Latest Games :
Home » » မုံရွာမြို့၌ လောင်စာဆီတင်ကားတစ်စီး မီးလောင်မှုဖြစ်ရာမှ ဓာတ်ဆီဆိုင်များကိုပါ ကူးဆက်လောင်ကျွမ်းမှုဖြစ်ပွား

မုံရွာမြို့၌ လောင်စာဆီတင်ကားတစ်စီး မီးလောင်မှုဖြစ်ရာမှ ဓာတ်ဆီဆိုင်များကိုပါ ကူးဆက်လောင်ကျွမ်းမှုဖြစ်ပွား

Sunday, February 26, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မအူဆီဆိုင်တန်းတွင်
လောင်စာဆီတင်မော်တော်ယာဉ်တစ်စီးသည် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်း ၄နာရီ ၁၅ မိနစ် အချိန်၌ မော်တော်ယာဉ်ပေါ်မှ လောင်စာဆီများကို အတင်အချလုပ်ရာမှ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ယင်းမှတဆင့် ဓာတ်ဆီဆိုင်များကိုပါ မီးကူးဆက်လောင်ကျွမ်းကာမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေခံများကပြောကြားသည်။

လောင်စာဆီများတင်ဆောင်ထားသောမော်တော်ယာဉ်တစ်စီးသည် မော်တော်ယာဉ်ပေါ်မှ လောင်စာဆီများအတင်အချလုပ်နေရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါမော်တော်ယာဉ်သည် မီးလောင်မှုဖြစ်ပွားနေစဉ် အဝေးသို့မောင်းထွက်ပြေးသွားကြောင်း၊ အခြားသော လောင်စာဆီတင်ယာဉ်တစ်စီးသည်လဲ မီးလောင်ခံရမည်ကို စိုးရိမ်သဖြင့် မောင်းနှင်ထွက်ပြေးရာမှ ကားလမ်းမဘေးရှိရေမြောင်ထဲသို့ထိုးကျသွားကြောင်း၊ မီးစတင်လောင်ကျွမ်းခံခဲ့ရသော လောင်စာဆီတင်မော်တော်ယာဉ်ကို မီးသတ်တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်ငြိမ်းသတ်ရာ ၄ နာရီ မိနစ် ၅၀ အချိန်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း မုံရွာမီးသတ်ဌာနမှ စုံစမ်းသိရှိရသည်။


“လူနှစ်ယောက်ဒဏ်ရာရလို့ ဆေးရုံတော့တင်ထားရတယ်။ ယာဉ်မောင်ကတော့ ထွက်ပြေးနေတယ်” ဟု အခင်ဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သူ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးကပြောကြားသည်။

  The Express Times




 
  The Express Times
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger