ဒီမိုကရေစီဆိုတာ အဆိုးဆုံးသော နိုင်ငံရေး စနစ်တွေထဲက တစ်ခု ဖြစ်တယ်တဲ့။
ဘာလို့လဲ ဆိုတော့ ..
ကျွန်တော်တို့ သူငယ်ချင်း ၆ ယောက် စုပြီခရီး တစ်ခု သွားကြတယ်။ ၅ ရက် ခရီး။
မရောက်ဖူးတဲ့ နေရာ တစ်ခုကိုပေါ့။ သူငယ်ချင်းတွေ အတူတူ ပိုက်ဆံစိုက်ပြီး
အတူတူ သွားကြတာဆိုတော့ .. အခွင့်အရေး တန်းတူ၊ တာဝန် တန်းတူ ..
ဒီမိုကရေစီပေါ့။ အဲဒီမှာ ကြုံရတဲ့ ပြဿနာက စပြီ။
ရောက်ကတည်းက
အစားအသောက်စားဖို့ စဉ်းစားတာနဲ့တင် တော်တော်နဲ့ စားမယ့်ဆိုင်ကို မရောက်ဘူး။
တစ်ယောက်က ဈေးသက်သာတဲ့ ဆိုင်မှာ ဘယ်ဆိုင်ဖြစ်ဖြစ် စားမယ်။ တစ်ယောက်က
မရောက်ဖူးတဲ့ ဒေသ ဖြစ်လို့ မစားဖူးတဲ့ အစား အစာစားမယ်။ တစ်ယောက်က
မစားဖူးတာတွေက စားမကောင်းလို့ လွှတ်ပစ်ရရင် နှမြောစရာ။ တစ်ယောက်က
ခရီးသွားတုန်းပဲ တစ်ခါတလေ စားတာ။ ဆိုင်ကောင်းကောင်းမှာ ကောင်းကောင်းစားမယ်။
ဈေးကြီးရင် ကြီးပါလေ့စေ။ တစ်ယောက်ခြင်းစီရဲ့ ဆန္ဒကို လေးလေးစားစား
အခြားတစ်ယောက်က နားထောင်ရမယ် ဆိုတဲ့ သဘောတူညီချက်က ခရီးမထွက်ခင်ကတည်း
ယူထားပြီးသား။
သူငယ်ချင်းတွေ တန်းတူ ဆိုပေမယ့် .. နောက်ခံ ငွေကြေး
တောင့်တင်းမှုနဲ့ ခြစ်ချုပ် ငွေစုပြီး ခရီးသွားသူ မတူဘူး။ ကြီးပြင်းလာပုံ
မတူတော့ စဉ်းစားပုံနဲ့ အရသာ ခံတွင်းခြင်းလည်း မတူဘူး။ နေထိုင်ပုံခြင်းလည်း
မတူဘူး။
ဒီလိုနဲ့ လမ်းမမှာ ဟိုလျှောက်၊ ဒီလျှောက် ..
ဟိုဆိုင်ကြည့် ဒီဆိုင်ကြည့်နဲ့ နေ့တိုင်း တစ်ခုခု စားဖို့အတွက်
ပင်ပန်းလိုက်တာ။ ကုန်တဲ့ အချိန်ကလည်း မနည်းလှဘူး။
အဓိက မဖြစ်မနေ
သွားသင့်တဲ့ နေရာတွေကို သွားတာ ပထမ ၂ ရက်နဲ့တင် ကုန်သွားပြီ။
ကျန်သုံးရက်မှာ ဘယ်သွားမလဲ ဆိုတာကလည်း နောက်ထပ် ဖြေရှင်းမရတဲ့ ပြဿနာ။
တစ်ယောက်က သွားပြီးသား နေရာတွေပေမယ့် .. ဟိုရက်တွေက ခပ်သွက်သွက်
သွားခဲ့တာဆိုတော့ မနှံ့သေးဘူး။ အဲဒီကို ပြန်သွားမယ်တဲ့။ နောက်တစ်ယောက်က
အခြားနေရာတွေ သွားမယ်။ နောက်တစ်ယောက်က ခပ်လှမ်းလှမ်းက စိတ်ဝင်စားဖို့
ကောင်းတဲ့ နေရာတွေကို ကားငှားသွားမယ်။ နောက်တစ်ယောက်ကတော့ ငြင်းမနေနဲ့။
ဘယ်ဖြစ်ဖြစ် တခုခုကိုသာ ဆုံးဖြတ်ပြီး သွားမယ်။ နောက်တစ်ယောက်က
ဈေးဝယ်ထွက်တာပဲ လုပ်ချင်တယ်။ နောက် တစ်ယောက်က ကမ်းစပ်နား သွားမယ်။
ဒီလိုနဲ့ တစ်ယောက်သွားတဲ့ နေရာ တစ်ယောက်က မကြေမနပ်နဲ့ လိုက်ရရော။
တည်းခိုတဲ့ ဟော်တယ်ကို ပြန်တော့လည်း အတူတူပဲ။ တစ်ယောက်က ရောက်တုန်း
အပြင်မှာ နေမယ်။ တစ်ယောက်က ညောင်းနေပြီ။ နားချင်တယ်။ တစ်ယောက်က
အရက်လေးဘာလေး သွားသောက်ရအောင်။
ဒီလိုနဲ့ နောက်ခံ မိသားစု
ငွေကြေးအင်အား မတူပေမယ့် သိပ်ခင်ကြတဲ့ သူငယ်ချင်း ၆ ယောက် စိတ်တူ ကိုယ်တူ
အခွင့်အရေး တန်းတူနဲ့ ခရီးသွားခဲ့ကြတာ .. အိမ် အပြန်ခရီးမှာတော့ ...
ကားပေါ်မှာ အသံတွေ တိတ်လို့။ ရင်ထဲမှာ မကြေမနပ်တွေ ဖြစ်လို့။ ကိုယ်နေတဲ့
နေရာတွေ ပြန်ရောက်တဲ့ အခါကြတော့ ... မခေါ်မပြော ဖြစ်တာတွေ ဖြစ်၊ ...
နောက်တခါ ဒီလူပါရင် မသွားတော့ဘူး ဖြစ်တာတွေဖြစ်၊ .. ၆ ယောက် အတူတူ စုံပြီး
စကားပြောဖို့တောင် ခဲယဉ်းသွားခဲ့ကြရတယ်။
.....
ဒီမိုကရေစီမှာ .. တန်းတူမှုအတွက် အခုလို ကြုံရမယ့် ပြဿနာတွေကို
ကျွန်တော်တို့ အဆင်သင့်ဖြစ်ပြီလား။ ဒီလို ပြဿနာတွေဟာ ဘယ်သူမှ မှားကြတာ
မဟုတ်ဘူး။ ဘယ်လို ဖြေရှင်းကြမှာလဲ။ မဖြေရှင်းနိုင်ဘဲ ... အဲဒီ ပြဿနာတွေ
(မိမိဖြစ်ချင်စေချင်တဲ့ ဆန္ဒ .. ပြိုင်ဆိုင်မှုတွေ) ထဲမှာ တဝဲဝဲ လည်နေကြရင်
ကျွန်တော်တို့ တိုင်းပြည်အရေး ရင်လေးစရာ ...
ဒီမိုကရေစီရဲ့ အားနည်းချက်တွေထဲက .. အားနည်းချက် တစ်ခုကို တင်ပြတာပါ။
ကိုထိုက်
ကျွန်တော်တို့ သူငယ်ချင်း ၆ ယောက် စုပြီခရီး တစ်ခု သွားကြတယ်။ ၅ ရက် ခရီး။ မရောက်ဖူးတဲ့ နေရာ တစ်ခုကိုပေါ့။ သူငယ်ချင်းတွေ အတူတူ ပိုက်ဆံစိုက်ပြီး အတူတူ သွားကြတာဆိုတော့ .. အခွင့်အရေး တန်းတူ၊ တာဝန် တန်းတူ .. ဒီမိုကရေစီပေါ့။ အဲဒီမှာ ကြုံရတဲ့ ပြဿနာက စပြီ။
ရောက်ကတည်းက အစားအသောက်စားဖို့ စဉ်းစားတာနဲ့တင် တော်တော်နဲ့ စားမယ့်ဆိုင်ကို မရောက်ဘူး။ တစ်ယောက်က ဈေးသက်သာတဲ့ ဆိုင်မှာ ဘယ်ဆိုင်ဖြစ်ဖြစ် စားမယ်။ တစ်ယောက်က မရောက်ဖူးတဲ့ ဒေသ ဖြစ်လို့ မစားဖူးတဲ့ အစား အစာစားမယ်။ တစ်ယောက်က မစားဖူးတာတွေက စားမကောင်းလို့ လွှတ်ပစ်ရရင် နှမြောစရာ။ တစ်ယောက်က ခရီးသွားတုန်းပဲ တစ်ခါတလေ စားတာ။ ဆိုင်ကောင်းကောင်းမှာ ကောင်းကောင်းစားမယ်။ ဈေးကြီးရင် ကြီးပါလေ့စေ။ တစ်ယောက်ခြင်းစီရဲ့ ဆန္ဒကို လေးလေးစားစား အခြားတစ်ယောက်က နားထောင်ရမယ် ဆိုတဲ့ သဘောတူညီချက်က ခရီးမထွက်ခင်ကတည်း ယူထားပြီးသား။
သူငယ်ချင်းတွေ တန်းတူ ဆိုပေမယ့် .. နောက်ခံ ငွေကြေး တောင့်တင်းမှုနဲ့ ခြစ်ချုပ် ငွေစုပြီး ခရီးသွားသူ မတူဘူး။ ကြီးပြင်းလာပုံ မတူတော့ စဉ်းစားပုံနဲ့ အရသာ ခံတွင်းခြင်းလည်း မတူဘူး။ နေထိုင်ပုံခြင်းလည်း မတူဘူး။
ဒီလိုနဲ့ လမ်းမမှာ ဟိုလျှောက်၊ ဒီလျှောက် .. ဟိုဆိုင်ကြည့် ဒီဆိုင်ကြည့်နဲ့ နေ့တိုင်း တစ်ခုခု စားဖို့အတွက် ပင်ပန်းလိုက်တာ။ ကုန်တဲ့ အချိန်ကလည်း မနည်းလှဘူး။
အဓိက မဖြစ်မနေ သွားသင့်တဲ့ နေရာတွေကို သွားတာ ပထမ ၂ ရက်နဲ့တင် ကုန်သွားပြီ။ ကျန်သုံးရက်မှာ ဘယ်သွားမလဲ ဆိုတာကလည်း နောက်ထပ် ဖြေရှင်းမရတဲ့ ပြဿနာ။
တစ်ယောက်က သွားပြီးသား နေရာတွေပေမယ့် .. ဟိုရက်တွေက ခပ်သွက်သွက် သွားခဲ့တာဆိုတော့ မနှံ့သေးဘူး။ အဲဒီကို ပြန်သွားမယ်တဲ့။ နောက်တစ်ယောက်က အခြားနေရာတွေ သွားမယ်။ နောက်တစ်ယောက်က ခပ်လှမ်းလှမ်းက စိတ်ဝင်စားဖို့ ကောင်းတဲ့ နေရာတွေကို ကားငှားသွားမယ်။ နောက်တစ်ယောက်ကတော့ ငြင်းမနေနဲ့။ ဘယ်ဖြစ်ဖြစ် တခုခုကိုသာ ဆုံးဖြတ်ပြီး သွားမယ်။ နောက်တစ်ယောက်က ဈေးဝယ်ထွက်တာပဲ လုပ်ချင်တယ်။ နောက် တစ်ယောက်က ကမ်းစပ်နား သွားမယ်။
ဒီလိုနဲ့ တစ်ယောက်သွားတဲ့ နေရာ တစ်ယောက်က မကြေမနပ်နဲ့ လိုက်ရရော။
တည်းခိုတဲ့ ဟော်တယ်ကို ပြန်တော့လည်း အတူတူပဲ။ တစ်ယောက်က ရောက်တုန်း အပြင်မှာ နေမယ်။ တစ်ယောက်က ညောင်းနေပြီ။ နားချင်တယ်။ တစ်ယောက်က အရက်လေးဘာလေး သွားသောက်ရအောင်။
ဒီလိုနဲ့ နောက်ခံ မိသားစု ငွေကြေးအင်အား မတူပေမယ့် သိပ်ခင်ကြတဲ့ သူငယ်ချင်း ၆ ယောက် စိတ်တူ ကိုယ်တူ အခွင့်အရေး တန်းတူနဲ့ ခရီးသွားခဲ့ကြတာ .. အိမ် အပြန်ခရီးမှာတော့ ... ကားပေါ်မှာ အသံတွေ တိတ်လို့။ ရင်ထဲမှာ မကြေမနပ်တွေ ဖြစ်လို့။ ကိုယ်နေတဲ့ နေရာတွေ ပြန်ရောက်တဲ့ အခါကြတော့ ... မခေါ်မပြော ဖြစ်တာတွေ ဖြစ်၊ ... နောက်တခါ ဒီလူပါရင် မသွားတော့ဘူး ဖြစ်တာတွေဖြစ်၊ .. ၆ ယောက် အတူတူ စုံပြီး စကားပြောဖို့တောင် ခဲယဉ်းသွားခဲ့ကြရတယ်။
.....
ဒီမိုကရေစီမှာ .. တန်းတူမှုအတွက် အခုလို ကြုံရမယ့် ပြဿနာတွေကို ကျွန်တော်တို့ အဆင်သင့်ဖြစ်ပြီလား။ ဒီလို ပြဿနာတွေဟာ ဘယ်သူမှ မှားကြတာ မဟုတ်ဘူး။ ဘယ်လို ဖြေရှင်းကြမှာလဲ။ မဖြေရှင်းနိုင်ဘဲ ... အဲဒီ ပြဿနာတွေ (မိမိဖြစ်ချင်စေချင်တဲ့ ဆန္ဒ .. ပြိုင်ဆိုင်မှုတွေ) ထဲမှာ တဝဲဝဲ လည်နေကြရင် ကျွန်တော်တို့ တိုင်းပြည်အရေး ရင်လေးစရာ ...
ဒီမိုကရေစီရဲ့ အားနည်းချက်တွေထဲက .. အားနည်းချက် တစ်ခုကို တင်ပြတာပါ။
ကိုထိုက်
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment