လူကြီးမင်းခင်ဗျား...
ကျွန်တော်က လှမျိုးဝင်း(တိုင်းရင်းဆေးတက္ကသိုလ်)ပါခင်ဗျား....
လူကြီးမင်းတို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိလာသည့်
တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ငရဲခွေးကြီးလွှတ်နေပြီ ဆိုသည့်
ဖော်ပြထားသည့်အတွက် အမှန်တရားပေါ်ပေါက်ရေးအတွက်
ပူပေါင်းကူညီပေးစေလိုပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာန
လက်ရှိညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအောင်မြင့်သည်
မြန်မာ့တိုင်းရင်းဆေးလောကတိုးတက်ရေးအတွက် ကိုယ်ကျိုးစွန့်
ကြိုးပမ်းနေသူတစ်ဦးဖြစ်ကြောင်းကို ကျွန်တော်အနေဖြင့် အထူးအာမခံပါသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ မြန်မာတိုင်းရင်းဆေးလောကတွင်
အချိန်ကာလနှစ်ပေါင်းများစွာ မဖြစ်နိုင်ခဲ့သည့် ယခင်
တိုင်းရင်းဆေးပညာဒီပလိုမာဘွဲ့သမားများကို
ပေါင်းကူသင်းတန်းတွေဖွင့်လှစ်နိုင်ခဲ့အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း၊
တိုင်းရင်းဆေးတက္ကသိုလ်အတွက် မဟာဘွဲ့သင်တန်းတွေကို
မဖြစ်မနေဖွင့်လှစ်နိုင်ရန် ကြိုးစားအားထုတ် ပေးနိုင်ခဲ့သည့်
ကျွန်တော်တို့ မြန်မာ့တိုင်းရင်းဆေးလောကအတွက်
ဖခင်ကြီးတစ်ဆူလည်းဖြစ်ပါသည်။
တိုင်းရင်းဆေးတက္ကသိုလ်တွင်လည်း ယခင်က
စနစ်မကျခဲ့သည့်များ တက္ကသိုလ်တစ်ခုအနေ့ဖြင့် ပြုပြင်ပြောင်းလဲမှုများဖြင့်
နိုင်ငံတကာအဆင့်မီ ဆေးပညာသင်ကြားရေးတက္ကသိုလ်တစ်ခုဖြစ်အောင်
ဆေးပညာသင်ကြားရေးယူနစ်ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း၊
မြန်မာ့တိုင်းရင်းဆေးပညာအတွက် ဆွေးနွေးပွဲများ
တစ်လလျှင်တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ခြင်း၊ တိုင်းရင်းဆေးတက္ကသိုလ်
သာရေးနာရေးထောက်ပံ့ခြင်းရံပုံငွေများထူထောင်ပေးခြင်း၊
သင်ကြားရေးနည်းစနစ်အလုပ်ရုံဆွေးနွေးပွဲများကို နှစ်စဉ်
(၂)ကြိမ်ကျင်းပခြင်း၊ သုတေသနနည်းစနစ်အလုပ်ရုံဆွေးနွေးပွဲများ နှစ်စဉ်
(၂)ကြိမ်ကျင်းပခြင်းများကို
စတင်လမ်းကြောင်းဖော်လုပ်ကိုင်ဆောင်ရွက်ပေးသွားသူလည်းဖြစ်ပါသည်။
ထိုပြင်ခေတ်နှင့်အညီမြန်မာ့တိုင်းရင်းဆေးအား နိုင်ငံတကာက
ထိုပြင်ခေတ်နှင့်အညီမြန်မာ့တိုင်းရင်းေ
မှတ်တမ်းတင်နိုင်ရန်အတွက် ပြည်ပနိုင်ငံများ၏ အကူအညီဖြင့် ပညာတော်သင်များ
များစွာစေလွှတ် ပေးခဲ့ခြင်းများသည် ကျွန်တော်တို့
မြန်မာ့တိုင်းရင်းဆေးလောကသားများအတွက် ရှေ့မှနေပြီး ဦးဆောင်ဦးရွက်နှင့်
ပညာရပ်ပိုင်းဆိုင်ရာများတိုးတက်အောင် နေရောည ပါ
ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ လူတစ်ထောင်တွက် တစ်ယောက်မလုပ်နိုင်ခဲ့သည့်
မြန်မာ့တိုင်းရင်းဆေးတိုးတက်ရေးအတွက် ရှေ့တန်းမှနေကာ
ကြိုးပမ်းတိုက်ပွဲဝင်ဆောင်ရွက်နေသည့် ပါမောက္ခ ဒေါက်တာအောင်မြင့်အား
မပြိုလဲစေရန်အတွက် ကျွန်တော်တို့ တိုင်းရင်းဆေးဆရာများအနေဖြင့်
အထူးကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်သည်မှာ ကျွန်တော်အပါအ၀င်
မြန်မာ့တိုင်းရင်းဆေးဆရာတိုင်းနှင့် တိုင်းရင်းဆေးကို
တိုးတက်အောင်ကြိုးပမ်းကြသူတိုင်းတွင် ရှိအပ်သည့်
ကိုယ်ပိုင်တာဝန်တစ်ခုဖြစ်သည်ဟု အားလုံးက တညီတညွတ်တည်းခံယူကြပါသည်။
ယခုကဲသို့ မြန်မာ့တိုင်းရင်းဆေး၏ ဖခင်ကြီးတစ်ဆူဖြစ်သည့်
ပါမောက္ခဒေါက်တာအောင်မြင့်အား ဂုဏ်သိက္ခာထိခိုက်စေရန်နှင့်
ပြိုလဲပျက်စီးစေရန်အတွက် တိုက်ခိုက်လာသည့် မသမာလူတစ်စု၏
သွေးတိုးဆောင်ရွက်မှုများကို ကျွန်တော်တို့
မြန်မာ့တိုင်းရင်းဆေးဆရာများအနေဖြင့် အမှန်တရားပေါ်ပေါက်ရေးအတွက်
စီစစ်ဖော်ထုတ်နိုင်ပါရန်အတွက် လူကြီးမင်းတို့online တာဝန်ခံများအနေဖြင့်
ကျွန်တော်တို့ဖြင့် ပူပေါင်းဖော်ထုတ်ပေးပါရန်နှင့်
မြန်မာ့တိုင်းရင်းဆေးတိုးတက်ရေးအတွက် ကျွန်တော်တို့နှင့်အတူ
တစိတ်တဒေသဖြစ်စေ၊ ပူပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် ကျွန်တော်မေတ္တာရပ်ခံ
အပ်ပါသည်။
ရိုသေစွာဖြင့်
လှမျိုးဝင်း (တိုင်းရင်းဆေတက္ကသိုလ်)
.jpg)
ယခင်ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးကိုအောက်ပါ LLink မှာပြန်လည်ဖတ်ရှုနိုင်ပါသည်။
http://mgthetnaing.blogspot.com/2012/03/blog-post_4069.html
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment