မလေးရှားမှာရှိတဲ့ မြောက်များလှစွာသော မြန်မာဂျာနယ်တွေထဲက တစောင်ဖြစ်တဲ့ ဟယ်လိုမြန်မာ ရဲ့ မျက်နှာဖုံးခေါင်းစဉ်ပါဆောင်းပါးတပုဒ်ပါ။ စာ၊ နယ်၊ ဇင်း စကားနဲ့ပြောရမယ်ဆိုရင်တော့ အယ်ဒီတာ့အာဘော်ပေါ့။ ခေါင်းစဉ်အပြည့်အစုံကတော့ “လူထု ခြေဖ၀ါးအောက်က လူထုခေါင်းဆောင်ကို လူထုကဦးထိပ်တင်ပြီ”တဲ့။ ဆောင်းပါးရဲ့ဆိုလိုရင်းအနေနဲ့ ဘာဖြစ်နိုင်မလဲ ဆိုတာထက် ခေါင်းစဉ်ရဲ့ဆိုလိုရင်းကတော့ ခပ်ရှင်းရှင်းဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က မြန်မာလူထုရဲ့ ခြေဖ၀ါးအောက်မှာ ရှိခဲ့တယ်။ ခုဆိုရင်တော့ အကုန်လုံးက ဦးထိပ်တင်လိုက်ပါပြီပေါ့။
ပထမဆုံးပြောချင်တာကတော့ (ဒါက မောင်ပါလအမြင်ပါ) ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တုန်းကမှ လူထုခြေဖ၀ါးအောက်မှာ မရှိသလို ဘယ်တော့မှလည်း လူထုဦးထိပ်မှာ ရှိနေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူထုခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ခြေဖ၀ါးအောက်မှာလည်းရှိ
ဒုတိယပြောချင်တာကတော့ “လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်ကို လူထုကဦးထိပ်တင်ပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပတ်သတ်ပြီး ဟယ်လိုမြန်မာရဲ့ တာဝန်ရှိသူကိုသက်ပြင်းကို ကျနော်ဖုန်းဆက်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့အာဘော်ကို ရေးထားတာပါတဲ့။ အဲတော့ ကျနော်ကပြန်မေးပါတယ်။“ကိုသက်ြ
စာပေပိုင်း၊ ဂျာနယ်ပိုင်းအရ အဓိကထားပြီးပြောရရင် ဆောင်းပါး၊ ကဗျာ၊ အက်ဆေး၊ ၀တ္ထုတို၊ ၀တ္ထုရှည် ဘယ်လိုစာပေမျိုးမဆို ရေးတဲ့စာရဲ့ ပဓာနထင်ဟပ်မှုက ခေါင်းစဉ်မှာအရိပ်ထင်ပါတယ်။ လူတွေစိတ်ဝင်စားအောင်၊ ကိုယ်ရေးထားတာတွေအားလုံးကို ခြုံငုံမိအောင် ခေါင်းစဉ်တပ်လေ့ ရှိကြပါတယ်။ အထက်ကပြောခဲ့သလိုပဲ ဆောင်းပါးက လူထုခေါင်းဆောင်ကို ချီးမြှောက်ထားတာပါဆိုရင်တော့ ဒီခေါင်းစဉ်တပ်ခြင်းဟာ ဂျာနယ်တစောင်ရဲ့မိုက်မဲမှု၊ အယ်ဒီတာတယောက်ရဲ့ အသိအမြင်နုံနဲ့မှုပါပဲ။ စာရေးသူတယောက်၊ အယ်ဒီတာတယောက်ဟာ ကိုယ်ရေးထားတဲ့စာနဲ့ ကိုယ်တပ်ထားတဲ့ခေါင်းစဉ် အရှေ့နဲ့အနောက် အဓိပ္ပါယ်ဖြောင့်ဖြောင့်ကြီးကွဲ
လူတိုင်းဟာ သူ့အမြင်ကိုယ့်အမြင် ရှိတတ်ကြပါတယ်။ အရင်စစ်အစိုးရကိုကြိုက်လို့၊ စစ်အစိုးရလက်ထက်မှာ စီးပွားရှာရတာကောင်းလို့၊ အချောင်သူဌေးဖြစ်နိုင်လို့ စစ်အစိုးရကိုပဲ လက်ခံမယ်ဆိုတဲ့အမြင်နဲ့ ရေးနေပြောနေတာကြလည်း အလွန်အကျွံမဟုတ်ရင် အတိုင်းအတာတခုအထိ လက်ခံလို့ရပါတယ်။ ဒီလိုအတွေးနဲ့ ဆောင်းပါးထဲမှာ ဘာပဲရေးရေး၊ မျက်နှာဖုံးမှာခေါင်းစဉ်ကို ဆောင်းပါးနဲ့တော်၏မတော်၏ အဓိကမထားဘဲ ကိုယ်လိုရာတပ်ထားတာပါ ဆိုရင်တော့ ဘာမှပြောစရာအကြောင်းမရှိပါဘူး။ မလေးရှားမှာထုတ်နေတဲ့ ဟယ်လိုမြန်မာရဲ့ အာဘော်ဟာ စစ်အစိုးရအကြိုက်လိုက်ရေးတာပါ၊ ကိုယ်ကြိုက်တာကိုယ်ရေးတာပါ လို့ ပြောလိုက်ရုံပါပဲ။ ဂျာနယ်ဖတ်ကြသူတွေအနေနဲ့လည်း သြော်….. ဒီလိုလူမျိုးတွေလည်း ရှိတတ်တာပါလားလို့ လျစ်လျူရှုလိုက်ကြရုံပါပဲ။
မလေးရှားမှာလည်း မြန်မာပြည်သား ခရိုနီအသေးစားလေးတွေ၊ ဗဟုတွေ၊ ရေလိုက်ငါးလိုက်ကောင်တွေ အများကြီးတွေ့တယ်။ အရင်တုန်းကဆို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ သူတို့ဆိုင်သွားထိုင်ရင် ဆိုင်ကိုပဲ သံရုံးက ချက်ချင်းလာပိတ်တော့မလိုလိုနဲ့ ခုဆိုရင် တဆိုင်လုံးကြည့်လိုက် ဒေါ်စုပုံတီရှပ်၊ ဗိုလ်ချုပ်ပုံတီရှပ်တွေ ဝေေ၀ဆာဆာရဲ့ ဘိုးဘေးဘီဘင်အစဉ်အဆက် သူတို့ပဲ အစဉ်တစိုက် စစ်အစိုးရကှိ တော်လှန်လာကြသလိုလို။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အစစ်အမှန်တွေ ဘယ်တော့မှ ချောင်ထဲကကို မထွက်တော့ဘူး။ ဟယ်လိုမြန်မာဂျာနယ်လို ဘယ်ပြပြီး ညာထိုးချင်ကောင်တွေလည်း မနည်းမနောရှိသေးတယ်။ ဒါက မလေးရှားမှာပဲရှိသေးတယ်။ မောင်ပါလဖဘဆို အဲလိုကောင်တွေများလွန်းလို့ သောက်မြင်ကပ်လို့ပိတ်ထားတာ။ ဒါပေမယ့် ဒေါ်စုဟာ ငါတို့မြန်မာပြည်သူတွေအတွက် တကယ်အားကိုးထိုက်သူပါလားဆိုတာ ခုမှ အသိမှန်၊ အမြင်မှန်ရလာတဲ့လူတွေပါလားလို့ေ
မောင်ပါလ
၇.၄.၂၀၁၂
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment