Saturday, July 14, 2012

" မိုဘိုင်းဖုန်းအချို့ ညခေါ်ဆိုခ လျှော့ဈေးနှင့်မရ "


ညပိုင်းမိုဘိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးထား သည်ဆိုသော်လည်း မိုဘိုင်းဖုန်း အချို့မှာမူ အပြည့်အဝ ပေးချေ နေ ရကြောင်း ဖုန်းသုံးစွဲသူ အချို့ထံမှ သိရသည်။

အဆိုပါ ဖုန်းအချို့မှာ ဘီလ် စနစ်မှငွေဖြည့်ကတ်စနစ်သို့ ပြောင်း လဲထား သည့် ဖုန်းများဖြစ်ပြီး ကတ်စနစ်တွင် သုံးစွဲခွင့်ပေးထား သည့် စနစ်အတိုင်း သုံးစွဲခွင့်ရသော် လည်း ညပိုင်းခေါ်ဆိုခတွင်မူ အခြား မိုဘိုင်းဖုန်းများကဲ့သို့ သုံးစွဲနိုင်ခြင်း မရှိကြောင်း သိရသည်။''ဘီလ်စနစ်ကနေ ကတ်စနစ် ပြောင်း ပြီး နှစ်ရက်သုံးရက်လောက် ညပိုင်း ၁၁ နာရီခွဲလောက်ဖုန်းအမြဲ ပြောဖြစ် တယ်။ ဖုန်းပြောပြီးပြီးချင်း ဖုန်းထဲမှာ ငွေဘယ်လောက်ကျန် လဲ ပြန်ကြည့်တော့ အများကြီးမကျန် တော့ဘူး။ ဖုန်းမပြောခင်ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ ကြည့် ပြီးမှပြောတာပါ။ ညဘက် ၁၁ နာရီ ကျော်ရင် ၂၅ ကျပ်ပဲကျရမှာ အခု တော့ ၅ဝ အပြည့်ဖြတ်ထား တာ တွေ့ရပါတယ်''ဟု ကမာရွတ်မြို့နယ် မှ ဒေါ်လှသန်းက ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ညပိုင်းမိုဘိုင်းသုံးစွဲခ များအား မတ်လ ၁၄ ရက်နေ့မှ စတင်၍ ည ၁၁ နာရီမှ နံနက် ၆ နာရီအတွင်း မိုဘိုင်းဖုန်းသုံးစွဲခများ ကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် သုံးစွဲခွင့်လျှော့ ချခဲ့သည်။''ညပိုင်းတော့ ဖုန်းသိပ်မပြော ဖြစ်တော့ သတိမထားမိဘူး။ ပြီးခဲ့ တဲ့အပတ်က သတိထားပြီးဖုန်းပြော တာ ဘယ်လောက်ကျသလဲဆိုတာ ကြည့်ပြီးငွေတွက်ကြည့်တော့ ၅ဝ ပဲဖြတ်ထားတာ တွေ့ရပါတယ်''ဟု လားရှိုးမြို့နယ်မှ အစိုးရဝန်ထမ်း တစ်ဦးက ပြောသည်။အဆိုပါကိစ္စများနှင့် ပတ်သက် ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက MC will ဖုန်းနှင့် တစ်ခါသုံးကတ်ဖုန်းများမှ လွဲ၍ ကျန်ရှိသည့်မိုဘိုင်းဖုန်း အားလုံး ညပိုင်းခေါ်ဆိုခနှုန်းထား အား ထက်ဝက်လျှော့ချသုံးစွဲ ခွင့် ပေးထားကြောင်း လက်ရှိဖြစ်နေ သည်များအား ပြန်လည်စစ်ဆေး သွားမည်ဖြစ်ကြောင်းပြောသည်။လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးမှ ညပိုင်းမိုဘိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးမှုတွင်FEC တစ်ခါ သုံးဖုန်းကတ်များကို လည်း လျှော့ချပေးတော့မည်ဖြစ် ကြောင်း ဆက်သွယ်ရေးမှ သိရ သည်။

အောင်ဇော်

ဘကြီးသက်
Unknown at 3:19 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.