥိးဗိုကေ၊ပုဂံ ပြတိုက်)
၃။မှော်ဝန်းကြည်မြတ်(ဆီစိမ်မင်းသား၊လွမ်းချင်းတာရှည်အမိမြေ)
ချစ်ခင်လေးစားသော
ရွှေအိမ်စည်
(နှစ်ပေါင်း၇၀၀ကျော်ပေမဲ့ မြန်မာလူမျိုးသန်း၆၀ကျော်နဲ့ သက်ဆိုင်တယ်)
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment