မရမ်းကုန်းမြို့နယ်ရှိ သမိုင်းဘူတာရုံလမ်းနှင့် ရန်ကုန်အင်းစိန် လမ်းထောင့် ၂ရပ်ကွက်မှာ စူပါမားကတ် တစ်ခုကို ဖေဖော်ဝါရီလ ၁၇ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စူပါမားကတ်ဟာ City Mart Supermarket မှသမိုင်း ဆိုင်ခွဲအဖြစ် ဖွင့်လှစ်တာဖြစ်ပြီး ရန်ကုန်မြို့မှာ ဖွင့်လှစ်တဲ့ ဆိုင်တွေထဲမှာ ၁၃ဆိုင်မြောက် ဖွင့်လှစ်ခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စီးတီးမတ်စင်တာမှာ ပုံမှန်ရောင်းချတဲ့ ပစ္စည်းဆိုင်ခန်းတွေအပြင် စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဖိနပ်ဆိုင်များနဲ့ အလှပြင်ဆိုင် များလည်း ပါဝင်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်းများ၊ အသီးအရွက်နဲ့ သားငါးများ၊ အလှကုန်ပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်း အမျိုးမျိုးတို့ ကို ရောင်းချလျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ စူပါမားကတ်ကို နေ့စဉ်နံနက် ၉နာရီမှ ည ၁၀နာရီအထိ ဖွင့်လှစ်ရောင်းချသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။







0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment