Saturday, July 14, 2012

ထွန်တုံးတိုက်ပွဲ လယ်သမားတွေကို ဖမ်းသွားကြပြီ



သတင်း၊ ဓာတ်ပုံ- CPRCG

ထွန်တုံးတိုက်ပွဲကို စစ်ဘီလူးနဲ့ တပ်ဦးကို ချိုးလိုက်ပါတယ်။ ယမန်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့တဲ့ ပဲခူးတိုင်း ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်က လယ်သမား ၇ ဦး ကို စစ်တပ်က မတရား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါပြီလို့ သတင်းပို့လာပါတယ်။

အဆိုပါ လယ်သမားကိစ္စ သတင်းပို့လာသော သတင်းပို့ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်ခရိုင်၊ပန်းတောင်းမြို.နယ်၊ဆင်တဲကျေးရွာအုပ်စု၊ရွာသစ်ကုန်းကျေးရွာ၊ ပုတီးတော့ကျေးရွာများမှ က.ပ.စ(၃) ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုစက်ရုံအမှတ်(၃)မှ မတရား သိမ်းဆည်း ထားသော လယ်ယာမြေ များပေါ် သို. ၀င်ရောက်ထွန်ယက်လုပ်ကိုင်ခဲ့သည့်လယ်သမားများထဲမှ

၁။ဦးတင်အောင်(၆၅)နှစ်
၂။ဦးအောင်ကြည်(၅၆)နှစ်
၃။ဦးထွန်ဟန်(၅၆)နှစ်
၎။ဦးမင်းနိုင်(၃၀)နှစ်ခန်.
၅။ဦးဟန်ဝင်း(၃၈)နှစ်ခန်.
၆။ဦးကျော်ကျော်လွင်(၂၅)နှစ်
၇။ဦးစံမင်း(၄၅)နှစ်ခန်.

စုစုပေါင်းလယ်သမားခုနစ်ဦးခန်.အား က.ပ.စ(၃)စက်ရုံမှ စစ်သားများက ၁၃.၇.၂၀၁၂ရက်နေ. မနက် ၁၀နာရီအချိန်ခန်.ကို ဖမ်းဆီးသွားခဲ့ပြီးနောက် ညနေ၃နာရီခန်.တွင်လဲ လယ်တောများထဲ တွင်နွားကျောင်းနေကြသော လယ်သမားများကို လဲစစ်တပ်မှလိုက်လံဖမ်းဆီးနေကြသည်။

စစ်တပ်မှယခုလို ပြုမူပုံသည် အုပ်ချူပ်ရေးအာဏာနှင့်၊ တရားစီရင်ရေး အာဏာကိုလုံးလုံးကြီးဖီလာ ဆန်.ကျင်ခြင်းဖြစ်ပြီး....ဗမာနိုင်ငံရေးအပြောင်းအလဲကို စိန်ခေါ်ခြင်းဖြစ်သည် CPRCG မှ ယူဆသည်။


ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်ခရိုင်၊ပန်းတောင်းမြို.နယ်၊ဆင်တဲကျေးရွာအုပ်၊ရွာသစ်ကုန်းကျေးရွာ၊ပုတီးတောကျေးရွာများမှတောင်သူလယ်သမားခုနစ်ဦးအား စစ်သားများမှတရားလက်လွတ်ဖမ်းဆီးခဲ့ခြင်းအပေါ်ယင်း က.ပ.စ(၃)စက်ရုံနှင့် စက်ရုံမှုး ဒုတိယ ဗိုလ်မှုးကြီးသန်းရွှေ၊တို.ပေါ်ထိထိရောက်ရောက်အရေးယူပေးရန် ဗမာနိုင်ငံဖွဲ.စည်းပုံအခြေခံဥပဒေအရ၊ အုပ်ချူပ်မှု အာဏာ၏ အကြီးအကဲဖြစ်သော နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံးတွင် တာဝန်အပြည်အ၀ရှိပြီး...နောက်ထပ်တရား လက်လွတ်ဖမ်းဆီးချူပ်နှောင်မှုများထပ်မဖြစ်ရန်နှင့် ထိုကျေးရွာများရှိတောင်သူလယ်သမားများကို ကာကွယ်ပေးရန်လေးလေး နက်နက်တောင်းဆိုသည်။

အချိန်မှီကာကွယ်ပေးမှုများမပြုလုပ်နိုင်ပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်များသည်.....နိုင်ငံရေး တည်ငြိမ်မှုအပေါ်တိုက်ရိုက်အကျိုးသက်ရောက်လာနိုင်သည်။

ဘကြီးသက်
Unknown at 10:44 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.