Tuesday, November 6, 2012

ရန်ကုန် လေဆိပ်ရှိ အစိုးရ ၀န်ထမ်းများ အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီ၌ လုပ်ကိုင်မည် ဆိုပါက လစာမဲ့ခွင့် ၅ နှစ်ပေးကာ လုပ်ကိုင်နိုင်ရန် စီစဉ် ဆောင်ရွက် သွားမည်။


ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ပုဂ္ဂလိက အခန်း ကဏ္ဍက ပါဝင် ဆောင်ရွက် လာတဲ့ အခါ အဆိုပါ နေရာမှာ တာဝန် ထမ်းဆောင် လျက်ရှိတဲ့အစိုးရပိုင်း ၀န်ထမ်းများ အနေနဲ့ ၀င်ရောက် လုပ်ကိုင် လိုပါက လစာမဲ့ခွင့် အဖြစ် ၅ နှစ် ပေးသွားဖို့ စီစဉ်မှု တစ်ခု အနေနဲ့ ဆောင်ရွက်ဖို့ စီစဉ်နေ တယ်လို့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။

ဒီလို စီစဉ်ထား ရာမှာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ ၀န်ထမ်းများဟာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီများမှ လစာ ရယူကာ ငါးနှစ် အလုပ် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက ကုမ္ပဏီ အတွက် တာဝန် ထမ်းဆောင် နေတဲ့ အဆိုပါ ၀န်ထမ်းများဟာ အစိုးရ ၀န်ထမ်းများ အဖြစ် ဆက်လက် သတ်မှတ်ခြင်း ခံထားရမှာ ဖြစ်ပါတယ်။ လစာမဲ့ခွင့် ငါးနှစ်ပြည့်တဲ့ အခါ အစိုးရ ၀န်ထမ်း တာဝန်ကို ထမ်းဆောင်ခြင်း မပြုလိုပါ

က ကုမ္ပဏီဝန်ထမ်း အဖြစ်သာ တာဝန် ထမ်းဆောင် လိုပါကလည်း ခွင့်ပြုပေး သွားဖို့ အတွက်ပါ စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ကိစ္စရပ်မျိုးများ ဆောင်ရွက် လိုက်တဲ့ ၀န်ထမ်း များဟာ ဌာနဆိုင်ရာရဲ့ ရာထူး သတ်မှတ် ချက်မှာတော့ လုပ်သက်ပေါ် မူတည်ပြီး ရာထူးတိုးခြင်းများ မရှိတော့ဘဲ ကုမ္ပဏီမှာ အဆိုပါ ၀န်ထမ်းများရဲ့ စွမ်းဆောင်မှု အပေါ်သာ မူတည်ပြီး အမှုထမ်းမှ တဆင့် အရာထမ်းများ ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို လစာမဲ့ခွင့်နဲ့ ပြောင်းရွှေ့ လုပ်ကိုင်ခွင့် မှာတော့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ ၀န်ထမ်းများ အတွက်သာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ဆောင်ရွက်မှု များကို ဆောင်ရွက်နိုင်ဖို့ အတွက် ကိုတော့ သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိ သူများထံ ဆက်လက် တင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို တင်ပြပြီး ခွင့်ပြုချက် ရရှိလာပါက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ပုဂ္ဂလိကမှ ၀င်ရောက် လုပ်ကိုင်တ အခါ လုပ်ငန်းများ အစီအစဉ် ကျနရေးနဲ့ လိုအပ်တဲ့ စည်းကမ်းချက်များ၊ ထုတ်ပြန်ချက် များကိုပါ ရေးဆွဲပြုစုမှု များလည်း ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

____________________________________
Reference and Credit to -MRTV-4


ဘကြီးသက်
Unknown at 1:38 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.