Tuesday, November 6, 2012

အရှင်ဆေကိန္ဒ ကချင်စစ်ရှောင်စခန်းများသို သိန်း ၁၄၀၀ ခန့် သွားရောက်လှူဒါန်း

ပူတာအိုတွင် ဆန်ရှားနေမှုနှင့် နှစ်ဖက်စစ်ရေးကြောင့် ကချင်စစ်ရှောင်စခန်းများသို့ ရောက်ရှိနေသူများကို ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ဦးဆောင်၍ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်း မက်စ်မြန်မာ ဥက္ကဌ ဦးဇော်ဇော် တို့က အောက်တို ဘာ ၃၁ ရက်နေ့နှင့် နိုဝင်ဘာ၁ ရက်နေ့များတွင်ကျပ် သိန်း ၁၄၀၀ ခန့် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားအရောက် ဆန်၁အိတ်လျှင် ၁၈၀၀၀ ကျပ်နှုန်းဖြင့် အရောက်ပို့ကာ မြစ်ကြီးနားမှပူတာအိုသို့ တပ်မတော်လေကြောင်းဖြင့် ဆန်အိတ်ပေါင်း ၆၄၀ အပါအ၀င် ဆီ၊ ဆားနှင့် မားမားခေါက်ဆွဲခြောက်စုစုပေါင်း သိန်းပေါင်း ၁၅၀ကျော်ကို လှူဒါန်းခဲ့သည့်အပြင်မြစ်ကြီးနား ၀ိုင်းမော် ရှိ စစ်ရှောင်စခန်း ၃၈ခုအားလည်း ဆန်၊ ဆီ၊ ဆား၊ စောင်နှင့် စားသောက်ဖွယ်ရာ ဆေးဝါးစုစုပေါင်း ကျပ်သိန်း၅၃၀ ကျော်တန်ဖိုးရှိ ပစ္စည်းတို့ကို လှူဒါန်းခဲ့သည်ဟု လိုက်ပါလှူဒါန်းခဲ့သူ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဆရာတော်အရှင်ဆေကိန္ဒက ``အခြေအနေနဲ့အချိန်အခါအရ လှူဖြစ်တာပါ။ လှူချင်နေတာကြာပါပြီ´´ဟု
မိန့်ကြားသည်။
ကျောင်းများတွင်ပါ နေရာယူလာသည့် ကေအိုင်အေတပ်ဖွဲ့ဝင်များ

စစ်ရှောင်စခန်းများသို့ သွားရောက်လှူဒါန်းစဉ် စခန်းရှိ ဒုက္ခသည်တို့၏တောင်းဆိုမှုကို ယခုအချိန်ထိနားထဲမှ မထွက်သေးပါကြောင်းဆရာတော်ကဆက်လက်မိန့်ကြားသည်။

``ဘုန်းဘုန်း စစ်ပြေငြိမ်းအောင်မြန်မြန်လုပ်ပေးပါဘုရား၊ အိမ်မြန်မြန်ပြန်ချင်ပါပြီ ဘုရားတဲ့ အခုထက်ထိ ဒီစကား နားထဲကမထွက်သေးပါဘူး´´ ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

လက်ရှိဖြစ်ပွားနေသောစစ်ကို အမြန်ဆုံးပြေငြိမ်းစေရန် စစ်ဘက်ဆိုင်ရာ အရာရှိများ အပါအ၀င် ကချင်ပြည်သူတို့အားငြိမ်းချမ်းရေးတရား ၃ ပွဲဟောကြားခဲ့ပြိး စစ်ပွဲအမြန်ဆုံးရပ်စဲရေးကို ဆရာတော် အရှင်ဆေကိန္ဒက တိုက်တွန်းခဲ့သည်။

ခရစ်ယာန်ဘာသာရေး ဆရာတော်တို့နှင့် ခင်မင်ရင်းနှီးစွားတွေ့ဆုံခဲ့သေးပြိး အလှူငွေများပေးအပ်ချီးမြင့်ခြင်းနှင့် အတူ စစ်ဘေးသင့်နှင့် မိဘမဲ့ကလေး ၅၀၀၀ ဦးတို့အားလည်း တစ်ဦး ၁၀၀၀ ကျပ်စီ လှူဒါန်းခဲ့သေးကြောင်းသိရှိရပါသည်။
(မောင်ကျောက်ခဲ အဖွဲ့)
ဘကြီးသက်
Unknown at 10:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗီဇာငွေထုတ်ကတ်များ မြန်မာနိုင်ငံ၌ တရားဝင် သုံးစွဲနိုင်တော့မည်

ဗီဇာသည် ကမ္ဘာပေါ်တွင် လုပ်ငန်းစဉ်အရပ်ရပ်အား Visanet ကို လည်ပတ်စေပြီး တစ်စက္ကန့်လျှင် ငွေချေမှုပေါင်း ၂၄၀၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှု ပေးနိုင်သကဲ့သို့ အတုလုပ်မှုများမှလည်း သုံးစွဲသူများကို ကာကွယ်ပေးနိုင်ပြီး ကုန်သည်များအတွက်လည်း အာမခံငွေချေမှုများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
 ယခုအခါ ကမ္ဘာ့အကြီးဆုံး ငွေပေးချေမှု ကွန်ရက်ဖြစ်သည့် ဗီဇာသည် ဗီဇာငွေထုတ်ကတ်များကို မြန်မာနိုင်ငံ၌ တရားဝင်လက်ခံ သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီ ဖြစ်သည်။ ဗီဇာသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရန်နှင့် နိုင်ငံတကာ စီးပွားရေးကဏ္ဍအတွင်းသို့ ပူးပေါင်းဝင်ရောက်နေခြင်းတို့ကို ကူညီပံ့ပိုးပေးရန်တို့အတွက် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့ဖြင့် သဘောတူညီချက်များကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ 
အဆိုပါဘဏ်များသည် လိုင်စင်သဘောတူညီချက် စာချုပ်နှင့်အညီ ဗီဇာငွေထုတ်ကတ်များကို ရယူသွားမည်ဖြစ်ပြီး ဗီဇာကတ်များကို ATM စက်များနှင့် Point-of-sale နေရာများတွင် လက်ခံအသုံးပြုနိုင်မည် ဖြစ်ရာ စီးပွားရေးနှင့် နိုင်ငံခြားခရီးသွား လုပ်ငန်းများတွင် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။
(မောင်ကျောက်ခဲ အဖွဲ့)

ဘကြီးသက်
Unknown at 10:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ 

 မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့အား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လက်အောက်မှ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ လွဲပြောင်းလိုက်ကြောင်းသိရသည်။ လွဲပြောင်းသည့် အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၆ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ မီးသတ်ဦးစီးဌာန ရုံးချုပ် တွင်ကျင်းပခဲ့သည်။ မီးသတ်တပ်ဖွဲ့သည် ယခင်က ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် တည်ရှိခဲ့ခြင်းဖြစ်ပြီး ၁၉၉၂ ခုနှစ် ရောက်မှသာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လက်အောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဘကြီးသက်
Unknown at 10:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထိုင်း Lady boy ၊ မြန်မာ မိုးကြိုး ငှက်ငယ်ကလေးများနဲ့ နန်းခင်ဇေယျာကို စိုးရိမ်တယ်

ရန်ကုန်မြို့ MCC ခန်းမမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက် တွေက “ထိုင်းလုလင်ပျိုတို့ရဲ့ ဣတ္ထိယအသွင် ကကြိုး သဘင်” ဆိုပြီး ထိုင်းနိုင်ငံက Lady boy အလှပဂေးတွေ ခြိမ့်ခြိမ့်သဲ လာရောက်ဖျော်ဖြေခဲ့ကြတာ အားလုံးလည်း အသိပါ။ အဲဒီဖျော်ဖြေပွဲမှာ သူတို့ရဲ့ ၀တ်စားဆင်ယင် တင်ဆက်မှုတွေကို မြန်မာ ပွဲကြည့် ပရိသတ်တွေကလည်း တအံ့တသြ ကြည့်ရှုခဲ့ကြတာပါ။ Lady boy တွေရဲ့ဖျော်ဖြေတင်ဆက်မှုကို ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားသား တွေတောင် ဈေးကြီးကြီးပေးပြီး မက်မက် စက်စက် လာရောက်ကြည့်ရှု ကြရတယ်။ မြန်မာပြည်ကြီးမှာလည်း ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်လောက် ကတည်းက လိင်တူချစ်သူ(မိန်းမလျာ) တွေရဲ့ ဖျော်ဖြေ တင်ဆက်မှုဟာ မြန်မာပြည်အနှံ့ ရာသီအလိုက် ဘုရားပွဲတွေမှာ ပရိသတ်ကို ဆွဲဆောင် အောင်မြင်ခဲ့တာမျိုး ရှိခဲ့ဖူးပါတယ်။ “မိုးကြိုး ငှက်ငယ်ကလေးများ”ဆိုတဲ့ အလွန်နာမည်ကြီး ကျော်ကြားခဲ့တဲ့ လိင်တူချစ်သူများ အဖွဲ့ပါ။ မစပ်စု သိသလောက်တော့ ၁၉၆၇ ခုနှစ်ကတည်းက စတင်တည်ထောင် ခဲ့တဲ့ အဖွဲ့ပါ။ အဲဒီခေတ်အခါက နာမည်ကြီး မင်းသား မင်းသမီးတွေနဲ့ ခွဲမရအောင်တူတဲ့ စတိုင်တွေ၊ ၀တ်စားဆင်ယင်မှုတွေ၊ တေးသီချင်းတွေ၊ တေးသရုပ်ဖော်၊ စတိတ်ရှိုး စတာတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ထိုင်း Lady boy တွေက ကြေးကြီးကြီးနဲ့ တင့်တောင့်တင့်တယ် ဖျော်ဖြေ လာနိုင်တဲ့အချိန်မှာ မစပ်စုတို့ မြန်မာပြည်က“မိုးကြိုး ငှက်ငယ်ကလေးများ” အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှု ကဏ္ဍကတော့ ပါမစ်အခက်အခဲတွေ၊ နေရာ အခက်အခဲတွေနဲ့ အများကြီး ရင်ဆိုင်ခဲ့ရလို့ အခုနောက်ပိုင်းမှာ ဘုရားပွဲ တိုင်းကို လိုက်မကနိုင်တော့ဘဲ အဖွဲ့တွင်း စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ “မိုးကြိုး ငှက်ငယ်ကလေးများ” အဖွဲ့ ခေါင်းဆောင် စောနန္ဒာ က ပြောပြပါတယ်။ “အခုဆို ပွဲတိုင်း လိုက်မကနိုင်တော့ဘူး။ ရုံကြီးသွင်းဖို့ အရမ်းခက်ခဲလာပါ တယ်။ ရုံခတွေ မြေခတွေ၊ သစ်၊ ၀ါး၊ ဓနိ တွေ အရမ်းဈေးကြီးတာပဲ။ အရမ်း ခက်ခဲတာပဲ။ ဂေါပကတွေ မဟုတ်ဘူး၊ လောပကတွေ၊ လောဘကြီးတာတွေ များတော့ မနိုင်တော့ဘူး။ အဲ့ဒီမှာတင် အနုပညာကြေးက ဘာမှမရှိတော့ဘူး။ တချို့ ဘုရားပွဲတွေကျတော့ ဟိုတုန်းကဆို ဇာတ်ရုံသုံးနေရာ၊ လေးနေရာ။ အခုဆိုရင် တရုံပဲ ပေးတော့တယ်။ အဲ့ဒီတရုံတောင်နာမည်ကြီးဇာတ်ကြီးတွေ ၀င်လာရင် ကိုယ်က လုံးဝ နေရာမရတော့ဘူး။ အဲ့တော့ ကိုယ့်ဘာသာ ရုံဆောက်ပြီဆိုရင် ရုံခ၊ မြေခတွေက ဈေးတွေကြီးတော့ မ၀ယ်နိုင်၊ မ၀ယ် နိုင်တော့ နားရတာ များလာတယ်။ ပွဲကြီး တွေပဲ ဦးစားပေးပြီး နှိမ်တဲ့ သဘောပေါ့”လို့ သူက ဆိုပါတယ်။ အဲဒါတွေထက် ဇာတ်ရုံကြီးတွေမှာ လိင်တူချစ်သူတွေရဲ့ ဖျော်ဖြေတင်ဆက်မှု တွေကို လက်မခံနိုင်တဲ့ အနေအထားလည်း ရှိပါသေးတယ်။ “ကျနော်တို့ နိုင်ငံအနေနဲ့က ဖိလည်းမဖိနှိပ်ဘူး။ အားလည်း မပေးဘူး။ ပုံမှန်ပဲ ထားထားတာ။ ဒီတော့ လုပ်ရတာလည်း သိပ်အဆင် မပြေဘူး။ ကျနော်တို့မှာ အနုပညာအားရှိတယ်။ ပံ့ပိုးမှုအားလုံးဝမရှိဘူး။ ပံ့ပိုးဖို့နေနေ သာသာ အမျိုးသားဇာတ်ရုံကြီးကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ငှား ကမယ်ဆိုတောင် အခြောက်မတွေကို ပေးမကဘူး။ အဲ့တော့ ဇာတ်ရုံကြီးတွေမှာ ဖျော်ဖြေဖို့ မပြောနဲ့ တန်ဆောင်တိုင် သီတင်းကျွတ်ဘုရားပွဲတွေမှာတောင် ဒီအတိုင်းဆို ပါမစ် မပေးချင်ဘူး။ ကာရာအိုကေ လိုမျိုး ရပ်ကွက်ထဲက ဆိုတဲ့သူလေးတွေ ထည့်ရတယ်။ ကိုယ်က ပစ္စည်းတွေ ယူပြီးသွား ဟိုကျတော့မှ ပါမစ် မရလို့ဆိုတော့ စားဝတ်နေရေးတွေခက် ဒုက္ခတွေရောက်လို့။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကလည်း ခိုင်လုံအောင် မရှိဘူး”လို့ စောနန္ဒာ က ပြောပါတယ်။ ဆိုတော့ လိင်တူချစ်သူတွေရဲ့ ဖျော်ဖြေတင်ဆက်မှုဟာ ကျေးလက် တောရွာ ဘုရားပွဲဈေးတွေမှာ ဖျော်ဖြေတင်ဆက် ရတဲ့ အနေ အထားကနေ ထပ်ပြီး တဆင့်တက် မလာနိုင်ခဲ့တာတော့ အမှန်ပါ။ ဘာကြောင့် အခုလိုခွင့်မပြုရတာလဲလို့ စောနန္ဒာကို မေးကြည့်တော့“ သိပါဘူး။ တတိုင်းပြည်လုံး မိန်းမလျာဖြစ်မှာ စိုးလို့ နေမှာပေါ့” လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က Miss Red Ribbonဆိုတဲ့ခေါင်းစဉ်နဲ့ လိင်တူချစ်သူ တွေရဲ့ အလှမယ်ရွေးပွဲကို စည်းစည်းကားကား ကျင်းပလာလေတော့ အားလုံးပဲ တအံ့တသြဖြစ်ခဲ့ရပါသေးတယ်။ ဒီပြိုင်ပွဲ ကျင်းပနိုင်ဖို့အတွက် အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကြီးကြီးက လူတဦးရဲ့ အားပေး ကူညီ မှုကြောင့် ကျင်းပခွင့် ပါမစ်ရခဲ့တာ လို့လည်း အဲ့ဒီအချိန်တုန်းက အသံသိုးသိုး သန့်သန့် ထွက်လာပါသေးတယ်။ နောက်နှစ် ၂၀၁၀ မှာလည်း ဒီပွဲမျိုး ထပ်ကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် ပါမစ်မရလို့ မကျင်းပနိုင်တော့ပါဘူး။ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးဟာလည်း လူ့အခွင့်အရေး တရပ်လို့ဆို သမို့ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေပြီလို့ဆိုတဲ့ မစပ်စုတို့ မြန်မာ ပြည်ကြီးလည်း ဒီအခွင့်အရေးများ ထွန်းကားလာပေလိမ့်ဦးမလားဆိုတာ စောင့်ကြည့်ရမလို ဖြစ်နေပါပြီ။ ဂျပန်နိုင်ငံ အိုကီနာဝါမှာ မကြာခင်ကမှ ကျင်းပခဲ့တဲ့ မယ်နိုင်ငံတကာ ပြိုင်ပွဲမှာ မယ်အင်တာနက်နဲ့ People choice ဆုကို ပူပူနွေးနွေး ပိုင်ဆိုင်ထားတဲ့ မြန်မာမယ် နန်းခင်ဇေယျာကို အနုပညာအလုပ်တွေ လုပ်ကိုင်လာလို့ သူ့ရဲ့ပရိသတ်တွေက အလွန်စိုးရိမ်နေကြ ပါတယ်။ နန်းခင်ဇေယျာဟာ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ သူနေ့စဉ်လှုပ်ရှား လုပ်ကိုင်နေတဲ့ အကြောင်းအရာတွေကို စဉ်ဆက်မပြတ် ဖော်ပြသူ တဦးပါ။ မယ်အင်တာနက်ဆုကို ရရှိပြီးနောက် နန်းခင်ဇေယျာဟာ မြန်မာနိုင်ငံက စီးပွားရေး ကြော်ငြာလုပ်ငန်းတွေ ဖြစ်တဲ့ Blue Mountain အချိုရည်ရဲ့ တနှစ်တာ Brand Ambassador နဲ့ Daw Win Garment Center i-MAX, Giorenzo & U’JASS အ၀တ်အထည်များအတွက် ၁၄ လတာ Brand Ambassador တယောက်အဖြစ် လုပ်ကိုင်တော့မှာပါ။ ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့မှာတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ Blue Mountain အချိုရည် ကြော်ငြာ ရိုက်ကူးမှု အခြေအနေကို တွေ့မြင်ကြ ရတဲ့ ဖေ့စ်ဘုတ်၊ အင်တာနက်စာမျက်နှာပေါ်က ပရိသတ်တွေက သူလုပ် ကိုင်လာတဲ့ အနုပညာလုပ်ငန်းအပေါ် စိုးရိမ်ကြီးစွာနဲ့ သတိပေး ပြောဆို တာတွေ ရှိလာပါတော့တယ်။ နန်းခင်ဇေယျာကတော့ သူအနုပညာ အလုပ် လုပ်ကိုင်လာတဲ့အပေါ် ပရိသတ်တွေအနေနဲ့ မစိုးရိမ်ဖို့ကို သူ့ ဖေ့စ်ဘုတ်ပေါ်မှာ ပြန် ပြီး ရှင်းပြ ထားတာကို တွေ့ရပါတယ်။ “ညီမရဲ့ အနုပညာ လုပ်ငန်းလုပ်ကိုင်မှုအပေါ်မှာ ညီမကို ချစ်တဲ့စိတ်နဲ့ စိုးရိမ်နေကြတဲ့ ပရိသတ်ကြီးကို ညီမအနေနဲ့ ရှင်းပြချင် ပါတယ်။ ညီမက Miss Myanmar, (Miss Internet, Miss People’s Choice) တယောက် အနေနဲ့သာ စီးပွားရေး ကြော်ငြာ၊ စာစောင် မျက်နှာဖုံးများ၊ ပြက္ခဒိန်များကို ရိုက်ကူးနေခြင်း ဖြစ်ပါတယ်။ တဖက်ကလည်း ပရဟိတ လုပ်ငန်းများကို ပရိသတ်များနဲ့အတူ လုပ်ဆောင်သွားမှာ ဖြစ်သလို၊ ညီမအနေနဲ့ သရုပ်ဆောင်လုပ်ဖို့ကို အခုအချိန်မှာ လုံးဝမစဉ်းစား သေးပါဘူးရှင့်။ Tourist Guide အနေနဲ့လည်း ညီမဆက်လက်လုပ်ကိုင်သွားမှာပါ”လို့ ရေးထားတာပါ။ Miss Myanmar နန်းခင်ဇေယျာဟာ လတ်တလောမှာ အနုပညာအလုပ် အပြင် ပရဟိတလုပ်ငန်းတွေပါ လုပ်ကိုင်နေသူပါ။ ရှေ့လျှောက်လည်း ပရဟိတလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့လည်း ပြောဆိုထား ပါသေးတယ်။ သူ့ကို ချစ်တဲ့ပရိသတ် အများအပြား ပိုင်ဆိုင်ထားသူ Miss Internet, People Choice Award ဆုရှင် နန်းခင်ဇေယျာ တယောက် ဘယ်လို ပရဟိတ လုပ်ငန်းတွေ၊ အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမလဲ ဆိုတာလည်း စောင့်မျှော် ကြည့်ကြပါဦး …။
ဘကြီးသက်
Unknown at 10:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြို.လယ်ခေါင်ဆွဲကြိုးချသေခြင်း

ရန်ကုန်မြို.၊ ပန်းဘဲတန်းမြို.နယ်၊ အမှတ်(၉)ရပ်ကွက်၊ (၃၁)လမ်း အောက်လမ်း၊ အိမ်အမှတ်(၇၅) ပထမထပ်နေ၊ ဦးဗစ်ကီး(ခ)ဦးဝင်းနိုင်ထွန်း၊ အသက်(၄၂)သည် ၂၀၁၂ခုနှစ် နိုဝင်ဘာလ၆ရက် နံနက်၁နာရီ ၃၀မိနစ် အချိန်ခန်.တွင် အိမ်ခန်း အတွင်းရှိ တံခါးပေါက် ဘောင်တန်းအား တီဗွီအင်တနာ ကြိုးဖြင်.ချည်နှောင်ကာ မိမိကိုယ်ကို မိမိဆွဲကြိုးချကာ သတ်သေခဲ.ပါသည်။

သေဆုံးသူတွင် မကျမ်းမာသော အမေအိုကြီးနှင်. ညီမ၊နှင်. အတူသမီး၂ယောက် ကျန်ရစ်ခဲ.ပါသည်၊၄င်းအမှုဖြစ်စဉ်ကို ပန်းဘဲတန်းမြို.နယ် ရဲတပ်ဖွဲ.မှ စခန်းမှုးနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်နိင်မြင်.၊ရဲတပ်ဖွဲ.၀င်များ လာရောက် စစ်ဆေးဆောင်ရွက် နေသည်ကို တွေ.ရှိရပါသည်။

by Myanmar News Now

ဘကြီးသက်
Unknown at 9:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မူးယစ်ရာဇာ နော်ခမ်းကို သေဒဏ်ချ

မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့ တရားရုံးက ယနေ့ သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ အခြားသောနော်ခမ်း၏ အဖွဲ့ဝင်ထဲမှ ၁ ဦးကို ထောင်ဒဏ် ၈ နှစ် ချမှတ်ပြီး ကျန်သူများကို ဆိုင်းငံ့ပြစ်ဒဏ် သေဒဏ်ချမှတ်ခြင်း ဖြစ်သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်းက ရွှေတြိဂံဒေသ မဲခေါင် မြစ်အတွင်း ကူးသန်း သွားလာသည့် ကုန်တင်သဘောင်္ပေါ်မှ တရုတ် နိုင်ငံသား ၁၃ ဦးကို သတ်ဖြတ်ခဲ့မှုဖြင့် ယင်းသို့ ပြစ်ဒဏ်စီရင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ နော်ခမ်းနှင့် အဖွဲ့ကို ပြီးခဲ့သည့် ဧပြီလအတွင်းက လာအိုနိုင်ငံ၌ ဖမ်းဆီးခဲ့ပြီး မေလအတွင်း၌ တရုတ်အာဏာပိုင်များဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။ မေလလယ်ပိုင်း၌ နော်ခမ်း ၏ တပ်ဖွဲ့ဝင် ၂၅ ဦးသည်လည်း မြန်မာ့တပ်မတော်ထံ လက်နက်ချခဲ့ သေးသည်။
ဘကြီးသက်
Unknown at 9:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Acer က Microsoft ဟာ့ဒ်ဝဲကို ထမင်းကြမ်းခဲနှင့် နှိုင်း

ထိုင်ဝမ် နည်းပညာထုတ်ကုန်ပစ္စည်း ကုမ္မဏီ Acer မှ မိုက်ခရိုဆော့ဖ် (Microsoft) ကို ပြောလိုက်တဲ့ စကား ဖြစ်ပါတယ်။ Microsoft ရဲ့  ဟာ့ဒ်ဝဲ များကို အသုံးပြုရတာ ထမင်းကြမ်းခဲ (Hard rice) စားရတာနဲ့ တူကြောင်း Acer စီအီးအိုကိုယ်တိုင်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါ တယ်။

လက်ရှိမှာ Microsoft မှာ Operating System တွေပဲ ထုတ်လုပ်တဲ့ ကုမ္မဏီ မဟုတ်တော့ပါဘူး။ စမတ်ဖုန်းလောကရော၊ Tablet လောကကိုရော ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ နောက်ဆိုရင် Laptop, Desktop များအထိပါ ထုတ်လုပ်မှာ ဖြစ်ပြီး Windows OS ကိုမှီခိုနေရသူများအတွက် အကြပ် ရိုက် စေတော့မှာ ဖြစ်ပါတယ်။

လက်ရှိ Microsoft မှ ထုတ်တဲ့ Windows 8 နဲ့ Window RT OS တောင် သူ့ရဲ့  Surface Tablet တွေနဲ့ပဲ အံကိုက်ပိုဖြစ်တာ တွေ့ရပါတယ်။ သူ့ OS ကိုမှီခို နေရသူများအတွက် သေချာ မလုပ်ပေးပါဘူး။ သဘောတရား ကတော့ သားသမီးအရင်းနဲ့ မွေးစားသားသမီး အပေါ် ထားတဲ့ သံယောဇဉ် မျိုးလို့တောင် ဝိုင်းဝန်း ဝေဖန်နေကြပါပြီ။

Microsoft ရဲ့  OS ကိုမှီခိုနေရသူများ စိုးရိမ်လာကြပြီ ဖြစ်ပါတယ်။ Acer ရဲ့  Tablet တွေတောင် Surface ထွက်ပေါ်လာမှုကြောင့် ရောင်းအား ကြိမ်းသေ ကျဆင်းမှာ ဖြစ်ပါတယ်။ ဒီတော့ အကောင်းဆုံး ထွက်ပေါက်က ကိုယ်ပိုင် OS ဖန်တီးခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် ကိုယ်ပိုင် OS မဖန်တီးနိုင်သေးတဲ့ ထိုင်ဝမ် Acer ကတော့ Microsoft ရဲ့  Hardware များကို ထမင်းကြမ်းခဲလို့ ပြောဆိုလိုက်ပါတယ်။
--
Ref: cnet
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/acer-microsoft.html

Unknown at 9:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Ford နှင့် Microsoft တို့ အသံဖြင့် စေခိုင်းနိုင်သော ကားပေါင်း အစီး ၅ သန်း ထုတ်လုပ်ပြီး

ကားတွင်းရှိ လုပ်ဆောင်ချက်အချို့ ကို အသံဖြင့်စေခိုင်းနိုင်သည့် ကားပေါင်း အစီး ၅ သန်းကျော် ထုတ်လုပ်ရောင်းချပြီ ဖြစ်ကြောင်း အမေရိကန် အခြေ ဆိုက် Ford Motors ကုမ္မဏီမှ ထုတ်ပြန်ကြေညာခဲ့သည်။

ယင်း အသံဖြင့် စေခိုင်းသည့် Voice Command နည်းပညာကို မိုက်ခရိုဆော့ဖ် ကုမ္မဏီနှင့် ပူးပေါင်းဖန်တီးခဲ့ခြင်း ဖြစ်သည်။ Sync ဟု အမည်ပေးထားပြီး Microsoft ၏ Windows Embedded Automotive - OS ကိုအသုံးပြုထားသည်။ မော်တော်ယာဉ် လုပ်ဆောင်ချက် စနစ်နှင့် ကိုက်ညီသော Operating System ဖြစ်ပြီး မိုက်ခရိုဆော့ဖ်မှ ဖန်တီးပေးခဲ့ခြင်း ဖြစ်ကာ အဓိက အားသာချက်မှာ OS ကို ထပ်မံ Upgrade လုပ်နိုင်ခြင်း ဖြစ်သည်။ သာမန် ကွန်ပျူတာ တစ်လုံးဟာ Window တင်သကဲ့ သို့ OS version အသစ်ပေါ်တိုင်း တင်ပေးနိုင်သည်။ မိုက်ခရိုဆော့ဖ် မော်တော်ကား OS ကိုလည်း နှစ်စဉ် Upgrade လုပ်ပေးခဲ့သည်။

ဖုန်းပြောဆိုရင် အတွက်လည်းကောင်း၊ ရေဒီယိုဖွင့်ရန်၊ အဲယားကွန်း လိုသလို ချိန်ညှိနိုင်ရန်၊ သော့ခတ်ရန် အစရှိသဖြင့် Function အမျိုးမျိုးအတွက် အသံဖြင့် စေခိုင်းနိုင်သည်။ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ် သုံးဘာသာဖြင့် ထုတ်လုပ်ထားသည်။ တစ်နှစ်ထက် တစ်နှစ် ခိုင်းစေနိုင်သည့် လုပ်ငန်းစဉ်များ ပိုမိုတိုးတက်လာကြောင်း သိရသည်။

Ford ကုမ္မဏီမှ ဆော့ဖ်ဝဲ Developer များ၏ ကြိုးစားယူမှုဖြင့် ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဖော်ပြသနိုင်ခဲ့သည်။ စတင် ထုတ်လုပ်တပ်ဆင်မှုကို ၂၀၀၇ ခုနှစ် စက်တင်ဘာလမှ စတင်ခဲ့ပြီး ယနေ့တိုင် Ford ကုမ္မဏီထုတ် ကားများတွင် အသုံးပြုဆဲ ဖြစ်သည်။

နှစ်စဉ် ထုတ်သမျှ ကားအများစုတွင် တပ်ဆင်ပေးခဲ့ရာ ယနေ့တွင် အစီးရေ ၅ သန်းကို တပ်ဆင်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မိုက်ခရိုဆော့ဖ်နှင့် Ford တို့သည် အစီးရေ ၅ သန်းပြည့်အထိမ်းအမှတ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
----
Ref: www.ford.com/technology/sync/

Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/ford-microsoft.html

Unknown at 8:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာစစ်တပ် တပ်မတစ်ခု ရခိုင်ပြည်နယ် သို့ရောက်ရှိလာ

လုံခြုံရေးယူရန်စစ်ယာဉ်များရောက်ရှိလာစဉ်
အကြမ်းဖက်မီးရှို့မှုတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ဖို့ မြန်မာ စစ်တပ် ရဲ့ တပ်မတစ်ခုဟာ စစ်ယာဉ် အစီး (၁၀၀)ကျော်နဲ့ အမ်း-ပဒန်းလမ်းအတိုင်း နိုဝင်ဘာလ ၂ ရက်နေ့မှာ ရခိုင်ပြည်နယ် အတွင်း ကို ရောက်ရှိ လာပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ မင်းပြားနဲ့ မြောက်ဦး ဘက် ကို

ဆက်ထွက်သွား ကြတယ်။ ကားအတော် များများမှာ
အလံတွေထောင်ထားပြီး ကားတစ်စီးချင်းစီ မှာလဲ စစ်သားတွေအပြည့်ပဲလို့ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးကို မေးကြည့်တဲ့အခါ သူကဒီလို ပြောပြပါတယ်။ “မနေ့က စစ်ကားကြီးအစီး(၁၀၀)ကျော်လောက်ဟာ အမ်းကိုဖြတ်ပြီး မင်းပြား၊ မြောက်ဦးဘက်ကို ထွက်သွားတယ်။ ကားပေါ်မှာ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေနဲ့ စစ်သားတွေအပြည့်ပဲ။ ဈေးဆင်းဝယ်တဲ့ ဆရာကြီးတစ်ယောက်ကတော့ မြောက်ဦးဘက်ရော၊ မင်းပြားဘက်ရော တပ်တွေခွဲပြီးဝင်ဖို့ရှိတယ်လို့ ပြောသွားတယ်။ တပ်မ တစ်မလုံးပါပြီး အင်အားကလည်း နှစ်ထောင်နီးပါးရှိမယ်လို့ ခန့်မှန်းရတယ်။ ဒီအင်အားနဲ့ဆိုရင်တော့ အကြမ်းဖက်ချင်တဲ့ သူတွေအတွက် မီးရှို့ဖို့မပြောနဲ့ ဆေးလိပ်သောက်ဖို့တောင် မီးညှိရဲတော့မယ် မထင်ဘူး” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေတည်ငြိမ်နေရာကနေ အောက်တိုဘာလ ၂၁ ရက်နေ့မှာ မင်းပြား မြို့နယ်ကစပြီး ဆူပူမှုတွေပြန်ဖြစ်လာခဲ့တာပါ။ စဖြစ်ပုံကလည်း အတော်ထူးဆန်းပါတယ်။ မင်းပြားမြို့နယ် ပိုက်သည်ရွာက ဘင်္ဂါလီလင်မယားနှစ်ယောက်ရန်ဖြစ်တာကို ထုံးစံအတိုင်းတစ်ဖက် ကင်းဆိပ်ရွာကရွာသားတွေက ဝိုင်းကြည့်ခဲ့ ကြတယ်။ ဒါကိုမကျေနပ်တဲ့ ယောက်ျားဖြစ်သူက ကြည့်နေတဲ့လူအုပ်ကို လေးခွနဲ့ပစ်တယ်ဆိုပဲ။ အပစ်ခံရသူတွေက မကျေနပ်တော့ လူစုပြီး ပိုက်သည်ရွာကိုမီးသွားရှို့တယ်။ အဲဒီကစပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ သံတွဲ စတဲ့နေရာတွေမှာ အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပေါ်ခဲ့ တာပါပဲ။

ဒါပေမယ့် စစ်တပ်ကအချိန်မီထိန်းနိုင်လို့ အောက်တိုဘာလ ၃၀ ရက်နေ့ကစပြီး အခြေအနေတွေ တည်ငြိမ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတည်ငြိမ်နိုင်ဖို့အတွက်က စစ်တပ်အနေနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေ၊ ရခိုင်ပြည်နယ်မှာရှိတဲ့ တပ်မအောက်ကတပ်တွေအတော်များများနဲ့ ထိန်းသိမ်းနေရတာ ဖြစ်ပါတယ်။
အခြေအနေတွေ တည်ငြိမ်သွားပြီဆိုပေမယ့် နောက်ကွယ်ကနေ ဘင်္ဂါလီတွေကိုတစ်မျိုး၊ ရခိုင် တိုင်းရင်းသားတွေကိုတစ်ဖုံ သွေးထိုးမြှောက်ပင့်ပေးနေသူတွေရှိနေဆဲဖြစ်ပါတယ်။ မသိနားမလည်သူတွေကို သွေးဆူအောင်တစ်မျိုး၊ ပွဲဆူအောင်တစ်သွယ် ပရိယာယ်များစွာနဲ့ လှုံ့ဆော်နေတဲ့အဖွဲ့အစည်းတွေလည်း ရှိနေပါ သေးတယ်။ ဒါတွေကိုတော့ အသေအချာဖော်ထုတ်ပြီး အမြစ်ပါမကျန်အောင် ရှင်းလင်းပစ်သွားမှာပါ။
ဆူပူမှုတွေချုပ်ငြိမ်းအောင် အစိုးရပိုင်းကဆောင်ရွက်နေသလို စစ်တပ်ကလည်း အခြေခံဥပဒေက ပေးအပ် ထားတဲ့ တာဝန်တွေအတိုင်း ထိန်းသိမ်းဆောင်ရွက်နေတာတွေ့ရပါတယ်။ စစ်တပ်အနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့အတိုင်း တည်ငြိမ်မှုပျက်ပြားအောင်ဖန်တီးနေတာတွေကို ဥပဒေဘောင် အတွင်းကတားဆီးကာကွယ်နေတယ်ဆိုတာအများက ယုံကြည်လက်ခံထားပြီးဖြစ်ပါတယ်။

စစ်တပ်မှဤသို့ဆောင်ရွက်ပေးနေပါသည်

ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့အတွက် တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ က ပြောထားပါတယ်။ ပထမ အချက်ဖြစ်တဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့ကို အစိုးရနဲ့စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်နေ တာအားလုံး သိထားတဲ့ကိစ္စပါ။ ရခိုင်ပြည်နယ်အရေးမှာ ပဋိပက္ခဖြစ်တဲ့ နှစ်ဖက်စလုံးကို နောက်ကွယ်က ဆရာကြီးများက သွေးထိုးမြှောက်ပင့်တာကြောင့် ဒို့တာဝန်အရေးသုံးပါး ထိခိုက်ပျက်စီးစေမယ့် အန္တရာယ်ကို ဦးတည်လာနေပါတယ်။ ဒါကြောင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသည်နှင့် အညီ ကိုယ့်ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် ကျူးကျော်သူတွေ နယ်စပ်ကတစ်ဆင့် ဝင်မလာနိုင်အောင် ထိန်းသိမ်းနိုင်ရမှာဖြစ်ပါတယ်။ ဒီလိုထိန်းသိမ်းနိုင်ဖို့ဆိုတဲ့နေရာမှာ လုံခြုံရေးအဖွဲ့တွေ လုံလောက်တဲ့အင်အားရှိရန် လိုအပ်တာကြောင့် တပ်အင်အား ပြည့်ပြည့်ဝဝ အသုံးပြုတာဖြစ်ကြောင်း နေပြည်တော် စစ်တပ်နှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်ကိုေ ရာက်လာတဲ့ တပ်မဟာ မြန်မာနိုင်ငံအနှံ့ စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ဖူးပြီး တိုက်ရည် ခိုက်ရည်ကောင်းတဲ့တပ်မ တစ်ခုဖြစ်ကြောင်း၊ ပြည်တွင်းဆူပူမှုပြဿနာတွေမှာလည်း ဝင်ရောက်ထိန်းသိမ်းခဲ့ဖူးတဲ့ အတွေ့အကြုံရှိတဲ့အတွက် အခုလိုရွေးချယ် တာဝန်ပေးတာဖြစ်ကြောင်းနဲ့ နောက်ထပ်လဲ တပ်တွေရောက်လာဖို့ ရှိသေးကြောင်း စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ ဒေသခံတွေအနေနဲ့ကတော့ စစ်တပ်က အင်အားပြည့်ပြည့်ဝဝနဲ့ ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းမှုကို အထူးပဲလိုလားလျှက်ရှိကြောင်း၊ အခုလို လုံခြုံရေး တိုးမြှင့်တင်းကြပ်လာတဲ့အတွက်လည်း စိတ်ချလက်ချ ခေါင်းပြားအောင်အိပ်နိုင်ကြပြီဖြစ်ကြောင်း၊ ဝမ်းရေးအတွက် မကြောင့်မကြ ရှာဖွေနိုင်ကြပြီဖြစ်ကြောင်းနဲ့ ကျန်းမာရေးအတွက်လည်း စစ်တပ်က ဆေးဆရာအဖွဲ့တွေ နယ်မြေအလိုက် ဆင်းကုနေတာဖြစ်တဲ့အတွက် မပူရတော့ကြောင်း ပြောကြားလျက်ရှိကြပါတယ်။
From - ရခိုင်ပြည်သားတစ်ဦး

ဘကြီးသက်
Unknown at 1:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန် လေဆိပ်ရှိ အစိုးရ ၀န်ထမ်းများ အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီ၌ လုပ်ကိုင်မည် ဆိုပါက လစာမဲ့ခွင့် ၅ နှစ်ပေးကာ လုပ်ကိုင်နိုင်ရန် စီစဉ် ဆောင်ရွက် သွားမည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ပုဂ္ဂလိက အခန်း ကဏ္ဍက ပါဝင် ဆောင်ရွက် လာတဲ့ အခါ အဆိုပါ နေရာမှာ တာဝန် ထမ်းဆောင် လျက်ရှိတဲ့အစိုးရပိုင်း ၀န်ထမ်းများ အနေနဲ့ ၀င်ရောက် လုပ်ကိုင် လိုပါက လစာမဲ့ခွင့် အဖြစ် ၅ နှစ် ပေးသွားဖို့ စီစဉ်မှု တစ်ခု အနေနဲ့ ဆောင်ရွက်ဖို့ စီစဉ်နေ တယ်လို့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။

ဒီလို စီစဉ်ထား ရာမှာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ ၀န်ထမ်းများဟာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီများမှ လစာ ရယူကာ ငါးနှစ် အလုပ် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက ကုမ္ပဏီ အတွက် တာဝန် ထမ်းဆောင် နေတဲ့ အဆိုပါ ၀န်ထမ်းများဟာ အစိုးရ ၀န်ထမ်းများ အဖြစ် ဆက်လက် သတ်မှတ်ခြင်း ခံထားရမှာ ဖြစ်ပါတယ်။ လစာမဲ့ခွင့် ငါးနှစ်ပြည့်တဲ့ အခါ အစိုးရ ၀န်ထမ်း တာဝန်ကို ထမ်းဆောင်ခြင်း မပြုလိုပါ

က ကုမ္ပဏီဝန်ထမ်း အဖြစ်သာ တာဝန် ထမ်းဆောင် လိုပါကလည်း ခွင့်ပြုပေး သွားဖို့ အတွက်ပါ စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ကိစ္စရပ်မျိုးများ ဆောင်ရွက် လိုက်တဲ့ ၀န်ထမ်း များဟာ ဌာနဆိုင်ရာရဲ့ ရာထူး သတ်မှတ် ချက်မှာတော့ လုပ်သက်ပေါ် မူတည်ပြီး ရာထူးတိုးခြင်းများ မရှိတော့ဘဲ ကုမ္ပဏီမှာ အဆိုပါ ၀န်ထမ်းများရဲ့ စွမ်းဆောင်မှု အပေါ်သာ မူတည်ပြီး အမှုထမ်းမှ တဆင့် အရာထမ်းများ ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို လစာမဲ့ခွင့်နဲ့ ပြောင်းရွှေ့ လုပ်ကိုင်ခွင့် မှာတော့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ ၀န်ထမ်းများ အတွက်သာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ဆောင်ရွက်မှု များကို ဆောင်ရွက်နိုင်ဖို့ အတွက် ကိုတော့ သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိ သူများထံ ဆက်လက် တင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို တင်ပြပြီး ခွင့်ပြုချက် ရရှိလာပါက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ပုဂ္ဂလိကမှ ၀င်ရောက် လုပ်ကိုင်တ အခါ လုပ်ငန်းများ အစီအစဉ် ကျနရေးနဲ့ လိုအပ်တဲ့ စည်းကမ်းချက်များ၊ ထုတ်ပြန်ချက် များကိုပါ ရေးဆွဲပြုစုမှု များလည်း ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

____________________________________
Reference and Credit to -MRTV-4

ဘကြီးသက်
Unknown at 1:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စံရိပ်ငြိမ်မှတ်တိုင်းအနီးမှာ ကား(၄)စီးဖြင့် အခြားကားတစ်စီးပေါ်မှ လူများအား ၀ိုင်းဝန် ရိုက်နှက်ခဲ့သည့် ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ......

စံရိပ်ငြိမ်မှတ်တိုင် အနီးဖြစ်ပွားခဲ့သော ဖြစ်စဉ်ပါ ပြစ်မှုကျူးလွန်သူများအား အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

၁.၁၁.၂၀၁၂ ရက်နေ့ ညဥ့်နက် ၁ နာရီကျော်ခန့်အချိန်တွင် အင်းယားလိပ် GDR နိုက်ကလပ်မှအပြန် ရန်ကုန်-အင်းစိန်လမ်းမ စံရိပ်ငြိမ်မှတ်တိုင်အနီး ၃ခ/……… မတ်တူးအစိမ်းပုတ်ရောင်ယာဉ်အား အခြားယာဉ် (၄)စီး မှ ရှေ့/နောက် ပိတ်ညှပ်၍ ကောင်းမြတ်ပါ (၈)ဦးမှ ဆင်းလာကာ ဆဲဆိုကြိမ်းမောင်းထိုးကြိတ်ပြီး ကားအား ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

၎င်းဖြစ်စဉ်ပါ ပြစ်မှုကျူးလွန်သူများအနက်မှ ကောင်းမြတ်အား အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး ခရိုင် (အထူး)ရဲတပ်ဖွဲ့မှ ၄.၁၁.၂၀၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး၊ ရင်မင်းသန့်(ခ) ဂျပန်ကြီးဆိုသူအား ၅.၁၁.၂၀၁၂ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် ကျန်တရားခံများအားလည်း ဆက်လက်ရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း Myanmar News Now မှ သတင်းရရှိသည်။

Ref; Thit Htoo Lwin

ဘကြီးသက်
Unknown at 1:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမျိုးသားနှင့် အမျိုးသမီး စိတ်ပိုင်းဆိုင်ရာ ကွာခြားချက်အချို့ 

အမျိုးသားနဲ့ အမျိုးသမီးများကြား စိတ်ပိုင်းဆိုင်ရာ ကွာခြားချက်များကို သိပ္ပံပညာရှင်တို့ ယခုလို တွက်ချက် အဖြေထုတ်ထားပါတယ်။

၁။ အမျိုးသားတို့သည် အမျိုးသမီးများထက် နှစ်ဆမှ သုံးဆအထိ စိတ်အပြောင်းအလဲ ဖြစ်သည်။

၂။ အမျိုးသမီးများသည် မျက်နှာသွင်ပြင်များကို ပိုမို မှတ်သားနိုင်ပြီး အထူး သဖြင့် အမျိုးသမီးအချင်းချင်း မျက်နှာများကို ပိုမို အလွတ်ရ
မှတ်သားနိုင်သည်။

၃။ မိမိလုပ်ဆောင်ချက်များအပေါ် မကျေမနပ်ဖြစ်ခြင်း/ အကောင်း မမြင်နိုင်ခြင်း၊ စိတ်တိုင်းမကျခြင်းတို့မှာ အမျိုးသမီးတို့တွင် ပိုအဖြစ်များသည်။

၎။ အမျိုးသမီးအများစုက တစ်ခုခုကိုသာ ထူးချွန်ကျွမ်းကျင်ပြီး ကျန်သည့် အရာ၊ လုပ်ငန်းဆောင်တာများအား မလုပ်ဆောင်နိုင်ဟု ထင်မြင်ယူဆနေကြသည်။

၅။ အမျိုးသားများက ၇ စက္ကန့်တွင် တစ်ခါ Sex နှင့်ပက်သက်၍ စဉ်းစား တွေးခေါ်သည်။ (ပျှမ်းမျှအားဖြင့်)

၆။ အမျိုးသမီးများက အမျိုးသားများထက် နှစ်ဆခန့် စကားပိုပြောသည်။ အမျိုးသား တစ်ဦးက တစ်ရက်ကို စကား အလုံးရေ ၁၂၅၀၀ မျှပြောလျှင် အမျိုးသမီးတစ်ဦးက ၂၅၅၀၀ မျှပြောသည်။ ( ယင်းအချက်ကို ယခုနောက်ပိုင်း လက်မခံကြတော့ပဲ အမျိုးသားများက ပိုမို စကားများကြောင်း သက်သေပြမှုများ ရှိလာခဲ့သည်။)
.............................................................................................
Reference and Credit to^..^
http://www.innewsmyanmar.com/2012/11/blog-post_2.html
အမျိုးသားနှင့် အမျိုးသမီး စိတ်ပိုင်းဆိုင်ရာ ကွာခြားချက်အချို့ 
.............................................................................

အမျိုးသားနဲ့ အမျိုးသမီးများကြား စိတ်ပိုင်းဆိုင်ရာ ကွာခြားချက်များကို သိပ္ပံပညာရှင်တို့ ယခုလို တွက်ချက် အဖြေထုတ်ထားပါတယ်။

၁။ အမျိုးသားတို့သည် အမျိုးသမီးများထက် နှစ်ဆမှ သုံးဆအထိ စိတ်အပြောင်းအလဲ ဖြစ်သည်။

၂။ အမျိုးသမီးများသည် မျက်နှာသွင်ပြင်များကို ပိုမို မှတ်သားနိုင်ပြီး အထူး သဖြင့် အမျိုးသမီးအချင်းချင်း မျက်နှာများကို ပိုမို အလွတ်ရ
မှတ်သားနိုင်သည်။

၃။ မိမိလုပ်ဆောင်ချက်များအပေါ် မကျေမနပ်ဖြစ်ခြင်း/ အကောင်း မမြင်နိုင်ခြင်း၊ စိတ်တိုင်းမကျခြင်းတို့မှာ အမျိုးသမီးတို့တွင် ပိုအဖြစ်များသည်။

၎။ အမျိုးသမီးအများစုက တစ်ခုခုကိုသာ ထူးချွန်ကျွမ်းကျင်ပြီး ကျန်သည့် အရာ၊ လုပ်ငန်းဆောင်တာများအား မလုပ်ဆောင်နိုင်ဟု ထင်မြင်ယူဆနေကြသည်။

၅။ အမျိုးသားများက ၇ စက္ကန့်တွင် တစ်ခါ Sex နှင့်ပက်သက်၍ စဉ်းစား တွေးခေါ်သည်။ (ပျှမ်းမျှအားဖြင့်)

၆။ အမျိုးသမီးများက အမျိုးသားများထက် နှစ်ဆခန့် စကားပိုပြောသည်။ အမျိုးသား တစ်ဦးက တစ်ရက်ကို စကား အလုံးရေ ၁၂၅၀၀ မျှပြောလျှင် အမျိုးသမီးတစ်ဦးက ၂၅၅၀၀ မျှပြောသည်။ ( ယင်းအချက်ကို ယခုနောက်ပိုင်း လက်မခံကြတော့ပဲ အမျိုးသားများက ပိုမို စကားများကြောင်း သက်သေပြမှုများ ရှိလာခဲ့သည်။)
.............................................................................................
Reference and Credit to^..^
http://www.innewsmyanmar.com/2012/11/blog-post_2.html

ဘကြီးသက်
Unknown at 1:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"ကျွန်တော်တို့ဘက်ကို လှည့်ကြည့်စေချင်ပါသည်"

ဆင်းရဲနွမ်းပါးမှုသည် လူ့ဘဝကို ဒုစရိုက်အမှောင်အတွင်းသို့ အချိန်မရွေး တွန်းပို့နိုင်သည်။ ရိုးသားစွာလုပ်အားဖြင့် မိသားစုများ အားရှာဖွေကျွေးမွေး လျက်ရှိသော စာရိတ္တကောင်းမွန်သောသူများ အမှောင်တွင်းသို့ မရောက် ရှိနိုင်စေ ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ရန် လိုအပ်ပါသည်။ ဝိုင်းဝန်းပြုပြင်ရန်လည်း လိုအပ်ပါသည်။
နံနက် ၈ နာရီကျော်ကျော်ခန့် ရှိသေးသည်။ လမ်းထဲမှ ဆိုက် ကားသမားလေး ကိုသက် ဆိုက်ကား ကူရှင်နှစ်လုံးကို ပွေ့ပိုက်ကာ ပြန်လာတာ တွေ့မြင်လိုက်ရသည်။ စာရေးသူ လည်း ကိုသက်ဘာများ ဖြစ်လာပါလိမ့်ဟု စိတ်ပူမိကာ ၄င်းကို မေးမြန်း မိပါသည်။ ကိုသက်က စိတ်မကောင်းစွာဖြင့် သူ့ရဲ့ ဖြစ်ခဲ့ပုံများအား ဤကဲ့သို့ ရှင်းပြပါသည်။ ကျွန်တော်တို့ ဆိုက်ကားသမားတွေတော့ ဒုက္ခရောက် ပြီဗျာ။ တောင်းပန်လို့လည်း မရပါဘူး။ အသနားခံလို့လည်း မရဘူးဗျာ။ ကျွန်တော်တို့က ရိုးရိုးသားသား ဆိုက်ကား နင်းစားကြတဲ့ သူတွေပါ။ ဒီဆိုက်ကား အသိမ်းခံလိုက် ရပြီဆိုတော့ ဘဝပျက်မတတ် ခံစားရပြီပေါ့။ ဒီဆိုက်ကားလေး ကိုယ်ပိုင် နင်းရဖို့ငွေကို နှစ်နဲ့ချီ အကြာကြီး စုထားရ တာ။ နောက်ပြီး ရပ်ကွက်ထဲမှာ ဆင်းရဲနွမ်းပါး လျော့နည်းပပျောက်ရေး အတွက် အသေးစား ချေးငွေထုတ်ပေးတဲ့ဆီက တစ်ပတ်တစ်ကြိမ် ပြန် ဆပ်ရတဲ့ အကြွေးကလည်း ရှိသေးတယ်။ မိသားစုဘဝ စားဝတ်နေရေး၊ ကလေးကျောင်းစရိတ် ဒါတွေကလည်း ရှိပါတယ်။ ကျွန်တော်ဆို ၃ တန်း ကလေး တစ်ယောက်၊ သူငယ်တန်း ကလေးက တစ်ယောက် အခုတော့ ဒုက္ခရောက်ပြီပေါ့ဗျာ။ ကျွန်တော်တို့ လိုင်စင်မဲ့ ဆိုက်ကားသမားလေးတွေရဲ့ ဘဝတွေ ဘယ်လောက် ဒုက္ခရောက် သလဲဆိုရင် အနှေးယာဉ် ကြီးကြပ်ရေး အဖွဲ့ကိုလည်း အဖမ်းမခံရအောင် လစဉ်ကြေးအဖြစ် တစ်လ ကျပ် ၂ဝဝဝ ပေးရတယ်။ စည်ပင်မသိအောင် တစ်ခါတစ်ရံ သူတို့ က ဖမ်းသော် လည်း ဒဏ်ငွေ ကျပ်တစ်သောင်းလောက်သာ ရိုက်ပြီး ပြန်လွှတ်ပေးတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ ရှာကြံပြီးဖြေရှင်းလို့ ရတာပေါ့ဗျာ။ အခုဟာက ချမှတ်ထားတဲ့ ဥပဒေအတိုင်း လုပ်မှာပါလို့ စည်ပင်အုပ်ချုပ်ရေးမှူးထံမှ သိရှိရတော့ အပြီးသိမ်းတဲ့ သဘောမျိုး သက်ရောက်တာပေါ့ဗျာ။

ကျွန်တော်တို့ လှိုင်သာယာမြို့နယ်ထဲမှာ လိုင်စင်ရှိတဲ့ ဆိုက်ကားက တစ်ထောင့်လေးရာ တစ်ဆယ့်လေးစီး သာရှိပါတယ်။ ဒီဆိုက်ကားတွေ ကလည်း နင်းသားတွေ ကိုယ်တိုင် ဝယ်နင်းနိုင်တဲ့ ဆိုက်ကားတွေ မဟုတ် ပါဘူး။ ဆိုက်ကားထောင်စားတဲ့ စီးပွားရေးသမားတွေပိုင်တဲ့ ဆိုက်ကားတွေ ပဲ ဖြစ်ပါတယ်။ လိုင်စင်မဲ့ ဆိုက်ကားတွေက လေးထောင်ကျော် လောက် ရှိပါတယ်။ တကယ်တော့ လိုင်စင်မဲ့ဆိုက်ကားတွေ ပိုင်ဆိုင်တဲ့သူတွေက ကျွန်တော်တို့ ကိုယ်တိုင်နင်းကြတဲ့ နင်းသား ကိုယ်ပိုင်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုက်ကားတွေကို လိုင်စင်ထုတ်ပေး သင့်ပါတယ်။ ဒါမှ ကျွန်တော်တို့လည်း ကိုယ်ပိုင် ဆိုက်ကားလိုင်စင်လေးနဲ့ နင်းရရင် အရမ်းပျော်ရွှင်ကြမှာပါ။ ကျွန်တော်တို့ မိသားစု ပြဿနာတွေလည်း လွယ်လွယ် ကူကူနဲ့ ပင် ဖြေရှင်းလို့ ရကြမှာပါ။ ကိုသက်ပြောတာ မှန်ပါတယ်။ တကယ်တော့ ဒေသကြီးအစိုးရအဖွဲ့ ဦးစီးကာ ဆင်းရဲနွမ်းပါးလျော့နည်း ပ ပျောက်စေရန် မြို့ပြကျေးလက်ဒေသ တို့မှာ ချေးငွေများ ထုတ်ချေးပေး ကြ ခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အတော်အတန် အဆင်ပြေကြပါတယ်။ ဆိုက် ကားသမား၊ ပဲပြုတ်သည်၊ ကုန်စိမ်း သည်၊ သားစိမ်းငါးစိမ်းရောင်းတဲ့ သူတွေ၊ လက်လုပ်လက်စားတွေ အားလုံး အားလုံး ပါပဲ။ သူတို့တွေ အခက်အခဲများစွာကို ဒီချေးငွေ ကြောင့် ပြေလည်နေကြ တာကိုလည်း တွေ့ ရှိရပါတယ်။ အခုလိုမျိုး လက်လုပ်လက်စား လူတန်းစား ထဲမှ သူတို့ ကိုယ်ပိုင်ဆိုက်ကားလေးတွေကို လိုက်လံသိမ်းဆည်းနေမယ့် အစား သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့ အစည်းများက လိုင်စင်များ ထုတ်ပေး ကာ တရားဝင် ရဲရဲဝံ့ဝံ့ လုပ်ကိုင်စားရအောင် စီစဉ်ပေးသင့်ပါတယ်။ ဤသို့ ပြုလုပ်မည်ဆိုလျှင် နိုင်ငံတော်အတွက်လည်း အခွန်ငွေ ရရှိပါတယ်။ အခုလက်ရှိ စီမံချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးလျော့ နည်းပပျောက် ရေး စီမံချက် ကိုလည်း အကောင်အထည်ဖော် ဆောင်ရာရောက်ပါတယ်။ အမှန်တကယ် ဆင်းရဲသူတို့အား ငဲ့ညှာသနားရာ ကူညီထောက် ပံ့ရာရောက်မည် လည်း ဖြစ်ကြောင်း ပြည်သူများကြားမှ ပြည်သူ့အသံအား ရေးသား တင်ပြလိုက်ရပါတယ်။

မောင်သာဖြန်း (ထန်းတပင်)

အယ်ဒီတာ့ထံ ပေးစာ
Popular Myanmar News Journal

ဘကြီးသက်
Unknown at 9:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်

နေပြည်တော်  နိုဝင်ဘာ   ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ (၅)ရက် ညနေ (၃) နာရီခွဲတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National Convention Centre Champi Grand Hall ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်သည်။
အဆိုပါ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံ များနှင့် ဥရောပ နိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဒုတိယ ဝန်ကြီးချုပ်များ၊  ဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ ဥရောပ ကော်မရှင် ဥက္ကဌနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံ၊ အာရှနှင့် ဥရောပနိုင်ငံများမှ ခေါင်းဆောင်များသည် စားနပ်ရိက္ခာနှင့် လောင်စာ လုံခြုံရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများ၊ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ် ဦးတည်ချက် စသည့် ကိစ္စရပ်များ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ယခုနှစ် ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ်မှာ ' ငြိမ်းချမ်းရေးအတွက် မိတ်ဆွေ၊ သာယာဝပြောရေးအတွက် မိတ်ဖက် ' ဟူ၍ဖြစ်သည်။ အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး (ASEM) ကို ၁၉၉၆ ခုနှစ် တွင် စတင်ထူထောင်ခဲ့ပြီး ယခုအခါ (၁၆) နှစ်မြောက်ခဲ့ပြီ ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် အဖွဲ့ဝင် နိုင်ငံပေါင်း (၂၆) နိုင်ငံ ရှိရာမှ အာရှနှင့် ဥရောပဒေသများမှ မိတ်ဖက်နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း(၄၈)ခုအထိ တိုးတက်လာ ခဲ့သည်။ အာဆမ်(ASEM) ၏လုပ်ငန်းစဉ်များသည် အာရှနှင့်ဥရောပ ဒေသများအကြား အပြန်အလှန် နားလည်မှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး တို့ကို ထင်ရှားစွာ အကျိုးပြုလျက် ရှိသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  ဒေါင်ချန်း ပဲလေ့စ် ဟိုတယ်၌ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျူမာလီ ဆိုင်ညဆွန်နှင့် ဇနီးတို့က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။  

ဘကြီးသက်
Unknown at 9:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Email ရေးသားခြင်းအတွက် pop-out window သစ်ကို Gmail မိတ်ဆက်

Google ကုမ္ပဏီသည် ၎င်း၏ email ဝန်ဆောင်မှုဒီဇိုင်းကို ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီးနောက် email ရေးသား ရာတွင် pop-out window သစ်ကို Gmail သုံးစွဲသူများထံ မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ pop out box သစ်သည် chat box တစ်ခုနှင့် တူညီပြီး တစ်ကြိမ်လျှင် တစ်စောင်ထက်ပိုမိုသည့် email များရေးသားနိုင်ကာ ရေးလက်စ email ကိုလည်း message box တစ်ခုအနေဖြင့် minimize လုပ်ထား နိုင်ကြောင်း ထုတ်ကုန်မန်နေဂျာဖြစ်သူ Phil Sharp က blog post တစ်ခုတွင် ဖော်ပြခဲ့သည်။

၎င်း feature သစ်သည် အခြား message မှ အရာများကို ရည်ညွန်းခြင်းကာ email ရေးသားသည့်အခါတွင် လက်ရှိရေးသားနေသည့် email ကို draft တွင် သိမ်းဆည်းခြင်း၊ email အဟောင်းကို ဖွင့်ခြင်း၊ ထို့နောက် draft ကို ပြန်ဖွင့်ကာ ရေးသားခြင်း စသည်တို့ကို ပြုလုပ်စရာမလိုဘဲ အလွယ်တကူပြုလုပ်နိုင်ခြင်းကြောင့် အချိန် ကုန်သက်သာစေမည်ဖြစ်ကြောင်း Sharp က ရေးသားဖော်ပြခဲ့သည်။

လက်ရှိတွင် အဆိုပါ feature ကို preview အနေနှင့် ဖြန့်ချိထားပြီး Gmail အသုံးပြုသူအားလုံးမှ အသုံးပြုနိုင် ခြင်းမရှိသေးသော်လည်း “new compose experience” link ကို တွေ့မြင်သူတိုင်း အသုံးပြုနိုင်မည်ဖြစ်ပြီး အပြီးသတ် ဖြန့်ချိခြင်းမပြုမီ နည်းလမ်းအသစ်နှင့် နည်းလမ်းအဟောင်းအကြား ပြောင်းလဲအသုံးပြုနိုင်မည် ဟု သိရသည်။

Compose box အသစ်အပြင် reply message ကိုလည်း ပုံစံအသစ်အနေဖြင့် ပြောင်းလဲပြင်ဆင်ပေးခဲ့ပြီး အခြား feature သစ်များအနေဖြင့် contact များကို email ထံ ထည့်သွင်းရာတွင် profile ဓာတ်ပုံများပါဝင် သည့် autocomplete bar အပြင် to:, cc: နှင့် bcc: box များအကြားတွင်လည်း email လိပ်စာများကို drag and drop ပြုလုပ်ခြင်းနှင့် address ဖြည့်သွင်းပြီးသည့်နောက် address နေရာ အလိုအလျောက် ခေါက်သိမ်း ခြင်းစသည်တို့ ပါဝင်ကြောင်း သိရသည်။

Ref: CNET

Unknown at 9:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာပေါ်မှာ ရေလုံးဝမချိုးတဲ့ Ovahimba လူမျိုးစု

Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာနေထိုင်ကြပြီးတော့ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါးကြပါတယ်။

သူတို့ လူမျိုးစုရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က သူတို့ဟာ ဘယ်တော့ခါမှ ရေချိုးကြသူများမဟုတ်ကြပါဘူး။
ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေးမလုပ်ဘူးလားလို့ မေးစရာရှိပါတယ်. ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာသန့်ရှင်းရေးလည်း လုပ်ကြပါတယ်.ဒါပေမဲ့ သူတို့ သန့်ရှင်းရေးလုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့မဟုတ်ပါဘူး။
Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းကို ဖော်ပြရရင်မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေဖုံးနေတဲ့အခါ၎င်း မီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေးလုပ်နည်းပါ လို့ ဆိုပါတယ်။သူတို့ဝတ်ဆင်တဲ့ သားရေထည် ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။

သူတို့ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီးကလေးလူကြီး အားလုံးဟာလည်းပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင်ထားတတ်ကြပါတယ်။သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။
ဒီလိုလည်ဆွဲမျိုး ဆွဲထားတဲ့ မိန်းကလေးဆိုရင် အိမ်ထောင်မရှိသေးသူလို့ အဓိပ္ပါယ်ရပါတယ်။ စိတ်ဝင်စားသူများစာရင်းပေးထားလို့ ရပါတယ်နော် ။ ဒါပေမဲ့ တစ်သက်လုံးမှာ တစ်ကြိမ်တောင် မလျှော်တဲ့ ခေါင်းပေါ်က ဆံပင်တွေကိုတော့ ခွင့်လွှတ်ရမှာ ဖြစ်ပါတယ်....။

 Myanmar Express
ဘကြီးသက်
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မတူညီသည့် အဓိကအချက်တချို့

(၁) နိုင်ငံရေးလောကထဲကို ၀င်ရောက်တဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်လွတ်လပ်ရေးရဖို့အတွက် နိုင်ငံရေးလုပ်ကိုလုပ်မှဖြစ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကျတော့ နိုင်ငံရေးလောကထဲကို ၀င်မယ်လို့ ကြိုတင်ပြင်ဆင် ထားပုံမပေါ်ဘဲ မြန်မာ့နိုင်ငံရေးအခြေအနေ၊ အချိန်အခါနဲ့ ပြည်သူလူထုရဲ့ လိုလားတောင်းဆိုမှုအရ ရုတ်ချည်း ဆိုသလို ၀င်ရောက်ခဲ့ရတာကို တွေ့ရမှာဖြစ်ပါတယ်။

(၂) ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးကြိုးပမ်းမှု ကာလတလျှောက်မှာ အင်္ဂလိပ်၊ ဂျပန်အစိုးရတွေရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုကို လုံးဝမခံခဲ့ရတဲ့အတွက် (လွတ်အောင် ရှောင်တိမ်းနိုင်ခဲ့တဲ့အတွက်) အပြင်မှာတောက်လျှောက် လှုပ်ရှားဦးဆောင်ခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကြိုးပမ်းမှုကာလတလျှောက်မှာတော့ အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံရတဲ့အချိန်က အများစုဖြစ်နေတဲ့အတွက် အပြင်မှာ ဦးဆောင်လှုပ်ရှားနိုင်တဲ့ အချိန်နဲ့ အခွင့်အရေး မရှိသလောက် နည်းပါးခဲ့တာကို တွေ့ရပါတယ်။

(၃) ဗိုလ်ချုပ်အောင်ဆန်းက လက်နက်ကိုင်လမ်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ် နှစ်ခုစလုံးကို ကိုင်စွဲအသုံးပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှကို တာဝန်အရဖီဆန်ရေး၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကိုသာ တလျှောက်လုံးကိုင်စွဲခဲ့တာကို တွေ့ရပါတယ်။

(၄) ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရတဲ့ အုပ်စိုးသူ အင်္ဂလိပ်တွေက သူ့တို့မိခင်နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ နအဖစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်နေသူတွေ ဖြစ်ပါတယ်။

(၅) ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားဘ၀ကတည်းက နိုင်ငံရေးကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့လေတော့ တလျှောက်လုံး ကြုံတွေ့ခဲ့ရတဲ့ (လက်တွဲလုပ်ကိုင်ခဲ့တဲ့၊ လက်တွဲလုပ်ကိုင်ချင်တဲ့) နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေရဲ့အကြောင်းကို အူမချေးခါးမကျန် အကုန်အစင်သိခဲ့တယ်။ သိတဲ့အခါကျတော့ ဘယ်သူနဲ့ စိတ်တူကိုယ်တူ တွဲလုပ်ရမယ်၊ ဘယ်သူနဲ့ ကိုယ်ပေါင်းစိတ်ခွာ နေရမယ်၊ ဘယ်သူနဲ့တော့ လုံးဝဥဿုံ စည်းခြားထားရမယ် ဆိုတာကို အချိန်ယူပြင်ဆင်နိုင်ခဲ့တယ်။ တဦးချင်းရဲ့ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်တွေကို သိထားတဲ့အတွက် စုဖွဲ့လုပ်တဲ့အခါမှာလည်း ဘယ်သူက ဘယ်နေရာနဲ့ သင့်တော်ပြီး ဘယ်သူ့ကို ဘာတာဝန်ပေးရမယ်ဆိုတဲ့ လူမှန်နေရာမှန်ကို စနစ်တကျ ရွေးချယ်နိုင်တဲ့ အခွင့်အရေး ပိုရခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကျတော့ အာဏာရှင် ဗိုလ်နေ၀င်းရဲ့ ပညာသားပါပါ ပြည်နှင်တာကို ခံရမှုကြောင့် မြန်မာပြည်မှာ နေထိုင်ရတဲ့အချိန် အလွန်နည်းပါးခဲ့ပြီး ၁၉၈၈ အရေးအခင်း ဖြစ်တဲ့အခါကျမှ နိုင်ငံရေးလောကထဲကို ရုတ်ချည်းဝင်ရောက်ခဲ့ရတာ ဖြစ်တဲ့အတွက် သူမအနားကို လာကပ်တဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေရဲ့အကြောင်းကို အချိန်ယူလေ့လာခွင့်မရလိုက်ဘူး။ ဘယ်သူတွေဟာ လက်တွဲလုပ်ကိုင်ရမယ့်သူတွေ၊ ဘယ်သူတွေဟာ လက်တွဲလုပ်ကိုင်ဖို့ မသင့်တဲ့သူတွေဆိုတာကို သေသေချာချာ မလေ့လာရသေးခင်မှာဘဲ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ယူခဲ့ရတာဖြစ်ပါတယ်။

(၂၀၀၇ ခုနှစ် မေလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ရေးသားဖြစ်ခဲ့သော “တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၄) - လူထုခေါင်းဆောင်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှု” ဆောင်းပါးမှ ...)

http://drlunswe.blogspot.com/2008/12/blog-post_19.html

Unknown at 12:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.