Thursday, April 5, 2012

အကြွေးပင်လယ်ဝေနေသော လယ်သမားများကိစ္စ လွှတ်တော်သို့ ပထမဦးဆုံး တင်သွင်းမည်


ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပထမဆုံးလွှတ်တော် တင်သွင်းမည့် အကြောင်းအရာမှာ လယ်သမားများနှင့် သက်ဆိုင်သောကိစ္စဖြစ်ကြောင်း သနပ်ပင်မြို့နယ်   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်ဦးက ပြောသည်။ ”ပဲတွေပိုးကျပြီး ဈေးမကောင်းဘူး ၊အကြွေး လည်ပင်းမြုပ်နေတယ်။ ဒီအကြွေးတွေကို အစိုးရအနေနဲ့ ဆိုင်းပေးသင့်တယ်၊ လောလော ဆယ်တော့ ပထမဆုံး ဒီအကြောင်း အရာကို အဆိုပြုသွားမှာပါ” ဟု ၄င်းက ပြောသည်။ လက်ရှိ ကာလတွင် ပဲစိုက် တောင်သူများ  အနေဖြင့် ၂ဝ၁၂ မတိုင်မီ နှစ်နှစ်ဆက်တိုက် ပိုးကျ၍ ပဲစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လယ်သမားများ အကြွေးပြန်ဆပ်ရန် မိမိ ပိုင်ဆိုင်သည့် လယ်ယာမြေနှင့် ကျွဲ၊ နွားများကို ရောင်းချရသည်အထိ အခက်အခဲများကြုံတွေ့နေရကြောင်း တောင်သူအချို့ထံမှ သိရသည်။ စပါးစိုက်တော့ ရေကကြီး တယ်။ ပဲစိုက်တော့ ပိုးကျတယ်။ စပါးပေး၊ ပဲပေးနဲ့ယူထားတဲ့ အကြွေး တွေ အများကြီးပါပဲ။ အစိုးရဆီက ချေးထားတဲ့ ချေးငွေကို မဖြစ်မနေ ပြန်ဆပ်ရမယ်ဆိုလို့ကတော့ လယ် တောင်လုပ်စရာရှိမှာ မဟုတ်တော့ပါ ဘူး”ဟု ပဲခူးတိုင်းဒေသကြီးသက္ကလ ကျေးရွာမှပဲ စိုက်တောင်သူ ကိုစိုးဦး က ပြောသည်။ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တောင်သူလယ်သမား များမှ ချေးငွေပြန်လည်ဆပ်နိုင်သူ ဦးရေမှာ အနည်း အကျဉ်းသာရှိပြီး အများစုမှာ ပြန်ဆပ်ဖို့ အခက်အခဲ ကြုံတွေ့နေရသည်ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ ”လုပ်စရာကိစ္စတွေ ကတော့ အများကြီးရှိပါတယ်။ လောလောဆယ် တောင်သူကိစ္စကို အရင်ဆုံး ဖြေရှင်းမှာပါ။ ကျန်တာတွေကိုတော့ အဖွဲ့ချုပ်ဗဟိုနဲ့ တိုင်ပင်ပြီး ဆောင်ရွက်ပေးသွားမှာပါ”ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆက်လက်ပြောသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးမြင့်ဦးသည် ဧပြီ ၁ ရက်နေ့ တွင် ကျင်းပသည့် ကြားဖြတ်ရွေး ကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပဲခူးတိုင်းဒေ သကြီး သနပ်ပင်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မဲရာခိုင်နှုန်း ၇ဝ ဒသမ ၃ ဖြင့် အနိုင်ရရှိခဲ့သည်။
အောင်ဇော်၊ တက်လူ
Unknown at 9:58 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.