Latest Games :
Home » » ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် အမေရိကန်တောင်းဆို

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် အမေရိကန်တောင်းဆို

Saturday, February 4, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.

မန်မာနိုင်ငံမှာ လာမယ့် ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှု ရှိ မရှိ နိုင်ငံတကာ​ ​လေ့လာရေးအဖွဲ့တွေကို​ ​စောင့်ကြည့်ခွင့်ပေးဖို့​ ​မြန်မာအစိုးရကို အမရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။
မိုက်ကယ်ပေါ့စ်နာ
အမေရိကန်လက်ထောက်နိုင်ငံခြားရေး မိုက်ကယ်ပေါ့စ်နာက ၀ါရှင်တန်မှာ အမေရိကန် အမျိုးသားဒီမိုကရေစီ​ထောက်ပံ့ရေးအဖွဲ့ NED က ကျင်းပတဲ့  အလုပ်ရုံ ​ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
မိုက်ကယ်ပေါ့စ်နာက ​ ​ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာကို စောင့်ကြည့်ခွင့်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ကိစ္စ​ ​မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ဖူးတဲ့​ ​အ​ကြောင်းနဲ့​ ​ပြည်တွင်းက​ ​စောင့်ကြည့်​ ​လေ့လာသူတွေကိုရော​​ ​ပြင်ပနိုင်ငံတွေက​ ​ရွေးကောက်ပွဲ​ ​စောင့်ကြည့်​ ​လေ့လာသူတွေအတွက်ပါ​ ​လမ်းဖွင့်ပေးလိမ့်မယ်လို့ ​ ​အရမ်းကို မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
ဒါ့ပြင် ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပေမယ့် ဒါဟာ လာမယ့် ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲသစ်ဆီ ဦးတည်တဲ့ ဒီမိုကရေစီကူးပြောင်းရေး လမ်းပေါက်သွားမယ်လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
လွှတ်တော် အသီးသီးမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာ ၄၈ နေရာအတွက် မြန်မာနိုင်ငံမှာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းမယ်လို့ မြန်မာရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။
မကြာခင်က မြန်မာနိုင်ငံ သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကတော့ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှု ရှိရင် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူထားမှုတွေ ပယ်ဖျက်ပေးဖို့ ပြဿနာ မရှိနိုင်ဘူးလို့လည်း ပြောကြားခဲ့ဖူးပါတယ်။
အာရှနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ (ANFREL) ခေါ် လွတ်လပ်တဲ့ ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက်အဖွဲ့ကတော့ မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို သဘောတူတဲ့အကြောင်း  ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာလေ့လာသူတွေကို  ပွင့်ပွင့်လင်းလင်း တရားဝင် ကြိုဆိုမယ့် လက္ခဏာ မတွေ့ရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
ANFREL ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး မစ္စက်စွမ်ဆရီဟာနန်အန်တစွခ်က “မြန်မာအုပ်ချူပ်ရေး တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံခြားမီဒီယာတွေနဲ့ သံတမန်တွေ အပါအ၀င် စောင့်ကြည့်သူတွေကို ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရင်က ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် တုံ့ပြန်တာမရှိပါဘူး။ ခွင့်ပြုမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘယ်လောက်ပွင့်လင်းလွတ်လပ်မှု ရှိသလဲ သွားကြည့်ချင်တဲ့ ဆန္ဒရှိပါတယ်” လို့ ပြောပါတယ်။
ဒါ့ပြင်  မဲဆွယ်မှုတွေအတွက်၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲအကြိုကာလဟာ အရမ်းကို အရေးကြီးတဲ့အကြောင်း၊  မွန်နဲ့ကချင်တို့လို လူနည်းစုတွေအတွက် အစိုးရက ဘယ်လောက်လမ်းဖွင့် ပေးထားတယ်ဆိုတာ ကြည့်ချင်တဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီတခေါက်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှာဖြစ်လို့ သူဘယ်လောက် လွတ်လပ်ခွင့်ရလဲဆိုတာလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျက်စိဒေါက်ထောက် ကြည့်နေမှာပါလို့  ANFREL အဖွဲ့ ကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပြည်တွင်းပြည်ပ လေ့လာသူတွေကို စောင့်ကြည့်ခွင့်ပြုဖို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက တောင်းဆိုခဲ့ဖူးပေမယ့် မြန်မာအစိုးရက ခွင့်ပြုခဲ့ခြင်း မရှိပါဘူး။ 
DVB
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger