Tuesday, November 6, 2012

အရှင်ဆေကိန္ဒ ကချင်စစ်ရှောင်စခန်းများသို သိန်း ၁၄၀၀ ခန့် သွားရောက်လှူဒါန်း

ပူတာအိုတွင် ဆန်ရှားနေမှုနှင့် နှစ်ဖက်စစ်ရေးကြောင့် ကချင်စစ်ရှောင်စခန်းများသို့ ရောက်ရှိနေသူများကို ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ဦးဆောင်၍ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်း မက်စ်မြန်မာ ဥက္ကဌ ဦးဇော်ဇော် တို့က အောက်တို ဘာ ၃၁ ရက်နေ့နှင့် နိုဝင်ဘာ၁ ရက်နေ့များတွင်ကျပ် သိန်း ၁၄၀၀ ခန့် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။




မြစ်ကြီးနားအရောက် ဆန်၁အိတ်လျှင် ၁၈၀၀၀ ကျပ်နှုန်းဖြင့် အရောက်ပို့ကာ မြစ်ကြီးနားမှပူတာအိုသို့ တပ်မတော်လေကြောင်းဖြင့် ဆန်အိတ်ပေါင်း ၆၄၀ အပါအ၀င် ဆီ၊ ဆားနှင့် မားမားခေါက်ဆွဲခြောက်စုစုပေါင်း သိန်းပေါင်း ၁၅၀ကျော်ကို လှူဒါန်းခဲ့သည့်အပြင်မြစ်ကြီးနား ၀ိုင်းမော် ရှိ စစ်ရှောင်စခန်း ၃၈ခုအားလည်း ဆန်၊ ဆီ၊ ဆား၊ စောင်နှင့် စားသောက်ဖွယ်ရာ ဆေးဝါးစုစုပေါင်း ကျပ်သိန်း၅၃၀ ကျော်တန်ဖိုးရှိ ပစ္စည်းတို့ကို လှူဒါန်းခဲ့သည်ဟု လိုက်ပါလှူဒါန်းခဲ့သူ လုပ်ငန်းရှင်တစ်ဦးကပြောသည်။


ဆရာတော်အရှင်ဆေကိန္ဒက ``အခြေအနေနဲ့အချိန်အခါအရ လှူဖြစ်တာပါ။ လှူချင်နေတာကြာပါပြီ´´ဟု
မိန့်ကြားသည်။
ကျောင်းများတွင်ပါ နေရာယူလာသည့် ကေအိုင်အေတပ်ဖွဲ့ဝင်များ

စစ်ရှောင်စခန်းများသို့ သွားရောက်လှူဒါန်းစဉ် စခန်းရှိ ဒုက္ခသည်တို့၏တောင်းဆိုမှုကို ယခုအချိန်ထိနားထဲမှ မထွက်သေးပါကြောင်းဆရာတော်ကဆက်လက်မိန့်ကြားသည်။


``ဘုန်းဘုန်း စစ်ပြေငြိမ်းအောင်မြန်မြန်လုပ်ပေးပါဘုရား၊ အိမ်မြန်မြန်ပြန်ချင်ပါပြီ ဘုရားတဲ့ အခုထက်ထိ ဒီစကား နားထဲကမထွက်သေးပါဘူး´´ ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။


လက်ရှိဖြစ်ပွားနေသောစစ်ကို အမြန်ဆုံးပြေငြိမ်းစေရန် စစ်ဘက်ဆိုင်ရာ အရာရှိများ အပါအ၀င် ကချင်ပြည်သူတို့အားငြိမ်းချမ်းရေးတရား ၃ ပွဲဟောကြားခဲ့ပြိး စစ်ပွဲအမြန်ဆုံးရပ်စဲရေးကို ဆရာတော် အရှင်ဆေကိန္ဒက တိုက်တွန်းခဲ့သည်။


ခရစ်ယာန်ဘာသာရေး ဆရာတော်တို့နှင့် ခင်မင်ရင်းနှီးစွားတွေ့ဆုံခဲ့သေးပြိး အလှူငွေများပေးအပ်ချီးမြင့်ခြင်းနှင့် အတူ စစ်ဘေးသင့်နှင့် မိဘမဲ့ကလေး ၅၀၀၀ ဦးတို့အားလည်း တစ်ဦး ၁၀၀၀ ကျပ်စီ လှူဒါန်းခဲ့သေးကြောင်းသိရှိရပါသည်။
(မောင်ကျောက်ခဲ အဖွဲ့)
ဘကြီးသက်
Unknown at 10:36 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.