Thursday, April 5, 2012

အမှုထမ်းနှင့် နိုင်ငံလမ်းစဉ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်အရ အစိုးရသစ် တာဝန်ယူခဲ့တာ ယခုဆိုရင် တစ်နှစ်တာ ကာလကို ချည်းနင်း ဝင်ရောက်လျက် ရှိပြီဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာပြည်သူ ပြည်သားတွေဟာ စည်းကမ်းသေဝပ်စွာ ဒီမိုကရေစီ စံနှုန်းများကို ပြသနိုင်ခဲ့ကြပြီး ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံရဲ့ ဂုဏ်သတင်းကိုလည်း ပိုမိုမြှင့်တင် ပေးနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ယုံကြည်ရာကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရရှိခဲ့ကြပြီး မိမိတို့ မျှော်လင့်ထားတဲ့ ဒီမိုကရေစီ အခွင့်အရေးများကို ပြည့်ပြည့်ဝဝ အသုံးချခွင့် ရရှိခဲ့ကြတာကို ဝမ်းသာစွာတွေ့ ရှိခဲ့ရပါတယ်။ ဒီလိုအောင်မြင်မှု ပန်းတိုင်တွေကို ရရှိလာအောင် လျှောက်လှမ်းကြရာမှာ နိုင်ငံတော်မှ ချမှတ်ထားတဲ့ မူဝါဒတွေ လမ်းစဉ်တွေကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရတဲ့ နိုင်ငံဝန်ထမ်းများရဲ့ တာဝန် အခန်းကဏ္ဍလည်း တစ်ထောင့် တစ်နေရာကနေ မရှိမဖြစ် ပါဝင်ခဲ့ကြရပါတယ်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး တည်ဆောက်ရေး ပြုပြင်ပြောင်းလဲရေး နဲ့ ငြိမ်းချမ်းရး လုပ်ငန်း အဆင့်ဆင့်မှာ နိုင်ငံ့ဝန်ထမ်းများ အနေနဲ့ ပေးဆပ် အနစ်နာခံ ခဲ့ရတာတွေလည်း အများအပြားရှိခဲ့ပါတယ်။
နိုင်ငံတကာရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်တွေကနေ သင်ခန်းစာ ယူနိုင်ခဲ့ကြပြီး မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေကို အညင်သာဆုံး ပြောင်းလဲသွားနိုင်ခဲ့ပြီး ခုချိန်မှာ တိုင်းရင်းသား အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များဆီသို့ အရောက်ခေါ်ဆောင်ကာ ညှိနိုင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒ အလျောက် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပါတီ အဖွဲ့အစည်းများမှ ပြည်သူ့ ကိုယ်စားလှယ်လောင်းများ အနေနဲ့ လွှတ်တော်အတွင်းမှာ ပြည်သူတို့ကိုယ်စား ပြောဆိုဆွေးနွေးကာ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများမှာ တရားဥပဒေအတွင်း လွတ်တော်တွင်းက နေပြီး မိမိတို့ တက်အားသရွေ့ ပါဝင်ခွင့် ရရှိပြီဖြစ်ပါတယ်။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း အသီးသီး အနေနဲ့လည်း ဒီလို ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးသည်အထိ နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း အသီးသီးမှာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရင်း ပြည်သူအကျိုး နိုင်ငံအကျိုးကို မညည်းမညူ ထမ်းဆောင်ခဲ့ကြပါတယ်။
ပြည်သူ့ဝန်ထမ်း များဟာ ဒီလိုကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်အထိ မိမိတို့ တာဝန်ယူထားကြရတဲ့ လက်ရှိတာဝန်များအပြင် ပြည်သူတွေ ယုံကြည်ရာကို လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး အတွက် ကျရာ ကဏ္ဍက တဖက်တစ်လမ်းက ပါဝင်ရင်း ဒီမိုကရေစီ တည်ဆောက်ရေး ပြုပြင်ရေး လုပ်ငန်းစဉ်တွေမှာ အားတက်သရော ပါဝင်ခဲ့ကြတာကို တွေ့နိုင်ပါတယ်။ ဒါအပြင် ဒီလိုနိုင်ငံ ဝန်ထမ်းများအနေနဲ့ နိုင်ငံနဲ့ ပြည်သူ့အတွက် တာဝန်ထမ်းဆောင်ရာမှာ ပါတီနိုင်ငံရေး ကင်းရှင်းစွာနဲ့ နိုင်ငံတာဝန်ကို အဂတိတရား မလိုက်စားဘဲ ပြည်သူ့မျက်နှာ တိုင်းပြည်မျက်နှာကိုသာ ကြည့်တက်ဖို့ အလွန်အရေးကြီးပါတယ်။ ဒီလို နိုင်ငံတာဝန်ကို ထမ်းဆောင်ပြီး နိုင်ငံ့လမ်းစဉ်ကို အကောင်အထည် ဖော်ကြရာမှာ ပြည်သူ့ဝန်ထမ်းများဟာ ပါတီစွဲ ဂိုဏ်းဂဏစွဲ မရှိ ဒီမိုကရေစီ အရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ခဲ့ကြကြောင်း ပြီးစီးခဲ့ပြီဖြစ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲရဲ့ ရလဒ်က သက်သေဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
မျိုးချစ်မောင်
Unknown at 8:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည်ဝင်ခွင့်​ e-visa စနစ်စတင်


မြန်မာနိုင်ငံကို လာ​ရောက်လည်ပတ်ကြမယ့်​ ကမ္ဘာလှည့်​ခရီး​သည်​တွေ အဆင်​ပြေ​စေဖို့​အတွက် e-visa စနစ်ကို စတင်စမ်း​သပ်​နေပြီး​၊​သမ္မတရဲ့​ ခွင့်​ပြုချက်ရရင် ဒီလထဲ စတင်ထုတ်​ပေး​မှာ ဖြစ်ပါတယ်။
e-visa ​လေ်ွာက်ထား​ရယူလိုသူ​တွေအ​နေနဲ့​ myanmarevisa.gov.mm ဝက်ဘ်ဆိုဒ်ကို ဝင်​ရောက်ပြီး​၊​ ပတ်စပို့​ နံပါတ် စသဖြင့်​ အဆင့်​ ၄ ဆင့်​ပါ အချက်အလက်​တွေကို ဖြည့်​သွင်း​ရမှာ ဖြစ်ပါတယ်။
အဲ့​ဒီလို ဖြည့်​သွင်း​လိုက်တာနဲ့​ ဟိုတယ်/ခရီး​ဝန်ကြီး​ဌာနကို အီး​မေး​လ် ဝင်​ရောက် လာမှာဖြစ်ပြီး​၊​ ကာယကံရှင်ဆီကို အီး​မေး​လ်ရရှိ​ကြောင်း​ အ​ကြောင်း​ ပြန်​ပေး​မှာ ဖြစ်ပါတယ်။
ဌာနဆိုင်ရာ လုပ်ထုံး​လုပ်နည်း​တွေအတိုင်း​ စစ်​ဆေး​ပြီး​ ဗီဇာကို အီး​မေး​လ် က​နေပဲ ပြန်ပို့​ပေး​မှာ ဖြစ်တယ်လို့​ ဟိုတယ်/ခရီး​ဝန်ကြီး​ဌာနက စုံစမ်း​သိရှိရပါတယ်။
အွန်လိုင်း​က​နေ e-visa ​လေ်ွာက်ထား​ရင် ၅ ရက်​လောက်ကြာမှာ ဖြစ်ပြီး​ မြန်မာနိုင်ငံရဲ့​ အင်တာနက် မြန်နှုန်း​နဲ့​ လ်ွပ်စစ်မီး​ ရရှိမှု အ​ခြေအ​နေ​တွေက ဒီလုပ်ငန်း​စဉ် ​အောင်မြင်မှု ရှိ မရှိ အဆုံအဖြတ် ​ပေး​မှာ ဖြစ်တယ်လို့​ ခရီး​သွား​လုပ်ငန်း​ ရှင်တဦး​က မှတ်ချက်​ပေး​ ​ပြောဆို လိုက်ပါတယ်။ 
ဒီဗွီဘီ
Unknown at 7:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စာရေးဆရာ၊ သတင်းစာဆရာ အသင်းဖွဲ့ဖို့ မန်းစာနယ်ဇင်းသမားတွေ ညှိနှိုင်း


Photo

စာရေးဆရာ၊ သတင်းစာဆရာ အသင်းဖွဲ့ဖို့ မန်းစာနယ်ဇင်းသမားတွေ ညှိနှိုင်း

ပြင်ဦးလွင်၊ ဧပြီလ ၅ ရက်။    ။ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အရေးပေါ် ညီလာခံကို တက်ရောက်ခဲ့တဲ့ မန္တလေး (၇) မြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်တွေက စာရေးဆရာ၊ သတင်းစာဆရာ အသင်း ပြန်လည် ဖွဲ့စည်းနိုင်ရေး အတွက် ညှိနှိုင်းပွဲတစ်ခုကို အခုလ ၂ ရက်နေ့က မြမန္တလာဟိုတယ် စာကြည့်တိုက်မှာ ကျင်းပခဲ့ပါတယ်။

သူတို့အနေနဲ့ နောက် (၃) လအကြာမှာ ဖွဲ့စည်းမယ့် မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်ထုပ်ဝေသူ လုပ်ငန်းရှင်များအသင်းတွေ အတွက် မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့် ပြန်လည် ဖွဲ့စည်းနိုင်ဖို့အတွက် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်က မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်တွေ ညှိနှိုင်းတိုင်ပင် ခဲ့ကြတာပါ။

အဲဒီလို ညှိနှိုင်းတိုင်ပင်ခဲ့ကြရာမှာ အရင် စာပေနှင့် စာနယ်ဇင်းအဖွဲ့လို အသင်းသားအဖြစ် လစဉ်ကြေး ပုံမှန်သွင်းပြီး မည်သည့်အကာအကွယ် အစောင့်အရှောက်မှ မရသည့် အသင်းအဖွဲ့ မဖြစ်စေရေး၊ လွတ်လပ်တဲ့ လူမှုရေး အဖွဲ့အစည်း အမှန်တကယ်ဖြစ်ရေး၊ စတုတ္ထမဏ္ဍိုင် ခိုင်မာအောင် ရပ်တည်နိုင်ရေးအတွက် မီဒီယာဥပဒေမှာ ထည့်သွင်းသင့်တဲ့ အချက်တွေကို ညှိနှိုင်းတိုင်းပင် ခဲ့ကြပါတယ်။ နောက် (၃) လအကြာ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်ထုပ်ဝေသူ လုပ်ငန်းရှင်များ အသင်းတွေ ဖွဲ့စည်းပြီးတာနဲ့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။

ရတနာပုံသတင်း
Unknown at 7:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျန်ရှိ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး EU ဆက်လက် ဖိအားပေးသွားမည်

မန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တချို့ကို အီးယူ ဥရောပသမဂ္ဂက ပြန်လည်ရုပ်သိမ်းမှာ ဖြစ်ပေမဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် ဆက်လက် ဖိအားပေးသွားမှာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောလိုက်ပါတယ်။
(Photo: AFP)
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ်။ (Photo: AFP)
" ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာပြည် အပြောင်းအလဲအတွက် အင်မတန် အရေးကြီးတဲ့ အခိုက်အတန့် တစ်ရပ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲတွေ ဘယ်လောက်ထိ လွတ်လပ်ပြီး တရားမျှတသလဲဆိုတာ ဆုံးဖြတ်ဖို့ စောပါသေးတယ်။ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေရဲ့အစီခံချက်တွေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ အမြင်တွေကို သိရဖို့ မိမိစောင့်စားနေပါတယ်" လို့ မစ္စတာ Hague က ဆိုပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ်မျှတမယ်။ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်မယ်ဆိုရင် မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှု အများအပြားကို ရုတ်သိမ်းမယ်လို့ အီးယူ နိုင်ငံခြားရေး ၀န်ကြီးတွေက ပြောဆိုထားပြီး ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုမိမိတို့ အခုလက်ငင်း ဘာတွေ လုပ်စရာရှိသလဲဆိုတာ ဆွေးနွေး တိုင်ပင်ကြရမှာပါ လို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။
ပိတ်ဆို့မှုတချို့ ရုပ်သိမ်းရေးကိစ္စအတွက် မြန်မာနဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ကြောင်း အီးယူ အလုပ်အမှုဆောင် ကော်မရှင်က ပြောပါတယ်။

RFA
Unknown at 5:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြုပြင်ပြောင်းလဲရေး လုပ်မည် ဆိုတဲ့ ကြံ့ခိုင်ရေးပါတီ

ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဲအပြတ်သတ် အနိုင်ရရှိပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြီးမားသည့် စိန်ခေါ်မှုဖြစ်လာနိုင်ဖွယ် ရှိသဖြင့် ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေးများကို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီသို့ ပြောသည်။


ကြားဖြတ် ရွေးကောက်ပွဲအတွက် ယခုနှစ် မတ်လ ၃၀ ရက်နေ့က ရန်ကုန်တွင် မဲဆွယ်နေသော ကြံ့ခိုင်ရေးပါတီဝင်များ (ဓာတ်ပုံ - Reuters / Soe Zaya Tun)
နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ကြံ့ခိုင်ရေးပါတီ အစည်းအဝေးတွင် ပါတီ ဗဟိုအလုပ်မှုဆောင် အများစု တက်ရောက်ခဲ့ကြကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သကဲ့သို့ ပါတီ ရှေ့ဆက်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“လက်ရှိ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ကျနော်တို့ အားလုံးပဲ သဘောတူပါတယ်။ နောက်တခုကတော့ ရွေးကောက်ပွဲနဲ့ ပက်သတ်ပြီး ကျနော်တို့ ပါတီရဲ့ အားနည်းချက် အားသာချက်များကိုလည်း ဖော်ထုတ်ပြီးတော့ ဆောင်ရွက်ကြမယ်ဆိုတာကိုလည်း ဆွေးနွေးကြပါတယ်” ဟု ဦးဌေးဦး က ဧရာဝတီသို့ ပြောသည်။
ကြံ့ခိုင်ရေးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိမည်ဟု မူလက မျှော်လင့်ခဲ့သော်လည်း ဝင်ရောက် ရွေးချယ်ခံခဲ့သည့် မဲဆန္ဒနယ်မြေ ၄၅ နေရာအနက် NLD ယှဉ်ပြိုင်ခွင့် မရသည့် တနေရာ၌သာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
ပါတီ၏ အားနည်းချက်၊ အားသာချက်များကို ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် အလွယ်တကူ ဆောင်ရွက်ခြင်းများ ရှိသကဲ့သို့ ခက်ခဲမှုများလည်း ရှိကြောင်း၊ ထို့ကြောင့် ပါတီတာဝန်ရှိသူများအနေဖြင့် ပါတီမူဝါဒလမ်းစဉ်ကို လူထုသိရှိစေရန် ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဦးဌေးဦးက ပြောသည်။
ထိုသို့ NLD က အပြတ်အသတ် အနိုင်ရခြင်းအပေါ် ဦးဌေးဦး၏ အမြင်ကို ဧရာဝတီက မေးမြန်းခဲ့ရာ ၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့မှာ လူထုအကျိုး လုပ်ဆောင်မှု မတွေ့ရှိရသေးသဖြင့် လတ်တလော အခြေအနေကို သုံးသပ်ရန် ခက်ခဲနေသေးကြောင်း ဖြေကြားသည်။
သို့သော် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်နွယ်၍ လူသိများခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှု၊ နိုင်ငံတကာအသိုင်းဝိုင်း၏ ထောက်ခံမှု၊ တပြည်လုံး စည်းရုံးလှုံ့ဆော်မှု အားကောင်းခြင်းတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD က တဖက်သတ် အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များက သုံးသပ်ကြကြောင်း သိရှိရသည်။
NLD ပါတီ အနိုင်ရရှိမှုကို ကြံ့ခိုင်ရေးပါတီက ကြိုဆိုသွားမည်ဖြစ်ပြီး လွှတ်တော်တွင်းသာမက လွှတ်တော်ပြင်ပတွင်လည်း ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည့်ကိစ္စရပ်များ ပေါ်ပေါက်လာပါက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဦးဌေးဦးက ပြောသည်။
“အကောင်းမြင်သမားလို့တော့ ကျနော့်ကိုယ်ကျနော် မဆိုလိုပါဘူး။ ဒါပေမယ့် ကျနော်တို့ တော်တော်စိတ်ဓာတ် ကျသွားပါတယ်” ဟု လွှတ်တော်အတွင်းမှ စစ်တပ်ကိုယ်စားလှယ်တဦးက ပြောကြောင်း Reuters သတင်းဌာနက ရေးသားထားသည်။
ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ခံကာ စစ်အစိုးရက ထူထောင်ပေးခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်၌ တိုက်ခိုက်ခံရပြီး လူ ၇၀ ကျော်သေဆုံးခဲ့သည့် လုပ်ကြံမှုကြီးတွင် အဓိက လက်သည်အဖြစ် ကြံ့ခိုင်ရေးအသင်းက နာမည်ထွက်ခဲ့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပတ်သက်မှုမရှိဟု ဦးဌေးဦးက ငြင်းဆိုသွားသည်။
ထို့အတူ လူထုဆန္ဒပြမှုများကို နှိမ်နင်းရာတွင် ပါဝင်ခဲ့သည့် စွမ်းအားရှင်အဖွဲ့နှင့်လည်း ပတ်သက်မှုမရှိကြောင်း မကြာသေးမီက ဧရာဝတီနှင့်ဆက်သွယ်မေးမြန်းခန်းတွင် ဖြေဆိုခဲ့သည်။

ကျော်ခ (ဧရာဝတီ)
Unknown at 5:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီးတွေပျက်နေချိန်မှာ သတိရလာလို့ ပြန်တင်ပေးလိုက်ပါတယ် ဆိုတဲ့ သတင်းဆောင်းပါး

အမှောင်လှိုင်းထဲက ငမွဲတို့တိုင်းပြည်

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း တည်ဆောက်ရန်စီစဉ်ထားတဲ့ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးဓာတ်အားပေး စီမံကိန်းကို အစိုးရက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့နံနက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တယ်လို့ သတင်းတွေအရ သိရပါတယ် ။

အကြောင်းကတော့ အဲဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်နိုင်သည့် အပြင်  ကျောက်မီးသွေး စီမံကိန်း၏ ဆိုးကျိုးများကို  မီဒီယာများက ထောက်ပြ၀ိုင်းဝန်းရေးသားမှုများ စသော အကြောင်းများကြောင့် အစိုးရက စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ် ။

တစ်ခုပေးမှတစ်ခုရတဲ့ လောကကြီးမှာ ဘာမှမပေးပဲလိုချင်လို့ကတော့ ဘာမှမရနိုင်ပါဘူး ၊ အသက်ရှည်ချင်လား အိုရပါ့မယ် ၊ မအိုချင်ဘူးလား အူဝဲဆိုတာနဲ့ ခေါက်ကနဲသေလိုက် မအိုရတော့ပါဘူး ၊ ခုလဲဒီလိုပါဘဲ လျှပ်စစ်စွမ်းအင်လိုချင်လား သဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုတစ်ခုခု အနည်းနဲ့အများပေးရပါ့မယ် ၊ ဘာမှမပေးချင်ဘူးလား အမှောင်ထဲမှာငုတ်တုတ် နေလိုက် ဒါဘဲရှိပါတယ် ။ဘာမှလဲမပေးချင်ဘူး မီးလဲလင်းချင်တယ် ခေတ်လဲမီချင်တယ်ဆိုလို့ကတော့ရကိုမရပါဘူး။

ရုရှားနဲ့ ညူကလီးယားဓါတ်ပေါင်းဖိုလုပ်ပြီး လျှပ်စစ်ထုတ်မယ်ဆိုတုန်းကလဲ ၀ိုင်းကန့်ကွက်လို့ ရုရှားနဲ့မျက်နှာပျက်ပြီး အစိုးရကရပ်ပေးလိုက်ရတယ် ။ ဒီတော့ ရေအားကထုတ်မယ်လုပ်တယ် ဒီတော့လဲ သဘာဝပတ်ဝန်းကျင် ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုလို့ မြစ်ဆုံစီမံကိန်းကို တရုတ်နဲ့မျက်နှာပျက်ပြီး အစိုးရက ရပ်ပေးလိုက်ရတယ် ။ ခုကျောက်မီးသွေးကနေ ထုတ်မယ်ဆိုတော့လဲ လာပြန်ပြီ ဒီသဘာဝပတ်ဝန်းကျင် ကြောင့် ထိုင်းနဲ့မျက်နှာပျက်ပြီး ရပ်ပေးလိုက်ရပြန်ပြီ ။

  Data from the BP Statistical Review 

ဒီပုံက ကမ္ဘာ့လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကို ကျောက်မီးသွေးက ထုတ်လုပ်နေတယ်ဆိုတာကို ပြနေပါတယ် ၊ အခုမြန်မာပြည်မှာလုပ်သလိုသာ  ကျောက်မီးသွေးကလျှပ်စစ် ထုတ်တာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်လို့ တစ်ကမ္ဘာလုံးရပ်လိုက်ကြမယ်ဆိုရင် ကမ္ဘာကြီးတစ်ဝက် အမှောင်ကျသွားပါ့မယ်။ဒီအထဲမှာ ညူကလီးယားစွမ်းအင်တွေနဲ့ ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ % ၊ တရုတ်ပြည်ရဲ့ ၇၉% ၊ အိန္ဒိယရဲ့ ၆၉ %ဟာ ချက်ချင်းအမှောင်ထဲကိုရောက်သွားပါ့မယ် ။

 
 
ကျောက်မီးသွေးကထုတ်မယ်ဆိုတိုင်း ငယ်ငယ်က ကျောက်မီးသွေးသုံးမီးရထားကြီးလို မီးခိုးတွေတလူလူထွက်ပြီး တလောကလုံး ဒုက္ခရောက်ကုန်တော့မယ်လို့ ဒီနေ့လို နည်းပညာတွေ တိုးတက်လှတဲ့ ခေတ်ကြီးမှာ တွက်လို့ မ၇တော့ပါဘူး clean coal technology ဆိုတာ ပေါ်နေပါပြီ ဒီနည်းပညာမှာ ကျောက်မီးသွေးကို raw Material အဆင့်မှာသန့်စဉ်လို့ရပါတယ် ၊ 

 

ဒါ့အပြင် လောင်ကျွမ်းတဲ့အဆင့် coal burning stage မှာလည်း totally burning process တွေကိုသုံးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချလို့ရပါသေးတယ် ၊ ဒီလိုအခြေအနေမျိုးနဲ့ နိုင်ငံအတွက် လျှပ်စစ်လဲရ သဘာဝပတ်ဝန်းကျင်လဲ ထိခိုက်မှုသက်သာ ဆိုတဲ့ win - win အခြေအနေမျိုးကို ရနိုင်ပါတယ် ။

ဒီလိုပြောလိုက်တိုင်း မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် တစ်ခုတည်းကိုပဲ တရားသေဆုတ်ကိုင်ပြီး ပြောနေဆိုနေတဲ့ သဘာဝပတ်ဝန်းကျင်ဝါဒီတွေက ဘာကိုထောက်ပြသလဲဆိုရင် GAS ကနေထုတ်ဘို့ ထောက်ပြတတ်ကြပါတယ် ။ သဘာဝဓါတ်ငွေ့ကနေထုတ်လုပ်တာတဲ့နေရာမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလဲ အများကြီးရှိပါတယ် ။ဥပမာဆိုပါတော့ဗျာ ထားဝယ်ရေနက်ဆိပ်ကမ်း မှာ gas နဲ့လျှပ်စစ်ထုတ်ပြီဆိုပါစို့ သဘာဝဓါတ်ငွေ့ကို source တစ်ခုကနေယူရပါ့မယ် ၊ ဒီ source က သတ်မှတ်ကာလတစ်ခုထိ ၁၀၀ % ရနေမယ်လို့မသေချာပါဘူး ၊ အချိန်မရွေး မြေအောက်လှုပ်ရှားမှုကြောင့် pressure ကျပြီး ပိတ်လိုက်ရတဲ့ ဓါတ်ငွေ့တွင်းတွေကမ္ဘာပေါ်မှာ အများကြီးပါ ၊ ဒိလိုအခြေအနေမျိုးရုတ်တရက် ဖြစ်လာပြီဆိုရင် ထားဝယ်စက်မှုဒေသကြီးတစ်ခုလုံး ခဏရပ်ပြီးနောက်ထပ် GAS တစ်တွင်းရှာလိုက်ဦးမယ်ဆိုပြီး လုပ်လို့မရပါဘူး ။

နောက်တစ်ခုက သဘာဝဓါတ်ငွေ့ထွက်တဲ့နေရာကနေ ပိုက်လိုင်းအရှည်ကြီးတွေနဲ့ သွယ်တန်းရတာ ဖြစ်လို့ ဒီပိုက်လိုင်းတစ်လျှောက် တစ်စုံတစ်ယောက်က နှောက်ယှက်ဖျက်ဆီးလို့ပဲဖြစ်ဖြစ် ၊ သဘာဝဘေး အန္တရယ်တစ်ခုခုကြောင့် ဖြစ်ဖြစ် တစ်ခုခု ဖြစ်တိုင်း ဒီစက်မှုဒေသကြီးတစ်ခုလုံးဟာ တော်ကြာရပ်လိုက် ၊ တော်ကြာပြန်ကောင်းလိုက် ဖြစ်လို့မရပါဘူး ။


တစ်ခြားအခြေအနေတွေ အများကြီးရှိပါသေးတယ် ၊ ဒါမြင်သာတဲ့ဥပမာ ၂ ခုကို ထုတ်နှုတ်တင်ပြတာသာဖြစ်ပါတယ် ။ ကျောက်မီးသွေးစက်ရုံက ဒီလိုမဟုတ်ပါဘူး ကျောက်မီးသွေး အရင်းအမြစ်သာရှိနေ ပါစေ သူဟာ ၁၀၀% ထုတ်လုပ်နိုင်ဘို့သေချာပါတယ် ၊ စက်ချွတ်ယွင်းရင် အရန်ထားတဲ့ စက်က ထပြီးလည်လိုက်ရုံပါဘဲ ၊ ဒါကြောင့်ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန် ပြည်ထောင်စုလိုနိုင်ငံမျိုးဟာ ဘယ်လောက်ပဲ သဘာဝဓါတ်ငွေ့တွေ ရှိနေပါစေ ၊ ဘယ်လောက်ပဲ ညူစွမ်းအင်တွေ ရှိနေပါစေ ကျောက်မီးသွေးကနေထုတ်တဲ့ စနစ်ကို လက်မလွှတ်တာဖြစ်ပါတယ် ။

 
 ကျောက်မီးသွေးစက်ရုံကိုလည်း မီဂါဝပ် အတန်အသင့်လျော့ချ ၊ သဘာဝဓါတ်ငွေ့စက်ရုံလည်း တည်ဆောက်ပြီး အမျိုးသားအကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက် ခြင်းသည်သာလျင် အကောင်းဆုံးဖြေရှင်းနည်းဖြစ်နိုင်ပါသည် ။

သဘာဝပတ်ဝန်းကျင်ကြောင့်သာ အရာရာကို လိုက်ရပ်ပေးနေရင် ကျွန်တော်တို့ တိုင်းပြည်ဟာ အမှောင်လှိုင်းထဲက ငမွဲတို့ တိုင်းပြည် ဘ၀ကနေ တက်တော့မှာကို မဟုတ်ပါဘူး....
   ဒေါက်တာ ဆိတ်ဖွား....

 

 

Unknown at 5:21 PM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး ရမ်းဗြဲကျွန်းတွင် တည်ဆောက်ရန်စီစဉ်

မြန်မာနိုင်ငံ၏ အကြီးဆုံး ကျွန်းတစ်ကျွန်း  ဖြစ်သော ရခိုင်ပြည်နယ်ရှိ  ရမ်းဗြဲကျွန်းတွင် ဘိုးရင်းလေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် နိုင်ငံတကာ အဆင့်မီလေ ယာဉ်ကွင်းကြီးတစ်ခုကို ဂျပန်က တာဝန်ယူ တည်ဆောက်ရန် လာရောက် လေ့လာခဲ့ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်သို့ ထုတ် ဖော်ပြောကြားသည်။

အဆိုပါနိုင်ငံတာကာအဆင့်မီ လေယာဉ် ကွင်းကြီးကို တည်ဆောက်ရန်အတွက် ဂျပန် နိုင်ငံကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ များသည် ရမ်းဗြဲကျွန်း သို့ လာရောက်ကာ အကြိုလေ့ လာဆန်းစစ်မူများ ကို စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

'' ဟုတ်ပါတယ်။ ဂျပန်အဖွဲ့ တစ်ဖွဲ့ ဒီရက်ပိုင်းအတွင်းက လာသွားပါ တယ်။ သူတို့က လေ့လာရုံ သက်သက်တော့ လာသွားတာမဟုတ်ပါဘူး။ သူတို့ နိုင်ငံတာကာ အဆင့်ရှိ လေယာဉ်ကွင်းကြီး တစ် ကွင်းကို ရမ်းဗြဲကျွန်း မှာ ဘာဖြစ်လို့ တည် ဆောက်ချင်ရ သလဲဆိုရင် ဒီကျွန်းကြီးဟာ မကြာမီ အချိန်တွင်းမှာ နိုင်ငံတကာအဆင့် ရှိတဲ့စက်မူဇုန်ကြီးတွေ၊ ရေနက်ဆိပ်ကမ်း တွေ ပေါ်ပေါက်လာမယ့် နေရာဖြစ်လို့ ဒီကျွန်းကြီး ပေါ်မှာ ယခုလို နိုင်ငံတကာ အဆင့်မီတဲ့ လေယာဉ်ကွင်းကြီး  တစ်ခုကို တည်ဆောက်ဖို့ စီစဉ်တာပါလို့ သိရပါ တယ်''ဟု ရခိုင်ပြည်နယ် ဥပဒေရေးရာ ချုပ်ဦးလှသိန်းက ပြောသည်။

ယင်းလေယာဉ်ကွင်း တည် ဆောက်မည့်နေရာသည် ကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်း တည်နေရာနှင့် ၁၂ မိုင် သာ ကွာဝေးကြောင်းသိရသည်။ အဆိုပါ လေယာဉ်ကွင်း အကောင်အထည်ပေါ် လာပါက ရမ်းဗြဲ အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်းသည် ရခိုင်ပြည်နယ်၏ ပထမ ဆုံးသော နိုင်ငံတကာအဆင့်ရှိ လေယာဉ် ကွင်းဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။

'' ဒေသခံ တစ်ဦး အနေနဲ့ ဒီသတင်းကိုကြားရတာ အင်မတန်ဝမ်းသာ ရပါတယ်။ ဒီလေယာဉ်ကွင်း တည်ဆောက် မယ့်နေရာ ကလဲ ရခိုင်ပြည်နယ် မှာစီးပွား ရေးဇုန်တစ်ခုလို စည်ကားလာမယ့်  နေရာ ဖြစ်နေတော့ လုပ်လဲ လုပ်လာ နိုင်ပါတယ်။ လက်ရှိဆိုရင်လဲ ရေနက်ဆိပ်ကမ်း တွေက အကောင်အထည်ဖော်နေပြီဆိုတော့ ဒါ တွေနဲ့ဆက်စပ်ပြီး ဖွံ့ဖြိုး တိုးတက်လာမယ့် ရှေ့အလားအလာ တွေကို မျှော်ပြီး တည် ဆောက်လာ နိုင်တာ ဖြစ်တယ် လို့သုံးသပ်မိ ပါတယ်။ ဒီလိုစီမံကိန်းကြီးတွေက ကျွန်တော်တို့ရဲ့ ဒေသကြီးဖွံ့ဖြိုးမှုကို အများကြီး  အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ မျှော် လင့်ပါတယ်''ဟု စစ်တွေမြို့ခံ ဦးရွှေသိန်း မောင်က သုံးသပ် ပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကြီး အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ  လေဆိပ်အဖြစ် သုံးခုရှိပြီး ပဲခူးတိုင်း ဟံသာဝတီ၊ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ရှိရာ ဒေသတို့တွင် ယင်းကဲ့သို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်း သိ ရသည်။

ယင်းသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တိုးချဲ့တည်ဆောက်မည့် အစီအစဉ်များကို ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံများ အားဖိတ်ခေါ်ချ  ပြထားကြောင်း၊ ယခုအခါ ယင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်များ အပြင် ဟဲဟိုးနှင့် ညောင်ဦး  လေဆိပ်များ အဆင့် မြှင့်တင် ရေး၊ သံတွဲလေဆိပ်အား တိုးမြှင့် ရေးတို့ကို စီစဉ်ဆောင်ရွက်  လျက်ရှိပြီး ယခင် က ရခိုင်ပြည်နယ်တွင် ပြေးလမ်းပေ ၈၀၀၀ ရှိသော မာန်အောင် စမုတဲ လေယာဉ်ကွင်း ဟောင်း ကိုလည်းပြန်လည်  အသုံးပြုနိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအ စိုးရအဖွဲ့ကို တင်ပြထားကြောင်း သိရ သည်။

ရန်ကုန်တိုင်းမ်
Unknown at 5:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လစာမရ၍ သင်္ဘောမထွက်ရန် ကန့်ကွက်သော မြန်မာသင်္ဘောသားများ လစာပြန်ရ


အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါရှိ OS Yangon သင်္ဘောမှ မြန်မာသင်္ဘောသားများ လစာမရ၍ သင်္ဘောပြန်လည်မထွက်ခွာရန် ကန့်ကွက်ထားရာမှ ယခုအခါလစာများ ပြန်လည်ရရှိပြီဖြစ်ကြောင်း ယင်းသင်္ဘော၏ သင်္ဘောသားများထံမှ သိရသည်။

မြန်မာနိုင်ငံသို့ မတ်လ ၂၄ ရက်နေ့က ရောက်သောကားတင်သင်္ဘော OS Yangon သင်္ဘောမှ မြန်မာသင်္ဘောသား ၁၄ ဦးမှာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ လစာမရသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါသို့ သင်္ဘောဆိုက် ကပ်ချိန်တွင် ယင်းတို့၏ လစာများရရှိရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

''၃ ရက်နေ့ ည ၉ နာရီလောက်မှာ ကျွန်တော်တို့ လစာတွေကို လာရှင်းပေးခဲ့ပါတယ်။ မရသေးတဲ့ ၄ လစာအတွက် အပြည့်အ၀ရခဲ့ပါတယ်။ လစာတွေရပြီးတာနဲ့ ဒီနေ့မနက်မှာတော့ ကျွန်တော်တို့ တွေသင်္ဘောပေါ်က ဆင်းလာခဲ့ပါတယ်။ ဒီသင်္ဘောမှာလိုက်သွားပြီး တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တဲ့အတွက် မြန်မာသင်္ဘောသား ၁၀ ဦးစလုံးဆင်းခဲ့တာပါ''ဟု မြန်မာသင်္ဘောသားတစ်ဦးက ဆိုသည်။
Unknown at 3:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သုံးခွမြို့နယ် ပိုက်စီးကျေးရွာ သောင်ပေါ်တင်နေတဲ့ ဝေလငါးကြီး


 
သုံးခွမြို့နယ် ပိုက်စီးကျေးရွာတွင် အလျား ၄၇ ပေ၊ လုံးပတ် ၁၅ ပေခွဲရှိသည့် ဝေလငါးကြီးတစ်ကောင် အသက်ရှင်လျက် သောင်ပေါ်တင်နေ
အလျား ၄၇ ပေရှည်လျားပြီး လုံးပတ် ၁၅ ပေ ခွဲရှိသည့် ဝေလငါးကြီးတစ်ကောင် သုံးခွမြို့နယ် ပိုက်စီးကျေးရွာတွင် ဧပြီလ ၂ ရက်နေ့မှစ၍ သောင်ပေါ်တင်နေပြီး ပင်လယ်အတွင်း ပြန်လည်ရောက်ရှိရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံများ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝေလငါးကြီးသည် ပိုက်စီးကျေးရွာ၏ ခြောက်မိုင်ခန့် ကွာဝေးသောနေရာတွင် သောင်တင်နေလျက်ရှိပြီး ရေလုပ်သားများက ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။
သောင်တင်နေသော ဝေလငါးကြီး

''အဲဒီဝေလငါးကြီးကို ရေလုပ်သားတွေက ဧပြီလ ၂ ရက်နေ့ မွန်း တည့် ၁၂ နာရီမှာ စတွေ့ခဲ့တယ်။ တွေ့ပြီးတော့ အဲဒီရေလုပ်သားတွေက ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို အကြောင်းကြားတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက ဝေလငါးကြီးကို ဓာတ်ပုံရိုက်ပြီး မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနကို ပေးပို့ခဲ့ပါတယ်။ အဲဒါနဲ့ ဦးတို့ငါးလုပ်ငန်း ဦးစီးဌာနက အဖွဲ့တွေ သွားရောက်ကြည့်ရှုခဲ့တယ်။ ရေတက်ချိန်နဲ့ကြုံလို့ လှိုင်းတွေပုတ်တဲ့အခါမှာ ကမ်းခြေဘက် ပိုရောက်လာတယ်။ လူ ၄၀ လောက်နဲ့ ၀ိုင်းတွန်းကြပေမယ့် ဝေလကြီးက လုံးဝမရွေ့သွားပါဘူး။ ဒီနေ့ ညနေပိုင်းမှာတော့ မော်တော်စက်လှေတွေနဲ့ ဆွဲဖို့ စီစဉ်နေပါတယ်။ ဦးတို့အနေနဲ့ကတော့ ဝေလငါးကြီး အသက်ရှင်ရေးအတွက်ပဲ ကြိုးစားဆောင်ရွက်သွားမှာပါ''ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Face Book မှ...
Unknown at 3:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

‘ဒေါ်အောင်ဆန်းစုကြည်ပြောပြသည့်ရာမာယဏ’ သို့မဟုတ် သိပ်ခေတ်မီသော ဇာတ်လမ်းတစ်ပုဒ်

 
ဇာတ်လမ်းက ကျွန်မတို့အများကြီးစဉ်းစားစရာရှိတယ်။ စဉ်းစားစရာ ဆို တာနိုင်ငံရေးအမြင်နဲ့ အများကြီးစဉ်းစားစရာရှိတယ်။ ဒါကျွန်မတို့ အရှေ့တိုင်း မှာ အင်မတန်မှ သြ ဇာအာဏာလွှမ်းမိုးတဲ့ ဇာတ်လမ်း တစ်ခုဖြစ် တယ်။ ကျွန်မတို့ အရှေ့တိုင်းသူ၊ အရှေတိုင်းသားများဟာ ဘယ်လောက်နိုင်ငံရေး အမြင်ရင့်ကျက်လဲဆိုတာကိုပြတယ်လို့ ကျွန်မက ဒီလိုပဲမြင်တယ်။ ဘာဖြစ် လို့လဲဆိုတော့သူဟာ အမည်းနဲ့အဖြူ၊ အကောင်းနဲ့ အဆိုးဒီလို ချည်းပဲလဲ မဟုတ်ဘူး ။ ရာမမင်းသားရဲ့ ခမည်းတော် ဆိုရင်လည်း ကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။ အင်မတန်မှ ကောင်းတဲ့ မင်းကြီးဖြစ်ခဲ့ပေမယ်လည်း သူ့အပြစ်တွေရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ဝဋ်ကြွေးတွေသူဆပ် သွားရ တယ်။ ရာမမင်းဆိုရင်လည်း မင်းတစ်ပါးအနေနဲ့ အင်မတန်မှကောင်း တဲ့ မင်းပဲ။ဒါပေမဲ့လည်း တကယ်ကြည့်လိုက်တဲ့အခါကျတော့ သူ့ရဲ့မိဖုရားကြီး အပေါ်မှာ သူမျှမျှတတ မဆက်ဆံခဲ့ဘူး ။ သီတာမိဖုရားပြောချင် တာက သူဖြူစင်သန့်ရှင်းမှန်း သိရက်သားနဲ့ သူများပြောတာ ဘာဖြစ်လို့ နားထောင် ရလဲ ဆိုတာကိုပြောတာ၊ ဒီတော့ ဒါကျွန်မတို့ အတွက် အများကြီး စဉ်းစား စရာဖြစ်တယ်။ ကျွန်မတို့ပြောတယ် မဟုတ်လား။ 


ဒီမိုကရေစီဆိုတာ အကောင်းချည်းပဲ မဟုတ်ဘူး၊ သူ့ရဲ့အားနည်းချက်တွေ ရှိတယ်ဆိုတော့
ဒီကိစ္စဟာ ဒီမိုကရေစီရဲ့ အားနည်းချက် တစ်ခုကို ထောက်ပြတယ်လို့ ကျွန်မပြောချင်တယ်။အများကနေ အလကား သက်သက်၊ သွားပုပ်လေလွင့်၊ အားအား ယားယားပြောနေတဲ့ကိစ္စတွေဟာ တစ်ခါတလေ ဒီမိုကရေစီ မှာလည်း လွှမ်းမိုး ထားတတ်တယ်။ အဲဒီဟာတွေကို ကျွန်မတို့ အများကြီး သတိထားရမယ်။ ကျွန်မကတော့ထင်တယ်၊ အခုခေတ်လို အခြေအနေဆိုရင် သတင်းစာတွေ ဘာတွေရှိပြီးတော့၊ သတင်းစာ လွတ်လပ်ခွင့် ရှိတယ်ဆိုရင် သီတာမိဖုရားကြီး ဘက်က နေပြီး တော့ရေးပေးမယ့် သတင်း စာတွေ အများကြီးရှိမှာပဲလို့ ကျွန်မထင်တယ်။ အဲဒီလို သာရှိခဲ့ရင် သက်သက်၊ အားအားယားယား အတင်းပြောနေတဲ့လူတွေကြောင့် ဒီမိဖုရားကြီး ဟာ ပြည်နှင်ဒဏ်အပေး ခံရမှာမဟုတ်ဘူးလို့ ကျွန်မက ဒီလိုမြင်တယ။် ဘာဖြစ်လဲ လို့ ဆိုတော့  သီတာမိဖုရား ဘက်ကရပ်တည်တဲ့ သတင်းစာတွေ က ရေးကြမှာကိုး၊ ဘယ့်နှယ့်၊ မီးထဲဝင်တာတောင် မှမလောင်တဲ့ မိဖုရားဟာ မဖြူစင်ဘဲရှိနိုင်ပါ့မလား ။ မင်းတို့မှန်ရင်၊မင်းတို့ ချေမှာလားမေးတယ်။ ကျွန်မကပြောတယ်။ ကလဲ့စားချေတယ် ဆိုတာဟာကျွန်မတို့ရဲ့ ‘မူ’ လည်း မဟုတ်ဘူး။ နောက်ပြီးတော့ ဒီမိုကရေစီ အရ ကလဲ့စားချေချင် တိုင်းလိုက် ချေနေလို့ရတာမဟုတ်ဘူး။

တရားမျှမျှတတ လုပ်ရတာ။ အခုပြောချင်တာက အရှေ့တိုင်း ဒီမိုကရေစီ ဆိုတာဟာ တကယ်ကျတော့ ဒီမိုကရေစီအခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီ ကို ဆိုလိုချင်တာ။ ကျွန်မတို့အနေနဲ့ကတော့ အရှေ့တိုင်းဒီမိုကရေစီဆိုတာ အနောက်တိုင်း ဒီမိုကရေစီများထက် ပိုပြီးတော့မေတ္တာ၊ ကရုဏာ တရား နဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဒီလို ကျွန်မတို့မြင်ချင်တယ်။ ဒါကြောင့် အားလုံး အတွက်ကောင်းတဲ့ စနစ်ဖြစ်ရမယ်။တချို့ကဆိုရင် ဒီမိုကရေစီရဲ့အဓိပ္ပာယ် ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့ရဲရင်၊ စွပ်စွဲနေတဲလူတွေမီး ထဲဝင်ကြ လို့ပြောမှာပေါ့။ စွပ်စွဲနေတဲ့လူကကောမီးထဲ ကို ဝင်ပြရဲမလား၊ ဝင်ရင်ကော သူတို့ဟာ မလောင်ဘဲနေမလား။ ဒါတွေဟာ အများကြီး စဉ်းစားစရာဖြစ် တယ်။ အဲဒါကြောင့် ရာမဇာတ်တော်ကြီး ဟာနိုင်ငံရေး ပညာအများ ကြီးပဲ ပါပါတယ်။ ဒါဟာ ကျွန်မတို့ ဒီမိုကရေစီလိုအပ်တယ်ဆိုတာကျွန်မတို့ အရှေ့တိုင်း ယဉ်ကျေးမှု အရအထောက်အထားတွေ အများကြီးပြနိုင် ပါတယ်။အဲဒီလို အဘက်ဘက်ကပေါ့လေ၊ နိုင်ငံရေးအမြင်နဲ့စဉ်းစားတဲ့ ဇာတ်တွေဟာ ကမ္ဘာကြီးမှာ နည်းပါတယ်။

အများအားဖြင့်ပုံပြင်တွေ၊ဒ ဏ္ဍာရီတွေဆိုရင် နောက်ဆုံး မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ပြီး သွားတာတို့၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ ဟာတွေ ဆိုရင်လည်း တစ်ယောက်မှ မကျန်အောင် အားလုံး သုတ်သင်ရှင်းလင်းပစ်လိုက်တာတို့ ဒါတွေရှိတတ်တယ်ဒီလိုအဖြူနဲ့ အမည်း တင်မဟုတ်ဘဲနဲ့ အဖြူနဲ့ အမည်းကြားမှာ မီးခိုးရောင် အမျိုးမျိုးရှိတဲ့ ဇာတ်မျိုးဆိုတာဟာ သိပ်ခေတ်မီတယ်လို့ ကျွန်မတို့ပြောနိုင်တယ်။ ဘယ်တော့မှခေတ် မရှိဘူး ရယ်လို့ မဖြစ်သွားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရား ဟာခေတ် မရှိဘူးလို့ ဘယ်တော့မှ မဖြစ်ဘူး။ ဒါကြောင့် ကျွန်မတို့လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်သရွေ့ ဒီစနစ်မျိုးဟာ လိုလားအပ်တဲ့ စနစ်မျိုးကို ဖြစ်မှာပဲ။ ဒီစနစ်ဟာ ပြည်သူလူထုကို အကာ အကွယ်ပေးတဲ့ စနစ်လည်း ဖြစ်တယ်။ တကယ်တော့ အစိုးရများကို ကာကွယ်ပေးတဲ့စနစ်လည်း ဖြစ်တယ်။ တချို့ အစိုးရတွေက ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး။ ပြည်သူလူထုကိုသာ အကာ အကွယ်ပေးတဲ့စနစ်လို့ သူတို့ ဒီလိုထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်းလူတိုင်းကို အကာအကွယ်ပေးတဲ့ စနစ်ပါ။

ကျွန်မတို့ကိုတချို့ကမေးတယ်။ ဒါလည်းအားလုံးသိနေတဲ့ ကိစ္စကြီးပါ။ ဒီမိုကရေစီတက်လို့ရှိရင် ဘယ်သူဘယ်ဝါကို ကလဲ့စား အနှစ်သာရ ကို နားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ် ၊ခိုက်တယ် ဆိုတာဟာ အာဃာတတရားနဲ့ ဖျက်ဆီးချင်လို့ တိုက်တယ်လို့ထင်တယ်။ ကိုယ့်စိတ်နဲ့ကိုယ် နှိုင်းတာလည်းဖြစ်နိုင်တာပေါ့လေ။ အဲသည်လို စိတ်တွေ ကလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ဒါဟာလုံးလုံးမဟုတ်ဘူး။

အတိုက် အခံများရဲ့အလုပ်ကိုက အစိုးရ မမှားအောင် လုပ်ဖို့ပဲ။ အစိုးရမမှားအောင် ဆိုတော့ အစိုးရမှား နေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင်လုပ်နိုင်မှာပေါ့။ ကိုယ်ဘာမှားမှန်းမသိဘူး၊ ဒါမှမဟုတ် သိရင်လည်း ဘယ်သူမှမပြောရဲဘူးဆိုရင် ဆက်ပြီးတော့ မှားနေမှာပေါ့။ ဒီတော့ ကျွန်မတို့က အတိုက်အခံဆိုတော့ အတိုက်အခံအလုပ်ပဲ ဆက်ပြီးတော့ လုပ်မှာပဲ။ ဒီလိုလုပ်တာဟာ ကျွန်မတို့ကတော့ အာဃာတစိတ်နဲ့လုပ်တာ မဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတ အင်မတန်များနေတဲ့ လူတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါကိုတော့ ကျွန်မတို့ ဘာမှမတတ်နိုင်ဘူး။ ကျွန်မတို့တတ်နိုင်တာ တစ်ခုပဲရှိတယ်။ အဲဒီနှလုံးသားထဲက အာဃာတတွေ ကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင်တယ် ။ ဖျောက်လိုက် ရင်တော့ ယုံနိုင်ပါ လိမ့်မယ်။

ဒီမိုကရေစီနိုင်ငံတွေကို ကြည့်ရင် ဒါသိနိုင် တယ်။

ရွေးကောက်ပွဲ မတိုင်ခင် နောင်ဂျိန်နောင်ဂျိန် ချနေတဲ့သူများဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့လူများပီပီ ဆက်ဆံကြ တာ ပဲ။

ဒါဒီမိုကရေစီစိတ်ဓာတ်ပဲ။

ကျွန်မတို့ အရှေ့တိုင်းယဉ်ကျေးမှုအရ ဒီလို လူပီပီနေတဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ လူတွေကို လူလို ဆက်ဆံ တဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ ပြည်သူလူထုကို တန်ဖိုးထားတဲ့ စနစ်ကို ကျွန်မတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။ ။

Popular Journal
Unknown at 11:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံနှင့် လျှပ်စစ်မီးပြဿနာ..

 
ကြားဖြတ်ရွေးကောက်ပွဲပြီးပြီးခြင်းတွင် မြန်မာနိုင်ငံပြည်သူများအတွက် ဒေါသထွက်စရာ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့ပါသည်..။ ထိုကိစ္စကား လျှပ်စစ်မီးကို ဧပြီ ၂ ရက်နေ့မှစပြီး အလှည့်ကျ မီးပေးစနစ်ဖြင့် ဖြတ်တောက်လိုက်ခြင်းပင်ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ ဘယ်တော့မှ နောက်ပြန်မသွားဘူးဟု ပြောကြားချက်ကို မသိချင်ယောင်ဆောင်ပြီး လျှပ်စစ်ဝန်ကြီးဌာနများမှ ဘက်ဂီယာထိုးလိုက်ခြင်းဟု လေ့လာမိပါသည်။ ထိုကိစ္စနှင့် ယှဉ်တွဲပြီး ဆက်တိုက်ဒေါသထွက်စရာကိစ္စများကား မြစ်ဆုံစီမံကိန်း ပြန်စမည်ဟုသော ပြည်တွင်းပြည်ပမီဒီယာများ၏ အထောက်အထားများဖြင့်ဖော်ပြချက်များ၊ သံလွင်မြစ်ကိုအခြေတည်ကာ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ပြီး ရင်းနှီးမြုပ်နှံသူထိုင်းကို ၉၀ ရာခိုင်နှုန်းရောင်းမည်ဟုသော သတင်းများက မြန်မာနိုင်ငံမီးပျက်သည်နှင့် တပြိုင်တည်းပေါ်လာသောသတင်းများဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ရောက်ရှိနေသော ပြည်တွင်းပြည်ပ လေ့လာသူများနှင့် မီဒီယာများအား ဖိုးသင်းမျောက်အဖြစ် လျှပ်စစ်ဝန်ကြီးဌာနများမှ လုပ်ပြလိုက်ခြင်းဖြစ်သည်။

လျှပ်စစ်(၁) နှင့် လျှပ်စစ် (၂) ဟုသော ၀န်ကြီးဌာနနှစ်ခု ရှိသည့်အနက် လျှပ်စစ် (၁) မှာ ဓာတ်အားထုတ်လုပ်မှုစီမံကိန်းများကို အကောင်အထည်ဖော်ပြီး တဖက်နိုင်ငံအားရောင်းချခြင်းဖြင့် နိုင်ငံတော်အား ဒေါ်လာရှာပေးသောဌာနဖြစ်ပြီးး လျှပ်စစ် (၂) ၀န်ကြီးဌာနမှာမူ ဓာတ်အားဖြန့်ဖြူးခြင်းကို လုပ်ဆောင်နေသော ဌာနဖြစ်ကြောင်းလေ့လာဖူးပါသည်။ အဲဒီလိုဆိုရင်.. ။ လျှပ်စစ် (၁) ရဲ့ ဓာတ်အားထုတ်လုပ်မှုများ၊ ဓာတ်အားရောင်းချသော ဒေါ်လာများက လျှပ်စစ် (၂) ရဲ့ ဓာတ်အားဖြန့်ဖြူးရေးလိုအပ်ချက်ကို ဘာ့ကြောင့်မဖြည့်ဆည်းပေးနိုင်တာလဲဟု လူပြိန်းတွေးတွေးမိပါသည်။ မနှစ်ကလွှတ်တော်ထဲတွင် ၀န်ကြီး ဦးခင်မောင်စိုး ကိုယ်တိုင် ဓာတ်အားမလုံလောက်သဖြင့် ပြည်ပ(တရုတ်)မှ ၀ယ်ယူဖြန့်ဖြူးရကြောင်း ၀န်ခံထားဖူးပါသည်..။ ဘယ်လောက်ရာဇ၀င်ရိုင်းပါသလဲ..။ ကိုယ့်နိုင်ငံရဲ့ ရေအရင်းအမြစ်များမှထွက်သောဓာတ်အားကို တရုတ်က ရပြီး ကိုယ်နိုင်ငံက မီးထွန်းဖို့အတွက် သူ့ဆီမှ ဓာတ်အားပြန်ဝယ်နေရသည်ဆိုသည်မှာ ရာဇ၀င်ရိုင်းသလို ကိုယ့်နိုင်ငံရဲ့ အရင်းအမြစ်ကရသော လျှပ်စစ်ဓာတ်အားဖြင့်ထုတ်လုပ်သော မီးစက်များ၊ အင်ဗာတာများ ဘက်ထရီများကို ကိုယ့်နိုင်ငံက ပြန်ဝယ်သုံးနေရသည့်  ဈေးကွက်ကြီးကလည်း ပြန်စဉ်းစားကြည့်လျှင် ကိုယ့်လူတွေ အသုံးမကျတာလား တရုတ်ကိုက လည်တာလားမသိပါ။
မြန်မာနိုင်ငံ၏ လူမုန်းအများဆုံး လျှပ်စစ် (၁) ၀န်ကြီး ဦးဇော်မင်းမှာ နိုင်ငံအတွက် ဒေါ်လာရအောင် လုပ်ပေးနေသည်ဆိုသော်လည်း မိမိကော်မရှင်ရရေးအတွက် တရုတ်လက်ပါးစေ မြန်မာနိုင်ငံအခြေစိုက် အေးရှားဝေါကဲ့သို့ ကုမဏီများ၏ အစေခံအဆင့်သာဖြစ်ပြီး ပတ်သက်ရာလူကြီးများ(ဥပမာ - ရှစ်လုံးအတွက်) ကော်မရှင်ရအောင် တိုင်းရင်းသားပြည်နယ်များရှိ သဘာဝသယံဇာတများကို လက်ညိုးထိုးရောင်းစားနေသောဌာနဖြစ်ပါသည်း။ မြစ်ဆုံကို ဥပမာ ပြရလျှင် ရေ၀ပ်ဧရိယာ မိုင်ငါးဆယ်ပတ်လည်တွင် ရှိသော သစ်ပင်၊ တွင်းထွက်၊ တိရိစ္ဆာန်မှန်သမျှ တရုတ်သို့ ရောက်သွားသည်မှာ သက်သေပင်ဖြစ်ပါသည်။ ငါးစာကိုမြင်ပြီး ငါးမျှားချိတ်ကို မမြင်သော ၀န်ကြီးဖြစ်ပါသည်။ တို့တာဝန်အရေးသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရေးကို မသိကျိုးကျွံပြုပြီး စီမံကိန်းများမှ တရုတ်များကို တံခါးမရှိဓားမရှိ မြန်မာနိုင်ငံကို ဈေးအိမ်သာကဲ့သို့ ၀င်ထွက်နေသည်ကို  လက်ပိုက်ကြည့်နေသူဖြစ်ပါသည်။
၎င်း၏ ၀န်ကြီးဌာနသက်တမ်းလျောက်တွင် ထုတ်လုပ်ခဲ့သော မီဂါဝပ် ထောင်ပေါင်းများစွာရှိသော်လည်း မြန်မာနိုင်ငံအတွင်းတွင် မီးမှိန်ကာ ငုတ်တုတ်ထိုင်၊ ဖောင်စီးရင်းရေငတ်နေသော ပြည်သူများကို မသိကျိုးကျွန်ပြုကာ တိုင်းတပါးသို့ လျှပ်စစ်ရောင်းစားနေသော ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ရှိသူဖြစ်ပါသည်။ သူပြောခဲ့သော အချက်များကို ပြန်ကြည့်ပါ..။
ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။
သူ့ပြောကြားချက်နဲ့  လက်ရှိ လျှပ်စစ် (၂) ၀န်ကြီး ဦးခင်မောင်စိုးရဲ့ လွှတ်တော်ထဲတွင် ပြောကြားချက်ကို ပြန်လေ့လာကြည့်ရင်..
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့ လျှပ်စစ်ဖြန့်ဖြူးပေးတဲ့နေရာမှာ နည်းလမ်းငါးသွယ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိပါတယ်။ နိုင်ငံတော်ဓာတ်အားစနစ်နဲ့ လက်လှမ်းမီတဲ့ နေရာတွေမှာ နိုင်ငံတော် ဓာတ်အားစနစ်ကနေ ဖြန့်ဖြူးပေးနေပါတယ်။ နိုင်ငံတော် ဓာတ်အားစနစ်ကနေ အလှမ်း ကွာဝေး တဲ့ ဒေသတွေမှာ အသေးစားရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ပြီးလည်းကောင်း၊  ဒီဇယ်အင်ဂျင်စက်ရုံများ ဖြင့်လည်းကောင်း၊ ပြည်သူများပါဝင်သော မီးလင်းရေးကော်မတီများ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အားဝယ်ယူ၍ ဖြန့်ဖြူးပေးခြင်းဖြင့် လည်းကောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိပါတယ်။ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခု နှင့် ခရိုင် ၄၂ ခု၊ မြို့နယ်မြို့ပေါင်း ၂၅၀၊ ကျေးရွာပေါင်း ၂၁၉၄ ခုကို နိုင်ငံတော်ဓာတ်အားပေးစနစ်မှ ဓာတ်အားပေးထားပါတယ်။ တိုင်းဒေသကြီး ၄ ခု၊ ခရိုင် ၂၆ ခု၊ မြို့နယ်ပေါင်း ၁၈၀ နှင့် ကျေးရွာပေါင်း ၄၅၉၅ ရွာကို အခြား နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိပါတယ်။ ရေအားလျှပ်စစ် စက်ရုံငယ်ပေါင်း ၃၂ ရုံ၊ ဒီဇယ်စက်ရုံပေါင်း ၅၆၉ ရုံနဲ့ မြို့ပေါင်း ၃၄၀၊ ရွာပေါင်း ၄၂ ရွာကိုလည်း ဓာတ်အားပေးလျက်ရှိပါတယ်။ အခု မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၄၃၄၆ ရွာအနက် လျှပ်စစ်ဓာတ်အား ရရှိတဲ့ ကျေးရွာပေါင်းဟာ ၆၇၈၉ ရွာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား မရရှိတဲ့ရွာပေါင်း ဟာ ၅၇၅၅၇ ရွာ ၈၉ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ လျှပ်စစ်ဓာတ်အားရရှိပြီးတဲ့ ကျေးရွာပေါင်း ၂၁၉၄ ရွာမှာ နိုင်ငံတော်ဓာတ်အားစနစ်က ရရှိတာဖြစ်ပါတယ်။ အခြားနည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားတဲ့ရွာပေါင်းဟာ ၄၅၉၅ ရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်"
လို့ပြောထားပါသည်။ အဲဒီအချက်တွေကိုလေ့လာကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့်မှ လျှပ်စစ်ဓာတ်အားပေးနိုင်တာ တစ်နှစ်ငံလုံးရဲ့ ၂၂ ရာခိုင်နှုန်းပဲ ရှိပါသေးသည်။ ဦးဇော်မင်းစကားအရ နိုင်ငံတစ်ခုလုံး၏ မီဂါဝပ် ၁၅၀၀ နဲ့လောက်တယ်ဆိုတာ မီးသွယ်ထားပြီးသောနေရာတွေကို ဆိုလိုသည်ဟုယူဆပါသည်။ မြန်မာနိုင်ငံတ၀န်းလုံးမှ လျှပ်စစ်မီးမသွယ်ရသေးသော ရာခိုင်နှုန်း ၇၀ ကျော်ကို သူက လုံးဝမေ့နေပါသည်။ တိုင်းပြည် တော်တော်တိုးတက်ပါဦးမည်။
ထို့ကြောင့်မြန်မာနိုင်ငံ လျှပ်စစ်မီး ဘာ့ကြောင့်မလုံလောက်ရသည်ကို လေ့လာကြည့်ပါသည်။
(၁) ဒေါ်လာနှင့် ကော်မရှင်များကို မျှော်ကိုးပြီး နိုင်ငံပိုင်သဘာဝရင်းမြစ်များဖြင့် မိမိဘာသာ အိတ်စိုက်ကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံများစွာ တည်ဆောက်မှုမပြုခဲ့ခြင်း..။တည်ဆောက်ခဲ့ပြီးသမျှလည်း အပြည့်အ၀ မလည်ပတ်နိုင်ခြင်း
(ဥပမာ-ရဲရွာ စီမံကိန်းစတင်စဉ်က သတင်းစာထဲတွင် မစားရ၀မခန်း ရေးသားထားခဲ့သော်လည်း ယနေ့ထက်အထိ မီဂါဝပ်ဘယ်လောက်ထွက်ပြီး စက်ဘယ်နှလုံးလည်ပတ်နေသည်ကို တရားဝင်ကြေညာခြင်းမပြုတော့ပေ)။
(၂) သဘာဝဓာတ်ငွေ့နှင့် အခြားလောင်စာများကို သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်ပေးစက်ရုံငယ်များမှ အလုံအလောက်မရရှိခြင်း။
စွမ်းအင်ဝန်ကြီးဌာနမှလည်း ဒေါ်လာရဖို့အတွက် သဘာဝဓာတ်ငွေ့ကို ထုတ်လုပ်ရောင်းနေသော်လည်း ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အပြည့်အ၀လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့အလုံအလောက် ပေးပို့ခြင်းမရှိဟု သုံးသပ်ပါသည်။ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့အထွက်နှုန်းသည် ကမ္ဘာတွင် တတိယဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ သုံဘီလျံဖိုး နိုင်ငံခြားသို့ တင်ပို့ရောင်းချနေပါသည်။
(၃) မီးဖြန့်ဖြူးရေးစနစ်များ ခေတ်မမီခြင်းနှင့် အဂတိလိုက်စားမှုများကြောင့် ..ပြုန်းတီးမှုများခြင်း။
မြန်မာနိုင်ငံ၏ မီတာကောက်သောစနစ်များသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က သုံးခဲ့သော မီတာကောက် မီးသွယ်တန်းဖြန့်ဖြူးသည့်စနစ်ဖြစ်ပါသည်။ မီတာကို ယူနစ်ဖြင့်တွက်ပြီး မီတာစာရေးကလာဖတ်သဖြင့် ဓာတ်အားကုန်ဆုံးမှုသည် သူ၏အပေါ်တွင်သာမူတည်ပါသည်။ ဥပမာ တစ်မြို့တွင် မီတာစာရေး ငါးယောက်ရှိသည်ဆိုပါစို့ တစ်ယောက်ကို အိမ် နှစ်ထောင်ကျော်ခွဲတမ်းရပါသည်။ မီတာဖတ်သောရက် ဆယ်ရက်ပေးထားလျှင် တစ်ရက်ကို အိမ်နှစ်ရာကျော် ဖတ်ရသည့်အတွက် အချိန်မရပါ..။ ထို့ကြောင့် မီတာကို ကြုံသလိုရေးပြီး မီတာခယူပါတော့သည်။ ထို့အပြင် အိမ်ရှင်/လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြီး အခကြေးငွေယူကာ ယူနစ်ကို လျှော့ဖတ်ခြင်း၊ မီတာကို လျှော့ထားခြင်းနှင့် မီတာအပြင်ဘက်မှ မီးတိုက်ရိုက်သွယ်တန်းပေးခြင်းတို့ကို လုပ်လေ့ရှိကြပါသည်။ အထူးသဖြင့် ဗဟိုထိန်းချုပ်မှုနှင့်ဝေးသောဒေသတိုင်းတွင် ဖြစ်လေ့ရှိပါသည်။ ထို့အပြင် စစ်မှုဇုံများတွင် မီးမလာလျှင် စက်ရုံတစ်ရုံ၏ မီးစက်မှ လောင်စာသုံးစွဲနှုန်းသည် တစ်နာရီလျှင် နှစ်ပေပါမှ ဆယ်ပေပါအထိရှိပါသည်။ ထို့ကြောင့် မီးအလှည့်ကျစနစ်တွင် တာဝန်ရှိသူ အင်ဂျင်နီယာအား တစ်နာရီလျှင် သိန်းနဲ့ချီပေးပြီး  မိမိစက်ရုံကို ကွက်ပြီး ချန်လှပ်မီးပေးစေပါသည်။ ထိုကဲ့သို့သော ကိစ္စများ များပြားလာသောအခါ လျှပ်စစ် (၂) မှ အကြီးအကျယ် ရှုံးမည်သာဖြစ်သည်..။ ထို့ကြောင့် လျှပ်စစ်မီးသွယ်တန်းရေးများနှင့် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများအတွက် ခေတ်မီ တိကျသော စီမံခန့်ခွဲမှုစနစ်များနှင့် နည်းပညာမြင့် အထောက်အကူပစ္စည်းများ လိုအပ်ပါသည်။ အိမ်နီးချင်းနိုင်ငံများတွင် မီတာဖတ်သည့်စနစ် မရှိသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပါသည်။ electronic နည်းပညာဖြင့် မိမိသုံးစွဲသောယူနစ်သည် ဌာနတွင် အလိုလျောက်ပြပြီး ငွေတွက်ချက်ပြီးသား။ Online Bank Account များမှ နှုတ်ယူပြီးသား ဖြစ်ပါသည်။  ဓာတ်ကြိုးမှ ကြားဖြတ်သွယ်ယူလျှင်လည်း အလိုလျောက်အချက်ပြသတိပေးပါသည်။ ထို့ကြောင့် ယခု မီတာဖတ်သည့်စနစ်ကို မြေလှန်ခါ နည်းပညာဖြင့် ပြောင်းလဲရန် လုံးဝလိုအပ်လာပါသည်။ ဗဟိုချုပ်ကိုင်စနစ်ကို နှစ်ပေါင်းများစွာအားပြုခဲ့ခြင်းနှင့် ပုဂ္ဂလိကများအား ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းကို အပြိုင်အဆိုင်ကန်ထရိုက်မပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟုယူဆပါသည်။
(၄) ပြည်သူအတွက် တိုက်ရိုက်အကျိုးမပြုသော လက်သင့်ရာရေအားလျှပ်စစ်စီမံကိန်းများကိုသာ ဦးစားပေးခဲ့ခြင်း။
ပြည်တွင်းတွင် တည်ဆောက်သော ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများသည် ခရိုနီများနှင့် ၄င်းတို့ကျေးဇူးခံကျေးဇူးစား နိုင်ငံများ (ဥပမာတရုတ်) ကဲ့သို့သော နိုင်ငံများ၏ ပေါ်လစီ (စွမ်းအင်လိုအပ်ချက်) ကို တိုက်ရိုက်အကျိုးပြုနေသော်လည်း မြန်မာတစ်နိုင်ငံလုံးမပြောနှင့် စီမံကိန်းဒေသရှိရာပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအတွက် လျှပ်စစ်မီးနှင့် အခြားလောင်စာနေဖြင့် အကျိုးပြုအသုံးချခွင့်မရခဲ့ပါ။
လျှပ်စစ်မီးပြတ်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ..။
(၁) စီးပွားရေး
အဖြစ်အများဆုံးမှာ စက်ရုံအလုပ်ရုံများမှ မီးစက်များဖြင့် ကုန်ထုတ်လုပ်ရခြင်းကြောင့် ကုန်ကျစရိတ်တက်လာပြီး ထုတ်လုပ်သည့်ပစ္စည်းတန်ဖိုးမြင့်တက်လာခြင်းကြောင့် ကုန်ဈေးနှုန်းတက်လာပါသည်။ လျှပ်စစ်မသုံးပဲထုတ်လုပ်သည့် ပစ္စည်းများလည်း မီးပျက်တာနှင့်ရောယောင်ပြီး ဈေးတက်လာတတ်ပါသည်။ တစ်နိုင်ငံလုံးတွင် သုံးစွဲနေသော မီးစက်များအတွက် လောင်စာဆီလိုအပ်ချက် များပြားလာသဖြင့် လောင်စာဆီဈေး တက်လာပါသည်။ လျှပ်စစ်အသုံးပြုသော ၀န်ဆောင်မှုလုပ်ငန်းများ ဥပမာ ၀ပ်ရှော့၊ ပုံနှိပ်တိုက်၊ စက်မှုလက်မှု၊ ကွန်ပျူတာ စာစီ၊ Cybercafe, NetGame အစရှိသည့်လုပ်ငန်းများ  Air Ticket ၀န်ဆောင်မှုလုပ်ငန်းများအတွက် အကြီးအကျယ် အခက်အခဲတွေ့စေပါသည်။
(၂) ဘဏ္ဍာရေး
မြို့နယ်များအတွင်း ဘဏ် မှ online သို့မဟုတ် Electronic ဖြင့် ငွေလွှဲသောစနစ်များနောက်ကျမှုများဖြစ်ပေါ်လာပြီး ယခုမှ အစပျိုးထားသော ATM စက်များများ သုံးမရဖြစ်သွားပါသည်။
(၃) ပညာရေး
မီးပျက်သဖြင့်  ကျောင်းသားလူငယ်များ၏ ပညာသင်ကြားမှု စာကျက်ခြင်း၊ အိမ်စာလုပ်ခြင်းများအတွက် အနှောင့်အယှက်ဖြစ်ရသလို့  နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများအတွက် ကွန်ပျူတာအသုံးပြုခြင်း၊ Online မှ Study လုပ်ခြင်းအား များစွာ အဟန့်အတားဖြစ်ရပါသည်။ စာမေးပွဲစစ်ခြင်းများ online မှ ဖြေကြားခြင်းများ နှင့် အခြားသော အခက်အခဲများစွာ တွေ့ကြုံရပါသည်။
(၄) ကျန်းမာရေး
မီးပျက်သွားသဖြင့် မြို့နယ်နှင့် ကျေးလက် ဆေးရုံဆေးခန်းများတွင် အရေးပေါ်ခွဲစိတ်/မီးဖွားမည့်လူနာများကို ပြုစုကုသပေးနေသောဆရာဝန်များ/ဆရာမများအတွက် ကြီးမားသောအခက်အခဲအဖြစ် ရင်ဆိုင်နေရသလို လူနာများအတွက်လည်း အသက်ဆုံးရှူံးသည်အထိ ရင်ဆိုင်ရတတ်ပါသည်။ မြန်မာနိုင်ငံတွင် မီးပျက်သဖြင့် သေဆုံးသွားသောလူနာ မည်မျှရှိသည်မသိပေ။
(၅) ရာဇ၀တ်မှုများ
မီးပျက်ခြင်းသည် ရာဇ၀တ်မှုကျူးလွန်သူများအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ မီးပျက်သဖြင့် ပစ္စည်းအလုခံရခြင်း၊ အမှောင်ထဲတွင် မတရားစောကားခံရခြင်းများသည် မှုခင်းဂျာနယ်များတွင် မရိုးနိုင်အောင် ပါလေ့ရှိသောသတင်းများဖြစ်သည်။
(၅) မီးလောင်မှုနှင့် မတော်တဆမှုများ
မြန်မာနိုင်ငံတ၀န်းလုံးရှိ အကြီးအကျယ်ဆုံးရှုံးခဲ့သော မီးလောင်မှုအများစုသည် လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်း၊ မီးအားမြှင့်စက်များမြှင့်တင်ထားကာ မီးပျက်ရာမှပြန်လာသဖြင့် အပူလွန်ကဲလောင်ကျွမ်းခြင်းများမှ ဖြစ်သည်ကိုလည်း မမေ့ကြဖို့လိုပါသည်။ မီးပြင်နေစဉ် မီးလာသဖြင့် ဓာတ်လိုက်သေဆုံးခြင်းများ၊ မီးပွိုင့်မီးမလာသဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခြင်းများ၊ လမ်းမီးပျက်သွားသဖြင့် ဆိုင်ကယ်နှင့်ကား ၊ဆိုင်ကယ်အချင်းချင်း တိုက်မိကာ သေဆုံးခြင်းများလည်း နေရာအနှံ့အပြားတွင် ဖြစ်လေ့ရှိပါသည်။ မန္တလေးအပါအ၀င် နယ်များတွင် ဆိုင်ကယ်အများစုမှာ လမ်းမီးရှိလျှင် ညဖက် မီးဖွင့်မစီးကြပေ။ ရုတ်တရက် လမ်းမီးပျက်သွားလျှင်တော့ တိုက်ကြ သေဆုံးကြသည်မှာ ထုံးစံလိုဖြစ်နေပါသည်။
ထိုကဲ့သို့သော ဆိုးကျိုးများကို ဒီမိုကရေစီခေတ်၊ ပွင့်လင်းမြင်သာသောခေတ်တွင် ဘယ်သူကတာဝန်ယူမည်ဆိုသည်ကိုလည်း ယခုထက်ထိအဖြေမရသေးပါ..။ အာဏာရှင်ဆန်ဆန်.. မီးဖြတ်တယ်..။ မီးပေးတယ်..ဘာဖြစ်လဲ ... ဟုသော ပုံစံမျိုး သုံးလို့မရတော့ပါ။ နိုင်ငံတကာ Sanction ပွင့်ခြင်းနှင့် ရင်းနှီးမြုပ်နှံမှုကိုလိုချင်လျှင် ဌာနတိုင်းဌာနတိုင်းမှ ကိုယ့်တာဝန်ကိုယ်ယူတတ်ကြောင်းကို ကမ္ဘာကို ပြရမည်ဖြစ်သည်။
ရန်အောင်..။
Unknown at 10:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကြွေးပင်လယ်ဝေနေသော လယ်သမားများကိစ္စ လွှတ်တော်သို့ ပထမဦးဆုံး တင်သွင်းမည်


ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပထမဆုံးလွှတ်တော် တင်သွင်းမည့် အကြောင်းအရာမှာ လယ်သမားများနှင့် သက်ဆိုင်သောကိစ္စဖြစ်ကြောင်း သနပ်ပင်မြို့နယ်   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်ဦးက ပြောသည်။ ”ပဲတွေပိုးကျပြီး ဈေးမကောင်းဘူး ၊အကြွေး လည်ပင်းမြုပ်နေတယ်။ ဒီအကြွေးတွေကို အစိုးရအနေနဲ့ ဆိုင်းပေးသင့်တယ်၊ လောလော ဆယ်တော့ ပထမဆုံး ဒီအကြောင်း အရာကို အဆိုပြုသွားမှာပါ” ဟု ၄င်းက ပြောသည်။ လက်ရှိ ကာလတွင် ပဲစိုက် တောင်သူများ  အနေဖြင့် ၂ဝ၁၂ မတိုင်မီ နှစ်နှစ်ဆက်တိုက် ပိုးကျ၍ ပဲစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လယ်သမားများ အကြွေးပြန်ဆပ်ရန် မိမိ ပိုင်ဆိုင်သည့် လယ်ယာမြေနှင့် ကျွဲ၊ နွားများကို ရောင်းချရသည်အထိ အခက်အခဲများကြုံတွေ့နေရကြောင်း တောင်သူအချို့ထံမှ သိရသည်။ စပါးစိုက်တော့ ရေကကြီး တယ်။ ပဲစိုက်တော့ ပိုးကျတယ်။ စပါးပေး၊ ပဲပေးနဲ့ယူထားတဲ့ အကြွေး တွေ အများကြီးပါပဲ။ အစိုးရဆီက ချေးထားတဲ့ ချေးငွေကို မဖြစ်မနေ ပြန်ဆပ်ရမယ်ဆိုလို့ကတော့ လယ် တောင်လုပ်စရာရှိမှာ မဟုတ်တော့ပါ ဘူး”ဟု ပဲခူးတိုင်းဒေသကြီးသက္ကလ ကျေးရွာမှပဲ စိုက်တောင်သူ ကိုစိုးဦး က ပြောသည်။ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တောင်သူလယ်သမား များမှ ချေးငွေပြန်လည်ဆပ်နိုင်သူ ဦးရေမှာ အနည်း အကျဉ်းသာရှိပြီး အများစုမှာ ပြန်ဆပ်ဖို့ အခက်အခဲ ကြုံတွေ့နေရသည်ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ ”လုပ်စရာကိစ္စတွေ ကတော့ အများကြီးရှိပါတယ်။ လောလောဆယ် တောင်သူကိစ္စကို အရင်ဆုံး ဖြေရှင်းမှာပါ။ ကျန်တာတွေကိုတော့ အဖွဲ့ချုပ်ဗဟိုနဲ့ တိုင်ပင်ပြီး ဆောင်ရွက်ပေးသွားမှာပါ”ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆက်လက်ပြောသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးမြင့်ဦးသည် ဧပြီ ၁ ရက်နေ့ တွင် ကျင်းပသည့် ကြားဖြတ်ရွေး ကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပဲခူးတိုင်းဒေ သကြီး သနပ်ပင်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မဲရာခိုင်နှုန်း ၇ဝ ဒသမ ၃ ဖြင့် အနိုင်ရရှိခဲ့သည်။
အောင်ဇော်၊ တက်လူ
Unknown at 9:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နေပြည်တော်-ရန်ကုန်လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးလမ်းပိုင်း၌ သင်္ကြန်အထူးရထားများ အစုန်/အဆန် ပြေးဆွဲမည့်အစီအစဉ် ကြိုတင်အသိပေး ကြေညာ




မြန်မာ့မီးရထားမှ သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် နေပြည်တော်-ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် သင်္ကြန်အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်သည်။ ဧပြီလ ၅ ရက်တွင် သင်္ကြန်အစုန် အထူးရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ ပြေးဆွဲမည်ဖြစ်ပြီး ၆ ရက်မှ ၈ ရက်အထိ သင်္ကြန်အထူးရထား နှစ်စင်းသည် ရန်ကုန်ဘူတာနှင့် မန္တလေးဘူတာတို့မှ တစ်နေ့လျှင် အစုန်တစ်စင်း၊ အဆန်တစ်စင်း ပြေးဆွဲသွားမည်ဖြစ်သည်။ ရန်ကုန်-မန္တလေး အဆန်ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေး-ရန်ကုန် အစုန်အထူးရထားသည် မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများ အပါအဝင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လက်ရှိ နေပြည်တော်-ရန်ကုန် ပြေးဆွဲနေသော အမှတ် (၃၂) အစုန်၊ အမှတ် (၈) အစုန် အမြန်ရထား နှစ်စင်းအပြင် အဆိုပါ အထူးရထားနှစ်စင်းကို ဧပြီလ ၁၀ ရက်တွင် နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ရာ အစုန်အထူးရထား(၁)သည် နေပြည်တော်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး အစုန်ရထား(၂) သည် နေပြည်တော်မှ ည ၈ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ သင်္ကြန်အလွန်ကာလအတွက် ဧပြီလ ၁၈ ရက်တွင် အထူးရထားတစ်စင်းသည် ရန်ကုန်ဘူတာမှ မန္တလေးဘူတာသို့လည်းကောင်း၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အထူးရထားနှစ်စင်းသည် ရန်ကုန်ဘူတာနှင့် မန္တလေးဘူတာတို့မှလည်းကောင်း၊ ၂၁ ရက်တွင် အထူးရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့လည်းကောင်း အထက်ဖော်ပြပါ ရန်ကုန်နှင့် မန္တလေးမှ ထွက်ခွာမည့် အချိန်များအတိုင်း ပြေးဆွဲသွားမည်ဖြစ်သည်။ အလားတူ နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများအပါအဝင် ခရီးသွားပြည်သူများအတွက် ရန်ကုန်မှ နေပြည်တော်ခရီးစဉ်အဖြစ် လက်ရှိအမှတ်(၃၁) အဆန်၊ အမှတ်(၇) အဆန် အမြန်ရထားနှစ်စင်းအပြင် နောက်ထပ် အထူးရထားနှစ်စင်းကို ၂၂ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ အဆန်ရထား(၁)သည် ရန်ကုန်မှ ည ၇ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၄ နာရီခွဲတွင်လည်းကောင်း၊ အဆန်အထူးရထား(၂) ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၅ နာရီခွဲတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။ အထက်ပါ ရန်ကုန်-မန္တလေး သင်္ကြန်အထူး (အစုန်/အဆန်) ရထားများကို ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ပြီး နေပြည်တော်-ရန်ကုန် အထူး (အစုန်/အဆန်) ရထားများကို တောင်ငူ၊ ပဲခူး၊ တိုးကြောင်ကလေး ဘူတာများတွင်သာ ရပ်တန့်သွားမည်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ အဆိုပါ အထူးရထားများ ပြေးဆွဲခြင်းကို ရပ်နားထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ကြိုတင်အသိပေး ကြေညာထားကြောင်း သိရှိရသည်။
Unknown at 9:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ဆုံဆည်စီမံကိန်း လုပ်ငန်းခွင်အတွင်းသို့ ပြည်တွင်းမီဒီယာများအား ဝင်ရောက် မှတ်တမ်းတင် စစ်ဆေးခွင့်ပြုရန် တောင်းဆိုခြင်း...



ယခင်က ထုတ်ပေးခဲ့တဲ့ တရုတ်ဝန်ထမ်း ကပ်ပြားများ..
(ဓာတ်ပုံ ဒီမိုဝေယံ)


မြစ်ဆုံဆည်စီမံကိန်း လုပ်ငန်းခွင်အတွင်းသို့ ပြည်တွင်းမီဒီယာများအား ဝင်ရောက် မှတ်တမ်းတင် စစ်ဆေးခွင့်ပြုပါရန် တောင်းဆိုခြင်း...

ဒီစာကို မဖတ်ခင် ကျွန်တော်တင်ခဲ့တဲ့ မြစ်ဆုံ သတင်းကို
http://www.kdng.org/press-release/222-chinese-border-office-requ...ests-permission-to-bring-in-500-engineers-and-materials-for-myitsone-hydropower-project.html (KDNG) မှာအရင် ဝင်ဖတ်ကြည့်ပါ..။ ကျွန်တော်ရရှိခဲ့တဲ့ စာဟာ ဦးစွာ ၃ရက်နေ့က (KDNG) မှထုတ်ပြန်တဲ့ စာလို့လည်း သိရှိရပါတယ်...။ ဒီနေရာမှာ ကျွန်တော်တင်ခဲ့တဲ့ စာနဲ့ ပတ်သက်ပြီး ဖုန်းနံပါတ်တွေ ပါပါတယ် မေးမြန်း စုံစမ်းနိုင်ပါတယ်.။

ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ တရုတ်CPI ကုမ္ပဏီက ပေးပို့စာနဲ့ ပတ်သက်ပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြပါတယ်..။ ဒီသတင်းကို ရရှိခဲ့တာလည်း ညပိုင်းမှာ ဖြစ်တဲ့ အတွက် အများသိနိုင်အောင် Facebook နဲ့ဘလော့ဂ်မှာ ဖြန့်လိုက်ပါတယ်..။ သိသင့်တဲ့ အချက်ကို အနီလိုင်းတားပြီး.. မြင်သာအောင် ပြလိုက်တာပါ.။ ဒီနေ့အလုပ်ထဲ ရောက်နေတဲ့ အချိန်မှာ စာပြန်မရေးနိုင်ပေမယ့် ကွန်မာန့်တွေ ကြည့်ဖြစ်နေပါတယ်..။ မြင်တွေ့ရတာ ကတော့ ကျွန်တော်ဟာ Photoshop မှာ ကိုယ့်ဘလော့ဂ်လင့်ကိုသာ ထည့်တတ်ပြီး ဘာမှ လုပ်ဆောင်ဘူးခြင်း မရှိတဲ့ ကျွန်တော်ပုံကို Photoshop နဲ့လုပ်တာ ပါဆိုပြီး ခါတော်မှီ ဓာတ်ပုံနဲ့ စာတချို့ တက်လာတာပါပဲ..။ ကျွန်တော်ရရှိ တင်ပြထားတဲ့ ဓာတ်ပုံကို မှားတယ် မှန်တယ်ဆိုတာကို ဒီလိုဖြေရှင်း နေတာထက် အများ သံသယကင်းအောင် ဖြေရှင်းပေးရမှာပါ..။

ကျွန်တော်ရရှိထားတဲ့ ဓာတ်ပုံနဲ့စာကို မည်သည့် အတိုင်းအတာအထိ မှန်ပါတယ်လို့ မဆိုလိုပေမယ့် ဘာပြေးမြင်မိသလဲဆိုတော့ ရွှေဝါရောင်မှာ သံဃာတော်တွေ သေဆုံးခဲ့ရတဲ့ မှတ်တမ်း ဓာတ်ပုံတွေကို Photoshopနဲ့ လုပ်တာပါဆိုပြီး အတင်းငြင်းချက်ထုတ်ခဲ့တဲ့ ဝန်ကြီးတပါးကို သွားသတိရမိတယ်...။ ဓာတ်ပုံ အထောက်အထား တခုခုရဲ့ အဖြစ်မှန်ကို ဖုံးကွယ်ချင်ရင် Photoshop ဆိုပြီး အထောက်အထား အချက်အလက်တွေကို ပေါ့ပျက်သွားအောင် လုပ်တာ တဘက်အဖွဲ့အစည်းရဲ့ နည်းဗျူဟာတခုလို ဖြစ်နေပါပြီ။ ဒီလိုသံသယတွေ ဖြစ်လာရတာလည်း အဆိုးမဆိုးလိုပါ..။ ပွင့်လင်းမှု ရိုးသားမှု မရှိပဲ သတင်းတွေ အမှောင်ချထားခဲ့တဲ့ အရိုးစွဲ အကျင့်တွေကြောင့်ပါ. ။

ထားတော့ ကိုယ်ကိုယ်တိုင် ဧရာဝတီကို ချစ်တဲ့ ပြည်သူတဦးအနေနဲ့ လက်ခံ ရရှိတဲ့စာကို အများသိအောင် တင်ပြပေးတာပါ။ ဒီလို အသံတွေ ထွက်လာရတာဟာ ကိုယ့်ပြည်တွင်းမှာ ကိုယ့်ပြည်သူ/ပြည်သားတွေ သိတင့်သိအပ်တဲ့ တမျိုးသားလုံးအတွက် အင်မတန်အရေးကြီးတဲ့ ဒီလိုစီမံကိန်းတွေကို ရပ်တန့်တယ် ဆိုရင်လည်း ရပ်တန့်ကြောင်းကို အများပြည်သူသိအောင် အထောက်အထားတွေနဲ့ မှတ်တမ်းတင်ခွင့်ပြုသင့်တာပေါ့..။

ပြည်တွင်းက မီဒီယာတွေကို လေ့လာခွင့်တောင် မပေးတာကတော့ အာဏာပိုင်တွေရဲ့ မိမိပြည်သူကို ဖုတ်လေတဲ့ ငပိရှိတယ်လို့ မထင်၊ ပြည်သူကိုလူလို မမြင်တဲ့ လုပ်ရပ်တွေကြောင့်ပါ။

ပြီးခဲ့တဲ့ မတ်လက Eleven Media Group ကမြစ်ဆုံ အထိသွားရောက်ခဲ့ပြီး အဝေးကနေ မှတ်တမ်းတင် ရိုက်ကူးခဲ့တာ သိရှိကြမှာပါ..။ (EMGဖေ့စ်ဘွတ်ခ် လင့်ခ်)
https://www.facebook.com/media/set/?set=a.350036578367305.75627.114803668557265&type=1
Eleven Media Group Facebook မှာလည်း ကျွန်တော်တင်တဲ့စာကို တင်ထားသလို စာနှင့်ပတ်သက်၍ ... သက်ဆိုင်ရာ ပြည်နယ် ၀န်ကြီးချုပ်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ Eleven Media Group မှ ဤစာသည် မှန်ကန်ခြင်း ရှိ မရှိ ဆက်သွယ်စုံစမ်း မေးမြန်းသွားပါမည်။ ဤစာ မှန်ကန်ခြင်းမရှိပါက သက်ဆိုင်ရာမှ တရားဝင် ရှင်းလင်းငြင်းဆန်ချက် ထုတ်ပြန်ရမည် ဖြစ်ပါသည်။

ဆိုပြီး ရေးသားတင်ပြတဲ့ အချက်ကို ဒီမိုဝေယံမှ အပြည့်အဝ ထောက်ခံပါတယ်..။ ဒီစာမှန်တယ် မှားတယ်ဆိုတာ ဖြေရှင်းနိုင်တာ အာဏာပိုင်တွေပဲလေ...။ မှန်တယ် မှားတယ် ဆိုတာကို  ဖြေရှင်းရာမှာတော့ အပြောနဲ့ မဟုတ် လက်တွေ့သက်သေ ပြဖို့လိုပါတယ်..။ ဒါမှ ပြည်သူတွေ စိတ်နှလုံး ဒုံးဒုံးချနိုင်မှာပါ..။

မြစ်ဆုံနဲ့ ပတ်သက်ပြီး ဒီမိုဝေယံမှ အများပြည်သူ သိသင့်တဲ့ အချက်အလက်တွေကို ဆက်လက် စုံစမ်းနေမှာ ဖြစ်သလို ယခု တင်ထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးစာ မှားနေသည် ဆိုပါကလည်း မှားနေတဲ့ အကြောင်း ပြန်လည်ဖြေရှင်းပေးရန်နဲ့ လက်ရှိ မြစ်ဆုံဆည် စီမံကိန်းအား  ပြည်တွင်းမှာ ရှိတဲ့ မီဒီယာများအား မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်းရှိမရှိ ပြည်သူများအား သက်သေအထောက် အထားပြသနိုင်ရန် ဝင်ရောက် မှတ်တမ်းတင်ခွင့်ပြုဖို့ တိုက်တွန်း နှိုးဆော် လိုက်ပါတယ်..။ မြစ်ဆုံဆည် စီမံကိန်းအား ထာဝရ ရပ်တန့်ရန်လည်း တောင်းဆိုအပ်သည်..။

ဒီမိုဝေယံ

မင်နီမတားထားတဲ့ မူရင်းဓာတ်ပုံကို ထပ်မံတင်ပြလိုက်ပါတယ်..။

ဒီမှာတော့ ကိုမျိုးသန့်မှ ပုံ(၂)ပုံကို နှီုင်းယှဉ်ပြထားပါတယ်..။
http://www.demowaiyan.org/2012/04/blog-post_05.html
Unknown at 9:37 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးသူများ ကျက်စားရာအများဆုံးနှင့် ဖြစ်ပွားမှုအများဆုံး




၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် လူကူးသည့် ဖြစ်ပွားမှုများကို ကြည့်ပါက လူကုန်ကူးမှု အများဆုံးဖြစ်ပွားသည့် ဒေသနှင့် လူကုန်ကူးသည့် တရားခံအများဆုံး ကျက်စားရာဒေသသည် ရန်ကုန်တိုင်းဒေသကြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟို အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၅ နှစ်တာကာလအတွင်း လူကုန်ကူးမှု အများဆုံးဖြစ်ပွားသည့် မြို့နယ် ၄၂ မြို့နယ်ရှိသည်။ ၎င်းတို့အနက် ရန်ကုန်တိုင်း ဒေသကြီးမှ လှိုင်သာယာ၊ ဒလ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သန်လျင်၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ အင်းစိန်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ သာကေတနှင့် တောင်ဥက္ကလာပမြို့နယ် ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ သိန်းနီ၊ နမ့်ခမ်း၊ နမ္မတူ၊ နောင်ချို၊ လောက်ကိုင်။ မန္တလေးတိုင်းဒေသကြီးမှ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ ချမ်းအေးသာယာ၊ အောင်မြေသာစံ၊ မဟာအောင်မြေ။ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာနှင့် ပုသိမ်ကြီးမြို့နယ်။ ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် ဖားကန့်၊ ပဲခူးတိုင်းဒေသကြီးရှိပဲခူး၊ သနပ်ပင်နှင့် ကျောက်တံခါးမြို့။ ကရင်ပြည်နယ်တွင် မြဝတီမြို့နယ်။ မွန်ပြည်နယ်မှ ကျိုက်မရောမြို့နယ်။ ရှမ်းပြည်နယ်အရှေ့ဘက်ရှိ တာချီလိတ်မြို့နှင့် တနသာင်္ရီ တိုင်းဒေသကြီးရှိ ကော့သောင်းမြို့တို့ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် သက်ဆိုင်ရာမြို့နယ်များ၌ လူကုန်ကူးခြင်းဆိုင်ရာ သတင်းပေးမှု များပြားလာခြင်းကြောင့် ဖော်ထုတ်တွေ့ရှိမှု မြင့်မားလာခြင်းဖြစ်ကြောင်း မဲခေါင်မြစ်ဝှမ်းဒေသအတွင်း လူကုန်ကူးခြင်းကို တိုက်ဖျက်သည့် ကုလသမဂ္ဂစီမံချက် အမျိုးသားစီမံချက် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချောက ပြောသည်။ ထို့ပြင် ရန်ကုန်ရှိ လူကုန်ကူးခံရသည့် အချို့မြို့နယ်များတွင် နေထိုင်သည့် သူများသည် နယ်မြို့များမှ ပြောင်းရွှေ့နေထိုင်လာသူများ အများစုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာဖွေရာတွင် အခက်အခဲများကြောင့်လည်း လူကုန်ကူးခံရမှုဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။ ထို့ပြင် လူကုန်ကူးခံရသည့် သူများတွင် အမျိုးသမီး ၈၅ ရာခိုင်နှုန်း၊ အမျိုးသား ၁၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် ကလေး ၄ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်သည်ကို တွေ့ရှိရပြီး ၎င်းတို့အနက် တရုတ်နိုင်ငံသို့ ရာခိုင်နှုန်း ၈၀ ဖြင့် အများဆုံး လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံသို့ ၁၀ ရာခိုင်နှုန်း၊ မလေးရှားသို့ ၆ ရာခိုင်နှုန်းနှင့် ပြည်တွင်းတွင် ၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ၅ နှစ်အတွင်း လူကုန်ကူးသည့် တရားခံများကို ပြစ်ဒဏ်ချမှတ်ရာတွင် အမျိုးသား ၄၁၆ ဦး၊ အမျိုးသမီး ၆၇၃ ဦးတို့ကို မြစ်မှုများအလိုက် ထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်တစ်သက်စီ ချမှတ်ခဲ့ပြီး တရားခံပြေး အမျိုးသား ၂၀၄ ဦးနှင့် အမျိုးသမီး ၂၇၄ ဦးကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသိရှိရသည်။
Unknown at 9:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကြွေးကတ်စနစ် ပါဝင်ဖွယ်ရှိတဲ့ အမေရိကန်ပေးတဲ့ အကူအညီ



မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေအတွက် အမေရိကန် ပြည်ထောင်စုက စီးပွားရေးတိုးတက်ရေး အကူအညီပေးဖို့ စတင် ပြင်ဆင်နေတဲ့အထဲမှာ အကြွေးကတ်စနစ် ထွန်းကားရေးလည်း ပါဝင်ဖွယ်ရှိတယ်လို့ အမေရိကန် အစိုးရအရာရှိ အသိုင်းအ၀ိုင်းက ပြောပါတယ်။
စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ Master/ Visa/ American Express စတဲ့ အကြွေးကတ်တွေ သုံးစွဲနိုင်တဲ့စနစ် ကင်းမဲ့နေတာကြောင့် မြန်မာပြည်ကို အလည်အပတ် လာရောက်တဲ့ ခရီးသွားတွေအတွက် အခက်တွေ့ကြရပြီး ငွေစက္ကူတွေ အများအပြား သယ်ဆောင် နေကြရပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲအပြီး မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု တချို့လျော့ပေါ့ပြီး ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကူအညီတွေပေးမယ်လို့ အမေရိကန်အစိုးရက ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ အမေရိကန် အရာရှိကြီးတစ်ဦးက - ပိတ်ဆို့မှုတွေကို ဘယ်လို ဘယ်ပုံ လျော့ပေါ့မယ်၊ အချိန်ဇယား ဘယ်လိုရှိမယ်ဆိုတာ မိမိတို့ မသိပေမဲ့ အီလက်ထရောနစ် ကုန်သွယ်ရေးစနစ် ကျင့်သုံးနိုင်ရေးဟာ ထိပ်တန်းက ပါဝင်ပါလိမ့်မယ်လို့ အေအက်ဖ်ပီ သတင်းကို ပြောဆိုပါတယ်။
အကြွေးကတ်စနစ် မသုံးစွဲနိုင်သေးတဲ့ နိုင်ငံ နည်းနည်းလေးထဲမှာ မြန်မာ ပါဝင်ပါတယ်။ စီးပွားဖလှယ်ရာမှာ ဒီကိစ္စက အတော်လေး အခက်အခဲ ရှိပါတယ်။ အဲဒါလေးကို ပြုပြင်လိုက်ရင် စီးပွားရေး အခွင့်အလမ်းတွေ တမဟုတ်ချင်း ပွင့်လန်းသွားနိုင်ပါတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

RFA
Unknown at 9:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တရုတ် CPI ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရန်အတွက် လူနှင့်ပစ္စည်းများ ပြန်လည်ဝင်ရောက် တင်ပို့ခွင့် ပြုရန် အကြောင်းကြားစာ..



၂၀၁၂ မတ်လက မြစ်ဆုံစီမံကိန်းအတွင်းမှ ယန္တယားများအား လာရောက်စစ်ဆေးနေတဲ့ တရုတ်ဝန်ထမ်းများ..
အများပြည်သူရဲ့ ဆန္ဒသဘောထားကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါပြီဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ကြေငြာချက်ကို လေ့လာ ဆန်းစစ်ရပါတော့မယ်။ ဒီကြေငြာချက်ဟာ ကျွန်တော်တို့ ပြည်သူတွေကို ပျက်ရယ်ပြုနေသလားပဲ..။ ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက တရုတ်အင်ဂျင်နီယာတွေ ပြန်ရောက်နေကြောင်း ဒီမိုဝေယံဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်မှာ အကြိမ်ကြိမ်ဖော်ပြခဲ့ပါတယ်...။ 

ယခုအထက်ပါ.. ကချင်ပြည်နယ်အစိုးရထံကို CPI ကုမ္ပဏီမှ အင်ဂျင်နီယာနဲ့ လုပ်သားဦးရေ (၅၀၀)အတွက် ကဒ်ပြားတွေ ထုတ်ပေးဖို့နဲ့ စက်ယန္တယား အစရှိတာတွေ ပြန်လည်တင်သွင်းဖို့ အခွန်ကင်းလွတ်စွာနဲ့ ဝင်ရောက်ခွင့်ပြုဖို့ မတ်လ(၂၈)ရက်နေ့ ရက်စွဲနဲ့ ကျွန်တော်ပြည်သူတွေ ရွေးကောက်ပွဲမှာ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး နောက်ကျောကနေ တောင်းဆိုနေပါပြီ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ဘာဆက်လုပ်ကြမလဲ.. ကျွန်တော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးပါ...။ အားလုံးဘက်ပေါင်းစုံက ဖော်ထုတ်၊ ကန့်ကွက်ကြပါ...။
http://www.kdng.org/press-release/222-chinese-border-office-requests-permission-to-bring-in-500-engineers-and-materials-for-myitsone-hydropower-project.html
ဒီမိုဝေယံ
မြစ်ဆုံ မတ်လဆန်းက မြင်ကွင်း ဓာတ်ပုံတွေပါ..။ အလျဉ်းသင့်သလို ထပ်မံဖော်ပြပါမည်။
ဓာတ်ပုံ ဒီမိုဝေယံ
ဒီမိုဝေယံမှ
Unknown at 9:29 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

သင်္ကြန်ရက် အတွင်း ရန်ကုန် ရွှေဈေးကွက် ဖွင့်လှစ်မှုအား ရပ်နား ထားမည်




၂၀၁၂ ခုနှစ်ရဲ့ မဟာ သင်္ကြန်ရက် အတွင်း နေ့စဉ် ဈေးဖွင့်ပေး နေတဲ့ ရန်ကုန် ရွှေဈေးကွက် ဈေးနှုန်းကို သင်္ကြန် အကြိုနေ့ ကနေ နှစ်ဆန်း ၃ ရက်နေ့ အထိ
ရပ်နားထားမှာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက သိရပါတယ်။ ဒီလို ဈေးကွက် ရပ်နားထားမှုဟာ သင်္ကြန် ကာလ ၅ ရက်ဟာ အစိုးရရုံး ပိတ်ရက်တွေ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ပေမယ့် အစိုးရ ရုံးပိတ်ရက် ဖြစ်တဲ့ ဧပြီလ ၁၁ ရက်နေ့နဲ့ ၂၀ ရက်နေ့ တို့ မှာတော့ ရန်ကုန် ရွှေဈေးကွက် ဖွင့်မှာဖြစ် ဒီလိုဈေးဖွင့်ရာမှာ ကမ္ဘာ့ ငွေဈေးနှုန်း၊ ၊ကမ္ဘာ့ ရွှေဈေးကွက်နဲ့ အဆိုပါ ရက်အတွင်း ရောင်းဝယ် ဖောက်ကားတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ အပေါ် မူတည်ကာ ဈေးဖွင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန် မြို့တွင်းက ရွှေဆိုင်တွေ ကတော့ နှစ်ဆန်း ၂ ရက်နေ့မှ စတင်ကာ ဖွင့်မှာဖြစ်ပြီး အဲ့ဒီနေ့ရဲ့ ရောင်းချမှုတွေ ကိုတော့ ရွှေဈေးကွက် နောက်ဆုံး အပိတ်ဈေးကို ပြည်ပ ရွှေဈေးနဲ့ နှိုင်းယှဉ်ကာ ရောင်းချကြမှာ ဖြစ်ပါတယ်။ လက်ရှိ သင်္ကြန် ကာလ မတိုင်မီ ရွှေဈေးကွက် မှာတော့ အရောင်းအ၀ယ် ပုံမှန် အတိုင်း ရှိနေပြီး ဈေးကွက် ဆက်လက်အေး နေနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်များ ခန့်မှန်းထား ကြပါတယ်။ ဧပြီလ ၂ ရက်နေ့ရဲ့ ရန်ကုန် ရွှေဈေးကွက် အတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ခုနှစ်သိန်း နှစ်သောင်း ငါးထောင်နဲ့ မနက်ပိုင်း ဈေးဖွင့် ရောင်းချကာ ညနေပိုင်း မှာတော့ ကျပ် ခုနှစ်သိန်း နှစ်သောင်း လေးထောင်နဲ့ ဈေးပိတ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Unknown at 9:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၁၃၇၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ရန်ကုန်၌ ရေကစားမဏ္ဍပ် ၄၄ နေရာ ဆောက်ခွင့်ပြု




၁၃၇၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ရေကစားမဏ္ဍပ် ၄၄ နေရာ ဆောက်လုပ်ခွင့်ပြုထားပြီး ရေကစားမဏ္ဍပ်များ ရေသွယ်ယူခြင်းများကို နှုန်းထားအသစ်များဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောက်လုပ်ခွင့်ပြုသွားမည့် ရေကစားမဏ္ဍပ်များမှာ ကန်တော်ကြီး ကန်ပတ်လမ်း၌ နေရာ ၂၀၊ ဆရာစံလမ်း၌ သုံးနေရာ၊ စက်မှု(၁) လမ်း၌ နှစ်နေရာ၊ ကမ္ဘာအေးဘုရားလမ်း၌ ကိုးနေရာ၊ ပြည်လမ်း၌ လေးနေရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ တစ်နေရာ၊ အလုံလမ်း၌ သုံးနေရာနှင့် ပါရမီလမ်း၌ နှစ်နေရာတို့ဖြစ်ကြောင်း သိရသည်။ ထိုရေကစားမဏ္ဍပ်များ ရေသွယ်ယူဆောင်ရွက်ရာတွင် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များသည် ကန်တော်ကြီးမှ ရေကိုလည်းကောင်း၊ ပြည်လမ်း၊ ပါရမီလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းများရှိ မဏ္ဍပ်များသည် အင်းယားကန်မှ ရေကိုလည်းကောင်း သွယ်ယူအသုံးပြုကြရမည်ဖြစ်သည်။ ကျန်မဏ္ဍပ်များသည် အဝီစိတွင်း မြေအောက်ရေများနှင့် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူနှင့် ငမိုးရိပ်စသည့် ရေလှောင်ကန်များမှ ဖြန့်ဝေပေးလျက်ရှိသော ရေပိုင်လိုင်းများမှ ရေကို ပိုက်များဖြင့် သွယ်၍ အသုံးပြုရမည်ဖြစ်သည်။ ရေသွယ်မှု နှုန်းထားများမှာ ကန်တော်ကြီးနှင့် အင်းယားကန်တို့မှ ရေသွယ်ယူပါက အချင်း သုံးလက်မရှိ ပိုက်လိုင်းတစ်လိုင်း သွယ်ယူမှုနှုန်းထားသည် ငွေကျပ် ၂၂၀၀၀၀ ဖြစ်ပြီး အဝီစိ၊ လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူနှင့် ငမိုးရိပ်စသည့် ရေလှောင်ကန်ရေပိုက်များမှ ရေသွယ်ယူမှုသည် အချင်းတစ်လက်မနှင့် တစ်လက်မခွဲ ပိုက်လိုင်းတစ်လိုင်းလျှင် ငွေကျပ် ၈၀၀၀၀ နှင့် အချင်းနှစ်လက်မရှိ ပိုက်လိုင်းတစ်လိုင်း သွယ်ယူမှုသည် ငွေကျပ် ၁၂၀၀၀၀ ဖြစ်ကြောင်းသိရှိရသည်။
Unknown at 9:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နေပြည်တော်တွင် အိမ်ဝယ်ယူမည့် ဒေါ်အောင်ဆန်းစုကြည်...




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာနေပြည်တော်
၊ဇေယျာသီရိမြို့နယ်မှာနေအိမ်တစ်လုံးဝယ်ယူဖို့စီစဉ်နေတယ်လို့ဒီချုပ်ရဲ့ကိုယ်ရေး
အရာရှိဖြစ်တဲ့ ဦးဟံသာမြင့်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်ကို
သွားရောက်ရာမှာအဆင်ပြေချော့မွေ့စွာနေထိုင်လုပ်ကိုင်နိုင်ဖို့အတွက်ဝယ်ယူရခြင်း
ဖြစ်တယ်လို့သိရပါတယ်..ဦးဟံသာမြင့်ဟာနေအိမ်ဝယ်ယူဖို့အတွက်ဧပြီလ(၇)
ရက်နေ့မှာနေပြည်တော်ကိုသွားရောက်မယ်လို့သိရှိရပါတယ်။

သံလွင် (Blog)
Unknown at 9:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.