ရခိုင်ပြည်နယ်၊ မင်းပြားနှင့်မြောက်ဦးမြို့နယ်တို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့်
မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွား၍ ကျေး ရွာတချို့ မီးလောင်ကျွမ်းပြီး
လူတချို့သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ရှိကြောင်း သိရသည်။
မြောက်ဦးမြို့နယ် ပုရိမ်ကုန်းကျေးရွာတွင် ယနေ့နံက် ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၁၀၀ ၀န်းကျင် နှင့် ဘုန်းတော်ကြီးကျောင်းတခု မီးလောင်ကျွမ်းသွားကြောင်း ဒေသခံများကပြောသည်။ ထိုမီးလောင်မှုသည် ဒေသခံရခိုင်တိုင်းရင်းသားများနှင့်
မွတ်စလင် ဘာသာဝင်တို့အကြား ပဋိက္ခဖြစ်ပွားရာမှ စတင်ခဲ့ပြီး အပြန်အလှန်
တိုက်ခိုက်မှုများကြောင့် လူတချို့သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၁၀ ဦး
ကျော်ရှိကြောင်း မြောက်ဦး ဒေသခံများ က ဧရာဝတီ ကို ပြောသည်။
နှစ်ဘက် အပြန်အလှန်တိုက်ခိုက်မှုကြောင့်
မြောက်ဦးမြို့နယ် ဘီလူးရွာမှ ကိုအောင်မိုး (အသက် ၃၄ နှစ်) ၏
ရုပ်အလောင်းကို ရရှိထားပြီး ကျန်လေးဦး၏ အလောင်းကို ရရှိရန် ကြိုးပမ်းနေဆဲ
ဖြစ်ကြောင်း မြောက်ဦးမြို့ နာရေးကူညီမှု အသင်းက ဧရာဝတီ ကို ပြောသည်။
မြောက်ဦး မြို့နယ်တွင်းရှိ ပရိန်ရွာသည် မွတ်စလင်များနေထိုင်သည့် ကျေးရွာတခု ဖြစ်ပြီး ပုရိမ်ကုန်းရွာနှင့် တဖက်ကမ်းဟု သိရသည်။ လူသေဆုံးမှု၊ နေအိမ်မီးလောင်မှု၊ ထိခိုက်ဒဏ်ရာ ရမှုများနှင့်ပတ်သက်၍ သတင်းအမျိုးအမျိုး ပြန့်နှံ့နေသည့်အတွက် အတည်ပြုနိုင်ရန် မြောက်ဦး ရဲစခန်း သို့ ဧရာဝတီ က ဆက်သွယ်ရာ အချက်အလက်များ စုဆောင်းနေဆဲဟု ဖြေဆိုပြီး အသေးစိတ် ပြောဆို ခြင်း မရှိပေ။
ထို့အတူ မင်းပြားမြို့နယ်အတွင်းမှ အိမ်ခြေ ၃၀၀ ၀န်းကျင်ရှိသော ပန်းမြောင်အရပ်၊ သရက်အုပ်ကျေးရွာသည်လည်း ယနေ့ နံက် ၇ နာရီ ၀န်းကျင်တွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်သွားကြောင်း၊ မင်းပြားမြို့စွန်ရှိ ကားဂိတ်အနီး ပိုက်သည်ကျေးရွာတွင်လည်း ယမန်နေ့ ညနေ ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ရာ ၁၈ အိမ် မီးလောင်သွားကြောင်း မင်းပြားဒေသခံများ က ဧရာဝတီကို ပြော သည်။ ယင်းကျေးရွာများမှာ မွတ်ဆလင် အများစု နေထိုင်သော ကျေးရွာများ ဖြစ်သည်။
မင်းပြားမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွားခြင်းမှာ ဒေသခံ ရခိုင်တိုင်းရင်းသား တဦးသည် သရက်အုပ် ကျေးရွာမှ ဖြတ်သွားစဉ် မွတ်စလင် တချို့က ၀ိုင်းဝန်း ရန်စရာမှ နှစ်ဘက် အပြန်အလှန် ပဋိပက္ခဖြစ်ပြီး ရွာမီးရှို့သည့် အထိ ဖြစ်ပွားခဲ့ပြီး ထိုမှ တဆင့် မြောက်ဦးမြို့ထိ ပြန့်နှံ့သွားသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ပြောရာတွင် ပြဿနာများကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း၊ အခင်းဖြစ်ရာ ဒေသသို့ ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးနှစ်ဦး ၊ခရိုင်ရဲမှူးတို့ သွားရောက် စစ်ဆေးနေသည် ဟု ဧရာဝတီ ကိုပြောသည်။
လက်ရှိ အခြေအနေအရ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရန် လိုအပ်လျှင် ထုတ်ပြန်ပေးသွားမည် ဟုလည်း ဆို သည်။
မွတ်စလင် များသည် စားဝတ်နေရေး အခက်အခဲကြောင့် မိမိတို့နေအိမ်များကို မီးရှို့နေကြကြောင်း၊ ဒုက္ခသည် အဖြစ် နိုင်ငံတကာ အကူအညီရယူနိုင်ရန် ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် ဒေသခံ တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်ပေါ်ရန် နည်းမျိုးစုံဖြင့် ပြဿနာ ရှာနေကြကြောင်း မင်းပြားမြို့ခံ ဦးသာကျော် က ဧရာဝတီ ကို ပြောသည်။
ဘင်္ဂါလီများကမူ ၎င်းတို့၏ နေအိမ်များကို ဒေသခံရခိုင် တိုင်းရင်းသားများ မီးရှို့ကြောင်း ပြောဆိုနေကြသည်။ ထိုသို့ နှစ်ဘက် စလုံးမှ အပြန်အလှန် စွပ်စွဲပြောဆိုမှုများကို ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ရခိုင်ဒေသတွင်း၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့်
မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွားမှုသည် ဇွန်လဆန်းမှ စတင် ဖြစ်ပွားခဲ့ပြီး
ယနေ့အထိ တည်ငြိမ်မှု လုံးဝ မရှိသေးပေ။ ထိုပဋိပက္ခများကြောင့် တဘက်နှင့်တဘက်
ယုံကြည်မှု နည်းပါးနေကာ မွတ်စလင်များနှင့်အတူ နေထိုင်ရန်
မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို သီးသန့် နေရာချထားပေးရန်
တောင်းဆို မှုများကိုလည်း ဒေသခံများက တောင်းဆိုမှုများ ရှိနေသည်။
ရခိုင်ဒေသတွင်း ထိုပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း မွတ်စလင်နိုင်ငံ ၅၇ ခု ပူးပေါင်းဖွဲ့စည်းထားသည့် အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ (OIC) ကို စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ရန် အစိုးရနှင့်သဘောတူထား ခြင်းကိုလည်း ရခိုင်တိုင်းရင်းသားများအပါအဝင် ဗုဗ္ဓဘာသာ ဘုန်းတော်ကြီးများက ကန့်ကွက်နေကြသည်။
OIC ရုံးဖွင့်မည့် ကိစ္စသည် ပြည်သူ့ ဆန္ဒမပါသည့်အတွက် ဖွင့်ခွင့်ပေးမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်တွင်း မီဒီယာများနှင့်ယမန်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်။ ထို့အတူ ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေ ရှင်းရန် အချိန်ယူ၍ ဆောင်ရွက်ရမည် ဖြစ်ပြီး အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် လုပ်ဆောင်သွားမည်ဟု လည်း ပြော ဆို သည်။
OIC ရုံးဖွင့်လှစ်ခြင်းကို ကန့်ကွက်ခြင်းနှင့်အတူ မွတ်စလင်များနေထိုင်သည့် ရပ်ကွက်များအား ပြောင်းရွှေ့ပေးရန် ဒေသခံ ဗုဒ္ဓဘာသာဝင်များစွာသည် မြို့သို့လှည့်၍ ပြီးခဲ့သည့် ရက်ပိုင်းက တောင်းဆိုခဲ့ကြသေးသည်။ IOC ရုံး ကန့်ကွက်ခြင်းသာမက မွတ်စလင်များ နှင့်အတူ ယှဉ်တွဲမနေရေး တောင်းဆိုမှုများ ပြန့်နှံ့လာပြီး ပဋိ ပက္ခ ပိုမို ကြီးထွားလာမည်ကို တချို့က စိုးရိမ်မှုများ ရှိနေသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခု ရှိသည့်အနက် တောင်ကုတ်၊ အမ်း၊ မာန်အောင် မြို့နယ်တို့အပ ကျန်မြို့နယ် အားလုံး၌ မွတ်ဆလင် ဘာသာဝင်များရှိသည်။ ထိုနေရာများအနက် မောင်တောနှင့် ဘူးသီးတောင်တို့တွင် ၉၀ ရာခိုင်နှုန်းကျော် ရှိပြီး၊ စစ်တွေတွင် ၅၀ ရာ ခိုင်နှုန်း အထက် ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၏ စာရင်းအရ သိရသည်။
REF: The Irrawaddy-Burmese Version
Posted by Admin Team-NOM
ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွားမှုသည် ဇွန်လဆန်းမှ စတင် ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တည်ငြိမ်မှု လုံးဝ မရှိသေးပေ (ဓာတ်ပုံ- Reuters)
ဘကြီးသက်
မြောက်ဦးမြို့နယ် ပုရိမ်ကုန်းကျေးရွာတွင် ယနေ့နံက် ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၁၀၀ ၀န်းကျင် နှင့် ဘုန်းတော်ကြီးကျောင်းတခု မီးလောင်ကျွမ်းသွားကြောင်း ဒေသခံများကပြောသည်။ ထိုမီးလောင်မှုသည် ဒေသခံရခိုင်တိုင်းရင်းသားမျ
နှစ်ဘက် အပြန်အလှန်တိုက်ခိုက်မှုကြော
မြောက်ဦး မြို့နယ်တွင်းရှိ ပရိန်ရွာသည် မွတ်စလင်များနေထိုင်သည့် ကျေးရွာတခု ဖြစ်ပြီး ပုရိမ်ကုန်းရွာနှင့် တဖက်ကမ်းဟု သိရသည်။ လူသေဆုံးမှု၊ နေအိမ်မီးလောင်မှု၊ ထိခိုက်ဒဏ်ရာ ရမှုများနှင့်ပတ်သက်၍ သတင်းအမျိုးအမျိုး ပြန့်နှံ့နေသည့်အတွက် အတည်ပြုနိုင်ရန် မြောက်ဦး ရဲစခန်း သို့ ဧရာဝတီ က ဆက်သွယ်ရာ အချက်အလက်များ စုဆောင်းနေဆဲဟု ဖြေဆိုပြီး အသေးစိတ် ပြောဆို ခြင်း မရှိပေ။
ထို့အတူ မင်းပြားမြို့နယ်အတွင်းမှ အိမ်ခြေ ၃၀၀ ၀န်းကျင်ရှိသော ပန်းမြောင်အရပ်၊ သရက်အုပ်ကျေးရွာသည်လည်း ယနေ့ နံက် ၇ နာရီ ၀န်းကျင်တွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်သွားကြောင်း၊ မင်းပြားမြို့စွန်ရှိ ကားဂိတ်အနီး ပိုက်သည်ကျေးရွာတွင်လည်း ယမန်နေ့ ညနေ ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ရာ ၁၈ အိမ် မီးလောင်သွားကြောင်း မင်းပြားဒေသခံများ က ဧရာဝတီကို ပြော သည်။ ယင်းကျေးရွာများမှာ မွတ်ဆလင် အများစု နေထိုင်သော ကျေးရွာများ ဖြစ်သည်။
မင်းပြားမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွားခြင်းမှာ ဒေသခံ ရခိုင်တိုင်းရင်းသား တဦးသည် သရက်အုပ် ကျေးရွာမှ ဖြတ်သွားစဉ် မွတ်စလင် တချို့က ၀ိုင်းဝန်း ရန်စရာမှ နှစ်ဘက် အပြန်အလှန် ပဋိပက္ခဖြစ်ပြီး ရွာမီးရှို့သည့် အထိ ဖြစ်ပွားခဲ့ပြီး ထိုမှ တဆင့် မြောက်ဦးမြို့ထိ ပြန့်နှံ့သွားသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ပြောရာတွင် ပြဿနာများကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း၊ အခင်းဖြစ်ရာ ဒေသသို့ ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးနှစ်ဦး ၊ခရိုင်ရဲမှူးတို့ သွားရောက် စစ်ဆေးနေသည် ဟု ဧရာဝတီ ကိုပြောသည်။
လက်ရှိ အခြေအနေအရ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရန် လိုအပ်လျှင် ထုတ်ပြန်ပေးသွားမည် ဟုလည်း ဆို သည်။
မွတ်စလင် များသည် စားဝတ်နေရေး အခက်အခဲကြောင့် မိမိတို့နေအိမ်များကို မီးရှို့နေကြကြောင်း၊ ဒုက္ခသည် အဖြစ် နိုင်ငံတကာ အကူအညီရယူနိုင်ရန် ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် ဒေသခံ တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်ပေါ်ရန် နည်းမျိုးစုံဖြင့် ပြဿနာ ရှာနေကြကြောင်း မင်းပြားမြို့ခံ ဦးသာကျော် က ဧရာဝတီ ကို ပြောသည်။
ဘင်္ဂါလီများကမူ ၎င်းတို့၏ နေအိမ်များကို ဒေသခံရခိုင် တိုင်းရင်းသားများ မီးရှို့ကြောင်း ပြောဆိုနေကြသည်။ ထိုသို့ နှစ်ဘက် စလုံးမှ အပြန်အလှန် စွပ်စွဲပြောဆိုမှုများကို ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ရခိုင်ဒေသတွင်း၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင
ရခိုင်ဒေသတွင်း ထိုပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း မွတ်စလင်နိုင်ငံ ၅၇ ခု ပူးပေါင်းဖွဲ့စည်းထားသည့် အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ (OIC) ကို စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ရန် အစိုးရနှင့်သဘောတူထား ခြင်းကိုလည်း ရခိုင်တိုင်းရင်းသားများအပါ
OIC ရုံးဖွင့်မည့် ကိစ္စသည် ပြည်သူ့ ဆန္ဒမပါသည့်အတွက် ဖွင့်ခွင့်ပေးမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်တွင်း မီဒီယာများနှင့်ယမန်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်။ ထို့အတူ ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေ ရှင်းရန် အချိန်ယူ၍ ဆောင်ရွက်ရမည် ဖြစ်ပြီး အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် လုပ်ဆောင်သွားမည်ဟု လည်း ပြော ဆို သည်။
OIC ရုံးဖွင့်လှစ်ခြင်းကို ကန့်ကွက်ခြင်းနှင့်အတူ မွတ်စလင်များနေထိုင်သည့် ရပ်ကွက်များအား ပြောင်းရွှေ့ပေးရန် ဒေသခံ ဗုဒ္ဓဘာသာဝင်များစွာသည် မြို့သို့လှည့်၍ ပြီးခဲ့သည့် ရက်ပိုင်းက တောင်းဆိုခဲ့ကြသေးသည်။ IOC ရုံး ကန့်ကွက်ခြင်းသာမက မွတ်စလင်များ နှင့်အတူ ယှဉ်တွဲမနေရေး တောင်းဆိုမှုများ ပြန့်နှံ့လာပြီး ပဋိ ပက္ခ ပိုမို ကြီးထွားလာမည်ကို တချို့က စိုးရိမ်မှုများ ရှိနေသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခု ရှိသည့်အနက် တောင်ကုတ်၊ အမ်း၊ မာန်အောင် မြို့နယ်တို့အပ ကျန်မြို့နယ် အားလုံး၌ မွတ်ဆလင် ဘာသာဝင်များရှိသည်။ ထိုနေရာများအနက် မောင်တောနှင့် ဘူးသီးတောင်တို့တွင် ၉၀ ရာခိုင်နှုန်းကျော် ရှိပြီး၊ စစ်တွေတွင် ၅၀ ရာ ခိုင်နှုန်း အထက် ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၏ စာရင်းအရ သိရသည်။
REF: The Irrawaddy-Burmese Version
Posted by Admin Team-NOM
ရခိုင်တိုင်းရင်းသားများနှင
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment