ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြဌာန်းလိုက်ကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြ ပါရှိပါတယ်။
နအဖအစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲတုန်း က ပြဌာန်းခဲ့ တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေဟာ ဖျက်သိမ်းလိုက်ပြီးတော့ လွှတ်တော်ကနေ သမ္မတဆီ တင်သွင်းပြီးတော့ အခုလို ဥပဒေသစ် အဖြစ် ပြဌာန်းလိုက် တာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲဆိုင်ရာ အမြင့်ဆုံး အာဏာပိုင် အဖွဲ့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေအပြင် နိုင်ငံရေး ပါတီ ဆိုင်ရာ ကိစ္စရပ်တွေကို အပြီးပြတ် ဆောင်ရွက်တဲ့ အဖွဲ့အစည်းလည်း ဖြစ် ပါတယ်။
ဒီဗွီဘီ
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment