Thursday, April 5, 2012

၁၃၇၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ရန်ကုန်၌ ရေကစားမဏ္ဍပ် ၄၄ နေရာ ဆောက်ခွင့်ပြု




၁၃၇၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ရေကစားမဏ္ဍပ် ၄၄ နေရာ ဆောက်လုပ်ခွင့်ပြုထားပြီး ရေကစားမဏ္ဍပ်များ ရေသွယ်ယူခြင်းများကို နှုန်းထားအသစ်များဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောက်လုပ်ခွင့်ပြုသွားမည့် ရေကစားမဏ္ဍပ်များမှာ ကန်တော်ကြီး ကန်ပတ်လမ်း၌ နေရာ ၂၀၊ ဆရာစံလမ်း၌ သုံးနေရာ၊ စက်မှု(၁) လမ်း၌ နှစ်နေရာ၊ ကမ္ဘာအေးဘုရားလမ်း၌ ကိုးနေရာ၊ ပြည်လမ်း၌ လေးနေရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ တစ်နေရာ၊ အလုံလမ်း၌ သုံးနေရာနှင့် ပါရမီလမ်း၌ နှစ်နေရာတို့ဖြစ်ကြောင်း သိရသည်။ ထိုရေကစားမဏ္ဍပ်များ ရေသွယ်ယူဆောင်ရွက်ရာတွင် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များသည် ကန်တော်ကြီးမှ ရေကိုလည်းကောင်း၊ ပြည်လမ်း၊ ပါရမီလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းများရှိ မဏ္ဍပ်များသည် အင်းယားကန်မှ ရေကိုလည်းကောင်း သွယ်ယူအသုံးပြုကြရမည်ဖြစ်သည်။ ကျန်မဏ္ဍပ်များသည် အဝီစိတွင်း မြေအောက်ရေများနှင့် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူနှင့် ငမိုးရိပ်စသည့် ရေလှောင်ကန်များမှ ဖြန့်ဝေပေးလျက်ရှိသော ရေပိုင်လိုင်းများမှ ရေကို ပိုက်များဖြင့် သွယ်၍ အသုံးပြုရမည်ဖြစ်သည်။ ရေသွယ်မှု နှုန်းထားများမှာ ကန်တော်ကြီးနှင့် အင်းယားကန်တို့မှ ရေသွယ်ယူပါက အချင်း သုံးလက်မရှိ ပိုက်လိုင်းတစ်လိုင်း သွယ်ယူမှုနှုန်းထားသည် ငွေကျပ် ၂၂၀၀၀၀ ဖြစ်ပြီး အဝီစိ၊ လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူနှင့် ငမိုးရိပ်စသည့် ရေလှောင်ကန်ရေပိုက်များမှ ရေသွယ်ယူမှုသည် အချင်းတစ်လက်မနှင့် တစ်လက်မခွဲ ပိုက်လိုင်းတစ်လိုင်းလျှင် ငွေကျပ် ၈၀၀၀၀ နှင့် အချင်းနှစ်လက်မရှိ ပိုက်လိုင်းတစ်လိုင်း သွယ်ယူမှုသည် ငွေကျပ် ၁၂၀၀၀၀ ဖြစ်ကြောင်းသိရှိရသည်။
Unknown at 9:22 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.