Saturday, July 14, 2012

နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို ပုဂ္ဂလိက ဘဏ် ၄ ခု၌ စတင်ဆောင်ရွက်



From : MRTV-4

ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်တွေမှာ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်မှု ဆောင်ရွက်နိုင်ဖို့အတွက် စီစဉ် လျက်ရှိရာ ဇူလိုင်လ ၉ ရက်နေ့က စတင်ပြီး ပုဂ္ဂလိကဘဏ်

၎ ခုမှာ စတင် ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဘဏ်တွင်း စာရင်းစစ်နဲ့ ဘဏ်လုပ်ငန်းများ ကြီးကြပ် စစ်ဆေးရေး ဌာနက တရားဝင် ခွင့်ပြုချက် ထုတ်ပြန် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဇူလိုင်လ ၉ ရက်နေ့မှ စတင် လုပ်ကိုင်ခွင့် ရရှိတဲ့ ပုဂ္ဂလိကဘဏ် တွေကတော့ ကမ္ဘောဇ ဘဏ်လီမိတက်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ် လီမိတက်နဲ့ ယူနိုက်တက် အမရဘဏ် လီမိတက် စတာတွေ ဖြစ်ပါတယ်။

ဒီလို လုပ်ကိုင်ခွင့် ရပြီဖြစ်တဲ့ ဘဏ်တွေမှာ နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို စာရင်းရှင် အပ်ငွေ စတင် ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုမှာ အမေရိကန် ဒေါ်လာ၊ FEC ၊ စင်္ကာပူ ဒေါ်လာ၊ ယူရိုစတဲ့ ငွေကြေး အမျိုးအစား ၄ မျိုးအတွက် အပ်နှံနိုင်တာ ဖြစ်ပါတယ်။ ဒီလို အပ်နှံရာမှာ အဆိုပါငွေ အမျိုးအစား ၄ မျိုးထဲက တစ်မျိုးကို ငွေသား ၁၀၀ ရှိရုံနဲ့ စာရင်း ဖွင့်လှစ် နိုင်မှာဖြစ်ပြီး အပ်ငွေကိုတော့ ငွေသားနဲ့ ပေးသွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ပါက စာရင်းဖွင့် လျှောက်လွှာ၊ နိုင်ငံခြားငွေ ရရှိတဲ့ အထောက်အထားများနဲ့ နိုင်ငံသား မှတ်ပုံတင် ကဒ်ပြား စတာတွေ လိုအပ်တယ်လို့ ကမ္ဘောဇဘဏ် လီမိတက်မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို နိုင်ငံခြား ငွေစာရင်းသွင်းမှု အနေနဲ့ ကုမ္ပဏီ ဒါမှမဟုတ် အသင်းအဖွဲ့ တွေက နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ပါက သင်းဖွဲ့ မှတ်တမ်း၊ သင်းဖွဲ့ စည်းမျဉ်း၊ သွင်းကုန်၊ ပို့ကုန် လုပ်ကိုင်သူ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် စတဲ့ အချက်အလက်တွေ လိုအပ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ပုဂ္ဂလိက ဘဏ် ၄ ခုမှာသာ နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို စတင် လုပ်ကိုင် ဆောင်ရွက် နေတာဖြစ်ပြီး အခြားဘဏ်တွေ ကတော့ လုပ်ကိုင်ဖို့ ရှိပေမယ့် လိုအပ်ချက် အနည်းငယ် ရှိနေသေး တာကြောင့် ဆောင်ရွက်မှု မရှိသေးတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

ဘကြီးသက်
Unknown at 7:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နေပြည်တော်ရှိဘုန်းတော်ကြီးကျောင်းများ ပြောင်းရွှေ့ဖယ်ရှားခြင်းကိစ္စ ပြန်ကြားရေးမှ ရှင်းလင်း




From : ခေတ်လူငယ်
နေပြည်တော် ဒက္ခိဏသီရိ၊ ဥတ္တရသီရိနှင့် တပ်ကုန်းမြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်း ၃၇ ကျောင်းအား သက်ဆိုင်ရာမှ ပြောင်းရွှေ့ဖယ်ရှားပေးရန် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ယင်းဘုန်းတော်ကြီးကျောင်း များမှာ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း၌ ဖြစ်နေပြီး မြို့နယ်သံဃနာယက၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော ကျောင်းများဖြစ်နေကြောင်း သတင်းထုတ်ပြန်ချက် တစ်ခုကို ဇူလိုင် ၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျေးရွာ ချင်းဆက်လမ်းများ ဖောက်လုပ်ရန် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်း ဆောင်ရွက်ခဲ့စဉ် ယင်းကဲ့သို့ စိစစ်တွေ့ရှိခဲ့ရခြင်းဖြစ်ရာ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ သံဃနာယက ဆရာတော်များမှ သစ်တောဧရိယာ ဖြစ်နေခြင်း၊ ခွင့်ပြုချက်မရယူဘဲ ဆောက်လုပ်ထားခြင်း၊ ဘုန်းတော်ကြီးကျောင်း အင်္ဂါရပ်များနှင့် ညီညွှတ်မှုမရှိခြင်းနှင့် ထိုကျောင်းများရှိ သံဃာအချို့မှာလည်း သာသနာဝင် မှတ်တမ်းများ မရှိခြင်းတို့ကြောင့် ပြောင်းရွှေ့ဖယ်ရှားပေးရန် မိန့်ကြားထားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ ပြောင်းရွှေ့ရာတွင်လည်း လက်ရှိ ကျောင်းများ၏ ကုန်ကျစရိတ်အား အလှူငွေအဖြစ် ကျောင်းအလိုက် ဝတ္ထုငွေများ ထောက်ပံ့လှူဒါန်းခြင်း၊ အလိုရှိသည့် ပစ္စည်းများ သယ်ယူနိုင်ရန် ယာဉ်များ စီစဉ်ပေးခြင်းတို့ကို သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်ပေးထားသည်ဟု ဆိုသည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်း ၃၇ ကျောင်းအနက် ၁၃ ကျောင်းမှာ ကျောင်းအလိုက် ထောက်ပံ့လှူဒါန်းသည့် ဝတ္ထုငွေများ လက်ခံရယူ၍ အလိုရှိသည့် ပစ္စည်းများ ယူဆောင်ပြီး ပြောင်းရွှေ့ ဖယ်ရှားသွားခဲ့ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။ ပြောင်းရွှေ့ရန် ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်း ကျန်ရှိနေပြီး ယင်းတို့အား မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေသည်ကိုမူ ဖော်ပြထားခြင်း မရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 7:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွှတ်တော်တွင်းရောက် သူငယ်ချင်းအမတ်မင်းသို့ပေးစာ။



သူငယ်ချင်း အမတ်မင်းရေ


သူငယ်ချင်း သတိရစွာနဲ့ စာရေးလိုက်ပါတယ်ကွာ။ ရေးသာရေးရတာ အားသိပ်မရှိလှဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပါတီက အမတ်မင်းအချို့က ပါတီကိုစွန့်ခွာပြီး မိခင်ပါတီဆီ ကူးချင်လို့ပါဆိုပြီး သွားခဲ့ကြတာကြောင့် အင်အား နည်းသွားလို့ပါ။
ဒါပေမယ့် ကိုယ့်ခေါင်းဆောင်တွေ အရင်က ပြောခဲ့သလို လွှတ်တော်ထဲမှာ တစ်ယောက်ပဲရှိရင် အဲ့ဒီ တစ်ယောက်နဲ့ပဲ ပြောမယ်ဆိုတဲ့အတိုင်း လောလောဆယ်မှာတော့ သူငယ်ချင်းတို့လို ဒေါင်ဒေါင်မြည်သူရဲကောင်းတွေ ရှစ်ယောက်လောက်ကျန်သေးတာမို့ တော်သေးတာပေါ့လို့ ဆိုရပါမယ်။ စကားမစပ် တိုးတိုးကလေး မေးလိုက်ဦးမယ်။ သူငယ်ချင်း လည်း ပြောင်းမပြေးပါဘူးနော်….သူငယ်ချင်းရေ တစ်ဖက်ရဲ့ဆွဲအားက အလွန်ကောင်းတော့ တော်ရုံတန်ရုံလူတွေ တင်းခံနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ပါတီကနေစွန့်ပြေးကြတာ တကယ့်ထိပ်ထိပ်ကျဲခေါင်းဆောင်တွေ ပါနေတာကို မင်းအမြင်ပဲ။ သူတို့ ဘာကြောင့် ပါတီကို စွန့်ခွာရတယ်ဆိုတာကို ကြုံရင်တော့ လိုက်မေးဦးတယ်။ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ NDF စပြီးတည်ထောင်ဖို့ စည်းရုံးလှုပ်ရှားစဉ်တုန်းက အင်တိုက်အားတိုက်တက်တက်ကြွကြွနဲ့ လှုပ်ရှားခဲ့ကြသူတွေထဲမှာ သူတို့လည်း ပါခဲ့ကြပါတယ်။ အဲ့ဒီအချိန်က ဘယ်သူတွေဘာတွေပဲပြောပြော ပြည်သူကို ပစ်မပြေးနိုင်လို့၊ ပြည်သူကို မထားခဲ့နိုင်လို့၊ မျက်နှာငယ်လေးနဲ့ ဘယ်သူ့ကိုမဲပေးရမှန်း မသိတော့တဲ့ ပြည်သူတွေကို မကြည့်ရက်နိုင်လို့၊ ပြည်သူအတွက်လိုအပ်ချက်ဆိုပြီး လုပ်ကိုလုပ်ရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကို အခက်အခဲ၊ အကြပ်အတည်းမျိုးစုံနဲ့ အတိုက်အခိုက်တွေကြားက ပျော်ပျော်ကြီးကို လျှောက်ခဲ့ကြတာကို ပြန်လွှမ်းမိပါတယ်။ အဲ့ဒီအချိန်တုန်းက ရာသီဥတုကတောင် ကိုယ်တို့ကိုဒုက္ခ ပေးခဲ့သေးတာပဲ။ မိုးစက်တွေ အောက်ကနေ စည်းရုံးမဲဆွယ်ခဲ့ရတဲ့ ကာလလေးက တကယ့်လွှမ်းစရာပါ။ အကြောက်တရား စိုးမိုးနေတဲ့ ပြည်သူတွေကို မကြောက်တရားဟောရတာက အမောသား။ ၂၀၁၂ ဧပြီကြားဖြတ်လို ပြည်သူက မကြောက်တရားတွေ ဖြစ်နေခဲ့ရင် ကိုယ်တို့တတွေ အများကြီး အခြေအနေကောင်းခဲ့မှာပါ။ ဒါပေမယ့် စစ်အစိုးရလက်အောက် နှစ် ၂၀ လွှမ်းမိုးမှုကို စတင်ခြေဖျက်ပြီး လမ်းစထွင်၊လမ်းစဖောက်၊ တောရှင်းခဲ့ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲကတော့ မင်းတို့ ငါတို့အတွက် တသက်တာမမေ့စရာပါ။ကိုယ်တို့ပါတီခေါင်းဆောင်တွေ ကြိုတွက်သလို ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ တိုင်းပြည်အပြောင်းအလဲ တွေ တစ်ဖြည်းဖြည်းနဲ့ ဖြစ်လာမယ်ဆိုတာကတော့ ကွက်တိမှန်နေတာပါပဲ။ စစ်အစိုးရကနေ အရပ်သားသမ္မတ အစိုးရ ဖြစ်လာသလို လွှတ်တော်နိုင်ငံရေးလည်း ထင်တာထက်ကို ပိုသွက်လက်နေတယ်။ ပထမအကြိမ် လွှတ်တော်ကတော့ အစဦးမို့လို မြေစမ်းခရမ်းပျိုးလုပ်နေတာကြောင့် တင်းကြပ်သလိုဖြစ်ခဲ့ပေမယ့် နောက်တော့ လွှတ်တော်ခန်းမထိ သတင်း ယူခွင့်၊ ဖုန်းယူခွင့်တွေ ရှိလာပါပြီ။ အခုတစ်ခေါက်မှာတော့ တီဗွီကနေ တိုက်ရိုက်နဲ့ပြန်ပြတာကို တနေကုန် စမ်းသပ် ထုတ်လွင့်တဲ့အဆင့် ရောက်လာနေပါပြီး ဒါဟာ မထင်မှတ်နိုင်လောက်အောင်ကို တိုးတက်ပြောင်းလဲမှုလို့ ဆိုနိုင်ပါတယ်။ နောက်ဆိုရင် အခြားနိုင်ငံတွေက လွှတ်တော်တွေလိုအဆင့်မျိုး ဖြစ်လာပါလိမ့်မယ်။ ကိုယ်တို့ပါတီခေါင်းဆောင်တွေက အပြောင်းအလဲတွေ ဖြစ်လိမ့်မယ်လို့ တွက်ခဲ့ကြပေမယ့် ဒီလောက်အထိ အမြန်ပြောင်းလိမ့်မယ်လို့ မထင်ခဲ့ကြဘူး။ အခုလို နှစ်နှစ်အတွင်း တိုင်းပြည်အခြေအနေပြောင်းလဲ လာခဲ့တာဟာ ကိုယ်တို့အတွက် စွန့်စားရကြိုး နပ်ပါတယ်။ ပေးဆပ်ရကြိုး နပ်ပါတယ်။၂၀၀၈အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံနိုင်ဘူးဆိုတဲ့ ပြည်တွင်းကနိုင်ငံရေးအင်အား စုတွေနဲ့ ပြည်ပကနိုင်ငံရေးအင်အားစုတွေ အခုတော့ ၂၀၀၈ အခြေခံဥပေဒဘောင်အတွင်းကို ရောက်လာခဲ့တာကိုတော့ ၀မ်းသာမိ ပါတယ်။ သူတို့ကိုပြောချင်တာက တိုင်းပြည်တစ်ခုမှာ အခြေခံဥပဒေတစ်ခုအတည်ဖြစ်သွားခဲ့ပြီဆိုရင် ဒီအခြေခံဥပဒေ ဘောင်ထဲကနေ မကစားပဲ အခြားနည်းတွေနဲ့ ကစားရအောင် ကိုယ်ကဘယ်လောက်စွမ်းဆောင်နိုင်လို့လဲ။ ဘယ်လောက် အထိ ကိုယ့်အင်အားရှိလို့လဲ။ ကိုယ့်အင်အား၊ သူ့အင်အားကို အခြေအနေမှန် ဘယ်လောက်ရှိသလဲဆိုတာ ယထာဘူတကျကျ ဆန်းစစ်ကြည့်မိရဲ့လား။ လူတစ်ယောက်ရဲ့ ဖြူရင်ဖြူတယ်၊ မဲရင် မဲတယ်ဆိုတာကိုပဲ ကြည့်ပြီးလိုက်လုပ်နေတာကတော့ အခွင့်အရေးကောင်းတွေကို ဖြုန်းတီးပစ်ရာ ရောက်ခဲ့ပါ တယ်။ ထပ်ပြီးတော့ မဖြုန်းတီးကြပါနဲ့တော့။ လွှတ်တော်မှာ သူငယ်ချင်းတို့က ပြည်သူတွေရဲ့လိုအပ်ချက်တွေကို သူငယ်ချင်းတို့ကိုယ်တိုင်ဖြစ်စေ၊ ပါတီကနေတဆင့်ဖြစ်စေ လေ့လာဆန်းစစ်ပြီး အဆိုတွေ၊မေးခွန်းတွေနဲ့ တင်ပြဆွေးနွေးတာတွေဟာ အတော်က လေးကို ထိရောက်ပါတယ်။ လိုချင်သလောက်၊ ဖြစ်ချင်သလောက် မရခဲ့ပေမယ့် အတိုင်းအတာတစ်ခုအထိတော့ ဖြစ်နေတာကို ကြည်နှုးမိပါတယ်။ လယ်ယာအမတော်ကြေးဆိုရင် သူငယ်ချင်းတို့မေးခွန်းတင်တုန်းက ၂၀၀၀၀ိ ကနေ အခု ၅၀၀၀၀ိ အထိ တက်လာပြီ။ သီးနှံအာမခံစနစ်တွေ၊ ပင်စင်လစာတိုးပေးတာတွေ၊ ကုန်သွယ်ရေးအခွန် လျော့တာ၊ အခွင့်အလမ်း တွေပွင့်လာတာ၊ SME တွေ ချေးငွေတွေရလာတာ၊ ကားကိစ္စတွေ အဆင်ပြေလာတာ တွေက ၀မ်းသာစရာပါ။ ပြည်သူတွေ အတွက် တတ်နိုင်သမျှ ပြောပါ။လုပ်ပါ။ လုပ်ပိုင်ခွင့်ရလာတဲ့အချိန်ကျရင် ပိုပြီးလုပ်ပြနိုင်ပါလိမ့်မယ်။ စနစ်တစ်ခုအကူးအပြောင်းကာလကတော့ ကြမ်းရှတာအမှန်ပါပဲ။ တောင်သူလယ်သမားတွေအတွက် သူတို့နဲ့ ကိုက်ညီမယ့် မြေယာဥပဒေတွေ၊ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းခွင့်တွေ၊ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလစာ၊ အလုပ်သမားရပိုင်ခွင့်၊အခွင့်အရေးတွေနဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်တွေ၊ အလုပ်ရှင်တွေအတွက် ဥပဒေအရ အကာ အကွယ် ပေးရမယ့်အခြေအနေတွေက ထပ်လုပ်ကြရဦးမှာပါ။ သူငယ်ချင်းတို့လည်း လွှတ်တော်ထဲမှာ ရသလောက်ကို ကြိုးစား နေရမှာပါပဲ။ အသားကျဖို့အတွက်ကတော့ အချိန်အများကြီး ယူရပါလိမ့်ဦးမယ်။ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ ကိုယ့်ပြည်သူ လူထုတွေကို စာနာစိတ်ထားကြဖို့၊ အာဏာပိုင်အဖွဲ့အစည်းတွေလည်း ပြည်သူတွေအပါ် ကိုယ်ချင်းစာစိတ်ကလေးတွေ မွေးပေးကြဖို့လိုပါတယ်။ လူတွေကို ဒုက္ခရောက်အောင်၊အခြေပျက်အောင် လုပ်ရတာက လွယ်ပါတယ်။ ဒုက္ခရောက်နေတဲ့ သူတွေကို မူလအခြေအနေ ပြန်ရောက်အောင်လုပ်ပေးဖို့ဆိုတာကတော့ အတော်ကိုခက်ခဲပါတယ်။ ဒါကြောင့်မို့ လုပ်ပိုင်ခွင့်ရှိနေကြသူတွေ အနေနဲ့ ကိုယ်ချင်းစာစိတ်၊ စာနာစိတ် ကလေးတွေ ထားပြီး လုပ်စေချင်ပါတယ်။ သူငယ်ချင်းရေ။ ကိုယ်တို့ပါတီကတော့ ပါတီသက်တမ်းနှစ်နှစ်တာကာလအတွင်းမှာ ဗဟိုဦးစီးညီလာခံ သုံးကြိမ် တိုင်တိုင် ကျင်းပနိုင်ခဲ့ပါတယ်။ ပထမအကြိမ်တုန်းကတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို မဲပေးပြီး ရွေးချယ်ပေးနိုင် ခဲ့ပါတယ်။ မဲရေတွက်တာ၊ အမှတ်ခြစ်တာ၊ ရတဲ့မဲချင်းတိုက်နေလို့ မဲပြန်ပေးရပြီး တစ်မဲချင်းစီကို နာမည်နဲ့တပ်ပြီးအော်တာ၊ မဲအများဆုံးရတဲ့သူကို သြဘာပေးကြတာ၊ ကပ်ပြီးကျန်ခဲ့သူကို နှစ်သိမ့်ကျတာကို ပြန်သတိရပါတယ်။ ဒုတိယအကြိမ်မှာတော့ ပါတီဖွဲ့စည်းပုံစည်းမျဉ်းအသစ်ကို အတည်ပြုနိုင်ခဲ့တယ်။ ပါသင့်ပါထိုက်တဲ့သူတွေကို ဗဟိုဦးစီးကော်မတီဝင်နေရာပေးဖို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ အပြင်းအထန်ဆွေးနွေးခဲ့တာကို ပြန်မြင်နေမိတယ်။ တတိယအကြိမ်ဗဟိုဦးစီး အစည်းအဝေးကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလအလွန် ပါတီဒယိမ်းဒယိုင်ဖြစ်နေပြိလို့ ထင်ရတဲ့အချိန်မှာ ကျင်းပဖြစ်ခဲ့ပါတယ်။ မိခင်ပါတီကို ပြောင်းချင်လို့ပါဆိုတဲ့သူတွေကြောင့် ပါတီခေါင်းဆောင်ပိုင်း အဆင့်ဆင့်မှာ လူတွေနည်း သွားခဲ့တယ်။ ဒီနေရာကို ပါတီကိုသစ္စာရှိရှိနဲ့ ဆက်လက်ရပ်တည်ကြမယ်ဆိုတဲ့ မျိုးဆက်သစ်တွေနဲ့ အစားထိုးကြဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူငယ်ချင်းရေ။ ကိုယ်က နိုင်ငံရေးကို ၈၈၈၈အရေးတော်ပုံကြီးကတည်းကလုပ်လာတဲ့ မျိုးဆက်ဟောင်း ဖြစ်ပါတယ်။ သူငယ်ချင်းလို ၂၀၁၀ မှာ ရွေးကောက်ပွဲဝင်သင့်တယ်ဆိုပြီး နိုင်ငံရေးလောကထဲကို ရောက်လာကြသူ တွေက မျိုးဆက်သစ် တွေပါ။ ဒီလိုမျိုးဆက်သစ်တွေအတွက်ကတော့ NDF ဟာ တစ်ဦးတည်းသော မိခင်ပါတီပါပဲ။ အခြားေ၀၀ါးထွေပြားစရာ မရှိပါဘူး။ မြုပ်သွားတဲ့သဘောင်္ကြီးပြန်ပေါ်လာပြီမို့ ဒီအပေါ်ကိုပဲ အသက်ကယ်လှေပေါ်ကနေ ပြန်တက်မယ်ဆိုတဲ့ သူတွေ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ NDF နဲ့အတူ လှိုင်းကြမ်းလေထန်တဲ့ နိုင်ငံရေးခရီးကြမ်းကြီးကို ကြံ့ကြံ့ခံ လက်တွဲ ဖြတ်သန်း ခဲ့လို့ပါပဲ။ လက်ရှိအချိန်မှာလည်း သစ္စာဖောက်၊ နိုင်ငံရေးပြစ်မှု ကျူးလွန်ခဲ့သူတွေ၊ နိုင်ငံရေးအားပတ်သင့်သူတွေလို့ အမျိုးမျိုးဝေဖန်တိုက်ခိုက်ခံနေရပြီး ဘက်ပေါင်းစုံအကြပ်အတည်းကို ၂၀၁၀ ကထက် ပြင်းပြင်းထန်ထန်ခံနေရချိန်မှာ ငါတို့အနေနဲ့ ဘယ်တော့မှလဲကျသွားမှာမဟုတ်ဘူး။ အလဲကျခံမှာလည်းမဟုတ်ဘူး။ အချင်းချင်းလက်ခြင်းချိတ်ကာ မားမားမတ်မတ် ရပ်နေတယ်ဆိုတာကို ပါတီကိုတိုက်ခိုက်နေသူတွေ၊ ဝေဖန်နေသူတွေနဲ့ အားပေးနေကြတဲ့ ပြည်သူတွေ အားလုံးကို သိစေချင်ပါတယ်။သူငယ်ချင်းရေ။ ကိုယ်တို့ NDF ပါတီက လောလောဆယ် စန်းထနေပြန်ပြီ။ ပဲခူးက လမ်းပြကြယ်ဦးအေးမြင့် ဦးဆောင်တဲ့အဖွဲ့ အဖွဲ့အစည်းအလိုက် တစ်ခုလုံး NDF ပါတီကို ၀င်ဖို့လုပ်နေတယ်။ အင်အားက ၇၀၀၀၀ လို့ဆိုနေပြန်တယ်။ ဒါ့အပြင် မန္တလေးကတစ်ဖွဲ့ကလည်း ပါတီကိုဝင်ဖို့ဆက်သွယ်လာပြန် တယ်။ သူကလည်း အင်အား ၂၀၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ ပြီးတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ပါတီရုံးတွေဖွင့်နိုင်ဖို့အတွက် ဦးအေးမြင့်တို့က ကြိုးပမ်းနေကြတယ်။ ရှမ်းပြည်နယ် မိုင်းဖြတ်မှာလည်း မြို့နယ်ရုံးတစ်ရုံး လောလောလတ်လတ်ဖွင့်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒီလို တိုင်းနဲ့ပြည်နယ်အနှံ မြို့နယ်ရုံးတွေဖွင့်လာနိုင်ခြင်းဟာ ပြည်သူတွေအတွက် ပါတီအနေနဲ့ ပိုမိုကူညီနိုင်တော့မှာ ဖြစ်ပါတယ်။သူငယ်ချင်းရေ။ ကိုယ်တို့ NDF ပါတီမှာ ပါတီပေါ်လစီမူဝါဒတွေရှိတယ်။ စီးပွားရေးမူဝါဒရှိတယ်။ နိုင်ငံရေး မူဝါဒရှိတယ်။ ဖွဲ့စည်းပုံစည်းမျဉ်းရှိတယ်။ ပါတီတွင်းမှာ စုပေါင်းဦးဆောင်မှုရှိတယ်။ ထက်မြက်ရင့်ကျက်တဲ့ ခေါင်းဆောင်တွေ ရှိတယ်။ ပါတီတွင်းဒီမိုကရေစီရှိတယ်။ ကျင့်သုံးတယ်။ အချင်းချင်းဝေဖန်နိုင်တယ်။ ပြောဆိုနိုင်တယ်။ ဘယ်လောက်အထိ ဒီမိုကရေစီလွတ်လပ်ခွင့် ပေးထားသလဲဆိုရင် သူငယ်ချင်းတို့အသိပါပဲ။ လွှတ်တော်မှ တစ်ယောက်ကအဆိုတင်တာကို ကျန်တစ်ယောက်က ကန့်ကွက်နိုင်တဲ့အထိ လုပ်ဆောင်တာကို ကြည့်ပြီး အခြားပါတီတွေက အံသြတာကိုပဲ ကြည့်ပါ။ ပါတီအဆင့်ဆင့်ဖွဲ့စည်းတည်ဆောက်မှုရှိတယ်။ ခေါင်းဆောင်တွေကို မဲဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ခဲ့တယ်။ သူငယ်ချင်းရေ။ ဒီမိုကရေစီခေါင်းဆောင်ကြီးကတော့ လွှတ်တော်အမတ်ဖြစ်ပြီး လွှတ်တော်တက်ရတော့မယ်။ သူပြောတာက ၁၉၉၀ကတည်းက သူနဲ့လက်တွဲမဖြုတ်ခဲ့တဲ့ ပါတီတွေကို မဟာမိတ်အဖြစ် ဆက်လက်လက်တွဲသွားမယ် ဆိုတော့ ဒီပါတီတွေရှိမနေတဲ့ လွှတ်တော်မှာ ၊နိုင်ငံရေးအရ ဘယ်လိုများစခန်းသွားမလဲဆိုတာ မကြာမီငွေရောင်ပိတ်ကား ပေါ်မှာ ရှုစားရပါတော့မယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အာဃာတမထားရေး၊ သဘောထားကြီးရေး၊ မုဒိတာပွားရေး ဆိုပြီး တဖွဖွပြောနေတဲ့ပါတီကြီးကိုကြည့်ပြီး တတိယအကြိမ်ဗဟိုဦးစီးကော် မတီအစည်းအဝေးမှာ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းပြောတဲ့ မိန့်ခွန်းကောက်နှုတ်ချက်ကလေးကို ဖောက်သည်ချချင်ပါတယ်။ ဒါကဘာလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ပါမယ်ဆိုပြီး အရင်က လည်းပြော ၊ အခုလည်းပြော၊ နောင်လည်းပြောနေဦးပေမယ့် တကယ့်လက်တွေ့ကျတော့ ကိုယ့်အချင်းချင်းတွေ့တာတောင် မတွေ့နိုင်၊ စကားတောင်မပြောနိုင်၊ ပြုံးမပြနိုင်၊ မျက်နှာချင်း ဆိုင်တွေ့တာတောင်မှ နှုတ်တောင်မဆက်နိုင်တဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ ရှိနေရင်တော့ အားနာပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ သူတို့အတွက် ဝေးနေဦးမှာပါပဲ….တဲ့။ သူငယ်ချင်းစဉ်းစားနိုင်ဖို့ပါ။ကိုယ့်နဲ့ အလွန်ရင်းနှီးကျွမ်းဝင်တဲ့သူတစ်ယောက်က ထူးထူးဆန်းဆန်း စကားတစ်ခုပြောတာကို ပြောချင်ပါ သေးတယ်။ ၂၀၁၀ တုန်းက နင်ဘာကြောင့် ရွေးကောက်ပွဲဝင်တာလဲ။ မ၀င်ဘဲ ပါတီမှာပဲ ရေလိုက်ငါးလိုက်နေရင် အခုဆိုရင် သူများတွေလို အမတ်ဖြစ်နေပြီ လို့ပြောလာပါတယ်။ ဒါကိုဘယ်လို ပြန်ပြောရမလဲ။ ၂၀၁၀ လမ်းကြောင်းဟာ အပြောင်းအလဲရဲ့ အစဆိုတာ သိနေတယ်။ ပြီးတော့ ပြည်သူကို ပစ်မထားနိုင်ဘူး။ ပြည်သူတွေအတွက် လွှတ်တော်မှာ တရားဝင်ပြောဆိုခွင့် ရမယ်။ စနစ်တခုပြောင်းမယ်။ ဒါတွေကို သိနေမြင်နေတဲ့သူက ဘာလမ်းစဉ်မှမရှိတဲ့ပါတီမှာ ဆက်တွယ်ကပ်နေရဦးမှာလား။ ခေါင်းဆောင်ထွက်လာမယ်ဆိုရင် သူတစ်ခုခုလုပ်ပါလိမ့်မယ်ဆိုပြီ နှစ် ၂၀ ကျော်မျှော်လင့်စောင့်စားနေခဲ့သလို ဆက်နေရဦး မှာလား။ နိုင်ငံရေးသမားကောင်းတစ်ယောက်က အခြေအနေနဲအချိန်အခါအရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရတာပဲ မဟုတ်လား။ ဒီလမ်းမှ မရွေးရင် အခြားဘယ်လမ်းရှိနေသေးလို့လဲ။ အခုလည်း ဒီလမ်းပေါ်ကိုပဲ နောက်ဆုံးမှာတော့ အားလုံးလျှောက်လာရပြီ မဟုတ်လား။ ဘယ်သူက အမြင်ကျယ်တယ်၊ ဘယ်သူကအမြင်ကျဉ်းတယ်ဆိုတာ ပေါ်နေပြီပဲ။ ကိုယ်ရင်းနှီးမြှပ်နှံခဲ့ရတာတွေအတွက် ဂုဏ်ယူပါတယ်။ အမတ်မဖြစ်ရလို့၊ အချင်းချင်းမခေါ်နိုင် မပြောနိုင်ဖြစ်ခံရလို့၊ ဒါ့ပြင် ဘယ်လိုပဲအမျိုးမျိုး ကင်ပွန်းတပ်ပါစေ၊ ကိုယ့်လိပ်ပြာ ကိုယ်လုံပါတယ်။ အချိန်မရွေး မျက်နှာချင်းဆိုင်နိုင်ပါတယ်။ ကိုယ်တင်မကပါဘူး။ ကိုယ်တို့ပါတီက ခေါင်းဆောင်တွေအားလုံးကလည်း သူတို့ဆုံးဖြတ်လုပ်ဆောင်ခဲ့တာအတွက် အားလုံးဂုဏ်ယူကြပါတယ်။ သူငယ်ချင်းရေ။ ကိုယ့်မွေးနေ့ ဇွန်လ(၁၉)ရက်နေ့မှာ ဖေစ်ဘုတ်မှာ စာတမ်းတစ်ခုရေးခဲ့တယ်။ အသက် ဘယ်လောက်လဲတော့ မမေးနဲ့နော်။ NDF ဆိုတာ ၂၀၁၀ တုန်းက ဆုံးဖြတ်ချက်မှားယွင်းပြီး ပြည်သူကို ပစ်ပြေးခဲ့တဲ့ အမှားတစ်ခုရဲ့ သင်္ကေတ ဖြစ်နေပါတယ်။ ဒါကြောင့် NDF ကိုကြည့်ပြီး နောက်ထပ်အမှားတွေ ထပ်မံမကျူးလွန်ပါနဲ့တော့လို့ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ဆုတောင်းကတော့ လွဲနေဆဲပါပဲ။ ဒါကိုတော့ စိတ်မကောင်းပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို မလုပ်ပဲ မဖြစ်သင့်မဖြစ်ထိုက်တာတွေကို လုပ်နေရင်တော့ ခရီးက အရှေ့ကို ဘယ်တော့မှမရောက်ပဲ နောက်ကိုပဲကျန်နေရစမြဲပါ။

ဦးတိုးတိုး(မိုးကုတ်)
 ၂၀၁၂ ခုနှစ် ဇွန်လ (၂၈)ရက်။

ဘကြီးသက်
Unknown at 5:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

" မိုဘိုင်းဖုန်းအချို့ ညခေါ်ဆိုခ လျှော့ဈေးနှင့်မရ "


ညပိုင်းမိုဘိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးထား သည်ဆိုသော်လည်း မိုဘိုင်းဖုန်း အချို့မှာမူ အပြည့်အဝ ပေးချေ နေ ရကြောင်း ဖုန်းသုံးစွဲသူ အချို့ထံမှ သိရသည်။

အဆိုပါ ဖုန်းအချို့မှာ ဘီလ် စနစ်မှငွေဖြည့်ကတ်စနစ်သို့ ပြောင်း လဲထား သည့် ဖုန်းများဖြစ်ပြီး ကတ်စနစ်တွင် သုံးစွဲခွင့်ပေးထား သည့် စနစ်အတိုင်း သုံးစွဲခွင့်ရသော် လည်း ညပိုင်းခေါ်ဆိုခတွင်မူ အခြား မိုဘိုင်းဖုန်းများကဲ့သို့ သုံးစွဲနိုင်ခြင်း မရှိကြောင်း သိရသည်။''ဘီလ်စနစ်ကနေ ကတ်စနစ် ပြောင်း ပြီး နှစ်ရက်သုံးရက်လောက် ညပိုင်း ၁၁ နာရီခွဲလောက်ဖုန်းအမြဲ ပြောဖြစ် တယ်။ ဖုန်းပြောပြီးပြီးချင်း ဖုန်းထဲမှာ ငွေဘယ်လောက်ကျန် လဲ ပြန်ကြည့်တော့ အများကြီးမကျန် တော့ဘူး။ ဖုန်းမပြောခင်ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ ကြည့် ပြီးမှပြောတာပါ။ ညဘက် ၁၁ နာရီ ကျော်ရင် ၂၅ ကျပ်ပဲကျရမှာ အခု တော့ ၅ဝ အပြည့်ဖြတ်ထား တာ တွေ့ရပါတယ်''ဟု ကမာရွတ်မြို့နယ် မှ ဒေါ်လှသန်းက ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ညပိုင်းမိုဘိုင်းသုံးစွဲခ များအား မတ်လ ၁၄ ရက်နေ့မှ စတင်၍ ည ၁၁ နာရီမှ နံနက် ၆ နာရီအတွင်း မိုဘိုင်းဖုန်းသုံးစွဲခများ ကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် သုံးစွဲခွင့်လျှော့ ချခဲ့သည်။''ညပိုင်းတော့ ဖုန်းသိပ်မပြော ဖြစ်တော့ သတိမထားမိဘူး။ ပြီးခဲ့ တဲ့အပတ်က သတိထားပြီးဖုန်းပြော တာ ဘယ်လောက်ကျသလဲဆိုတာ ကြည့်ပြီးငွေတွက်ကြည့်တော့ ၅ဝ ပဲဖြတ်ထားတာ တွေ့ရပါတယ်''ဟု လားရှိုးမြို့နယ်မှ အစိုးရဝန်ထမ်း တစ်ဦးက ပြောသည်။အဆိုပါကိစ္စများနှင့် ပတ်သက် ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက MC will ဖုန်းနှင့် တစ်ခါသုံးကတ်ဖုန်းများမှ လွဲ၍ ကျန်ရှိသည့်မိုဘိုင်းဖုန်း အားလုံး ညပိုင်းခေါ်ဆိုခနှုန်းထား အား ထက်ဝက်လျှော့ချသုံးစွဲ ခွင့် ပေးထားကြောင်း လက်ရှိဖြစ်နေ သည်များအား ပြန်လည်စစ်ဆေး သွားမည်ဖြစ်ကြောင်းပြောသည်။လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးမှ ညပိုင်းမိုဘိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးမှုတွင်FEC တစ်ခါ သုံးဖုန်းကတ်များကို လည်း လျှော့ချပေးတော့မည်ဖြစ် ကြောင်း ဆက်သွယ်ရေးမှ သိရ သည်။

အောင်ဇော်

ဘကြီးသက်
Unknown at 3:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးသိန်းစိန် ၏ ဆီရမ်ရိ မိန့် ခွန်း


553713_3059866275799_1067906020_n

ဆီရမ်ရိ၊ ကမ္ဘောဒီးယား -  ဇူလိုင် ၁၃ Yangon Media Group  မှ ကူးယူ ဖော်ပြ ပါသည်။
မင်္ဂလာပါ-
လေးစားအပ်ပါသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်
လာကြသော ဧည့်သည်တော်များခင်ဗျား-



ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်သူများအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်း တင်ပြလိုပါတယ်။

ဒီကနေ့ ဒီအချိန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန်
အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သန်းပေါင်း
(၆၀)ကျော် ရှိတဲ့ နိုင်ငံသားတွေ၊ အမျိုးပေါင်း (၁၀၀)ကျော်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှု အသီးသီးနဲ့
တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ပထဝီအနေအထားအရ ကမ္ဘာ့အင်
အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအကြားတည်ရှိနေပါတယ်။ ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ
မဟာဗျူဟာမြောက် တည်ရှိပြီး၊ သယံဇာတအရင်းအမြစ်တွေပေါများတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံ
များအကြားမှာ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပါတယ်။


ရာစုနှစ် ထက်ဝက်နီးပါး ကြာခဲ့ပြီးမှ ဒီကနေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ပြီး
ညင်သာတဲ့အပြောင်းအလဲနဲ့ နိုင်ငံသစ် တည်ဆောက်ရေးကို ကြိုးပမ်းနေပါတယ်။ စစ်ဘက်အုပ်ချုပ်ရေးစနစ်
အောက်မှ ရုန်းထွက်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းတဲ့၊ ထာဝရငြိမ်းချမ်းရေး ပတ်ဝန်းကျင်မှာ
နိုင်ငံဖွံ့ဖြိုး တိုးတက်စေမယ့် ဒီမိုကရေစီ ခေတ်သစ်သို့ ချီတက်နေတဲ့ အထူးအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရရဲ့ ပြေပြစ်မျှတတဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးနဲ့ နိုင်ငံတော်သစ်
တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အခက်အခဲ၊ အကျပ်အတည်း အမျိုးမျိုး ကြုံတွေ့ကြရမယ်
ဆိုတာကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိလည်း စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတာ
အားလုံးအသိဘဲ ဖြစ်ပါတယ်။ အစိုးရသစ် ပေါ်ထွက်လာချိန်မှာ မယုံကြည်နိုင်သော သံသယမျက်လုံးများနဲ့
အကဲခတ် စောင့်ကြည့်ခဲ့ကြသော်လည်းဘဲ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ အစိုးရရဲ့
စစ်မှန်တဲ့ သဘောထား၊ မှန်ကန်ပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်း အားထုတ်မှုတွေကြောင့် ထောက်ခံ
အားပေးလာကြပြီ ဖြစ်ပါတယ်။


တစ်ဘက်မှာလည်း စောင့်ကြည့်ဦးမယ် ဆိုတဲ့သူတွေ ရှိသလို၊ ကျွန်တော်တို့ နိုင်ငံအပေါ် ချမှတ်ထားတဲ့
ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိ ဖိအားပေးဖို့ တိုက်တွန်းနေတဲ့သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
သို့သော်လည်း ကျွန်တော်တို့အစိုးရရဲ့ ပကတိ အခြေအနေမှန်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို
စာနာ နားလည်ကြသူ တွေလည်း အများအပြား ရှိနေပါတယ်။


ဧည့်သည်တော်များခင်ဗျား-

အစိုးရသစ် အပြောင်းအလဲဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံသား အားလုံးဟာ အပြောင်းအလဲကို လိုလားလျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အားလုံးဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဖော်ဆောင်လျက်ရှိ ပါတယ်။

ပထမဆုံးပြုပြင်ပြောင်းလဲမှုကတော့ ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့တဲ့ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်က ရုန်းထွက်ပြီး ရင့်ကျက်ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ် အလေ့အထတွေ ကွယ်ပျောက် နေခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဘဲ ဖြစ်ပါတယ်။ အခြေခံအဆောက်အဦတွေ အားနည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၊ လွှတ်တော်အသစ် အပြင်၊ တရားစီရင်ရေးကဏ္ဍ ကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေအုံးမှာဖြစ်ပါတယ်။ ခေတ်သစ်၊ စနစ်သစ် နဲ့ ကိုက်ညီခြင်းမရှိတော့တဲ့ ဥပဒေများကိုလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့ပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ဗျူရိုကရေစီစနစ်နဲ့ အစိုးရဝန်ထမ်းတွေရဲ့ စိတ်ထားကိုလည်း ပြုပြင်ပြောင်းလဲ ရမှာ ဖြစ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး မတူညီတာတွေ ဘေးဖယ်ထား၊ တူညီတာတွေ လက်တွဲ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ စာပေ/စာနယ်ဇင်းသမားတွေ၊ ကဏ္ဍမျိုးစုံမှ လူပေါင်းများစွာနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး လက်တွဲခေါ်ဆောင်ခဲ့ ပါတယ်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် မျှော်မှန်းပြီး ပြန်လွှတ်ပေးခဲ့သလို၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာများ ပွင့်လင်းစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိန်းချုပ် ကန့်သတ်မှုတွေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေ ပြန်လာနိုင်အောင် လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ စာပေထုတ်ဝေရေး စိစစ်မှုလုပ်ငန်းစဉ်တွေကို အဆင့်ဆင့် လျှော့ချပေးခဲ့ပါတယ်။ မကြာခင်ကာလမှာ လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်တဲ့ မီဒီယာဖြစ်လာအောင် ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့လည်း ကတိကဝတ်ပြုထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများကို ဥပဒေနဲ့အညီ ဖွဲ့စည်းခွင့်ပြုခဲ့သလို ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခြင်းမရှိခဲ့တဲ့ အလုပ်သမား အစည်းအရုံး ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးများ အတွက် ဥပဒေများကို ပြဌာန်းခွင့်ပြု ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယပြုပြင်ပြောင်းလဲမှုကတော့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီ သို့ လို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မှတ်ယူနိုင်တဲ့ ပဋိပက္ခတွေဟာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း (၆၀)ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကို ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ပုံစံအသစ်၊ ဒိုင်ယာလော့ အစစ်အမှန်နှင့် စေ့စပ် ညှိနှိုင်းခဲ့ရာမှာ ယခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး ကျန်နေ သေးတဲ့ ကချင်ပြည်နယ်မှ KIO/KIA နဲ့လည်း သဘောတူညီချက် ရရှိနိုင်အောင် စစ်မှန်သော ငြိမ်းချမ်းရေးရလိုမှု ဆန္ဒတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ ကာလမှာ အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

တတိယပြုပြင်ပြောင်းလဲမှုကတော့ ဗဟိုဦးစီးစီမံကိန်း စီးပွားရေးစနစ်ကို ဈေးကွက် စီးပွားရေး စရိုက်လက္ခဏာများ  ပီပြင်စွာနဲ့ စီးပွားရေး တိုးတက်မှုရရှိလာအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ မိုက်ခရိုစီးပွားရေး အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ လိုက်လျောညီထွေရှိမယ့် အသေးစား ချေးငွေဆိုင်ရာ ဥပဒေများကိုလည်း ဟန်ချက်ညီ ပြဌာန်းပေးပြီး ဖြစ်ပါတယ်။ မက်ခရိုစီးပွားရေး အဆောက်အအုံ တောင့်တင်း ခိုင်မာစေဖို့အတွက် ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီများကို ရယူပြီး ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အမျိုးမျိုး အဖုံဖုံ ဖြစ်နေတဲ့ ပြည်တွင်းငွေလဲနှုန်းကိုလည်း ပြင်ပဈေးကွက်နဲ့အညီ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရပြီး အောင်မြင်မှုရရှိဖို့ အထူးကြိုးစားရပါတယ်။ ဥပမာအားဖြင့်- လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့တဲ့ ပြဿနာမျိုးကို ကျွန်တော်တို့ အောင်မြင်အောင် ကြိုးစားထိန်းသိမ်းနိုင်ခဲ့ ပါတယ်။

ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ရာမှာ ပြည်ပနိုင်ငံအချို့က ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADB နဲ့ UNDP တို့ထံမှ အကူအညီမရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ် ပညာတွေ သင်ယူပြီး၊ ဒီနိုင်ငံတွေနဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်ဖို့ ဆန္ဒ ပြင်းပြသော်လည်း ပိတ်ဆို့အရေးယူမှုများက ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်နေသလို ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကိုလည်း မူဝါဒ (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိ ပါတယ်။ ဒီမူဝါဒ (၄) ရပ်ကို တင်ပြရမယ် ဆိုရင် (၁) နိုင်ငံသားများ၏ အကျိုး စီးပွားကို မထိခိုက်စေဖို့၊ (၂) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေဖို့၊ (၃) အချုပ်အခြာအာဏာကို မထိခိုက်စေဖို့နဲ့ (၄) သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေဖို့တို့ဘဲ ဖြစ်ပါတယ်။ ဒီ့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဌာန်းပြီး နိုင်ငံတကာမှာ ကျင့်သုံးတဲ့ စံနှုန်းများနဲ့အညီ ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွားနဲ့ နိုင်ငံအကျိုးစီးပွားတို့ မျှတစွာခံစားနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ နိုင်ငံရပ်ခြားက ပညာရှင်တွေထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်လျက် ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ယနေ့ အာရှရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေဟာ ကမ္ဘာမှာ အရေးပါလာတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ အာရှဒေသအဖွဲ့ဝင် နိုင်ငံများအချင်းချင်း အပြန်အလှန်လေးစားမှု၊ အားလုံး လိုက်နာနိုင်မယ့် စည်းကမ်းဥပဒေများ ထားရှိကျင့်သုံးမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးအနေအထားသို့ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ပါရှိလာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ သဘာဝဘေးအန္တရာယ်ရန်ကို ကာကွယ်ဖို့အတွက် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အရည်အသွေး ပြည့်မီတဲ့ နည်းပညာများနဲ့ ကျွန်တော်တို့တစ်တွေ ရင်ဆိုင်သွားနိုင်မှာဖြစ် ပါတယ်။ ဒီအခက်အခဲတွေကို အာရှနိုင်ငံများ အချင်းချင်း အပြန်အလှန် အကူအညီပေးပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုများ ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ အာရှဒေသတွင်း ပွင့်လင်း တံခါးဖွင့်ဝါဒ လိုက်နာကျင့်သုံးသွားရင် ကမ္ဘာကြီး ငြိမ်းချမ်း သာယာဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှာ ဖြစ် တယ် လို့ ခံယူမိပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်ပေါင်း (၆၀) ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရပါတယ်။ အာရှမှာ မိတ်ဆွေနိုင်ငံအများက အလေးထား အသိအမှတ်ပြုခံရမယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်ရှိ လာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ အာဆီယံအဖွဲ့ကြီးရဲ့ RICH ASEAN 2030 အစီအစဉ်မှာ ကျွန်တော်တို့ အစွမ်းကုန် ပူးပေါင်း ပါဝင်သွားမှာ ဖြစ်သလို ကမ္ဘာ့နိုင်ငံ အများစုနဲ့ပါ အပြန်အလှန် နားလည် ယုံကြည်မှု၊ မိတ်ဝတ်မပျက် ဆက်ဆံမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားမယ်လို့ ကတိပြု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

ဘကြီးသက်
Unknown at 1:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံမှာ မြုပ်နှံမှုအတွက် အမေရိကန် အမတ်တွေက သတိပေး

အမေရိကန် ပြည်ထောင်စုက ရီပတ်ပလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း (John McCain) နဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဂျိုး လီဘာမန်း (Joe Lieberman) တို့က အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူမှုတချို့ လျှော့ပေးတာကို ကြိုဆိုလိုက်ပေမယ့် အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူ လုပ်ငန်းလုပ်မယ့် ကိစ္စဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
(Photo: AFP)
အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း။ (Photo: AFP)
သူတို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့် ရတော့မှာကို ကျွန်တော်တို့အနေနဲ့ ကျေနပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ နောက်ထပ် ခြေလှမ်းတလှမ်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ MOGE နဲ့ အမေရိကန် ပူးပေါင်းလုပ်ဆောင်မယ်လို့ ဆုံးဖြတ်တာကိုတော့ ကျွန်တော်တို့ စိုးရိမ်တယ်လို့ မစ္စတာ မက်ကိန်းက ဆိုပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ အစိုးရပိုင်ဖြစ်ပြီး သူတို့ဌာနဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်ချီတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုငွေတွေ ရနေသလို ဘယ်လောက်ရနေတယ်၊ အဲဒီငွေတွေကို ဘယ်လို သုံးစွဲနေတယ်ဆိုတဲ့ ပွင့်လင်းမြင်သာမှု မရှိသေးဘူးလို့ မက်ကိန်းနဲ့ လီဘာမန်းတို့က ထောက်ပြကြပါတယ်။
အမေရိကန် လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို့ ရပြီ ဆိုတဲ့အကြောင်း အိုဘားမားအစိုးရက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ ဒီဥပဒေသစ်အရ မြန်မာ အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းနဲ့ အမေရိကန် ကုမ္ပဏီတွေ ဖက်စပ် လုပ်ကိုင်ခွင့် ရမှာဖြစ်ပြီး ဒီလိုလုပ်ကိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံခြားရေးဌာနကို ရက်ပေါင်း ၆၀ အတွင်း အကြောင်းကြား ရမှာ ဖြစ်ပါတယ်။

ဘကြီးသက်
Unknown at 12:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘယ်လမ်းရွေးမလဲ. . . KIA

KIA နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတာ အကြိမ်ကြိမ်ရှိနေပါပြီ။ လဂျားယန်၊ မိုင်ဂျာယန်နဲ့ ရွှေလီတို့မှာပါ ဆွေးနွေးခဲ့ပြီး သိရသလောက် စုစုပေါင်း  ၁၀ ကြိမ်လောက်ရှိပါတယ်။ အစိုးရကိုယ်စားလှယ်က မိုင်ဂျာယန်အထိ လိုလိုလားလားနှင့် လာဆွေးနွေးခဲ့တယ်။ အခုချိန်ထိ တိကျသေချာတဲ့ ရလဒ် ဘာတစ်ခုမှရတာ မကြားသေးဘူး။ KIA ခေါင်းဆောင်ပိုင်းတွေက ယုံကြည်မှုတည်ဆောက်မယ်လို့ လူကြားကောင်းအောင် ပြောနေပေမယ့် ဒါဟာ နိုင်ငံတကာ အမြင်မှာ ငြိမ်းချမ်းရေးလိုလားသယောင် အသံကောင်းဟစ်တဲ့ သဘောပါပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ အခြားတစ်ဘက်မှာတော့ KIA ဟာ စစ်ရေးတိုက်ခိုက်မှုတွေကိုပဲ တိုးမြှင့် ဆောင်ရွက်နေခဲ့တယ်။
ဒီနေ့ခေတ်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်နိုင်ငံမှ လက်မခံတော့ပါဘူး။ ခေတ်နောက်ပြန် KIA ခေါင်းဆောင်တွေရဲ့ စေခိုင်းချက်အရ လမ်း၊တံတား၊တာဝါတိုင်တွေကို မိုင်းထောင်ဖျက်ဆီးတာတွေ၊ ကလေး/လူကြီး/ယောက်ျား/မိန်းမ မရွေး  အတင်းအဓ္ဓမ လူသစ် စုဆောင်းတာတွေ၊ အဆမတန် ဆက်ကြေးကောက်ခံတာတွေနဲ့ အဆိုးဆုံးကတော့ ဒေသခံတွေကို ရက်တို လက်ပူတိုက် သင်တန်းပေးပြီး မိုင်းထောင်ခိုင်းလို့ သေကြေ ဒဏ်ရာရခဲ့တာတွေကြောင့် KIA ဟာ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းတစ်ရပ်ဆိုတာ ပီပီပြင်ပြင် မြင်သာ လာပါတော့တယ်။
ဒါတွေကြောင့် တရုတ်-မြန်မာနယ်စပ်  စစ်ရေး အကဲခတ်လေ့လာသူတစ်ဦးဖြစ်သူ ကိုအောင်ကျော်ဇောက KIA နဲ့ပတ်သက်ပြီး “ဒီလိုလုပ်ရပ်တွေဟာ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုအနေနဲ့ မကြာခင် ပြိုကွဲပျက်စီးတော့မယ့် သဘောဆောင်နေပါတယ်။ အထက်နဲ့အောက် ကြားမှာ မကျေလည်မှု အစိုင်အခဲတွေကြီးမားလာတဲ့အတွက် လာမယ့် ၄ လနဲ့ ၆ လကြားမှာ KIA တပ်ဖွဲ့အတွင်း အချင်းချင်း ပုန်ကန်တိုက်ခိုက်မှုတွေ ဖြစ်လာတော့မယ်”လို့ သုံးသပ်ပြောဆိုပါတယ်။
KIA ခေါင်းဆောင်ပိုင်းတွေကို လက်အောက်ငယ်သားတွေက လိုလားလက်ခံလိုခြင်း လုံးဝမရှိတော့သလို ဒေသခံကချင်တိုင်းရင်းသားတွေအနေနဲ့ကလည်း ရွံကြောက်ဖြစ်နေပါတယ်။ KIA ဟာ ဒီလိုဆုံးရှုံးမှုတွေရှိနေပေမယ့် တစ်ဘက်ကလည်း မျောက်ပြဆန်တောင်းတာတွေ လုပ်နေပါတယ်။ တိုက်ပွဲတွေဖြစ်လို့ ဒုက္ခရောက်နေရသူတွေကိုအသုံးချပြီး ငွေရှာတဲ့ အလုပ်ကိုလည်း လုပ်လာပါတယ်။


၂
ဒုက္ခသည်တွေကို တစ်နေရာမှာစု၊ စာရင်းပြုပြီးကြော်ငြာ၊ ကူပါကယ်ပါဗျာ ဆိုပြီး သူတောင်းစားလိုအော်၊ ရတဲ့ဒေါ်လာကို တရုတ်ဘက်မှာ တိုက်ဆောက်၊ ဒီလောက်ဆို KIA ဘာကြောင့် အပစ်မရပ်တာလဲဆိုတဲ့အဖြေ ရေရေရာရာ တွေ့နိုင်ပါပြီ။
သူတောင်းစား ဇောင်းဟရား ဦးစီးပြီး ဂိုဏ်းခေါင်းဆောင် ဂမ်ရှောင် တို့ရဲ့ အဖွဲ့ကို KIA ဆိုတဲ့နာမည်အစား “သူတောင်းစားဂိုဏ်း” လို့သာ နာမည်ပြောင်းပေးချင်ပါတော့တယ်။
KIA ခေါင်းဆောင်တွေက မြို့ပေါ်မှာရှိတဲ့ ဘာသာရေး တရားဟောဆရာ၊ သိက္ခာတော်ရ ဆရာတွေကိုလည်း စစ်တပ်ကလာတိုက်လို့သာ ပြန်လည်ခုခံတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း KIA ဘက်ကရပ်တည်ပြီး မီဒီယာတွေကိုပြောဖို့ အကြပ်ကိုင် ခြိမ်းခြောက်ထားတယ်။ ဒုက္ခသည်စခန်းရဲ့ အကာအကွယ်နဲ့ နေနေတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရရင်လည်း ပြန်လွတ်အောင် နည်းမျိုးစုံသုံးလုပ်ဆောင်ဖို့ မှာကြားထားတယ်လို့လည်း သိရတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ဂျန်မိုင်ကောင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော် ဦးဆောင်ပြီး မြစ်ကြီးနားမြို့တွင်း စီတန်းလှည့်လည်မှု ပြုလုပ်ရာမှာ ဒုက္ခသည်စခန်းကလူတွေ ဆန္ဒပြတယ်လို့ ပြောပေမယ့် အမှန်စင်စစ် ဒုက္ခသည် ၃၀ လောက်ပဲပါတယ်။ ကျန်တာတွေက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။
၃
ဒီအကြောင်းကို ဖခင်တစ်ဦးဖြစ်သူ ဦးမရမ်ထွယ်ဝါက အခုလိုပြောပြပါတယ်။
“တကယ်တမ်းကျတော့ ဒုက္ခသည်တွေက စိတ်မဝင်စားပါဘူးဗျာ၊ KBC ကနေ တစ်ရပ်ကွက်ကို အနည်းဆုံး လူ ၁၀ ဦး လိုက်ပါရမယ်လို့ KIA နဲ့ ကိုင်ပေါက်ပြီး ခြိမ်းခြောက် ခေါ်လို့သာ ရပ်ကွက်ထဲကလူတွေ လိုက်သွားခဲ့ရတာပါ။ ကျွန်တော့်သားက  ၁၀ နှစ်ပဲ ရှိသေးတာ။ ဒုက္ခသည် ဆိုတာလည်း မသိဘူး၊ နိုင်ငံရေးလည်းမသိဘူး၊ ကချင်လူမျိုးဆိုရင် လိုက်ရမယ်ဆိုလို့ ကြောက်လန့်ပြီး ပါသွားခဲ့တာ။ ထမင်းတစ်နပ်ငတ်ပြီး ပြန်လာခဲ့ရတာပဲ အဖတ်တင်တယ်”။
ဒါနဲ့ပတ်သက်ပြီး ဦးလဖိုင်ဂျာနော်နဲ့ ရင်းနှီးသူတစ်ယောက်က ဦးလဖိုင်ဂျာနော် အနေနဲ့ KIA ကို မလွန်ဆန်ရဲလွန်းလို့သာ ဒီလိုလုပ်နေရတာဖြစ်ကြောင်း၊ လိမ်ညာရတဲ့အလုပ်တွေကို သူကိုယ်တိုင် ရွံရှာနေပြီဖြစ်ကြောင်းနဲ့ ဘရန်ရှောင်ဟာ KIA က တပ်ကြပ်ကြီးဆိုတာ သူကိုယ်တိုင်သိကြောင်း ပြောပြပါတယ်။   

အခုချိန်မှာ KIA ဘာဆက်လုပ်မလဲ၊ မျောက်ပြဆန်တောင်းပြီး သူတောင်းစားလို ဆက်လုပ်မလား၊ “ဝ” တို့ စိုင်းလင်းအဖွဲ့တို့လို ဘိန်းစိုက်ပြီး မူးယစ်ဆေးဝါးနဲ့ ငွေရှာမှာလား၊  စစ်တပ်ဆီမှာပဲ ဒူးထောက်အညံ့ခံမှာလားဆိုတာ သေချာစဉ်းစားသင့်ပြီဖြစ်ပါတယ်။
၎
စစ်တပ်ကလည်း အလျော့မပေး၊ KIA ခေါင်းဆောင်တွေကလည်း ခေါင်းမာ၊ ကြားထဲက ကချင်ပြည်သူတွေကတော့ အမှောင်ကျနေဆဲ၊ စစ်မြေပြင်ဖြစ်နေဆဲ၊ ရောဂါတွေထူပြောဆဲ၊ အငတ်ဘေးဒုက္ခရောက်လို့ သေကြေနေကြဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး အားလုံးအတွက် KIA လူမိုက်တွေကို ဘုရားသခင် ဒဏ်ခတ်ပါလိမ့်မယ်။ ဇောင်းဟရား၊ လဂျာနဲ့ ဂမ်ရှောင်တို့ အဖွဲ့ကို  အသိတရားရစေဖို့ တန်ခိုးတော်နဲ့ ဆုံးမပေးတော်မူပါ။  အာမင်  ။

ဘကြီးသက်
Unknown at 11:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယဉ်တိုက်မှုကြောင့် ဖြူဖြူကျော်သိန်း မထနိုင်






နေပြည်တော် ဟိုတယ်ဇုံအနီးတွင် နိင်ငံကျော် အမျိုးသမီး အဆိုတော် ဖြူဖြူကျော်သိန်း အပါအ၀င် ဂီတသစ် အလွှာ တစ်ချို့ ပါသောကား ကို နောက်မှပါလာသော ကားက ၀င်တိုက်မှု တစ်ခု ဇူလိုင်လ ၁၁ ရက်နေ့ ဗုဒ္ဒဟူးနေ့တွင် ဖြစ်ပွားခဲ့ကြောင်း ဖြူဖြူကျော်သိန်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

ပြည်သူလွှတ်တော် အားကစား၊ ယာဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဖိတ်ကြားချက်အရ မြန်မာနိင်ငံ ဂီတအစည်းအရုံး (ဗဟို)အလုပ်အမှုဆောင်သစ် ရွေးကောက်ပွဲတွင် ခေတ်သစ် ဂီတ အလွှာ ထည့်သွင်းနိင်ရေးအတွက် နေပြည်တော်သို့ သွားရောက် တင်ပြ ဆွေးနွေးပွဲမှ အပြန် ည၁၀နာရီ ၀န်းကျင်ခန့်၌ တော်ဝင် နေပြည်တော် ဟိုတယ်ရှေ့တွင် ဖြူဖြူကျော်သိန်း၏ REFINEယာဉ်နှင့် DOUBLE CUP တို့ ယာဉ်တိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဖြူဖြူကျော်သိန်းက ပြောကြားသည်။

ဖြူဖြူကျော်သိန်းသည် ခါးတွင် ဒဏ်ရရှိခဲ့ပြီး ကားဖြင့် ပြန်လာ၍ မဖြစ်နိင် ၍လေယာဉ်နှင့် ပြန်လာရကြောင်း ယခုအခါ သက်သာနေပြီ ဖြစ်သည်ဟု ၄င်းကဆိုသည်။

”စောင့်ပြီး ရိုက်လိုက်သလို ဖြစ်သွားတယ် ကားကလည်သွားတယ် ကားလည်း မောင်းလို့မရဘူး ရှေ့လေကာမှန်တွေ ကွဲသွားတယ်”ဟု ဖြူဖြူကျော်သိန်းက အတွေ့အကြုံကို ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ပါဝင်ပြီး မျက်နှာနှင့် ခေါင်းတွင် ဒဏ်ရာရရှိခဲ့သူ တေးရေး မြင့်မိုးအောင်က ဂီတလောက တိုးတက် ဖွံ့ဖြိုးရေးအတွက် ပြည်သူလွတ်တော် ကော်မတီများနှင့် သွားရောက်တွေဆုံမှုကို အားရ ကျေနပ်ကြောင်း ပြည်သူလွှတ်တော် ဥက္ကဌ ဦးရွှေမန်းကလည်း ဖုန်းနှင့် အရေးတယူ သတင်းမေးမြန်းကြောင်း မှတ်ချက်ပြု ပြောကြားသည်။

ပြည်သူလွှတ်တော်ရေးရာ ကော်မတီက ဂီတအစည်းအရုံး ပြန်လည် ဖွဲ့စည်းမှုကို ညှိုနှိုင်းမှုများ မပြီးမခြင်း ဆိုင်းငံ့ထားရန် ဂီတအစည်းအရုံးထံ စာပို့ထားကြောင်း မနက်ဖန် စနေတွင် ဂီတအစည်းအရုံးနှင့် ၈မိုင် ရန်ကုန် ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဆက်လက် ရှင်းပြသည်။

Myanmar Express

ဘကြီးသက်
Unknown at 10:45 AM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

ထွန်တုံးတိုက်ပွဲ လယ်သမားတွေကို ဖမ်းသွားကြပြီ



သတင်း၊ ဓာတ်ပုံ- CPRCG

ထွန်တုံးတိုက်ပွဲကို စစ်ဘီလူးနဲ့ တပ်ဦးကို ချိုးလိုက်ပါတယ်။ ယမန်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့တဲ့ ပဲခူးတိုင်း ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်က လယ်သမား ၇ ဦး ကို စစ်တပ်က မတရား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါပြီလို့ သတင်းပို့လာပါတယ်။

အဆိုပါ လယ်သမားကိစ္စ သတင်းပို့လာသော သတင်းပို့ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်ခရိုင်၊ပန်းတောင်းမြို.နယ်၊ဆင်တဲကျေးရွာအုပ်စု၊ရွာသစ်ကုန်းကျေးရွာ၊ ပုတီးတော့ကျေးရွာများမှ က.ပ.စ(၃) ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုစက်ရုံအမှတ်(၃)မှ မတရား သိမ်းဆည်း ထားသော လယ်ယာမြေ များပေါ် သို. ၀င်ရောက်ထွန်ယက်လုပ်ကိုင်ခဲ့သည့်လယ်သမားများထဲမှ

၁။ဦးတင်အောင်(၆၅)နှစ်
၂။ဦးအောင်ကြည်(၅၆)နှစ်
၃။ဦးထွန်ဟန်(၅၆)နှစ်
၎။ဦးမင်းနိုင်(၃၀)နှစ်ခန်.
၅။ဦးဟန်ဝင်း(၃၈)နှစ်ခန်.
၆။ဦးကျော်ကျော်လွင်(၂၅)နှစ်
၇။ဦးစံမင်း(၄၅)နှစ်ခန်.

စုစုပေါင်းလယ်သမားခုနစ်ဦးခန်.အား က.ပ.စ(၃)စက်ရုံမှ စစ်သားများက ၁၃.၇.၂၀၁၂ရက်နေ. မနက် ၁၀နာရီအချိန်ခန်.ကို ဖမ်းဆီးသွားခဲ့ပြီးနောက် ညနေ၃နာရီခန်.တွင်လဲ လယ်တောများထဲ တွင်နွားကျောင်းနေကြသော လယ်သမားများကို လဲစစ်တပ်မှလိုက်လံဖမ်းဆီးနေကြသည်။

စစ်တပ်မှယခုလို ပြုမူပုံသည် အုပ်ချူပ်ရေးအာဏာနှင့်၊ တရားစီရင်ရေး အာဏာကိုလုံးလုံးကြီးဖီလာ ဆန်.ကျင်ခြင်းဖြစ်ပြီး....ဗမာနိုင်ငံရေးအပြောင်းအလဲကို စိန်ခေါ်ခြင်းဖြစ်သည် CPRCG မှ ယူဆသည်။


ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်ခရိုင်၊ပန်းတောင်းမြို.နယ်၊ဆင်တဲကျေးရွာအုပ်၊ရွာသစ်ကုန်းကျေးရွာ၊ပုတီးတောကျေးရွာများမှတောင်သူလယ်သမားခုနစ်ဦးအား စစ်သားများမှတရားလက်လွတ်ဖမ်းဆီးခဲ့ခြင်းအပေါ်ယင်း က.ပ.စ(၃)စက်ရုံနှင့် စက်ရုံမှုး ဒုတိယ ဗိုလ်မှုးကြီးသန်းရွှေ၊တို.ပေါ်ထိထိရောက်ရောက်အရေးယူပေးရန် ဗမာနိုင်ငံဖွဲ.စည်းပုံအခြေခံဥပဒေအရ၊ အုပ်ချူပ်မှု အာဏာ၏ အကြီးအကဲဖြစ်သော နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံးတွင် တာဝန်အပြည်အ၀ရှိပြီး...နောက်ထပ်တရား လက်လွတ်ဖမ်းဆီးချူပ်နှောင်မှုများထပ်မဖြစ်ရန်နှင့် ထိုကျေးရွာများရှိတောင်သူလယ်သမားများကို ကာကွယ်ပေးရန်လေးလေး နက်နက်တောင်းဆိုသည်။

အချိန်မှီကာကွယ်ပေးမှုများမပြုလုပ်နိုင်ပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်များသည်.....နိုင်ငံရေး တည်ငြိမ်မှုအပေါ်တိုက်ရိုက်အကျိုးသက်ရောက်လာနိုင်သည်။

ဘကြီးသက်
Unknown at 10:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လတ်တလောမြန်မာ့နိုင်ငံရေး

 
ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေကို ထိလွယ်ရှလွယ်သော အခြေအနေဟု၎င်း ၊ နူးညံ့သိမ်မွေ့သော အခြေအနေဟု၎င်း ၊ နောက်ပြန်လှည့်နိုင်သောအခြေအနေဟု၎င်း ၊ ဒီမိုကရေစီစံနစ်သို့ဦးတည်သော ခြေလှမ်းများ အစပျိုးသည့်အခြေအနေဟု၎င်း ၊ အပြောင်းအလည်း၏ အစကနဦးအခြေအနေဟု၎င်း အမျိုးမျိုးဆိုကြလေသည် ၊ ဆိုကြသည့်အတိုင်းလည်း မှန်သည်ဟုသာ ပြောရမည့် အခြေအနေမျိုးဖြစ်ပါသည်၊ မည်သို့ပင် အမည်တပ်စေကာမူ အချိန်ကာလ တစ်နှစ်ကျော်ကာလအတွင်း ထူးထူးခြားခြားဆိုသလို အကောင်းဘက်သို့ အရွေ့တစ်ခု ဖြစ်ပေါ်နေသည်မှာကား မငြင်းနိုင်သည့်အခြေအနေဖြစ်သည် ။

မျက်မှောက်ကာလမြန်မာ့နိုင်ငံရေးတွင် ရုရှား တရုတ် ဦးဆောင်သော အရှေ့အုပ်စုနှင့် တောက်လျောက်ဆိုသလို ဆက်ဆံရေးကောင်းမွန်ခဲ့သည့် ယခင်စစ်အစိုးရ၏ အဆက်ဟု ဆိုကဆိုနိုင်သော သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့နှင့် အမေရိကန်အစိုးရဦးဆောင်သော အနောက်အုပ်စုက ထောက်ခံသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့သည်  အဓိက အားပြိုင်နေသော နိုင်ငံရေးအင်အားစုကြီး နှစ်စုဖြစ်သည် ၊ အမှန်စင်စစ် ထိုအုပ်စုနှစ်ခု၏ အားပြိုင်မှုသည် မြန်မာ့နိုင်ငံရေးအားပြိုင်မှုသက်သက်သာမက အရှေ့အုပ်စုနှင့် အနောက်အုပ်စု၏ အားပြိုင်နေမှုဟု ဆိုလိုကလည်းဆိုနိုင်လေသည် ။

ကမ္ဘာပေါ်တွင်အချို့သောနိုင်ငံများသည် အနောက်အုပ်စုဘက်သို့၎င်း ၊ အချို့သည် အရှေ့အုပ်စုဘက်သို့၎င်း သိသိသာသာ ယိမ်းကာ နိုင်ငံရေးအရ ရပ်တည်ကြရလေသည် ၊ မြန်မာနိုင်ငံသည်လည်းလွတ်လပ်ရေးရပြီးနောက်ပိုင်း အချိန်လေးပုံ သုံးပုံခန့်သည် အရှေ့ဘက်သို့ ယိမ်းကာ ရပ်တည်ခဲ့လေသည် ၊ ထိုသို့ရပ်တည်ခဲ့သော်လည်း တိုင်းပြည်အခြေအနေသည် အခြားဒေသတွင်းနိုင်ငံများနည်းတူ တိုးတက်မလာပဲ သိသိသာသာ ဆိုသလို နောက်ကျကျန်ခဲ့သည်မှာ အထူးပြောစရာလိုမည်မထင်ပါ ၊ ဤသို့ဆိုလျှင် ယခုသမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် အနောက်ဘက်ကို ယိမ်းလိုက်မည်လော ၊ ထိုသို့လည်းမဖြစ်နိုင်ပါခြေ ၊ မြန်မာနိုင်ငံသည် ပထ၀ီအနေအထားအရ အရှေ့အုပ်စု အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နမိတ်ရှည်လျှားစွာထိစပ်နေသည်မဟုတ်ပါလော ။

ထိုသို့သောအခြေအနေများအရ မြန်မာနိုင်ငံသည် အရှေ့အုပ်စုနှင့်၎င်း ၊ အနောက်အုပ်စုနိုင်ငံများနှင့်လည်းကောင်း သမမျှတသော ဆက်ဆံရေးထူထောင်ထားရန်လိုအပ်နေသည်မှာ အထင်အရှားဖြစ်သည် ၊လက်ရှိအစိုးရသည် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရေး ၊ တိုင်းပြည်စီးပွားရေး ဦးမော့လာစေရေး ၊ global friends ဖြစ်ရေးတို့အတွက် ထိုအုပ်စုနှစ်စုလုံးက အညိုအငြင်မပျက် ထောက်ခံအားပေးရန် ကိစ္စမှာ လွယ်လှသည်တော့မဟုတ်ပေ၊ ထိုသို့သောအခြေအနေကြောင့်လည်း ထိလွယ်ရှလွယ်သော အခြေအနေဟု၎င်း ၊ နူးညံ့သိမ်မွေ့သော အခြေအနေဟု၎င်း ကင်ပွန်းတပ်နေကြခြင်းဖြစ်လေသည် ။

လက်ရှိအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအရ တစ်သားတည်းပူးပေါင်းကာ  စိတ်တူကိုယ်တူ ဆောင်ရွက်မည်ဆိုပါက အစိုးရသည် အနောက်အုပ်စုဘက်သို့ယိမ်းလေပြီဟု တစ်ဘက်အုပ်စုကအထင်ရောက်မည်ဖြစ်လေသည် ၊ ထို့နည်းတူ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလှုပ်ရှားခွင့်မပေးပဲ ဆောင်ရွက်ပြန်လျှင်လည်း အစိုးရသည် ပုံမပြောင်း ယခင်စစ်အစိုးရကဲ့သို့သာ ဖြစ်သည်ဟု အနောက်အုပ်စုက အထင်ရောက်မည်သာဖြစ်လေသည် ၊ ထိုအခြေအနေ နှစ်ခုလုံးသည် တိုင်းပြည်အနာဂါတ်အတွက်မကောင်းလှပါ ။

ထိုသို့သော အစွန်းနှစ်ဘက်ကိုကျော်လွှားနိုင်ရန်အတွက် ၊ ခေါင်းဆောင်နှစ်ဦးဖြစ်သော သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တစ်ဦးနှင့်တစ်ဦးအားပြိုင်နေသည့်အသွင် ၊ ပဋိပက္ခအသွင်ဆောင်ရင်း တိုင်းပြည်ကို ရှေ့သို့ ရောက်အောင် သတိကြီးကြီး ဆောင်ရွက်နေကြသည်ဟု အပြုသဘောရှုမြင်ရမည့် အချိန်အခါလည်းဖြစ်ပေသည် ။


ဥပမာဆိုရသော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အနောက် ဥရောပနိုင်ငံများသို့ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် သွားရောက်ခွင့်ပြုကာ အနောက်ဥရောပနိုင်ငံများနှင့်အပြုသဘော ဆက်ဆံရေးကဏ္ဍသစ် ထူထောင်ရေးဆောင်ရွက်ခဲ့သည် ထိုဒေါ်အောင်ဆန်းစုကြည်ခရီး တစ်လျှောက်တွင် government body မှ အဆင့်မြင့်တာဝန်ရှိသူများလည်း တစ်ပါတည်းဆိုသလို ပါသွားကြောင်းသတိထားကြည့်လျှင်တွေ့နိုင်ပါသည် ။ ဤသည်ကိုလည်း အရှေ့အုပ်စုက သတိကြီးကြီးစောင့်ကြည့်နေခဲ့ကြောင်း တရုတ်အစိုးရအာဘော်သတင်းစာတွင် မြန်မာနိုင်ငံအနေဖြင့် အနောက်အုပ်စုနှင့် ဆက်ဆံရေး အလျှင်စလိုပြောင်းလဲမှုအပေါ် စိုးရိမ်မိကြောင်း ပေါ်ပေါ်တင်တင် ဖေါ်ပြချက်က သိသာစေ၏ ။အစိုးရသည်အနောက်အုပ်စုဘက်သို့အလေးသာသွားလေမလား စောင့်ကြည့်နေခဲ့၏ ထိုအချိန်တွင် မြန်မာအစိုးရသတင်းစာများ မီဒီယာများက ထိုခရီးစဉ်ကို မသိသလိုနေပြခြင်းဖြင့် အရှေ့အုပ်စု၏ အထင်ကို တွေဝေစေခဲ့သည် ၊ စဉ်းစားရခက်သွားစေခဲ့လေသည် ။


မကြာမီ နိုင်ငံအတွင်းသို့ ၀င်ရောက်လာမည့် ရင်းနှီးမြှုတ်နှံမှုများကိုလည်း အလားတူပင် အရှေ့အုပ်စုကုမ္ပဏီများနှင့် အနောက်အုပ်စု ကုမ္ပဏီများကို အစိုးရအနေဖြင့် အားပြိုင်မှုသဘော နေရာချထားခြင်းဖြင့် နိုင်ငံရေးအရပါ ကြားနေသည့်အသွင်ဆောင်နိုင်ရေး သတိကြီးကြီး ဆောင်ရွက်နေရပေရာ ပြည်သူများအနေဖြင့်လည်း ထိုအခြေအနေကို သဘောပေါက်ရန် အထူးလိုအပ်လှပေသည် ၊ တကမ္ဘာလုံး Made in China ဖြစ်နေသောခေတ်တွင် တရုတ်ကို ဆန့်ကျင်၍လည်း လက်တွေ့တွင် မဖြစ် ၊ တရုတ်နဲ့ချည်းပဲလည်းမရ ဆိုသော အခြေအနေမျိုးကို နားလည်သဘောပေါက်ရန် လိုအပ်လှပါသည် ။


ပြည်တွင်းပြည်ပရှိ နိုင်ငံကိုချစ်ကြကုန်သော ပြည်သူများအနေဖြင့်လည်း အစိုးရ၏အုပ်စု ၊ ဒေါ်အောင်ဆန်းစုကြည်၏ အုပ်စုဟူ၍ကွဲပြားကာ အချင်းချင်း စိတ်ဝမ်းကွဲမနေကြပဲ ခေါင်းဆောင်နှစ်ဦး၏ သတိကြီးကြီး ဦးဆောင်ဦးရွက်ပြုနေမှုနောက်သို့ ပါးပါးနပ်နပ်လိုက်ပါရမည့်အခြေအနေမျိုးဖြစ်ပါကြောင်း လေးလေးစားစား တင်ပြအပ်ပါသည် ။


ဒေါက်တာဆိတ်ဖွား
 ဘကြီးသက်
Unknown at 10:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမှန်တွေ ရေးကြစတမ်းဆိုပါရင်

 
ဒီနေ့ Messener News Journal ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ လာမယ့် ဇူလိုင် ၁၉ ရက်မှာ ငါးမင်းဆွေ ဆိုသူက နေပြည်တော်မှာ ဆန္ဒပြမယ့်အကြောင်း သတင်းတစ်ခုတင်ထားတာတွေ့လိုက်တယ် ၊ဒီသတင်းမှာ သဘောမတွေ့တာက ငါးမင်းဆွေ ဆိုတဲ့ နာမည်ရှေ့က နာမ၀ိသေသန ဖြစ်တယ် ၊ အချိန်အခါနဲ့မလျှော်ညီတဲ့ " နိုင်ငံပိုင်သတင်းစာများတွင်ဆောင်းပါးများရေးသားခဲ့သူ " ဆိုတဲ့ နာမ၀ိသေသနကို ရည်ရွယ်ချက်ရှိရှိ ထည့်ထားတာတွေ့ရတယ် ၊ သဘောကတော့ ဒီငါးမင်းဆွေ ဆိုတဲ့သူ သူ့ဘာသာ သူ့သဘောနဲ့ ဆန္ဒပြတာကို အစိုးရကပဲ ကျောထောက်နောက်ခံ ပေးထားသလို စာဖတ်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားတာဖြစ်တယ် ။
ဒီငါးမင်းဆွေ ဆိုသူဟာ  ဒေါ်အောင်ဆန်းစုကြည် ရဲ့ sanction နဲ့ပတ်သက်တဲ့ရပ်တည်ချက်ကို မကြေနပ်လို့မကြာခဏဆိုသလို လှုပ်ရှားမှုပြုနေသူဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူ လူတိုင်းလိုလို သိပါတယ် ၊ သူဟာ ယခင် စစ်အစိုးရလက်ထက်က နိုင်ငံပိုင်သတင်းစာတွေမှာ ဆောင်းပါးတွေရေးခဲ့ဘူးသူ ဆိုတာလည်းအမှန်ပါဘဲ၊ ဒါပေမယ့် ဒီအစိုးရလက်ထက်မှာရေးနေတာမှမဟုတ်တာဘာလို့မလိုပဲ ရှေ့ကနေ " နိုင်ငံပိုင်သတင်းစာများတွင်ဆောင်းပါးများရေးသားခဲ့သူ " ဆိုတာကိုထည့်ရမှာလည်း ။မဟုတ်ဘူးလား  အချိန်အခါနဲ့မှ မကိုက်တော့တာ ။

ဆိတ်ဖွားက ဒီလိုပြောရင် Messener News Journal ကတာဝန်ရှိသူတွေက " ဒါဟုတ်နေတာပဲလေ" " အမှန်အတိုင်းရေးတာဘာဖြစ်လည်း " ဆိုပြီး စောဒက တက်ကြဦးမှာပါဘဲ ၊ ဒီလိုသာ အရင်ကဟာတွေကို နာမ၀ိသေသနလုပ်ပြီး ရေးလို့ရကြေးဆိုရင် အဲဒီသတင်းကိုပဲ ဒီလိုလေးရေးကြည့်မယ် .....

" ယခုလ ၁၉ ရက်နေ့(အာဇာနည်နေ့) တွင်နေပြည်တော်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ်ရှေ့နှင့်စည်ပင်ဧည့်ရိပ်သာရှေ့၌ တစ်ကိုယ်တော်ဆန္ဒဖေါ်ထုတ်ရန်အတွက်နေပြည်တော်သို့ယနေ့ သွားနေပြီဖြစ်ကြောင်း  နိုင်ငံပိုင်သတင်းစာများတွင်ဆောင်းပါးများရေးသားခဲ့သူ ငါးမင်းဆွေ၏ ပြောကြားချက်ကို ကိုးကား၍ ယခင်စစ်အစိုးရလက်ထက် စီးပွားရေးလက်ဝါးကြီးအုပ်မှုများ ၊ အဂတိလိုက်စားမှုများရှိသည်ဟု နာမည်ကျော်ကြားသော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဥက္ကဌဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်းတင်အေး၏ သားပိုင် The Messenger ဂျာနယ်တွင် ဖေါ်ပြထားကြောင်း သိရှိရပါသည် ။"         
 
ဒါလည်းအမှန်အတိုင်းတွေရေးထားတာပါဘဲ ဒီလိုအမှန်အတိုင်းကြီးကျတော့ ဖတ်လို့ မကောင်းတော့ဘူးပေါ့ နော် ဟုတ်လား ၊ ခုလိုတိုင်းပြည်ထူထောင်နေတဲ့အချိန်မျိုးမှာ ပြည်သူနဲ့ အစိုးရကြားခြေထိုးခံပြီး နာမည်ကြီးဘို့မကြိုးစားကြပါနဲ့လို့ တိုက်တွန်းရေးသားလိုက်ပါတယ် ဒါပါပဲ ...။
ဒေါက်တာဆိတ်ဖွား

 

ဘကြီးသက်

Unknown at 10:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စင်ကာပူမှ မြန်မာ အမျိုးသားများ သတိထားရန်

အရွယ်မရောက်သေးသူ မိန်းကလေးတဦးကို ကာမ ကျူးလွန်မှုကြောင့် စင်ကာပူ နိုင်ငံသား မြန်မာနိုင်ငံသား တဦးနဲ့ ဘဏ်အရာရှိဟောင်း တဦးတို့ကို စင်ကာပူ တရားရုံးတခုက ယမန်နေ့က အပြစ်ရှိတယ်လို့ စွပ်စွဲချက်နဲ့ စတင်ကြား နာခဲ့ကြောင်း သတင်းရရှိပါတယ်။

 အဆိုပါ သတင်းတွေကို စင်ကာပူ အွန်လိုင်း သတင်း၂ ခုမှာ အသီးသီးဖော်ပြထားပါတယ်။ စင်ကာပူ နိုင်ငံသား မြန်မာလူမျိုး အသက် ၃၁ နှစ် ရှိတဲ့ ကိုပြည်ကျော်ဟန် ဆိုသူကို အရွယ် မရောက်သေးသူ မိန်းကလေး တဦးကို ၂၀၁၀ ခုနှစ် ဒီဇင်လာလက စင်ကာပူရှိ Strand Hotel မှာ စင်ကာ ပူ ဒေါ်လာ ၆၅၀ ပေးပြီး ပျော်ပါးမှုနဲ့ အပြစ်ရှိတယ်ဆိုပြီး ကြားနာခဲ့တာပါ။


ကိုပြည်ကျော်ဟန် ဆိုသူဟာ လုံခြုံရေး ကုမ္ပဏီတခုက ညွှန်ကြားရေးမှူး တဦးလည်းဖြစ်ပါတယ်။ သူ့ရှေ့နေကတော့ တရားရုံးမှာ ခုခံကာကွယ် ထုခြေသွားမယ်လို့ဆိုထားပါတယ်။
အလားတူ အသက် ၃၃ နှစ်ရှိ ဘဏ် အရာရှိဟောင်း မစ္စတာ Louis Lee Lip Kian ဟာ အသက် ၁၇ နှစ် အရွယ် ပြည့်တန်ဆာ တဦးနဲ့ ၂၀၁၀ ခုနှစ်က Hotel 81 Bencoolen မှာ စင်ကာပူဒေါ်လာ ၆၀၀ ပေးပြီး ပျော်ပါး ခဲ့တဲ့အတွက် အပြစ်ရှိတယ် ဆိုပြီး တရားစွဲခံရတာလည်းဖြစ်ပါတယ်။ သူကတော့ တရားရုံးမှာ သူနဲ့ပျော်ပါးခဲ့တဲ့ မိန်းကလေးကို အတော် အရွယ်ရောက်ပြီးသူလို့ပဲ ထင်ခဲ့ကြောင်း ထွက်ဆို ခဲ့ပါတယ်တဲ့။
သူ့ရှေ့နေ Mr Amolat Singh ပြောတာကတော့ Louis Lee Lip Kian ဟာ အိမ်ထောင်ရေး ပြိုကွဲထားလို့ စိတ်ကျ ဝေဒနာ ခံစားနေရပြီး မှားယွင်းတဲ့ နေရာမှာ အချစ်ကို ရှာဖွေရာက အခုလို ဖြစ်နိုင်တာလို့ မှတ်ချက်ပေးပေမယ့် အသက်ကို ခန့်မှန်းရ ခက်ခဲတာကိုလည်း ထောက်ပြပြီး ထုချေခဲ့ပါသေးတယ်။ သူတို့ ၂ ဦးကို ကွန်ပျူတာ သိပ္ပံ နည်းပညာတွေနဲ့ သေချာစစ်ဆေးပြီး လာမယ့် သြဂုတ်လ ၂၇ ရက်နေ့ မှာ ပြစ်ဒဏ် အမိန့်ချမှာ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဘကြီးသက်
Unknown at 10:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရား ဥပဒေ ဘာလဲ ?????



သတင်း  လင်းသန့် 
  
ရဲစခန်းမှာ ရဲက စစ်ဆေးစဉ် သေဆုံးသွားသူ ကုလားကြီး ခေါ် မျိုးမြင့်ဆွေ
လွန်ခဲ့တဲ့ ဇွန်လကုန်က ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ်မှာ ဖြစ်ပွားတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး မရမ်းကုန်း ရဲစခန်းက လူသတ်မှု မသင်္ကာသူ ဒဂုံမြို့သစ်က မျိုးမြင့်ဆွေ ခေါ် ကုလားကြီးဆိုသူကို ဖမ်းဆီး စစ်ဆေးစဉ်မှာဘဲ မျိုးမြင့်ဆွေဟာ ရဲတွေရဲ့ ရိုက်နှက်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

ဇွန်လ ၂၈ ရက်နေ့က အသက် ၁၉ နှစ် အရွယ် ပန်းရောင်းသူ မပိုးပိုးမွန် ဟာ သူ့နေအိမ် အခန်းတခုထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသတ်တရားခံလို့ ယူဆသူကို ရဲက စစ်ဆေးရင်း လက်လွန်သွားတဲ့ သဘော လည်းဖြစ်ပါတယ်။ တရားရုံး မတင်ရသေးခင် ရဲစခန်းက ရဲတွေက ထုံးစံအတိုင်း တရားတယောက်ကို အတင်းရိုက်နှက် စစ်ဆေးလေ့ရှိတာ မြန်မာနိုင်ငံမှာ အထူးအဆန်းလည်း မဟုတ်တော့ပါ။ ဒါပေမယ့် အခုတော့ ရဲစစ်ဆေးစဉ်မှာဘဲ လူတဦး အသက်ဆုံးရှုံးသွားရပြန်ပြီ။
ဒီလို သေဆုံးသွားမှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေထဲက အကိုတော်စပ်သူ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့ နယ်၊ အမှတ်-၁၄၀၊ ၉ လမ်း၊ ငမိုးရိပ်ရပ်ကွက်နေ ဦးစိုးလင်းကလည်း ညီဖြစ် သူ သေဆုံးရမှုနဲ့ပတ်သက်ပြီး မရိုးသားတဲ့ သေဆုံးမှုလို့ ပြောလာပါတယ်။
“မောင်မျိုးမြင့်ဆွေ ခေါ် ကုလားကြီးကို အခု ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က ဖမ်းခေါ်သွားပါ တယ်။ ကုလားကြီးရဲ့ မိခင်၊ ကျနော့် အဒေါ်အရင်းဖြစ်တဲ့ ဒေါ်စိန်စိန်ကို လည်း နောက်တနေ့ ၆ ရက်နေ့ နေ့ခင်းမှာ ထပ်ပြီး လာခေါ်သွားတယ်။ ပြီးတော့ ကျနော့်ကိုလည်း အဲဒီနေ့ ည ၈ နာရီခွဲလောက်ကို ကျနော့်နေ တဲ့ တောင်ဥက္ကလာပ အိမ်က နေ လာခေါ်သွားတယ်” လို့ ဦးစိုးလင်းက ဆိုပါတယ်။
ဒါနဲ့ ရဲစစ်ရင်းသေဆုံးသွားသူနဲ့ အတူ မိခင်နဲ့ အကိုဖြစ်သူ ဦးစိုးလင်းတို့ ၃ ဦးကို မရမ်းကုန်းရဲစခန်း၊ ဘုရင့်နောင် ရဲစခန်းတို့ မှာ လူခွဲစစ်ပြီး မရမ်းကုန်း ရဲစခန်းမှာ ၂ ည အိပ် ထိမ်းသိမ်းခဲ့ပါတယ်လို့ သူက ဆက်ပြောပါတယ်။
“ဇူလိုင်လ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ကျွန်တော်နဲ့ ကျနော့် အဒေါ် ကုလားကြီးအမေ ဒေါ်စိန်စိန်တို့ကို ရဲစခန်း အပေါ်ထပ်ကို ခေါ်သွားပြီး မောင်မျိုးမြင့်ဆွေ (ခ) ကုလားကြီးဟာ သူတို့ အမှု စစ်ဆေးနေတုန်း တက်တဲ့ ရောဂါကြောင့် သေဆုံးသွားပြီဆိုပြီး သင်္ဂြိုလ်စရိတ် ၅ သိန်းကို စေတနာနှင့် ကူညီတယ် ပြောပြီး ကျနော့်အဒေါ်ကို အတင်းလက်မှတ် ထိုးခိုင်းလို့ သူက ကြောက်ပြီး လက်မှတ်ရေးထိုးခဲ့ရတယ်” လို့ ဦးစိုးလင်းက ဆိုပါတယ်။
ပြီးတော့ သူတို့ကို ရဲ့စခန်းက ပြန်လွှတ်ပေးလိုက်ပြီး အိမ်ပြန်လာကြတော့ သေဆုံးသူ အသုဘ ချရေးအတွက် ဇူလိုင် ၁၀ ရက်နေ့ ချဖို့နဲ့ အမျိုးတွေ ကြည့်ဖို့ ဆိုင်းငံ့ပေးဖို့ ပြောတာကို ဘုရင့်နောင်ရဲကင်း ဒုရဲအုပ် ဇော်ဝင်းအောင်ဆီ အကြောင်းကြား ဖို့ ပြောလာလို့ ပြောပေမယ့် မရဘဲ ၉ ရက်နေ့မှာ ချက်ချင်း အသုဘချဖို့လုပ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။
အသုဘ ကိစ္စမှာ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ သေဆုံးသူရဲ့ မိခင် ဒေါ်စိန်စိန်ဟာလည်း ရဲက ညည်းပမ်းနှိပ်စက် စစ်ဆေးတဲ့ ဒဏ်ကြောင့် အောက်ပိုင်းချိနေပြီး စိတ်လည်း အလွန်ထိခိုက်နေတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ အလောင်းကို မြင်ရတဲ့ အခါ ရဲက ဘယ်လောက်နှိပ်စက်ခဲ့တယ်ဆိုတာနဲ့ ဆေးရုံ တာဝန်ရှိ သူတွေ ဖြစ်တဲ့ ဒေါက်တာနုနုငယ်ထွေး၊ အထက်တန်း သူနာပြု ဒေါ်ချိုချိုကျော် (အင်းစိန်ဆေးရုံ)၊ ဘုရင့်နောင် ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ငွေစိုး၊ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကျော်ဝင်း၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မျိုးအောင်တို့နှင့်လည်း သူက လိုက်လံ တွေ့ဆုံခဲ့ပြီးဖြစ်တယ် လို့ လည်း သိရပါတယ်။
“တာဝန်အရ စစ်ဆေးတာမှာ လွန်ကဲတဲ့ အပြုအမှုတွေကြောင့် ကျနော့်ညီ သေဆုံးခဲ့ရတဲ့ကိစ္စမှာ ကျူးလွန်သူတွေ ကို တရားဥပဒေအရ အရေးယူပေးဖို့ပါ” လို့ ဦးစိုးလင်းက ဆိုပါတယ်။
နှိပ်စက်ခံထားရတဲ့ ဒဏ်ရာများနဲ့ ရဲစခန်းမှာ စစ်ဆေးရင်း သေဆုံးသူရဲ့ ရုပ်အလောင်း ဓာတ်ပုံများ ( မှတ်ချက်- နှလုံးမကောင်းသူများ မကြည့်သင့်၍ များစွာသော ဓာတ်ပုံများ မတင်ပြတောပါ )
http://htwduwintinfoundation.blogspot.com/2012/07/blog-post_4523.html
Posted by ဟံသာဝတီ ဦးဝင်းတင် ဖေါင်ဒေးရှင်း at 12:42 AM

ဘကြီးသက်
Unknown at 10:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးကလင်တန်တွေ့ဆုံ


ဓာတ်ပုံ AP
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် သမ္မတဦးသိန်းစိန်တို့ ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ဆုံစဉ်။ (ဂျူလိုင်လ ၁၃ ရက်၊ ၂၀၁၂)
စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီစနစ်နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အချိန်ကို ရောက်နေပြီလို့ သမ္မတ ဦးသိန်းစိန်က အမေရိကန် စီးပွားရေး ထိပ်တန်း လုပ်ငန်းရှင်တွေကို ပြောခဲ့ပါတယ်။

အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့မတွေ့ခင် အစောပိုင်းက သမ္မတဦးသိန်းစိန်ဟာ အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့မှာ တွေ့ဆုံခဲ့ကြ ပါတယ်။ အမေရိကန်နဲ့ အာဆီယံနိုင်ငံများ  စီးပွားရေးညီလာခံရဲ့ ဘေးပန်းမှာ သမ္မတဦးသိန်းစိန် နဲ့ နိုင်ငံခြားရေးဝန်ကြီး Clinton တို့ တွေ့ဆုံကြတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာက သမိုင်းဝင်မြန်မာနိုင်ငံခရီးစဉ်မှာတုန်းက သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ပြီး အခု ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှုတွေကို တာဝန်သိစွာနဲ့ ပြည်သူတွေ အားလုံး ခံစားနိုင်စေရပါမယ်လို့ သမ္မတဦးသိန်းစိန်က ဝန်ကြီးကလင်တန်ကို ကတိပြုခဲ့တယ်လို့  AP သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

အထင်ကရ စီးပွားရေးကိုယ်စားလှယ်တွေကို သမ္မတနဲ့ တွေ့ဆုံဖို့ ခေါ်လာတယ်၊ သမ္မတရဲ့ အနာဂတ် အစီ အစဉ်တွေကို သူတို့ ကြားချင်နေကြတယ်လို့  ဝန်ကြီး Clinton က သမ္မတဦးသိန်းစိန်ကို တွေ့ဆုံ နှုတ် ဆက်ချိန်မှာ ပြောခဲ့ကြောင်း AP သတင်းကရေးပါတယ်။

Coca Cola, Ford, General Electric, General Motors, Goldman Sachs Google စတဲ့ အမေရိကန် ကုမ္ပဏီကြီးတွေရဲ့တာဝန်ရှိသူတွေပါလာကြတဲ့ ညစာစားပွဲကို သူတို့ ၂ ယောက် အတူ တက်ကြတယ်လို့လည်း ပြောပါတယ်။ မနေ့တုန်းကတော့ Phnom Penh မြို့တော်မှာ ဝန်ကြီး Clinton က မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေကို မြင်ရတဲ့အတွက် အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံနိုင်ဖို့ အမေရိကန်က အရေးယူ ဒဏ်ခတ်မှုတွေကို ထပ်ပြီး လျှော့ပေါ့ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

၁၅ နှစ်နီးပါးအတွင်းမှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံနိုင်ဖို့ အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က ခွင့်ပြုလိုက်သလို မြန်မာနိုင်ငံမှာ အမေရိကန် ဘဏ္ဍာရေးလုပ်ငန်းတွေ ဝန်ဆောင်မှု ပေးနိုင်ရေးအတွက်ကိုလည်း ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ မြန်မာအစိုးရက အရေးပါတဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာကို အမေရိကန်အစိုးရက တုံ့ပြန်တာဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောခဲ့ပါတယ်ရှင်။

By ဗွီအိုအေ(မြန်မာဌာန)
ဘကြီးသက်
Unknown at 10:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုစာရင်းများကို အများပြည်သူ သိရှိစေရန် မကြာမီကာလအတွင်း ထုတ်ပြန်ပေးမည်




လက်ရှိအချိန်ကာလ၌ ဗဟိုဘဏ်၏ နိုင်ငံခြား ငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၇ ဘီလျံထိရှိနေပြီး မကြာမီ ကာလအတွင်း ဗဟိုဘဏ်တွင် ရှိနေသော ရွှေ၊ ငွေနှင့် နိုင်ငံခြားငွေများအား အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးသန်းလွင်က ဇူလိုင်လ ၅ရက်နေ့ Chatrium Hotel တွင် ကျင်းပပြုလုပ်သော အာဆီယံ စီးပွားရေး အသိုက်အ၀န်းဆိုင်ရာ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ''အရင်တုန်းက ဗဟိုဘဏ်မှာရှိတဲ့ ရွှေ၊ ငွေကို တစ်ပတ်တစ်ခါ ကြေညာခဲ့တယ်။ နိုင်ငံ့ပိုင်ဆိုင်မှုကို ပြည်သူသိအောင် မထုတ်ပြန်တာ ကျွန်တော်တို့ နိုင်ငံပဲ ရှိတော့တယ်။ မကြာခင် ကာလအတွင်းမှာ ဗဟိုဘဏ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးပါလိမ့်မယ်'' ဟု ကမ္ဘောဇဘဏ်၊ ဒုတိယဥက္ကဌ-၂ ဖြစ်သူ ဦးသန်းလွင်က ပြောကြားခဲ့သည်။ လက်ရှိအချိန်၌ ဗဟိုဘဏ်၏ နိုင်ငံခြားငွေစာရင်းတွင် အမေရိကန် ဒေါ်လာ ၇ ဘီလျံရှိနေကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော ငွေဈေးနှုန်း မတည်ငြိမ်မှုများကိုလည်း ဗဟိုဘဏ်မှ ၀င်ရောက် ထိန်းသင့်ကြောင်းလည်း သုံးသပ်ပြောကြားခဲ့သည်။ ''နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှုကို အားလုံးသိအောင် လုပ်ရမယ်။ အခုကျတော့ ဗဟိုဘဏ်က ငွေဖောင်းပွမှာကြောက်ပြီး ဘာမှမလုပ်ပဲ ငြိမ်နေတယ်။ တကယ်ဆို ဒေါ်လာဝယ်ပြီး ကျပ်ငွေကို တည်ငြိမ်အောင် လုပ်ရမယ်။ တန်ဖိုးမြင့်အောင် ချိတ်ဆက်ရမယ်။ ဒီလိုလုပ်လို့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူး။ အစိုးရက ဒါကို intervention လုပ်ရမယ်။ နောက်ပြီး price spots ပေးရမယ်။ တောင်သူ စပါးပဲဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ်စိုက်လို့ ရှုံးရင် အစိုးရက price spots ပေးရမယ်။ အစိုးရက သိမ်းကျုံးဝယ်ရမယ်။ နိုင်ငံတော်က တချိန်လုံး အမြတ်ရဖို့ချည်းပဲ မတွေးရဘူး။ အရှုံးခံပြီးလည်း ၀ယ်သင့်တယ်။ တောင်သူလယ်သမားတွေ နစ်နာနေရင် ၀င်ထိန်းရမယ်။ အခုတော့ ဘာတစ်ခုမှ လုပ်မပေးတဲ့အတွက် ဗဟိုဘဏ်ရဲ့တာဝန်မကျေမှုကို ကျွန်တော်ကပဲ တောင်းပန်ပါတယ်'' ဟု ဦးသန်းလွင်က ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိအခြေအနေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်သည့်အတွက် အမေရိကန်ဒေါ်လာအား လက်ဝယ် ကိုင်ဆောင်ထားလိုသူ များပြားနေကြောင်း၊ သို့အတွက်ကြောင့် ဈေးကွက်အတွင်း ရောင်းလိုအားထက် ၀ယ်လိုအား များပြားနေကြောင်း၊ ဗဟိုဘဏ်၏ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ငွေဈေးနှုန်း အတက်အကျကို ထိန်းကျောင်းနိုင်သည့် အရည်အချင်းလည်း မရှိသေးကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် လယ်ယာ စိုက်ပျိုးသူများအတွက် အဆင်ပြေစေနိုင်သည့် ငွေလဲနှုန်းထားတစ်ရပ် ဖြစ်ပေါ်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ နိုင်ငံတကာတွင် ဗဟိုဘဏ်သည် သီးခြားရပ်တည်သည့် ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ငွေလဲနှုန်းကိုလည်း ဈေးကွက်နှင့် ညီမျှအောင် ဗဟိုဘဏ်မှ ဆောင်ရွက်နိုင်ကြောင်း၊ ထို့ပြင် မကြာမီကာလအတွင်း ဗဟိုဘဏ်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်မှ ခွဲထွက်၍ သီးခြား ရပ်တည်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်တွင်းမီဒီယာများသို့ ထုတ်ပြန်ချက်များအရ သိရှိရသည်။

Myanmar Express

ဘကြီးသက်
Unknown at 10:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုဘိုင်းဖုန်းသုံးသူများအတွက် အရေးပေါ် သတိပေးချက်လေးပါ



Zan Htet Ko



မိုဘိုင်းဖုန်းသုံးသူများအတွက် အရေးပေါ် သတိပေးချက်လေးပါ -ကျွန်တော် တတ်သလောက်ဘာသာပြန်ပေးလိုက်ပါတယ် .....
ဒါကိုဖတ်ကြည့်ပါ .... MIAMI ဆေးရုံးက အရေးပေါ် အလွန်ထူးဆန်းတဲ့ သတိပေးချက်ပါ
"ကျွန်တော် အမြဲ တမ်းဒီလို လုပ်တတ်ပါတယ်... ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်းတစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ်
အားသွင်းနေတဲ့ အချိန်မှာပဲ....အ၀င်ဖုန်းကော တစ်ခု ၀င်လာပါတယ် ...ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ်မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့ အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်......
Seconds အနည်းငယ်အကြာလေးမှာ ..... သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ်မရှိ စီးဝင်ခဲ့ပါတယ်....ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်.......
အခု ပုံမှာ မင်းမြင်တဲ့ အတိုင်း .....ဖုန်းဟာ အမှန်တကယ်ပေါက်ကွဲခဲ့ ပါတယ်.....
ကောင်လေး ရဲ့ မိဘတွေ သူ့ အခန်းထဲ ကို အသံကြားကြားချင်း ပြေးဝင်လာကြတဲ့ အခါလက်တွေလောင်နေပြီ နှလုံးခုန်နှုန်း မရှိသလောက် နဲ့ သတိမေ့မျောနေတဲ့သူ့ ကို တွေ့လိုက်ရပါတယ်.....
သူ့ကို နီးစပ်ရာဆေးရုံကို အရေးပေါ်ပို့ ဆောင်လိုက်ရပါတယ်..... ဒါပေမဲ့  ဆေးရုံအရောက်မှာ သူဟာ စကားလေးကိုတောင် ပီသအောင် မပြောနိုင်တော့ပါဘူး... ... !!!!!
ဆဲလ်ဖုန်းဖြစ်တဲ့ မိုဘိုင်းဖုန်းတွေဟာ ဒီနေ့ မော်ဒန်ခေတ်မှာ အရမ်းကို အရေးပါ ပါတယ်...
သို့ သော်လည်း....ကျွန်တော်တို့ ဟာ ဒီမိုဘိုင်းဖုန်းဟာ ...ကျွန်တော်တို့ ကို အသက်ကို သေစေနိုင်တဲ့ အရာတစ်ခု လည်းဖြစ်နိုင်တယ် ဆိုတာ သတိပြုရပါမယ်.......
*** ဆဲလ်ဖုန်းတွေကို ပလပ်မှာအားသွင်းနေစဉ် လုံးဝအသုံးမပြုပါနဲ့ .......မင်းအားသွင်းနေတုန်း ဖုန်းဝင်လာရင် လည်း ပလပ်ကနေ ဖြုတ်ပြီးမှသုံးပါ......
ကျေးဇူးပြုပြီး ဒီဟာကို လူများများကိုမင်းတတ်နိုင်သလောက် Share ပြီး ဒီအကြောင်းကို အားလုံးသိလာအောင် လုပ်ပေးပါ ......
Translated by: Zan Htet Ko
(ဘာသာပြန်တာ ဆီလျော်အောင်ပြန်ရတဲ့အတွက် အသုံးအနှုန်းမှားရင် သည်းခံဖတ်ပေးပါ ...မူရင်း စာစောင်ရဲ့ အရေးအသားကို အောက်မှာဖော်ပြထားပါတယ်)

READ THIS!!!! IMPORTANT FROM THE UNIVERSITY OF MIAMI HOSPITAL .....VERY SERIOUS WARNING...

I do this all the time! I guess I won't be doing it ANY more !

A few days ago, a person was recharging his mobile phone at home.

Just at that time a call came in and he answered it with the charging Instrument still connected to the outlet.

After a few seconds electricity flowed into the cell phone unrestrained and the young man was thrown to the floor with a heavy thud. As you can see, the phone actually exploded.

His parents rushed to the room only to find him unconscious, with a weak heartbeat and burnt fingers.

He was rushed to the nearby hospital, but was pronounced dead on arrival.

Cell phones are a very useful modern invention.

However, we must be aware that it can also be an instrument of death.

Never use the cell phone while it is hooked to the electrical outlet! If you are charging the cell phone and a call comes in, unplug it from the charger and outlet.

PLZ SHARE IT Maximum as u Can and let all come to know about this.!!
 —

ဘကြီးသက်
Unknown at 10:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ADSL အင်တာနက်လိုင်းပျက်လျှင် ဘယ်သူတာဝန်ယူမှာလည်း။


MPT ADSL သုံးနေတာ ၇နှစ် ရှိပါပြီ အင်တာနက်ပျက်သမျှ အကြောင်းကတော့မျိုးစုံပါဘဲ။ဘ၀င်မကျ တဲ့ ၁ ချက်ရှိပါတယ်။
ဖုန်းလိုင်းမင်း တွေပိုက်ဆံတောင်းချင်လို့ ဖြတ်လို့ပျက်တဲ့ ကိစ္စပါဘဲအရင်ခောတ်ကတော့ထားပါတော့ လေ...အစိုးရသစ်လက်ထက်မှာလည်းဒီနည်းဟောင်းနဲ့ဘဲလုပ်စားနေတုန်းပါဘဲ။ခောတ်ဟောင်းတုန်းက ကျွန်တော်တို့ဘက် စမ်းချောင်းမှာ ကြီးဆိုးတာ ရန်ရှောင် ဆိုတဲ့ လူပါဘဲ။
သူတပည့်တွေ က လုပ် သူက ဆရာ ဆိုတော့ သူ့ရုံးမှာ ဖုန်းရှင်တွေက ဆက်ကြေးပေးသကဲ့သို့ ဖုန်းဖြတ်တိုင်း သွားပေးရတာပါဘဲ။သူ့ရုံးဆို တာဘယ်မှာ များထင်ပါလဲ ဗဟိုလမ်းနဲ့ ဖျာပုံလမ်း ထိပ် က ဘီယာဆိုင်လေ....ရုံးဖွင့် ချိန်ကတည်းက စထိုင်ရုံးဆင်ချိန်ထိပါဘဲ။ခုနောက်လူတော့ သူများစီးပွားတုတ်နဲ့ မထိုးချင်လို့ နာမည် မရေးတော့ ပါဘူး သူလည်း ရှေ့က ပြည်သူ့ အချစ်တော်ကြီးအတိုင်း ဒီမနက် ၁၁ က ဖြတ်လိုက်တာ ညနေ ၄ နာရီမှဖုန်းလိုင်း ပြန်ရပါတယ်။သူကတော့ ရုံးမထိုင်ဘူးခင်ဗျ တပည့်လွှတ်ပြီး ဖုန်းကောင်းပြီးနော် ဆိုပြီး စက်ဘီးလေးနဲ့ လာပြောတာပါဘဲ အလိုက်တသိနဲ့ ပိုက်ပိုက်လေး ပေးရတုန်းပါဘဲ။ MPT အနေ နဲ့ အင်တာနက်ဝန်ဆောင်မှု့ပေးထားရင်ဖြင့် သုံးစွဲသူ အပေါ်ဒီကိစ္စတွေ မဖြစ်အောင်လောက်တော့ တာဝန်ယူပေးသင့်ပြီထင်ပါတယ်...


ကျန်တဲ့ ADSL လိုင်းတွေလဲ ရှိသေးတယ်နော်
ဆက်လက်ဖော်ပြပေးအုံးမှာ (မှတ်ချက်)=  AZTECH ADSL Modem 705 Eu နှင့် 605 EU တို့၏ ကွာခြားချက်များကို တင်ပြပေးပါမည်။

ဘကြီးသက်
Unknown at 10:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.