Saturday, July 14, 2012

စင်ကာပူမှ မြန်မာ အမျိုးသားများ သတိထားရန်

အရွယ်မရောက်သေးသူ မိန်းကလေးတဦးကို ကာမ ကျူးလွန်မှုကြောင့် စင်ကာပူ နိုင်ငံသား မြန်မာနိုင်ငံသား တဦးနဲ့ ဘဏ်အရာရှိဟောင်း တဦးတို့ကို စင်ကာပူ တရားရုံးတခုက ယမန်နေ့က အပြစ်ရှိတယ်လို့ စွပ်စွဲချက်နဲ့ စတင်ကြား နာခဲ့ကြောင်း သတင်းရရှိပါတယ်။

 အဆိုပါ သတင်းတွေကို စင်ကာပူ အွန်လိုင်း သတင်း၂ ခုမှာ အသီးသီးဖော်ပြထားပါတယ်။ စင်ကာပူ နိုင်ငံသား မြန်မာလူမျိုး အသက် ၃၁ နှစ် ရှိတဲ့ ကိုပြည်ကျော်ဟန် ဆိုသူကို အရွယ် မရောက်သေးသူ မိန်းကလေး တဦးကို ၂၀၁၀ ခုနှစ် ဒီဇင်လာလက စင်ကာပူရှိ Strand Hotel မှာ စင်ကာ ပူ ဒေါ်လာ ၆၅၀ ပေးပြီး ပျော်ပါးမှုနဲ့ အပြစ်ရှိတယ်ဆိုပြီး ကြားနာခဲ့တာပါ။


ကိုပြည်ကျော်ဟန် ဆိုသူဟာ လုံခြုံရေး ကုမ္ပဏီတခုက ညွှန်ကြားရေးမှူး တဦးလည်းဖြစ်ပါတယ်။ သူ့ရှေ့နေကတော့ တရားရုံးမှာ ခုခံကာကွယ် ထုခြေသွားမယ်လို့ဆိုထားပါတယ်။
အလားတူ အသက် ၃၃ နှစ်ရှိ ဘဏ် အရာရှိဟောင်း မစ္စတာ Louis Lee Lip Kian ဟာ အသက် ၁၇ နှစ် အရွယ် ပြည့်တန်ဆာ တဦးနဲ့ ၂၀၁၀ ခုနှစ်က Hotel 81 Bencoolen မှာ စင်ကာပူဒေါ်လာ ၆၀၀ ပေးပြီး ပျော်ပါး ခဲ့တဲ့အတွက် အပြစ်ရှိတယ် ဆိုပြီး တရားစွဲခံရတာလည်းဖြစ်ပါတယ်။ သူကတော့ တရားရုံးမှာ သူနဲ့ပျော်ပါးခဲ့တဲ့ မိန်းကလေးကို အတော် အရွယ်ရောက်ပြီးသူလို့ပဲ ထင်ခဲ့ကြောင်း ထွက်ဆို ခဲ့ပါတယ်တဲ့။
သူ့ရှေ့နေ Mr Amolat Singh ပြောတာကတော့ Louis Lee Lip Kian ဟာ အိမ်ထောင်ရေး ပြိုကွဲထားလို့ စိတ်ကျ ဝေဒနာ ခံစားနေရပြီး မှားယွင်းတဲ့ နေရာမှာ အချစ်ကို ရှာဖွေရာက အခုလို ဖြစ်နိုင်တာလို့ မှတ်ချက်ပေးပေမယ့် အသက်ကို ခန့်မှန်းရ ခက်ခဲတာကိုလည်း ထောက်ပြပြီး ထုချေခဲ့ပါသေးတယ်။ သူတို့ ၂ ဦးကို ကွန်ပျူတာ သိပ္ပံ နည်းပညာတွေနဲ့ သေချာစစ်ဆေးပြီး လာမယ့် သြဂုတ်လ ၂၇ ရက်နေ့ မှာ ပြစ်ဒဏ် အမိန့်ချမှာ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဘကြီးသက်
Unknown at 10:29 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.