Saturday, July 14, 2012

နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို ပုဂ္ဂလိက ဘဏ် ၄ ခု၌ စတင်ဆောင်ရွက်



From : MRTV-4

ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်တွေမှာ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်မှု ဆောင်ရွက်နိုင်ဖို့အတွက် စီစဉ် လျက်ရှိရာ ဇူလိုင်လ ၉ ရက်နေ့က စတင်ပြီး ပုဂ္ဂလိကဘဏ်

၎ ခုမှာ စတင် ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဘဏ်တွင်း စာရင်းစစ်နဲ့ ဘဏ်လုပ်ငန်းများ ကြီးကြပ် စစ်ဆေးရေး ဌာနက တရားဝင် ခွင့်ပြုချက် ထုတ်ပြန် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဇူလိုင်လ ၉ ရက်နေ့မှ စတင် လုပ်ကိုင်ခွင့် ရရှိတဲ့ ပုဂ္ဂလိကဘဏ် တွေကတော့ ကမ္ဘောဇ ဘဏ်လီမိတက်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ် လီမိတက်နဲ့ ယူနိုက်တက် အမရဘဏ် လီမိတက် စတာတွေ ဖြစ်ပါတယ်။

ဒီလို လုပ်ကိုင်ခွင့် ရပြီဖြစ်တဲ့ ဘဏ်တွေမှာ နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို စာရင်းရှင် အပ်ငွေ စတင် ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုမှာ အမေရိကန် ဒေါ်လာ၊ FEC ၊ စင်္ကာပူ ဒေါ်လာ၊ ယူရိုစတဲ့ ငွေကြေး အမျိုးအစား ၄ မျိုးအတွက် အပ်နှံနိုင်တာ ဖြစ်ပါတယ်။ ဒီလို အပ်နှံရာမှာ အဆိုပါငွေ အမျိုးအစား ၄ မျိုးထဲက တစ်မျိုးကို ငွေသား ၁၀၀ ရှိရုံနဲ့ စာရင်း ဖွင့်လှစ် နိုင်မှာဖြစ်ပြီး အပ်ငွေကိုတော့ ငွေသားနဲ့ ပေးသွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ပါက စာရင်းဖွင့် လျှောက်လွှာ၊ နိုင်ငံခြားငွေ ရရှိတဲ့ အထောက်အထားများနဲ့ နိုင်ငံသား မှတ်ပုံတင် ကဒ်ပြား စတာတွေ လိုအပ်တယ်လို့ ကမ္ဘောဇဘဏ် လီမိတက်မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို နိုင်ငံခြား ငွေစာရင်းသွင်းမှု အနေနဲ့ ကုမ္ပဏီ ဒါမှမဟုတ် အသင်းအဖွဲ့ တွေက နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ပါက သင်းဖွဲ့ မှတ်တမ်း၊ သင်းဖွဲ့ စည်းမျဉ်း၊ သွင်းကုန်၊ ပို့ကုန် လုပ်ကိုင်သူ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် စတဲ့ အချက်အလက်တွေ လိုအပ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ပုဂ္ဂလိက ဘဏ် ၄ ခုမှာသာ နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို စတင် လုပ်ကိုင် ဆောင်ရွက် နေတာဖြစ်ပြီး အခြားဘဏ်တွေ ကတော့ လုပ်ကိုင်ဖို့ ရှိပေမယ့် လိုအပ်ချက် အနည်းငယ် ရှိနေသေး တာကြောင့် ဆောင်ရွက်မှု မရှိသေးတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

ဘကြီးသက်
Unknown at 7:43 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.