Latest Games :
Home » » Software မသုံးပဲ Internet Speed မြင့်တဲ့နည်း

Software မသုံးပဲ Internet Speed မြင့်တဲ့နည်း

Friday, December 23, 2011 | 0 မှတ်ချက်ကလေးရေးပေးနော်.


အခု ကျွန်တော် ရေးပေးမဲ့ နည်းလမ်းလေးကတော့ အင်တာနက် အသုံးပြုတဲ့ အခါမှာ မိမိတို့ကွန်ပျူတာက အသုံးပြုသူ ( Client Computer ) အဖြစ် အသုံးပြုတဲ့ သူများအတွက် အင်တာနက် Speed ကိုတိုးပြီး အသုံးပြုလို့ ရမယ့် နည်းလမ်းလေးပါ .. ကျွန်တော်လည်း အားလုံးအတွက် အဆင်ပြေမယ် ထင်လို့ ပြန်ရေး ပေးတာ ဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ခါထဲ ပြောပြပါရစေ .. မေးခွန်းမေးရင်လည်း ဖြေလို့ ရမဲ့ မေးခွန်းမျိုးကို မေးတာ ပိုအဆင်ပြေမယ် ထင်ပါတယ် .. မြန်မာနိုင်ငံမှာ ပေးနေတဲ့ အင်တာနက်လိုင်းတွေ တစ်ချို့လိုင်းတွေ ပျက်နေတယ် .. လိုင်းတွေက မမှန်ပဲ တက်လိုက်ကျလိုက်တွေ ဖြစ်နေတာတွေက ကျွန်တော်လည်း ဘာမှ လုပ်ပေးလို့ မရပါဘူး .. အဲ့ဒါမျိုးကို ဘယ်လိုလုပ်ရမလည်း မေးရင်တော့ ကျွန်တော်လည်း ပြန်ဖြေပေးဖို့ ခက်ပါလိမ့်မယ် .. လောလောဆယ် အဆင်ပြေနိုင်မဲ့ နည်းလမ်းလေးကိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး Keyboard မှ Ctrl + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ gpedit.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Local Group Policy Ediitor Box ပေါ်လာပါလိမ့်မယ် .

အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Administrative Templates >> Network >> QoS Packet Scheduler ဆိုပြီး အဆင့်ဆင့် သွားပြီး QoS Packet Scheduler ကိုရောက်ပြီ ဆိုရင် ညာဘက်က Limit reservable bandwidth ကိုရှာပါ .. တွေ့ပြီဆိုရင် အဲ့ဒီကောင်လေးကို Double Ckick ပေးလိုက်ပါ

အောက်ကပုံအတိုင်း Limit reservable bandwidth Box လေးပေါ်လာပါလိမ့်မယ် .. အဲ့ဒီကျရင် ပုံမှာ ပြထားတဲ့ အတိုင်း Not Configured ကို Enable ပေးလိုက်ပါ .. ပြီးရင် Bandwidth limit ( % ) ကို 20 မှ 80 ပြောင်းပေးလိုက်ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ယုံပါပဲ

ဒါကတော့ Client Computer တွေမှာ Internet Speed ကို လက်ရှိ Bandwidth Limit ထက်ပိုပြီး မြှင့်ပြီး သုံးနိုင်မဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. သုံးကြည့်ချင်တဲ့ သူတွေကတော့ စမ်းကြည့်လိုက်ပေါ့ဗျာ ..

Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger