Tuesday, November 6, 2012

ဗီဇာငွေထုတ်ကတ်များ မြန်မာနိုင်ငံ၌ တရားဝင် သုံးစွဲနိုင်တော့မည်

ဗီဇာသည် ကမ္ဘာပေါ်တွင် လုပ်ငန်းစဉ်အရပ်ရပ်အား Visanet ကို လည်ပတ်စေပြီး တစ်စက္ကန့်လျှင် ငွေချေမှုပေါင်း ၂၄၀၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှု ပေးနိုင်သကဲ့သို့ အတုလုပ်မှုများမှလည်း သုံးစွဲသူများကို ကာကွယ်ပေးနိုင်ပြီး ကုန်သည်များအတွက်လည်း အာမခံငွေချေမှုများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
 ယခုအခါ ကမ္ဘာ့အကြီးဆုံး ငွေပေးချေမှု ကွန်ရက်ဖြစ်သည့် ဗီဇာသည် ဗီဇာငွေထုတ်ကတ်များကို မြန်မာနိုင်ငံ၌ တရားဝင်လက်ခံ သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီ ဖြစ်သည်။ ဗီဇာသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရန်နှင့် နိုင်ငံတကာ စီးပွားရေးကဏ္ဍအတွင်းသို့ ပူးပေါင်းဝင်ရောက်နေခြင်းတို့ကို ကူညီပံ့ပိုးပေးရန်တို့အတွက် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့ဖြင့် သဘောတူညီချက်များကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ 
အဆိုပါဘဏ်များသည် လိုင်စင်သဘောတူညီချက် စာချုပ်နှင့်အညီ ဗီဇာငွေထုတ်ကတ်များကို ရယူသွားမည်ဖြစ်ပြီး ဗီဇာကတ်များကို ATM စက်များနှင့် Point-of-sale နေရာများတွင် လက်ခံအသုံးပြုနိုင်မည် ဖြစ်ရာ စီးပွားရေးနှင့် နိုင်ငံခြားခရီးသွား လုပ်ငန်းများတွင် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။
(မောင်ကျောက်ခဲ အဖွဲ့)

ဘကြီးသက်
Unknown at 10:35 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.