
စီအင်န်ဂျီ သမားတောင် မမောင်းနိုင်တဲ့ဈေးကို ဆီသမားက ဘယ်လိုမောင်းလဲမသိဘူးဟု အို၊ဟောင်းတက္ကစီ ယာဉ်မောင်းတစ်ဦးက ပြောသည်။ ယင်းစီအင်န်ဂျီသုံး အို၊ဟောင်း တက္ကစီများ၏ အုံနာကြေးများမှာ တစ်ရက်ပျမ်းမျှ၁၇၀၀၀ ကျပ်ခန့်ရှိပြီး စီအင်န်ဂျီဓာတ် ငွေ့၅၀၀၀ကျပ်တန်ဖိုးခန့် ဖြည့်ပါက တစ်နေကုန် မောင်းနိုင်ကြောင်း သိရသည်။ 'စီအင်န်ဂျီက နည်းနည်းခံသာတယ်။ ဒါပေမဲ့တစ်ခါတလေ အုံနာကြေးတောင် မရဘူး။ လူတွေကလည်း တက္ကစီ သိပ်မစီးတာလည်းပါပေမယ့် ဟိုတစ်လောကဆို ရန်ကုန်-ပဲခူး အသွားအပြန် စီအင်န်ဂျီကားတောင် ကျပ်သုံးသောင်းခွဲ၊ လေးသောင်းလောက်မှ လိုက်နိုင်တဲ့ အခြေအနေကို ဆီဖြည့်ရတဲ့ တက္ကစီကားအသစ်က ကျပ်တစ်သောင်းခွဲတည်းနဲ့ တင်သွားတယ်'ဟု ယာဉ်အိုယာဉ်ဟောင်း တက္ကစီသမားတစ်ဦးက ပြောကြားပြီ အို၊ဟောင်းတက္ကစီ ဈေးကွက်ပျက်မည်ကို ယင်းတက္ကစီယာဉ်မောင်း အများစု စိုးရိမ်နေကြောင်း သိရသည်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment