
လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် မှာ ဒီဇာတ်ကားက ပရိသတ် အကြိုက်ဆုံး ဆုရရှိခဲ့တဲ့ အပေါ် ဆရာ့အမြင်ကို မေးကြည့်တော့ ”ပရိသတ် တစ်ယောက် အနေနဲ့ ကြိုက် နှစ်သက်တယ်။ ပရိသတ် အားလုံးလည်း ကြိုက်မှာပါ။ ကြည့်လိုက်တဲ့ လူတစ်ယောက် က ပျော်ရွှင်နိုင်တယ်။ လောကကြီးမှာ အမြီးအမောက် မတည့်ဘဲ လွဲချော်နေတာကို ဟာသရသ ပေါ်လွင်ပါတယ်။ တကယ့် အတွင်းထဲ မှာ ဒီလိုမျိုး မဟုတ်ပါဘူး။ အနည်းငယ်တော့ ရှိကောင်း ရှိလိမ့်မယ်။ တစ်ကမ္ဘာလုံးနဲ့ ယှဉ်လိုက်ရင် ပရိသတ် အားလုံး ကြိုက်အောင် လုပ်ကြတယ်။ ဒါကို အမှန်တရားလို့ ပြောမရဘူး။ ဖျော်ဖြေရေးတော့ ကြိုက်နှစ်သက်တယ်။ ဒီ အချက်အလက်တွေကို ခိုင်လုံအောင် လေ့ လာဖို့ လိုတယ်” လို့ ပြောပါတယ်။
ဆင်ဆာ အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံကို မေးကြည့်တော့ ”ကြည့်ရှုမှု အပိုင်းမှာ သူ့ ရှုထောင့် အနေနဲ့ သူကြည့်ကြတယ်။ အဲဒီလို ကြည်တဲ့အခါ ရပ်တည်ချက် မတူလို့ ထိပ်တိုက် ဖြစ်ကြတာတွေလည်း အများကြီးပဲ၊ အဲဒီ အချိန်တုန်းက ရှိနေတဲ့ မူဝါဒနဲ့သာ အကိုက်ညီဆုံး ဖြစ်အောင် ဆောင်ရွက် ကြတယ်။ အခု ပြောင်းလဲလာတဲ့ အခြေအနေမှာ ဒီလိုမျိုးတွေ မဖြစ်သင့်ဘူး။ အရင်တုန်းက ရုပ်ရှင်၊ ဗီဒီယိုက တစ်နှစ်ကို ဇာတ်ကား(၁ဝဝဝ)ကျော် လောက် ကြည့်ရတယ်။ တော်တော်လေး ငြီးငွေ့အောင် ကြည့်ရတယ်။ ကြည့်ပြီး ပျော်ရွှင်ရတဲ့ ဇာတ်ကားက ဘယ်လောက်မှ သိပ်မရှိဘူး။ စိတ်ထဲ မှာ ဟာသ ရသလေး ရသွား တာမျိုး မရှိ သလောက်ပဲ၊ စိတ်ထဲ အမြဲညစ်ရတယ်။ ပြတဲ့ ပြကွက်တွေက လိုအပ်ချက်တွေ ရှိကြတယ်။ အခုဟာက ရုပ်ရှင်၊ဗီဒီယို၊ ဒီဗီဒီ အပြင် တခြား ဖျော်ဖြေရေးတွေ ဝင်လာတယ်။ Cyber Space တွေ များလာတယ်။ ဆင်ဆာ ဆိုတာ အလှမ်းမမီတဲ့ ကမ္ဘာလောကကြီးက အများကြီး ကျယ်ဝန်းလာတယ်။ ဒါကို သိထားရ တယ်။ မြန်မာနိုင်ငံသား အားလုံးကို ကိုယ်စားပြုတဲ့ ရပ်တည်ချက်တွေ ရှိကြရမယ်။ မြန်မာ့ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် ဓလေ့ ထုံးစံတွေ ညီမျှအောင် သင်ခန်း စာ ရမယ့် ဟာမျိုး လိုအပ်တယ်၊ ဂုဏ်ကို ဖော် ဆောင်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မယ် ဆိုရင် ဝမ်းသာစရာ ကောင်းတယ်”လို့ ပြောပါတယ်။
ထွဋ်မြတ် (ပေါ်ပျူလာဂျာနယ်)
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment