Saturday, July 14, 2012

နေပြည်တော်ရှိဘုန်းတော်ကြီးကျောင်းများ ပြောင်းရွှေ့ဖယ်ရှားခြင်းကိစ္စ ပြန်ကြားရေးမှ ရှင်းလင်း




From : ခေတ်လူငယ်
နေပြည်တော် ဒက္ခိဏသီရိ၊ ဥတ္တရသီရိနှင့် တပ်ကုန်းမြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်း ၃၇ ကျောင်းအား သက်ဆိုင်ရာမှ ပြောင်းရွှေ့ဖယ်ရှားပေးရန် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ယင်းဘုန်းတော်ကြီးကျောင်း များမှာ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း၌ ဖြစ်နေပြီး မြို့နယ်သံဃနာယက၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော ကျောင်းများဖြစ်နေကြောင်း သတင်းထုတ်ပြန်ချက် တစ်ခုကို ဇူလိုင် ၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျေးရွာ ချင်းဆက်လမ်းများ ဖောက်လုပ်ရန် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်း ဆောင်ရွက်ခဲ့စဉ် ယင်းကဲ့သို့ စိစစ်တွေ့ရှိခဲ့ရခြင်းဖြစ်ရာ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ သံဃနာယက ဆရာတော်များမှ သစ်တောဧရိယာ ဖြစ်နေခြင်း၊ ခွင့်ပြုချက်မရယူဘဲ ဆောက်လုပ်ထားခြင်း၊ ဘုန်းတော်ကြီးကျောင်း အင်္ဂါရပ်များနှင့် ညီညွှတ်မှုမရှိခြင်းနှင့် ထိုကျောင်းများရှိ သံဃာအချို့မှာလည်း သာသနာဝင် မှတ်တမ်းများ မရှိခြင်းတို့ကြောင့် ပြောင်းရွှေ့ဖယ်ရှားပေးရန် မိန့်ကြားထားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ ပြောင်းရွှေ့ရာတွင်လည်း လက်ရှိ ကျောင်းများ၏ ကုန်ကျစရိတ်အား အလှူငွေအဖြစ် ကျောင်းအလိုက် ဝတ္ထုငွေများ ထောက်ပံ့လှူဒါန်းခြင်း၊ အလိုရှိသည့် ပစ္စည်းများ သယ်ယူနိုင်ရန် ယာဉ်များ စီစဉ်ပေးခြင်းတို့ကို သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်ပေးထားသည်ဟု ဆိုသည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်း ၃၇ ကျောင်းအနက် ၁၃ ကျောင်းမှာ ကျောင်းအလိုက် ထောက်ပံ့လှူဒါန်းသည့် ဝတ္ထုငွေများ လက်ခံရယူ၍ အလိုရှိသည့် ပစ္စည်းများ ယူဆောင်ပြီး ပြောင်းရွှေ့ ဖယ်ရှားသွားခဲ့ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။ ပြောင်းရွှေ့ရန် ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်း ကျန်ရှိနေပြီး ယင်းတို့အား မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေသည်ကိုမူ ဖော်ပြထားခြင်း မရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 7:41 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.