စမတ်ဖုန်း အသစ်အမျိုးအစား Galaxy Nexus ကို Google Play Webstore အသစ်ကနေ စတင်ရောင်းချနေပြီ ဖြစ်တယ်လို့ ဂူဂဲလ်ကုမ္ပဏီက
ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ အဆိုပါ Galaxy Nexus စမတ်ဖုန်းကို အမေရိကန်ဒေါ်လာ ၃၉၉နဲ့ ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ စမတ် ဖုန်းမှာ NFC နည်းပညာကို အသုံးပြုထားပြီး ဂလက်ဆီ နက်ဆက် အသုံးပြုသူတွေ ပစ္စည်းဝယ်နိုင်တဲ့ ဂူဂဲလ်ဝေါလက် ဆော့ဖ်ဝဲကိုလည်း ထည့်သွင်းထား တယ်လို့ သိရပါတယ်။
ဂူဂဲလ်ကုမ္ပဏီက စမတ်ဖုန်းထုတ်လုပ်ပြီး ဈေးကွက်ကို ဖြန့်ချိတာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်ကလည်း အထူးဒီဇိုင်း တီထွင်ထားတဲ့ အန်း ဒရိုက် စမတ်ဖုန်း Nexus One ကို ထုတ်လုပ်ခဲ့ ပေမယ့်လည်း သုံးစွဲသူတွေထံ အခုလိုပဲ ၀က်ဘ်စတိုးကတဆင့် ရောင်းချနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ လကတည်း ဂူဂဲလ်ဟာ တက်ဘလက် ကွန်ပျူတာတွေကို ၎င်းရဲ့အွန်လိုင်းကတဆင့် သုံးစွဲသူတွေဆီ တိုက်ရိုက် ရောင်းချနိုင်ဖို့ စီစဉ်ခဲ့သေးတယ်လို့ သိရခဲ့ပါတယ်။ လေ့လာဆန်း စစ်သူတွေကတော့ ဂူဂဲလ်ဟာ အမေရိကန်ဒေါ်လာ ၁၉၉နဲ့ ရောင်းချမယ့် ၇လက်မအရွယ် Nexus တက်ဘလက်ကို ရောင်းအားမြှင့်တင်ဖို့ ၎င်းရဲ့ အွန်လိုင်းစတိုးကို အသုံးပြုနိုင်တယ်လို့ ပြောကြားကြောင်း သိရပါတယ်။
Reference : Xinhua.com
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment