Tuesday, November 6, 2012

Acer က Microsoft ဟာ့ဒ်ဝဲကို ထမင်းကြမ်းခဲနှင့် နှိုင်း

ထိုင်ဝမ် နည်းပညာထုတ်ကုန်ပစ္စည်း ကုမ္မဏီ Acer မှ မိုက်ခရိုဆော့ဖ် (Microsoft) ကို ပြောလိုက်တဲ့ စကား ဖြစ်ပါတယ်။ Microsoft ရဲ့  ဟာ့ဒ်ဝဲ များကို အသုံးပြုရတာ ထမင်းကြမ်းခဲ (Hard rice) စားရတာနဲ့ တူကြောင်း Acer စီအီးအိုကိုယ်တိုင်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါ တယ်။

လက်ရှိမှာ Microsoft မှာ Operating System တွေပဲ ထုတ်လုပ်တဲ့ ကုမ္မဏီ မဟုတ်တော့ပါဘူး။ စမတ်ဖုန်းလောကရော၊ Tablet လောကကိုရော ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ နောက်ဆိုရင် Laptop, Desktop များအထိပါ ထုတ်လုပ်မှာ ဖြစ်ပြီး Windows OS ကိုမှီခိုနေရသူများအတွက် အကြပ် ရိုက် စေတော့မှာ ဖြစ်ပါတယ်။

လက်ရှိ Microsoft မှ ထုတ်တဲ့ Windows 8 နဲ့ Window RT OS တောင် သူ့ရဲ့  Surface Tablet တွေနဲ့ပဲ အံကိုက်ပိုဖြစ်တာ တွေ့ရပါတယ်။ သူ့ OS ကိုမှီခို နေရသူများအတွက် သေချာ မလုပ်ပေးပါဘူး။ သဘောတရား ကတော့ သားသမီးအရင်းနဲ့ မွေးစားသားသမီး အပေါ် ထားတဲ့ သံယောဇဉ် မျိုးလို့တောင် ဝိုင်းဝန်း ဝေဖန်နေကြပါပြီ။

Microsoft ရဲ့  OS ကိုမှီခိုနေရသူများ စိုးရိမ်လာကြပြီ ဖြစ်ပါတယ်။ Acer ရဲ့  Tablet တွေတောင် Surface ထွက်ပေါ်လာမှုကြောင့် ရောင်းအား ကြိမ်းသေ ကျဆင်းမှာ ဖြစ်ပါတယ်။ ဒီတော့ အကောင်းဆုံး ထွက်ပေါက်က ကိုယ်ပိုင် OS ဖန်တီးခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် ကိုယ်ပိုင် OS မဖန်တီးနိုင်သေးတဲ့ ထိုင်ဝမ် Acer ကတော့ Microsoft ရဲ့  Hardware များကို ထမင်းကြမ်းခဲလို့ ပြောဆိုလိုက်ပါတယ်။
--
Ref: cnet
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/acer-microsoft.html

ဘကြီးသက်
Unknown at 9:07 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.