Tuesday, November 6, 2012

Email ရေးသားခြင်းအတွက် pop-out window သစ်ကို Gmail မိတ်ဆက်

Google ကုမ္ပဏီသည် ၎င်း၏ email ဝန်ဆောင်မှုဒီဇိုင်းကို ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီးနောက် email ရေးသား ရာတွင် pop-out window သစ်ကို Gmail သုံးစွဲသူများထံ မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ pop out box သစ်သည် chat box တစ်ခုနှင့် တူညီပြီး တစ်ကြိမ်လျှင် တစ်စောင်ထက်ပိုမိုသည့် email များရေးသားနိုင်ကာ ရေးလက်စ email ကိုလည်း message box တစ်ခုအနေဖြင့် minimize လုပ်ထား နိုင်ကြောင်း ထုတ်ကုန်မန်နေဂျာဖြစ်သူ Phil Sharp က blog post တစ်ခုတွင် ဖော်ပြခဲ့သည်။

၎င်း feature သစ်သည် အခြား message မှ အရာများကို ရည်ညွန်းခြင်းကာ email ရေးသားသည့်အခါတွင် လက်ရှိရေးသားနေသည့် email ကို draft တွင် သိမ်းဆည်းခြင်း၊ email အဟောင်းကို ဖွင့်ခြင်း၊ ထို့နောက် draft ကို ပြန်ဖွင့်ကာ ရေးသားခြင်း စသည်တို့ကို ပြုလုပ်စရာမလိုဘဲ အလွယ်တကူပြုလုပ်နိုင်ခြင်းကြောင့် အချိန် ကုန်သက်သာစေမည်ဖြစ်ကြောင်း Sharp က ရေးသားဖော်ပြခဲ့သည်။

လက်ရှိတွင် အဆိုပါ feature ကို preview အနေနှင့် ဖြန့်ချိထားပြီး Gmail အသုံးပြုသူအားလုံးမှ အသုံးပြုနိုင် ခြင်းမရှိသေးသော်လည်း “new compose experience” link ကို တွေ့မြင်သူတိုင်း အသုံးပြုနိုင်မည်ဖြစ်ပြီး အပြီးသတ် ဖြန့်ချိခြင်းမပြုမီ နည်းလမ်းအသစ်နှင့် နည်းလမ်းအဟောင်းအကြား ပြောင်းလဲအသုံးပြုနိုင်မည် ဟု သိရသည်။

Compose box အသစ်အပြင် reply message ကိုလည်း ပုံစံအသစ်အနေဖြင့် ပြောင်းလဲပြင်ဆင်ပေးခဲ့ပြီး အခြား feature သစ်များအနေဖြင့် contact များကို email ထံ ထည့်သွင်းရာတွင် profile ဓာတ်ပုံများပါဝင် သည့် autocomplete bar အပြင် to:, cc: နှင့် bcc: box များအကြားတွင်လည်း email လိပ်စာများကို drag and drop ပြုလုပ်ခြင်းနှင့် address ဖြည့်သွင်းပြီးသည့်နောက် address နေရာ အလိုအလျောက် ခေါက်သိမ်း ခြင်းစသည်တို့ ပါဝင်ကြောင်း သိရသည်။

Ref: CNET

ဘကြီးသက်
Unknown at 9:37 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.