ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီဟုကြားသိရ၍ ကလောNLDလူငယ်များကသွားရောက်တွေ့ဆုံရာ မတွေ့ရှိခဲ့ရပဲ တပ်သား ကျော်ဇင်ဝင်းအား အင်းကောင်းအမြောက်တပ်၏မြေအောက်ခန်းထဲတွင် ပြောင်းရွှေ့ချုပ်နှောင်ခံထားရပြီးအသက်အန္တရာယ်ပါစိုးရိမ် ရသည့်အခြေအနေဖြစ်နေသည်ဟုစုံစမ်းသိရှိခဲ့ရသည်ဟု YPI သို့ပြောပါသည်။
အင်းကောင်းအမြောက်တပ်၏တပ်ရင်းမှုးမှာ ဗိုလ်ချုပ်မြ၀င်းဖြစ်ပြီးလာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးအမတ်လောင်းတစ်ဦးဖြစ်သည်ဟုသိရှိရသည်။
တပ်သားကျော်ဇင်ဝင်းအားဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စအားကန့်ကွက်ကြောင်းနှင့် ထိုကိစ္စနှင့်ပါတ်သက်၍ဖြေရှင်းပေးပါရန်၊ အမှန်တကယ်ဖမ်းဆီးထားခြင်းမဟုတ်ပါကလည်း
တွေ့ဆုံခွင့်ပေးပါရန် ကလောNLDလူငယ်များကပြည်နယ်ကော်မရှင်ရုံး
သို့စာတင်မည်ဖြစ်ကြောင်းသိရှိရပါသည်။
YPI
အင်းကောင်းအမြောက်တပ်၏တပ်ရင
တပ်သားကျော်ဇင်ဝင်းအားဖမ်းဆ
တွေ့ဆုံခွင့်ပေးပါရန် ကလောNLDလူငယ်များကပြည်နယ်ကေ
သို့စာတင်မည်ဖြစ
YPI
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment