အနာဂတ်မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာမယ်လို့ သတ်မှတ်ခံရတဲ့
(သူ့ကိုယ်သူထင်တာလား၊ သူများတွေထင်နေတာလားတော့မသိ) ဦးကိုကိုကြီး ရဲ့
ပြောဆိုချက်နဲ့ NDPD ပါတီမှ ၇ိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူ
ဦးသာအေးရဲ့ ထောက်ခံဆွေးနွေးချက်လေးကို သဘောကျလို့ ပြောပြချင်ပါတယ်။
ဘယ်သတင်းမှာတင်မလဲလို့ ဒီနေ့ထိစောင့်နေတာ ဘယ်သူမှ မတင်ပဲ နှာစေးနေကြလို့
ကျွန်တော်ကပဲ ဖေါက်သည်ချလိုက်ပါတယ်။
ဦးကိုကိုကြီး (၈၈) - ကျွန်တော်တို့အားလုံးက Citizen rights ဆိုတာကို
အခြေခံအကျဆုံး ကျွန်တော်တို့ရဲ့ Common ground အဖြစ်နဲ့ရှာပြီးတော့
National identity, ကျွန်တော်တို့ရဲ့ common character ကိုကျွန်တော်တို့
ရှာဖွေတည်ဆောက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Nation building ဟာ
ချောချောမွေ့မွေ့နဲ့ အဆင်ပြေလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလို
ကျနော်တို့ရဲ့ ကိုယ်ပိုင် National identity ကိုတည်ဆောက်ရာမှာ
တခြားဘယ်အင်အားကြီးနိုင်ငံ ၊ ဘယ်အဖွဲ့အစည်းကမှ
ဝင်ရောက်စွက်ဖက်စရာမလိုပါဘူး ။ မြန်မာတို့ရဲ့ National identity ကို
မြန်မာနိုင်ငံကပဲ ရွေးချယ်မှာဖြစ်ပါတယ်။ ဘယ်လို စွက်ဖက်မှုမျိုးကိုမှ
လက်မခံနိုင်ပါဘူး "
ဦးသာအေး (NDPD) - " ဦးကိုကိုကြီး ပြောသွားတာ မှန်ပါတယ်။
မြန်မာနိုင်ငံရဲ့ National identity ကို မြန်မာနိုင်ငံသားတွေကပဲ
ရွေးချယ်ရမှာပါ။ ဘယ်သူမှ ၀င်စွက်ဖက်စရာ မလိုပါဘူး ။ ဒီလိုပါပဲ ..
လူမျိုးစုတွေကလည်း သူတို့ရဲ့ National identity ကို သူတို့ကိုယ်တိုင်
ရွေးချယ်ခွင့် ရှိရပါမယ် ။ ဒါကို ဘယ်သူကမှ ပိတ်ပင်လို့မရပါဘူး ။ "
ဒီလိုထပြောလိုက်တော့ ကိုကိုကြီးရဲ့ မည်းနေတဲ့မျက်နှာပိုမည်းသွားပြီး
သူဖေါ်တဲ့ဆေးသူ ပြန်စားမိလို့ မအီမသာနဲ့ ဘာမှပြန်မပြောနိုင် ဖြစ်ခဲ့ရပါတယ်
။ ကျွန်တော်အခုပြောတဲ့ အကြောင်းကို 17.9.2012 မှာ ဒေါက်တာအေးချမ်း
ဦးဆောင်ပြီး လုပ်ခဲ့တဲ့ National identity & Citizenship in 21st
Century Myanmar ဆိုတဲ့ ပွဲကို တက်ရောက်ခဲ့သူတိုင်း ကြားသိခဲ့ကြပါတယ်။
Myanmar Express
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment