Latest Games :
Home » » ဖိုက်ဘာအင်တာနက်စီမံကိန်း လာရောက်လုပ်ကိုင်ရန် ကမ္ဘောဒီးယားစီစဉ်

ဖိုက်ဘာအင်တာနက်စီမံကိန်း လာရောက်လုပ်ကိုင်ရန် ကမ္ဘောဒီးယားစီစဉ်

Thursday, December 29, 2011 | 0 မှတ်ချက်ကလေးရေးပေးနော်.



Photo

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်မှုစနစ်ဖြစ်သော ဖိုက်ဘာအင်တာနက်
ဆက်ကြောင်းသွယ်တန်းရေးစီမံကိန်းကို လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မြန်မာ့စီးပွားရေးကော်မရှင် (MIC) သို့ တင်ပြထားကြောင်းသတင်းရရှိသည်။
ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာ နိုင်ငံသို့လာရောက်ပြီး အိုင်စီတီ လုပ်ငန်းဆိုင်ရာနှင့်ပတ်သက်သောအထက်ပါရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ယခုလ ပထမပတ် နှင့် ဒုတိယပတ်အတွင်း နေပြည်တော်ခရိုင်၌ပြုလုပ်ခဲ့သည့် အာဆီယံဆက်သွယ်ရေးဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးတွင်ကမ္ဘောဒီးယားဝန်ကြီးကပြောကြား ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားသောအဆိုပါ အင်တာနက်ဆက်သွယ်မှုစီမံကိန်းသည်လည်း လာမည့် ၂၀၁၂ နှစ်အတွင်း ခွင့်ပြုချက်ကျလာဖွယ်
ရှိ နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အဆိုပါမြန်နှုန်းမြင့်ဖိုက်ဘာဆက်ကြောင်းစီမံကိန်းကို လာရောက်ရင်းနှီးမြှုပ်နှံမှုပြုသည့်အခါ ရန်ကုန်-ပြည်- မကွေး-နေပြည်တော်အစရှိသည့် မြို့ကြီးများနှင့် သွယ်တန်းကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံဆက်သွယ်ရေးဝန်ကြီးများအစည်းအဝေးမှသိရသည်။လက်ရှိတွင် မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုကော်မရှင်မှကျလာမည့် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရသည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အဆိုပါစီမံကိန်းကို ဆောင် ရွက်ရမည်ဆိုပါက BOT စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းသို့ဆောင်ရွက်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် သဘောတူညီချက်များရရှိပြီးဖြစ် ကြောင်းသိရှိရသည်။
အလင်းဖန်မျှင် ၇၈ ချောင်း (78 Fiber Core) ပါဝင်သော ဖိုက်ဘာစနစ်ဖြင့် ပြည်တွင်းအင်တာနက်ဆက်သွယ်မှုစနစ်ကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်မည့်ကုမ္ပဏီမှာ CFOC အမည်ရ Cambodia Fiber Optical Company ဖြစ်သည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်များ၌ အဓိက၀န်ဆောင်မှုပေးနေသည့် Fiber to the Home (FttH) ၀န်ဆောင်မှုများသည် တစ် နိုင်ငံလုံးအတိုင်းအတာအားဖြင့်တွင်ကျယ်ရန် များစွာလိုအပ်နေ သေးကြောင်းနှင့် ယခုကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း အဆိုပါအာဆီ ယံဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ပြည်တွင်း ကွန်ပျူတာပညာရှင်အချို့နှင့် လုပ်ငန်းရှင်အချို့က ထောက်ခံခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၄င်းတို့ဘက်မှအဆင်သင့်ဖြစ်နေပြီဖြစ်သည့် အဆိုပါဖိုက်ဘာ ဆက်ကြောင်းစီမံကိန်းကို မြန်မာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရသည်နှင့်ချက်ချင်း အကောင်အထည်ဖော်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးက ယင်းအစည်းအဝေးတွင်ထပ်လောင်းပြောကြားခဲ့သည်။အင်တာနက်ဆက်သွယ်မှုလုပ်ငန်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ကမ္ဘောဒီးယားနိုင်ငံမှ ယခုကဲ့သို့ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် စီမံကိန်းသည် လုပ် ကိုင်ခွင့်ရရှိလာမည်ဆိုပါက တရုတ်နိုင်ငံပြီးလျှင် ဒုတိယမြောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လာသည့် ပထမဦးဆုံး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာမည်ဖြစ်သည်။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger