''သမ္မတရာထူးဟာ လေးစားဖွယ်ရာ ဖြစ်ပြီး သြဇာကြီးတယ်၊ ပြီးတော့ အတိုင်းအတာ တစ်ခုအထိ လျှို့ဝှက်မှုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ လေးစားစရာ ကောင်းတာ ကတော့ အမေရိကန်တွေရဲ့ နိုင်ငံရေးစနစ်မှာ အမြင့်ဆုံးသော အဆုံးအဖြတ်ကို ကိုယ်စားပြုပေး နေရလို့ပါ။ သြဇာကြီး ရတာကလည်း အဆုံးအဖြတ်တွေဟာ လေဟာနယ်ထဲမှာ မရှိလို့ဖြစ်ပါတယ်။ နိုင်ငံအတွင်း အတွေးအခေါ်၊ အကျိုးစီးပွား၊ ဖိအားတွေကို ကိုယ်စားပြုပြီး အရေးကြီးတဲ့ အရေးအရာ အားလုံးကို မတွန့်မဆုတ် တာဝန်ခံ နေရလို့လည်း ဖြစ်ပါတယ်''တစ်ချိန်က လူထုကြိုက် သမ္မတကြီး ဂျွန် အက်ဖ်ကနေဒီက ခေတ်သစ် သမ္မတရာထူးနှင့် ပတ် သက်၍ သူ့အမြင်ကို ဖော်ထုတ်ခဲ့ ခြင်းဖြစ်သည်။
သမ္မတသည် နိုင်ငံတစ်နိုင်ငံ၏ အကြီးအကဲ၊ အစိုးရ အဖွဲ့၏ အကြီးအကဲ၊ နိုင်ငံတစ်ခုလုံးကို သူတာဝန် ထမ်းဆောင် နေသောကာလ အတွင်း အလုံးစုံ တာဝန်ခံရသူ၊ တာဝန်ယူရသူ ဖြစ်သည်။ နိုင်ငံ ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုအတွက် သူ့သမိုင်း စာမျက်နှာသည် ဖျက်မရ၊ ပြင်မရချေ။ သမ္မတတို့၏ပါဝါ
သမ္မတသည် အခြေခံအားဖြင့် တိုင်းပြည် အုပ်ချုပ်ရေးအဖွဲ့ (Excutive Body) ၏ ခေါင်း ဆောင်ဖြစ်သည်။ သံတမန်အကြီးအကဲ၊ တပ် မတော်၏အကြီးအကဲ၊ ပြည်ထောင်စု၏ပြယုဂ်၊ အရေးပေါ် အခြေအနေနှင့် အကျပ်အတည်း ကြား ကာလ ဦးဆောင်သူ၊ နိုင်ငံလုံးနှင့်ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာတို့ကို အဆိုပြုရသူဟူသော တာ ဝန်များကို ထမ်းဆောင်ရသည်။ သမ္မတို့၏ လုပ် ပိုင်ခွင့်ပါဝါသည် ကြီးမားကျယ်ပြန့်လှသည်။ သို့ သော်လည်း ‘ဒီမိုကရက်နိုင်ငံများတွင်မူ သမ္မတ တို့၏ပါဝါမှာ တစ်စုံ တစ်ရာ ကန့်သတ်မှုဘောင် ထဲ၌ ရှိနေရပါသည်။ ယေဘုယျ အားဖြင့် သမ္မတစနစ် ကျင့်သုံးသော နိုင်ငံတို့တွင် သမ္မတသည် နိုင်ငံ တစ်ခုအတွင်း ပါဝါအကြီးဆုံးသော ခေါင်းဆောင်တစ်ဦး ဖြစ်ရပါသည်။ သမ္မတတို့၏ လုပ်ပိုင်ခွင့်နှင့်ပါဝါကို အခြေ ခံ ဥပဒေက ပေးအပ်ထားရသည်။ နိုင်ငံတကာ ဆက်ဆံရေးကို သမ္မတတို့က ဆောင်ရွက်ကြရ ၏။ နိုင်ငံတစ်ခု၏ အကြီးအကဲ၊ တပ်မတော်တစ် ခု၏ အကြီးအကဲအဖြစ် ထင်ရှားသည်။ ထက် မြက်၍ အင်အားကောင်းသော သမ္မတများမှာ နိုင်ငံတော်၏ အနာဂတ်အစီအစဉ် (Nation’s Agenda) ကို ကောင်းစွာ ပုံဖော်နိုင်ကြပြီး၊ ထို နိုင်ငံကို တိုးတက်ဖွံ့ဖြိုးစေသည်။ အားနည်းသော သမ္မတများမှာမူ Agenda ကို ကောင်းစွာ မရေး ဆွဲနိုင်ကြ၊ လက်တွေ့အကောင် အထည်မဖော် နိုင်ကြချေ။
လင်ဒန်ဂျွန်ဆင်သည် ၁၉၆ဝ ကာလ များတွင် အမေရိကန်ရှိ ဆင်းရဲသားလူတန်းစား များအကျိုးအပေါ် ကောင်းစွာ အာရုံစိုက်နိုင်ခဲ့ ပြီး ၁၉၈ဝ တွင် ရော်နယ်ရောင်က လုပ်ထုံးလုပ် နည်းများ လျော့ချခြင်း၊ အခွန်အတုပ်ဆိုင်ရာ စနစ်ပြုပြင်ခြင်း၊ စစ်တပ်အတွင်း အထွေထွေ ပြုပြင်ပြောင်းလဲမှုများ စသည်တို့ကို လုပ်ဆောင် နိုင်ခဲ့သည်။ ဂျော့ဒဗလျူဘုရှ် ၁၉၈၉-၁၉၉၃ အ နေဖြင့် မှတ်တမ်းတင်ကိစ္စရပ်များကို တစ်ခုမှ မယ်မယ်ရရ မလုပ်ဆောင်နိုင်ခဲ့။ ဘီလ်ကလင်တန် ၏ ပထမသက်တမ်း (၁၉၉၃-၁၉၉၇) တွင် ဗဟို မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို မဆောင် ရွက်နိုင်ခဲ့။ စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သူတော့ ဖြစ်သည်။ ကျန်းမာရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုမူ ဆောင်ရွက် ရန် ပျက်ကွက်ခဲ့သည်။ ဂျော့ဒဗလျူဘုရှ် ၂ဝဝ၁-၂ဝဝ၉ အနေဖြင့်မူ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တုံ့ပြန်မှုကို မှတ်တမ်းဝင်အဖြစ် ဆောင်ရွက်ခဲ့ သည်။ အာဖဂန်နစ္စတန်ကို တိုက်ခိုက်စဉ်က ကုလ သမဂ္ဂ၏ အတည်ပြုချက်နှင့် ဆောင်ရွက်ခဲ့သော် လည်း၊ အီရတ်ကို သိမ်းပိုက်တိုက်ခိုက်ရာတွင် ကုလသမဂ္ဂ၏ခွင့်ပြုချက်ကို အမေရိကန်တို့ မရရှိ ခဲ့တော့။ သို့သော်လည်း National Interest ဟူသော အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားဟူ သော အကြောင်းပြချက်ဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းကိုကြည့်လျှင် အမေရိကန်သမ္မတပါဝါ ၏ အတိုင်းအဆကို သိရှိနိုင်သည်။
အကန့်အသတ်
သမ္မတ၏ပါဝါသည် ကြီးမားကျယ်ပြန့် သော်လည်း အဟန့်အတားတော့ဖြင့် ရှိသည်။ ဗြိတိသျှပါလီမန်စနစ်တွင် ဝန်ကြီးချုပ်သည် ပါတီ ခေါင်းဆောင်မှတစ်ဆင့် ဖြစ်လာကြသော်လည်း အမေရိကန်သမ္မတများမှာ လူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်သည်ဖြစ်၍၊ သြဇာပိုလာ ရသည်။ သို့သော်လည်း ၂ဝဝ၅ ခုနှစ် သမ္မတ ကြီး ဂျော့ဒဗလျူဘုရှ်လက်ထက် လူမှုဖူလှုံရေး နှင့်ပတ်သက်သော ပြုပြင်ပြောင်းလဲရေး အဆို ပြုချက်မှာ ကွန်ဂရက်၏ သဘောတူညီချက် မရရှိ၍ မအောင်မြင်ခဲ့ချေ။ သမ္မတနှင့် ကွန်ဂ ရက်၏ အမတ်အများစုတို့သည် ဆန့်ကျင်ဘက် ဖြစ်နေလျှင် သမ္မတတို့သြဇာမှာ ထင်သလောက် မပေါက်မြောက်နိုင်ချေ။ ဤသို့အဖြစ်မျိုးမှာ အ မေရိကန်တွင် ၁၈ နှစ် တစ်ကြိမ်မျှ ဖြစ်တတ် သည်ဟု လေ့လာသူများက ဆိုသည်။ သို့သော် လည်း ထက်မြက်သော သမ္မတများက ကွန် ဂရက်ကို ကောင်းစွာစည်းရုံးထားနှိုင်ကြပြီး သူ တို့အလိုရှိရာကို စွမ်းဆောင်နိုင်ကြသည်။ သမ္မတ၏ ပါတီဝင်များက လွှတ်တော်တွင် အမတ်အ များစုရရှိထားလျှင် လွှတ်တော်ကို ကောင်းစွာထိန်းချုပ်ထား နိုင်သည်ဖြစ်၍ သမ္မတတို့၏သြဇာမှာ ပို၍ကြီးမားတတ်သည်။ သမ္မတ၏ အဆိုပြုချက်ကို လွှတ်တော်က ပယ်ချနိုင်သည်။ အမေရိကန်သမ္မတစနစ်တွင် လွှတ်တော်က မဲအများစုဖြင့် ပယ်ချသော သမ္မတ၏ အဆိုပြုလွှာကို သမ္မတဗီတိုဖြင့် ပယ်ဖျက်နိုင်၏။ သမ္မတတို့၏လုပ်ပိုင်ခွင့်ကို တစ်စုံတစ်ရာ ကန့်သတ်ထားသည်ဖြစ်၍၊ ဗီတိုဖြင့် ပယ်ဖျက်သော သမ္မတ၏ အခွင့်အာဏာကို လွှတ်တော်က သုံးပုံနှစ်ပုံသော အများစုဖြင့် ထပ်မံပယ်ချနိုင်သော ထိန်းကျောင်းမှုစနစ်ကို အခြေခံဖွဲ့စည်း ပုံ အခြေခံဥပဒေတွင် ထည့်သွင်းထားသည်။
ဖွဲ့စည်းပုံအရသမ္မတ
ဖွဲ့စည်းပုံအရ သမ္မတသည် အုပ်ချုပ်မှု အဖွဲ့၏ခေါင်းဆောင် ဖြစ်သည်။ ဆိုလိုသည်မှာ ဝန်ကြီးများအဖွဲ့၏ အကြီးအကဲ ဖြစ်သည်။ ဝန်ကြီးများကို သမ္မတက စိတ်ကြိုက်ခန့် ထားပိုင် ခွင့် ရှိသည်။ သို့တိုင်အောင် ဒုတိယသမ္မတ တစ်ဦးဖြစ် ခဲ့သော အလွန် ကျော်ကြားသည့် Charles Dawes မှတ်ချက်မှာ စိတ်ဝင် စားဖွယ်ရာ ဖြစ်သည်။ The memebers of the cabinet a re the President’s natural enimies" ဝန်ကြီးအဖွဲ့ဝင်တို့သည် သမ္မတ၏ သဘာဝအရ ရန်သူ များဖြစ်သည်ဟု ဆိုသည်။ ထိုကဲ့သို့ သဘောပါ သောမှတ်ချက် ကိုလည်း သမ္မတကြီး လင်ဒန်ဂျွန်ဆင်ကလည်း ပြောခဲ့ဖူး သည်။ ''ဝန်ကြီးတွေအားလုံးကို ကျွန်တော် ခန့်ခဲ့တာပါ။ ဒါ ပေမဲ့ ကျွန်တော် သူတို့တစ်ဦးတစ်ယောက်ကိုမျှ အပြည့်အဝ မမှီခိုရဲဘူး'' သမ္မတတွင် ထက်မြက်၍၊ မြော်မြင်မှုရှိသော၊ ပညာကြီး မားသော အကြံပေးတို့ ရှိသင့်၏။ ထိုအကြံပေးများ၏ အကြံ ဥာဏ်ဖြင့် ဝန်ကြီးများကို ပြန်၍ထိန်းကျောင်းသောစနစ်ကို ကျင့်သုံးလေ့ရှိကြသည်။ အကြံပေးများကို 'မီးဖိုချောင် ဝန် ကြီးအဖွဲ့' (kithchen Cabinets) ဟု တင်စားကြသည်။ ၁၉၃၉ တွင် ဖရင်ကလင်ရုစ်ဘဲလ်ကEOP (Excutive Office of the President) ဟု စတင်တီထွင်ခဲ့သည်။ ဤအဖွဲ့တွင် စီမံခန့်ခွဲ မှုနှင့် ဘတ်ဂျက်ဆိုင်ရာ၊ စီးပွားရေးအကြံပေးများ၊ အမျိုးသား လုံခြုံရေးကောင်စီစသဖြင့်ပါဝင်သည်။ ဤအဖွဲ့က ဒါဇင်နှင့် ချီသော ဝန်ကြီးများအဖွဲ့နှင့် သမ္မတတို့ကြား ပူးပေါင်း ဆောင်ရွက်မှုကောင်းတို့ကို ဖန်တီးသည်။
စရိုက်လက္ခဏာ
သမ္မတများ၏ စရိုက်လက္ခဏာသည် ကွဲ ပြားခြားနားကြ၏။ လူပုဂ္ဂိုလ်၏ မူလစရိုက် လက္ခဏာနှင့် ဖြစ်ပေါ်နေသော အခြေအနေတို့ အပေါ် တုံ့ပြန်ရသော စရိုက်လက္ခဏာတို့ ရော နှောကြသည်။ ဥပမာအားဖြင့် သမ္မတ ဂျော့ ဒဗလျူဘုရှ်၏ မူလသမ္မတကာလတွင် တင်းမာ၊ တိုက်ခိုက်လိုသော လက္ခဏာများ မပြခဲ့သော် လည်း ၉/၁၁ အတိုက်ခံခဲ့ရပြီး အာဖဂန်နစ္စတန် နှင့် အီရတ်တို့ကို သဲကြီးမဲကြီး တိုက်ခိုက်ခဲ့သည်။ အီရတ်တိုက်ခိုက်မှုတွင် နိုင်ငံတော်တော်များများ ကန့်ကွက်နေသည့်ကြားမှ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ အချိျု့သောသမ္မတများသည် အေးဆေး၊ တည်ငြိမ်စွာရှိကြသော်လည်း အချို့သောသမ္မတ များမှာ လွှတ်တော်နှင့် အတိုက်အခံဖြစ်ကြ သည်။ ဖရင်ကလင်ရုစ်ဘဲလ်ကို Active-Positive (အပြုသဘောဆောင်) စရိုက်လက္ခဏာ ရှိသူဟုဆိုပြီး ရစ်ချက်နစ်ဆင်ကိုမူ (Active-Negative ) ဆောင်သော သူဟူ၍ သတ်မှတ်ကြသည်။ မူလဒစရိုက် လက္ခဏာကွဲပြားစွာဖြင့် သမ္မတဖြစ်လာကြသူ များသည် သမ္မတတာ ဝန်ထမ်းဆောင်စဉ်တွင် ကွဲပြားသောရလဒ်များ ရရှိတတ်ကြသည်။အမေရိကန် သမ္မတသမိုင်းတွင် အထူးချွန်ဆုံး သမ္မတ သုံးဦးမှာ ဂျော့ဝါရှင်တန်၊ အေဘရာဟင် လင်ကွန်း၊ ဖရင်ကလင်ရုစ်ဘဲလ်ဟု သတ်မှတ် ကြပြီး၊ အညံ့ဆုံးသမ္မတများမှာ ပရာ့စ်ဘူချနန်၊ ဂျွန်ဆင်၊ ဂရန့်၊ ဟာဒင်း၊ ဟိုးဗား၊ နစ်ဆစ်တို့ ကို သတ်မှတ်သည်။နိုင်ငံ၏တာဝန်ကို မည်မျှ ထမ်းဆောင်နိုင်ခဲ့ကြသည်၊ မည်သို့တိုးတက် အောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့ သည်။ အခက်အခဲ အကျပ်အတည်းအချိန်ကာလ တွင် မည်သို့ကျော်လွှားနိုင်ခဲ့ကြခြင်းသည် သူတို့၏ အဓိကအရည်အချင်းများ ဖြစ်သည်။
နိုင်ငံရေး၏အလားအလာနှင့်စိန်ခေါ်မှု
ကမ္ဘာ့နိုင်ငံရေး၏ အလားအလာသည် စိန် ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ရွေးကောက် ပွဲမတိုင်မီ မဲဆွယ်စည်းရုံးစဉ်က ပေးခဲ့သော ကတိကဝတ်များကို ရွေးကောက်ခံပြီး သောအ ခါ ကောင်းစွာ ဖြည့်ဆည်းပေး နိုင်ကြခြင်း မရှိကြ သဖြင့်၊ နိုင်ငံရေးသမား များအပေါ် ပြည်သူတို့၏ ယုံကြည်မှုသည် တစ်နေ့တခြား လျော့ပါးလာ သည်။ ဤအခြေအနေမျိုးကို ပထမသက်တမ်း တစ်ခု ကျော်လွန်သည်နှင့် မြန်မာ့နိုင်ငံရေးတွင် လည်း ရင်ဆိုင်ကြရမည် ဖြစ်သည်။ အနည်းဆုံး ကတိကဝတ်များ၏ ၅ဝရာခိုင်နှုန်းမျှလောက် ကိုတော့ ဖြည့်ဆည်းနိုင်သင့်သည်။ ဤသို့ မဖြည့် ဆည်းနိုင်ရခြင်း၏အကြောင်းမှာ နိုင်ငံရေးစနစ် ကြောင့်လား၊ နိုင်ငံရေးသမားတို့၏ စရိုက်ကြောင့် လားဆိုသည်မှာ မေးခွန်းဖြစ်လာခဲ့ရပါသည်။ အ မှန်စင်စစ် နှစ်မျိုးစလုံးကြောင့်ဖြစ်သည်ဟု ယူဆ နိုင်ပါသည်။ ရာထူးရပြီးသောအခါ ပြောင်းလဲ တတ်သော လူ့သဘာဝနှင့် တစ်ရံတစ်ခါတွင် စနစ်၏ ကန့်သတ်မှုများ ကြောင့် စိတ်သွားတိုင်း ကိုယ်မပါသည်များလည်း ရှိတတ်ပါသည်။မည်သူတို့ကို ပြည်သူက အယုံအကြည် နည်းပါးကြသနည်း? မည်သည့်အဖွဲ့အစည်းကို ပြည်သူက ယုံ ကြည်မှု ပိုပါသနည်း? မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒ (Public Opinion) ကို ကျယ်ပြန့်စွာ ကောက်ခံသော ယဉ်ကျေး မှု ကောင်းစွာမ ထွန်းကားသေးချေ။ အမေရိ ကန်တွင် Gallop Poll အရ ပြည်သူ့ယုံကြည်မှု (Public Confidence ) ရရှိသော အဖွဲ့အစည်းနှင့် ပြည်သူ ယုံကြည်မှု ရာခိုင်နှုန်းမှာ အောက်ပါအ တိုင်း ဖြစ်သည်။
Organization % Confidence
The Military 71%
Small Business 60 %
Banks 33 %
The Presidency 26 %
Organized Labour 20 %
Big Business 20 %
Congress 12%
သမ္မတအပေါ်ယုံကြည်မှု ၂၆ ရာခိုင်နှုန်းနှင့် လွှတ်တော်အပေါ်ယုံကြည်မှု ၁၂ ရာခိုင်နှုန်းသည် နိုင်ငံရေးအလားအလာကို အနုတ်လက္ခဏာ ဆောင်စွာ ဖော်ပြနေပါသည်။
သမ္မတနှင့်လွှတ်တော်
သမ္မတ နှင့် လွှတ်တော်တို့ အင်မတန်အရေး ကြီးကြောင်း လူတိုင်းသိကြသည်။ သမ္မတက အမြင့်ဆုံးသော အာဏာကို ကိုင်စွဲထားပြီး ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံ၏တိုးတက်ဖွံ့ဖြိုး မှုကို အဓိက တာဝန်ခံ ဆောင်ရွက်ရသူဖြစ်သည်။ နိုင်ငံ၏ ကောင်းခြင်း၊ ဆိုးခြင်း၊ တိုးတက်ခြင်း၊ဆုတ် ယုတ်ခြင်းသည် သမ္မတနှင့် ဝန်ကြီးများအပေါ် မူတည်သည်။ အစိုးရအဖွဲ့ကို သမ္မတကတာဝန် ခံရ၍ သမ္မတမှာ တာဝန်အရှိဆုံးဖြစ်လာသည်။ ပတ်ဝန်းကျင်နှင့် ကျယ်ကျယ်ပြန့်ပြန့် ထိ တွေ့ရသော လုပ်ငန်းတွင် ရှိနေသဖြင့် ကောင်းစွာသတိထားမိ သည်မှာ အရည်အချင်း ရှိကြသူများရော၊ အရည်အချင်းမရှိ ကြသောသူ တော်တော်များများမှာ 'အမတ်'ဖြစ်ချင်ကြသည် ကို သတိထားမိသည်။ အခိျု့(ရာနှုန်းများစွာ)မှာ 'အမတ်' ဆိုသည့် အဓိပ္ပာယ်နှင့်တာဝန်ကိုပင် မသိကြချေ။ မြန်မာ့နိုင်ငံ ရေးသည်‘ဒီမိုကရေစီနှင့် ခပ်ခွာခွာနေခဲ့သည်မှာ နှစ်ပေါင်း ၅ဝ မျှ ရှိနေခဲ့ပြီဖြစ်သဖြင့် အုတ်ရောရော၊ ကျောက်ရောရော ဖြစ်မည်ကို စိုးရိမ်စိတ်ဝင်မိသည်။ 'အစမကောင်း အနှောင်း မသေချာ'သဘောအတွက်လည်း စိတ်ပူမိပါသည်။ ရွေးကောက်ပွဲဝင်ကြမည့်သူများ အတော်အတန် လေ့ လာထားပြီးကြပြီဟု ယူဆသည်။ အမတ်ဖြစ်ချင်ကြသူများ မှာ ပါတီလည်း မထောင်ရဲ၊ ရွေးကောက်ပွဲလည်း မဝင်ရဲ၊ နိုင်ငံရေးအကြောင်း 'က'ကြီး 'ခ' ခွေးပင် သိအောင် မကြိုး စားကြသူများ အများစုဖြစ်နေသည်ကို အံ့သြစွာ တွေ့ရ သည်။ အမတ်မင်းများသည် ပြည်သူကို ကိုယ်စားပြုသည်၊ လွှတ်တော်ဆိုသည်မှာ ဥပဒေပြုရေး၊ တစ်နည်းဖြင့် အုပ် ချုပ်ရေးအာဏာပိုင်တို့ကို ဥပဒေဖြင့် ထိန်းညှိသည့် တာဝန် ယူရသူများ ဖြစ်သည်။ တရားစီရင်ရေး မှန်ကန်မှုရှိ/မရှိကို စောင့်ကြည့်ရသည့်တာဝန်ကိုလည်း ထမ်းဆောင်ရသည်။ အမတ်မင်းများဖြစ်လာကြသည့်အခါ လွှတ်တော်ထဲတွင် ဆိုင်ရာကဏ္ဍအလိုက် အစုအဖွဲ့များဖြစ်လာကြပြီး (ဥပမာ-ပညာရေး၊ ကျန်းမာရေး၊ လုပ်သားရေးရာ)၊ မိမိတို့နှင့်ဆိုင် ရာကဏ္ဍနှင့်ပတ်သက်၍ အသေးစိတ် ပြန်လည် လေ့လာ ကာ ဥပဒေရှုထောင့်မှ ရပ်တည်၍ ပြည်သူ့အကျိုး အကာ အကွယ်ပေးကြရသူများဟု အခြေခံအားဖြင့် နားလည်နိုင် ပါသည်။ နိုင်ငံ၏အနာဂတ်သည် ဖြစ်ပေါ်လာမည့် သမ္မတနှင့် ဝန်ကြီးများအဖွဲ့ဟုဆိုသော အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေဖြင့် ပြန်လှန်ထိန်းညှိသည့်တာဝန်ကို ယူသော အမတ်မင်းများ စုဝေးကြမည့် ဥပဒေပြုမဏ္ဍိုင်၊ ဥပဒေ၏ တစ်မျက်နှာကိုသာ ကြည့်၍ မှန်ကန်စွာအဆုံးအဖြတ်ပေးသော တရားစီရင်ရေး မဏ္ဍိုင် သုံးခုပေါ်တွင် လုံးလုံးလျားလျား တည်မှီနေပါသည်။ အနှောင်းသေချာစေရန် အစကောင်းကြပါဟု ဆန္ဒပြုရပါ သည်။
ေ ဒါ က် တာေ န ဇ င် လ တ်
Ecovision journal မှ ကူးယူဖော်ပြပါသည်
Ref-http://troths.multiply.com/reviews/item/90
စိုးမင်းဦး
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment