Thursday, April 5, 2012

သင်္ကြန်ရက် အတွင်း ရန်ကုန် ရွှေဈေးကွက် ဖွင့်လှစ်မှုအား ရပ်နား ထားမည်




၂၀၁၂ ခုနှစ်ရဲ့ မဟာ သင်္ကြန်ရက် အတွင်း နေ့စဉ် ဈေးဖွင့်ပေး နေတဲ့ ရန်ကုန် ရွှေဈေးကွက် ဈေးနှုန်းကို သင်္ကြန် အကြိုနေ့ ကနေ နှစ်ဆန်း ၃ ရက်နေ့ အထိ
ရပ်နားထားမှာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက သိရပါတယ်။ ဒီလို ဈေးကွက် ရပ်နားထားမှုဟာ သင်္ကြန် ကာလ ၅ ရက်ဟာ အစိုးရရုံး ပိတ်ရက်တွေ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ပေမယ့် အစိုးရ ရုံးပိတ်ရက် ဖြစ်တဲ့ ဧပြီလ ၁၁ ရက်နေ့နဲ့ ၂၀ ရက်နေ့ တို့ မှာတော့ ရန်ကုန် ရွှေဈေးကွက် ဖွင့်မှာဖြစ် ဒီလိုဈေးဖွင့်ရာမှာ ကမ္ဘာ့ ငွေဈေးနှုန်း၊ ၊ကမ္ဘာ့ ရွှေဈေးကွက်နဲ့ အဆိုပါ ရက်အတွင်း ရောင်းဝယ် ဖောက်ကားတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ အပေါ် မူတည်ကာ ဈေးဖွင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန် မြို့တွင်းက ရွှေဆိုင်တွေ ကတော့ နှစ်ဆန်း ၂ ရက်နေ့မှ စတင်ကာ ဖွင့်မှာဖြစ်ပြီး အဲ့ဒီနေ့ရဲ့ ရောင်းချမှုတွေ ကိုတော့ ရွှေဈေးကွက် နောက်ဆုံး အပိတ်ဈေးကို ပြည်ပ ရွှေဈေးနဲ့ နှိုင်းယှဉ်ကာ ရောင်းချကြမှာ ဖြစ်ပါတယ်။ လက်ရှိ သင်္ကြန် ကာလ မတိုင်မီ ရွှေဈေးကွက် မှာတော့ အရောင်းအ၀ယ် ပုံမှန် အတိုင်း ရှိနေပြီး ဈေးကွက် ဆက်လက်အေး နေနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်များ ခန့်မှန်းထား ကြပါတယ်။ ဧပြီလ ၂ ရက်နေ့ရဲ့ ရန်ကုန် ရွှေဈေးကွက် အတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ခုနှစ်သိန်း နှစ်သောင်း ငါးထောင်နဲ့ မနက်ပိုင်း ဈေးဖွင့် ရောင်းချကာ ညနေပိုင်း မှာတော့ ကျပ် ခုနှစ်သိန်း နှစ်သောင်း လေးထောင်နဲ့ ဈေးပိတ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Unknown at 9:26 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.