တစ်ခါက လင်းယုန်ဥတစ်ဥဟာ ကြက်ဥတွေနားမှာ သွားပြီးသားပေါက်ပါတယ်။ ဒီလိုနဲ့ ကြက်တွေလုပ်သလိုမျိုး အမှိုက်တွေ၊ မြေကြီးတွေကို ကုပ်ခြစ်ပြီး အစာရှာပါသတဲ့။ ကြက်တွေလိုလည်း တွန်ပါသေးတယ်တဲ့ဗျာ။ ပျံရင်လည်း ကြက်တွေလိုပဲ ပေအနည်းငယ်လောက်ပဲပျံပါတယ်။ တစ်နေ့မှာတော့ ကောင်းကင်ကိုမော့ကြည့်ရင်း လှပခန့်ငြားစွာပျံသန်းနေတဲ့ လင်းယုန်တစ်ကောင်ကို မြင်သွားပါတယ်။ ဒါနဲ့ ကြက်မကြီးကို မေးလိုက်ပါတယ်။
“ ဟိုးကောင်းကင်မှာ လှလှပပ ပျံဝဲနေတာ ဘာငှက်လဲ ”
“ လင်းယုန်လေကွဲ့ သူတို့က အမြင့်ပျံငှက်တွေပေါ့ မင်းက ကြက်ကလေးတစ်ကောင်ပဲလေ သူတို့လိုမပျံနိုင်ပါဘူး ”
ကြက်မကြီးပြောတာကို သူဘယ်တော့မှသံသယဖြစ်မသွားပါ ဘူး။ သူဟာ ကြက်ကလေးတစ်ကောင်လို့ပဲ ယုံကြည်နေပါတယ်။ ဒီလိုနဲ့ ကြက်တွေလိုပဲနေထိုင်သွားလို က်တာ သေဆုံးတဲ့အထိပါပဲ။
ဒီနေရာမှာ သူဟာ သူ့ရဲ့ ပင်ကိုအရည်အသွေးကို ပိတ်ပင်ထားတာပါ။ အကြောင်းကတော့ အမြင်ချို့တဲ့လို့ပါ။ သူ့ကိုယ်သူ လင်းယုန်တစ်ကောင်လိုပျံသန်း နိုင်တယ်လို့ မမြင်ထားပါဘူး။ သူ့ရဲ့အမြင်ကပဲ သူ့ရဲ့ဖြစ်နိုင်စွမ်းကိုပိတ်ပင်သွားတာပါ။
ကျွန်တော်တို့ဟာ ကိုယ်မြင်တာကိုပဲ အမြဲတမ်းရပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်နိုင်မှုစွမ်းအားကို အတိုင်းအဆမရှိ မြင်ထားရပါမယ်။ သို့မှသာ ကျွန်တော်တို့ရဲ့ ဖြစ်နိုင်စွမ်းတွေလမ်းပွင့် သွားမှာဖြစ်ပါတယ်။
ဒါကြောင့် သင့်ရဲ့ အောင်မြင်နိုင်မှုကိုလျှော့တွက်မထားပါနဲ့။ များများအောင်မြင်ဖို့အတွက် များများမြင်ရပါမယ်။ သင့်ကိုယ်သင် အတိုင်းအဆမရှိအောင်မြင်နိုင်သူလို့မြင်ပါ။
အောင်မျိုးခန့် (မော်ကျွန်း)
“ ဟိုးကောင်းကင်မှာ လှလှပပ ပျံဝဲနေတာ ဘာငှက်လဲ ”
“ လင်းယုန်လေကွဲ့ သူတို့က အမြင့်ပျံငှက်တွေပေါ့ မင်းက ကြက်ကလေးတစ်ကောင်ပဲလေ သူတို့လိုမပျံနိုင်ပါဘူး ”
ကြက်မကြီးပြောတာကို သူဘယ်တော့မှသံသယဖြစ်မသွားပါ
ဒီနေရာမှာ သူဟာ သူ့ရဲ့ ပင်ကိုအရည်အသွေးကို ပိတ်ပင်ထားတာပါ။ အကြောင်းကတော့ အမြင်ချို့တဲ့လို့ပါ။ သူ့ကိုယ်သူ လင်းယုန်တစ်ကောင်လိုပျံသန်း
ကျွန်တော်တို့ဟာ ကိုယ်မြင်တာကိုပဲ အမြဲတမ်းရပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်နိုင်မှုစွမ်းအားကိ
ဒါကြောင့် သင့်ရဲ့ အောင်မြင်နိုင်မှုကိုလျှော့တ
အောင်မျိုးခန့် (မော်ကျွန်း)
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment