Tuesday, November 6, 2012

စံရိပ်ငြိမ်မှတ်တိုင်းအနီးမှာ ကား(၄)စီးဖြင့် အခြားကားတစ်စီးပေါ်မှ လူများအား ၀ိုင်းဝန် ရိုက်နှက်ခဲ့သည့် ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ......


စံရိပ်ငြိမ်မှတ်တိုင် အနီးဖြစ်ပွားခဲ့သော ဖြစ်စဉ်ပါ ပြစ်မှုကျူးလွန်သူများအား အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

၁.၁၁.၂၀၁၂ ရက်နေ့ ညဥ့်နက် ၁ နာရီကျော်ခန့်အချိန်တွင် အင်းယားလိပ် GDR နိုက်ကလပ်မှအပြန် ရန်ကုန်-အင်းစိန်လမ်းမ စံရိပ်ငြိမ်မှတ်တိုင်အနီး ၃ခ/……… မတ်တူးအစိမ်းပုတ်ရောင်ယာဉ်အား အခြားယာဉ် (၄)စီး မှ ရှေ့/နောက် ပိတ်ညှပ်၍ ကောင်းမြတ်ပါ (၈)ဦးမှ ဆင်းလာကာ ဆဲဆိုကြိမ်းမောင်းထိုးကြိတ်ပြီး ကားအား ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

၎င်းဖြစ်စဉ်ပါ ပြစ်မှုကျူးလွန်သူများအနက်မှ ကောင်းမြတ်အား အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး ခရိုင် (အထူး)ရဲတပ်ဖွဲ့မှ ၄.၁၁.၂၀၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး၊ ရင်မင်းသန့်(ခ) ဂျပန်ကြီးဆိုသူအား ၅.၁၁.၂၀၁၂ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် ကျန်တရားခံများအားလည်း ဆက်လက်ရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း Myanmar News Now မှ သတင်းရရှိသည်။

Ref; Thit Htoo Lwin


ဘကြီးသက်
Unknown at 1:35 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.