Saturday, July 14, 2012

ယဉ်တိုက်မှုကြောင့် ဖြူဖြူကျော်သိန်း မထနိုင်






နေပြည်တော် ဟိုတယ်ဇုံအနီးတွင် နိင်ငံကျော် အမျိုးသမီး အဆိုတော် ဖြူဖြူကျော်သိန်း အပါအ၀င် ဂီတသစ် အလွှာ တစ်ချို့ ပါသောကား ကို နောက်မှပါလာသော ကားက ၀င်တိုက်မှု တစ်ခု ဇူလိုင်လ ၁၁ ရက်နေ့ ဗုဒ္ဒဟူးနေ့တွင် ဖြစ်ပွားခဲ့ကြောင်း ဖြူဖြူကျော်သိန်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

ပြည်သူလွှတ်တော် အားကစား၊ ယာဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဖိတ်ကြားချက်အရ မြန်မာနိင်ငံ ဂီတအစည်းအရုံး (ဗဟို)အလုပ်အမှုဆောင်သစ် ရွေးကောက်ပွဲတွင် ခေတ်သစ် ဂီတ အလွှာ ထည့်သွင်းနိင်ရေးအတွက် နေပြည်တော်သို့ သွားရောက် တင်ပြ ဆွေးနွေးပွဲမှ အပြန် ည၁၀နာရီ ၀န်းကျင်ခန့်၌ တော်ဝင် နေပြည်တော် ဟိုတယ်ရှေ့တွင် ဖြူဖြူကျော်သိန်း၏ REFINEယာဉ်နှင့် DOUBLE CUP တို့ ယာဉ်တိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဖြူဖြူကျော်သိန်းက ပြောကြားသည်။

ဖြူဖြူကျော်သိန်းသည် ခါးတွင် ဒဏ်ရရှိခဲ့ပြီး ကားဖြင့် ပြန်လာ၍ မဖြစ်နိင် ၍လေယာဉ်နှင့် ပြန်လာရကြောင်း ယခုအခါ သက်သာနေပြီ ဖြစ်သည်ဟု ၄င်းကဆိုသည်။

”စောင့်ပြီး ရိုက်လိုက်သလို ဖြစ်သွားတယ် ကားကလည်သွားတယ် ကားလည်း မောင်းလို့မရဘူး ရှေ့လေကာမှန်တွေ ကွဲသွားတယ်”ဟု ဖြူဖြူကျော်သိန်းက အတွေ့အကြုံကို ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ပါဝင်ပြီး မျက်နှာနှင့် ခေါင်းတွင် ဒဏ်ရာရရှိခဲ့သူ တေးရေး မြင့်မိုးအောင်က ဂီတလောက တိုးတက် ဖွံ့ဖြိုးရေးအတွက် ပြည်သူလွတ်တော် ကော်မတီများနှင့် သွားရောက်တွေဆုံမှုကို အားရ ကျေနပ်ကြောင်း ပြည်သူလွှတ်တော် ဥက္ကဌ ဦးရွှေမန်းကလည်း ဖုန်းနှင့် အရေးတယူ သတင်းမေးမြန်းကြောင်း မှတ်ချက်ပြု ပြောကြားသည်။

ပြည်သူလွှတ်တော်ရေးရာ ကော်မတီက ဂီတအစည်းအရုံး ပြန်လည် ဖွဲ့စည်းမှုကို ညှိုနှိုင်းမှုများ မပြီးမခြင်း ဆိုင်းငံ့ထားရန် ဂီတအစည်းအရုံးထံ စာပို့ထားကြောင်း မနက်ဖန် စနေတွင် ဂီတအစည်းအရုံးနှင့် ၈မိုင် ရန်ကုန် ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဆက်လက် ရှင်းပြသည်။

Myanmar Express

ဘကြီးသက်
Unknown at 10:45 AM
Share

2 comments:

  1. ngwe su sanJuly 15, 2012 at 2:27 PM

    ခေါင်းစဉ်နဲ့ ဓာတ်ပုံနဲ့ကတော့ အံ့ကိုက်ပဲဟေ့ :P

    ReplyDelete
    Replies
      Reply
  2. PoeHeartJuly 17, 2012 at 10:33 AM

    hote pa byo... :)

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.