
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သော နေပြည်တော် စီမံကိန်းများ အနက် လွှတ်တော် အဆောက်အအုံ ၃၃လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် က မတ်လ ၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။

နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများကို တွေ့ရစဉ်
ထို့ပြင် ဌာနဆိုင်ရာ(လျှပ်စစ်၊ ဆက်သွယ်ရေး၊ ဆောက်လုပ် ရေး)အတွက် ၆ ဒသမ ၇၁ ဘီလျံ၊ အမြတ်ခွန်နှင့် အမြတ်ငွေ ၁၄ ဒသမ ၈၆ ဘီလျံနှင့် စာရင်းစစ် ဆေးမှုအရ အပြီးသတ် စာရင်းရှင်းရန်ငွေနှင့် နိုင်ငံတော်သို့ Withholding Tax နှစ်ရာခိုင်နှုန်း ပေးသွင်းရန် ၄၆ ဒသမ ၉၁ ဘီလျံ ကုန်ကျခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
EMG
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment