မြန်မာနိုင်ငံမှ အင်တာနက် အသုံးပြုသူများ အနေဖြင့် မိမိတို့၏ Online လုံခြုံရေးကို ဂရုပြုသင့်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက်နေ့များက မြန်မာအင်ဖိုတက်ခ် (MIT) အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သည့် Barcamp Yangon (2012 )တွင် နိုင်ငံခြားသား ပညာရှင်တစ်ဦး၏ ဆွေးနွေးပြောကြားချက်မှ သိရသည်။ မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူ အများစုသည် Cyber Cafe များတွင် အသုံးပြုသူများဖြစ်၍ ထိုသို့ အသုံးပြုမည်ဆိုပါက မိမိတို့၏ ကိုယ်ပိုင် Memory Stick များတွင် Internet Browser များကို ထည့်သွင်းထား၍ ထို Browser များကို အသုံးပြုသင့်ကြောင်း၊ စက်အတွင်းမှ Browser များကို အသုံးပြုမည်ဆိုပါက အသုံးပြုပြီးချိန်တွင် History များကို Clear လုပ်ရန် လိုအပ်ကြောင်း၊ မိမိတို့ အသုံးပြုမည့် အင်တာနက်ဆိုင်၏ အခြေအနေကို အရင်လေ့လာ အကဲခတ်သင့်ကြောင်း၊ တချို့သော အင်တာနက်ဆိုင်များမှာ မိမိတို့နှိပ်လိုက်သမျှ Key များကို ပြန်ဖော်ပေးခိုင်းသည့် Software များ စက်တွင် ထည့်သွင်းထားတတ်ကြောင်း၊ ဆိုင်အတွင်း တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာများ ထားတတ်ကြောင်း၊ ဆိုင်အတွင်း တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာများမှလည်း မိမိတို့၏ အချက်အလက်များကို ခိုးယူနိုင်သည်ကို သတိပြုသင့်ကြောင်း ထိုနိုင်ငံခြားသားပညာရပ်မှ ဆွေးနွေးပေးခဲ့သည်။ ထို့ပြင်မိမိတို့၏ Password များကိုလည်း ဂဏန်းများ၊ အက္ခရာများအပြင် Symbol ကလေးများကို ပါထည့်သွင်း၍ စာလုံးရေများများဖြင့် ပြုလုပ်သင့်ကြောင်း၊ email နှင့် တခြားအရေးကြီးသည့် Website များ အသုံးပြုရာတွင် “https:ll” ဆိုသည့် Security ပါသော website များကို အသုံးပြုသင့်ကြောင်း၊ အနာဂတ် မြန်မာနိုင်ငံတွင် Online Banking အပြင် တခြားသော ငွေကြေးဝန်ဆောင်မှုများ လာတော့မည်ဖြစ်၍ မိမိ၏ လုံခြုံရေးမှာ အရေးကြီးလာသဖြင့် လေ့လာထားသင်.ပါသည်...
Home »
» မြန်မာနိုင်ငံမှ အင်တာနက်အသုံးပြုသူများ အနေဖြင့် မိမိတို့၏ Online လုံခြုံရေးကို ဂရုပြုသင့်
မြန်မာနိုင်ငံမှ အင်တာနက်အသုံးပြုသူများ အနေဖြင့် မိမိတို့၏ Online လုံခြုံရေးကို ဂရုပြုသင့်
Wednesday, February 22, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.
မြန်မာနိုင်ငံမှ အင်တာနက် အသုံးပြုသူများ အနေဖြင့် မိမိတို့၏ Online လုံခြုံရေးကို ဂရုပြုသင့်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက်နေ့များက မြန်မာအင်ဖိုတက်ခ် (MIT) အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သည့် Barcamp Yangon (2012 )တွင် နိုင်ငံခြားသား ပညာရှင်တစ်ဦး၏ ဆွေးနွေးပြောကြားချက်မှ သိရသည်။ မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူ အများစုသည် Cyber Cafe များတွင် အသုံးပြုသူများဖြစ်၍ ထိုသို့ အသုံးပြုမည်ဆိုပါက မိမိတို့၏ ကိုယ်ပိုင် Memory Stick များတွင် Internet Browser များကို ထည့်သွင်းထား၍ ထို Browser များကို အသုံးပြုသင့်ကြောင်း၊ စက်အတွင်းမှ Browser များကို အသုံးပြုမည်ဆိုပါက အသုံးပြုပြီးချိန်တွင် History များကို Clear လုပ်ရန် လိုအပ်ကြောင်း၊ မိမိတို့ အသုံးပြုမည့် အင်တာနက်ဆိုင်၏ အခြေအနေကို အရင်လေ့လာ အကဲခတ်သင့်ကြောင်း၊ တချို့သော အင်တာနက်ဆိုင်များမှာ မိမိတို့နှိပ်လိုက်သမျှ Key များကို ပြန်ဖော်ပေးခိုင်းသည့် Software များ စက်တွင် ထည့်သွင်းထားတတ်ကြောင်း၊ ဆိုင်အတွင်း တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာများ ထားတတ်ကြောင်း၊ ဆိုင်အတွင်း တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာများမှလည်း မိမိတို့၏ အချက်အလက်များကို ခိုးယူနိုင်သည်ကို သတိပြုသင့်ကြောင်း ထိုနိုင်ငံခြားသားပညာရပ်မှ ဆွေးနွေးပေးခဲ့သည်။ ထို့ပြင်မိမိတို့၏ Password များကိုလည်း ဂဏန်းများ၊ အက္ခရာများအပြင် Symbol ကလေးများကို ပါထည့်သွင်း၍ စာလုံးရေများများဖြင့် ပြုလုပ်သင့်ကြောင်း၊ email နှင့် တခြားအရေးကြီးသည့် Website များ အသုံးပြုရာတွင် “https:ll” ဆိုသည့် Security ပါသော website များကို အသုံးပြုသင့်ကြောင်း၊ အနာဂတ် မြန်မာနိုင်ငံတွင် Online Banking အပြင် တခြားသော ငွေကြေးဝန်ဆောင်မှုများ လာတော့မည်ဖြစ်၍ မိမိ၏ လုံခြုံရေးမှာ အရေးကြီးလာသဖြင့် လေ့လာထားသင်.ပါသည်...
Related Games
If you enjoyed this article just click here, or subscribe to receive more great content just like it.
Subscribe to:
Post Comments (Atom)

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment