Latest Games :
Home » » ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာဝန်းကျင်ရှိ ရေမဆေးကျောက် ဈေးကွက်တွင် ၀ယ်လက်မရှိ

ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာဝန်းကျင်ရှိ ရေမဆေးကျောက် ဈေးကွက်တွင် ၀ယ်လက်မရှိ

Sunday, January 1, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.

ရေမဆေးကျောက်
ဖားကန့်မြို့နယ်၊လုံးခင်း ကျေးရွာဝန်းကျင်ရှိ ရေမဆေးကျောက် ဈေးကွက်တွင် ၀ယ်လက်မရှိသောကြောင့် ဈေးကွက်အေးနေကြောင်း သိရသည်။
အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ ကုန်သည်ဝယ်လက်နည်းပါးလာမှုနှင့် ဈေးနှိမ်ဝယ်ယူမှုများကြောင့် ရေမဆေးကျောက် ဈေးကွက်မှာ ယခင်နှစ်ဈေးနှုန်းများ၏ ၇၀ရာခိုင်နှုန်း ခန့်ထိ ကျဆင်းနေကြောင်းသိရသည်။
ယင်းသို့ဈေးကွက်အနေအထား အရလုံးခင်းကျေးရွာ ၀န်းကျင်ရှိ မှော်များ၌ ရေမဆေးကျောက် ရှာဖွေသူများ အခက်ကြုံတွေ့လျက်ရှိပြီး ဆန်ခါမှော်တွင် လုပ်ကိုင်နေသော ကိုမျိုးအောင်က “ကျောက်ရပေမယ့် ပြန် ရောင်းဖို့ ရောင်းလက် မရှိတာကြောင့် ရေမဆေးကျောက်တွေ ပုံနေတယ်။ဒေသတွင်း အခြေအနေကြောင့်နဲ့ တရုတ်နှစ်ကူးပွဲနီးတာကြောင့် ဈေး ကွက်က တော်တော်ပျက်နေတယ်။တရုတ်ကုန်သည်အများစုက နေရပ် ပြန်ကြတာကြောင့် ဒေသခံလုပ်ငန်း ရှင်တချို့လောက်ပဲ ၀ယ်လက်ရှိတော့ ထမင်းစားကျောက်လို့ ခေါ်တဲ့ သောင်းကျောက်၊ သိန်းကျောက်လောက်ပဲ အနည်းငယ် အရောင်းအ၀ယ်ဖြစ်တယ်။ ဒါကြောင့် ရေမဆေးသမားတွေ အနေနဲ့ စားဖို့သောက် ဖို့လောက်နဲ့ရပ်တည်နေကြရတယ်” ဟု ပြောကြားသည်။
“၀ယ်လက်မရှိလို့ ဈေးကွက် အေးတယ်ဆိုပေမယ့် အရင်နှစ်တွေ လို မျိုးနှစ်သစ်ကူးကြောင့် အေးတာ မျိုးတော့မဟုတ်ဘူး။ ပြောရရင် ကုန်သည် ၀ယ်လက်တွေက ကျောက်သားအရည်ပါမပါ ကြည့်တယ်။ ရေမဆေးကျောက် ဆိုတာ အရင်က ဒီလိုပြစရာမလိုဘူး။ ခုဈေးနှုန်းတွေ က ပုံမှန် ၁၀ သိန်းတန်ကျောက်ကို နှစ်သိန်းလောက်ပေးပြီး နှိမ်ဝယ်တာ ဆိုတော့ ဈေးကွက်ပျက်တဲ့ သဘော ဖြစ်နေတယ်”ဟု လုံးခင်းကျေးရွာ အနီးရှိ မှော်ဆီဇာမှော်မှ ရေမဆေးကျောက် ရှာဖွေလုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
“ထမင်းစားကျောက် လောက်ပဲ အရောင်းအ၀ယ်ဖြစ်ကြပြီး ထောင်ကျောက်ဆိုတာ ထားဦး ဆယ်ကျောက်၊ ရာကျောက်တွေ မဖြစ်တာတောင် အနည်းဆုံးနှစ်လကျော်ရှိပြီ” ဟု လုံးခင်းကျေးရွာအနီးရှိ မှော်ဆီဇာ မှော် မှ ရေမဆေးကျောက် ရှာဖွေလုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger